သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္ဒိုနီးရွား Aceh ကမ္းေျခနားေရာက္ ရိုဟင္ဂ်ာဒုကၡသည္ေလွ ကမ္းကပ္ခြင့္ရဖို႔ ေစာင့္ဆိုင္းေန


အင္ဒိုနီးရွား Aceh ကမ္းစပ္နားေရာက္ ရိုဟင္ဂ်ာဒုကၡသည္မ်ား

(Zawgyi/Unicode)

အင္ဒိုနီးရွားနိုင္ငံ Aceh ေဒသ ကမ္းလြန္ပင္လယ္ျပင္မွာ ရိုဟင္ဂ်ာမြတ္ဆလင္ ၁၀၀ ဝန္းက်င္ လိုက္ပါလာတဲ့ စက္ေလွတစင္း ေမ်ာေန တာကို ငါးဖမ္းသမားေတြက တနလၤာေန႔ေႏွာင္းပိုင္းမွာ ေတြ႕ရွိကယ္တင္ခဲ့ၾကၿပီးတဲ့ေနာက္ အခုအခါ ကမ္းကပ္ခြင့္ရဖို႔ ေစာင့္ဆိုင္းေနရ ပါတယ္။

အင္ဒိုနီးရွား ငါးဖမ္းသမား ၃ ဦးက သူတို႔ကို Aceh ေဒသေျမာက္ပိုင္းက Seunuddon ခရိုင္ Kuala Tanah Jambo Aye အရပ္ကို ေခၚေဆာင္သြားဖို႔ ႀကိဳးပမ္းခဲ့ေပမဲ့ သူတို႔ရဲ့ ေလွအင္ဂ်င္ စက္ခ်ိဳ႕ယြင္းသားတာေၾကာင့္ ကမ္းနဲ႔ ၄ မိုင္အကြာမွာ ရပ္ထားရတယ္လို႔ Jakarta Post သတင္းစာမွာ ေဖာ္ျပထားတာပါ။

စက္ေလွေပၚမွာ အမ်ိဳးသမီး ၄၉ ဦး၊ အမ်ိဳးသား ၁၅ ဦး၊ ကေလး ၃၀နဲ႔စုစုေပါင္း ၉၄ ေယာက္ဟာ ဆာေလာင္မြတ္သိပ္ေနလို႔ အင္အား ခ်ိနဲ႔ေနၾကေၾကာင္းနဲ႔ ၁၅ ဦးဟာ ေလွျမဳပ္တဲ့အခ်ိန္ ေသဆုံးသြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ကို ကိုးကားၿပီး AP သတင္းမွာ ေဖာ္ျပထားပါတယ္။

အားအင္ခ်ိနဲ႔ၿပီး ဆာေလာင္ေနၾကတဲ့ ရိုဟင္ဂ်ာေတြဟာ ငါးဖမ္းေလွေတြေပၚ ခုန္ခ်ၿပီး အကူအညီ ေတာင္းခံခဲ့ၾကတယ္လို႔လည္း ေဒသခံ ရဲတပ္ဖြဲ႕ အႀကီးအကဲ Muhammad Jamil ကို ကိုးကားၿပီး AP သတင္းက ေျပာပါတယ္။

စက္ေလွေရာက္ရွိေနတဲ့ေနရာကို အင္ဒိုနီးရွား ရဲတပ္ဖြဲ႕နဲ႔ စစ္တပ္က တာဝန္ရွိသူေတြ ေရာက္ရွိလာၾကၿပီး စက္ေလွေပၚ ပါလာသူေတြရဲ႕ အေျခအေနကို စစ္ေဆးခဲ့ၾကပါတယ္။ ကမ္းလြန္ပင္လယ္ျပင္မွာ ရွိေနဆဲျဖစ္တဲ့ ေလွေပၚကို အာဏာပိုင္ေတြက အစားေသာက္နဲ႔ေရ ေပးခဲ့သလို ေဒသခံ ရြာသား ေတြက အဝတ္အစားေတြ ေပးခဲ့ၾကၿပီး၊ ဘာဆက္လုပ္ရမလဲ ဆိုတာကိုေတာ့ အထက္တာဝန္ရွိသူေတြရဲ့ ညႊန္ၾကားခ်က္ကို ေစာင့္ဆိုင္းေနတယ္ လို႔လည္း ရဲတပ္ဖြဲ႕အႀကီးအကဲက ေျပာပါတယ္။

ပင္လယ္ထဲမွာ ရိုဟင္ဂ်ာေတြ ေလွတစင္းနဲ႔ ေမ်ာေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာၿပီးေနာက္မွာေတာ့ အကူအညီလိုေနသူ ေတြကို အင္ဒိုနီးရွားႏိုင္ငံက အျမန္ဆုံး ကယ္ဆယ္ဖို႔ နိုင္ငံတကာ လူ႔အခြင့္အေရးလႈပ္ရွားမႈအဖြဲ႕ Amnesty International အဖြဲ႕က လည္း ဒီကေန႔ပဲ ေၾကညာခ်က္ထုတ္ျပန္ တိုက္တြန္းထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တပ္မေတာ္က စစ္ဆင္ေရးလုပ္ နယ္ေျမရွင္းလင္းတာကေန ဘဂၤလားေဒ့ရွ္နိုင္ငံဘက္ ထြက္ေျပးသြား ၾကတဲ့ လူနည္းစုမြတ္ဆလင္ေတြက သူတို႔ကိုယ္သူတို႔ ရိုဟင္ဂ်ာလို႔ ေခၚဆိုၾကေပမဲ့လည္း ျမန္မာအစိုးရကေတာ့ အဲဒီလိုေခၚဆိုတာကို အသိအမွတ္ မျပဳထားပါဘူး။

တိုက္႐ိုက္ လင့္ခ္


...........

အင်ဒိုနီးရှား Aceh ကမ်းစပ်နားရောက် ရိုဟင်ဂျာဒုက္ခသည်လှေ ကမ်းကပ်ခွင့်ရဖို့ စောင့်ဆိုင်းနေ

(Unicode)

အင်ဒိုနီးရှားနိုင်ငံ Aceh ဒေသ ကမ်းလွန်ပင်လယ်ပြင်မှာ ရိုဟင်ဂျာမွတ်ဆလင် ၁၀၀ ဝန်းကျင် လိုက်ပါလာတဲ့ စက်လှေတစင်း မျောနေ တာကို ငါးဖမ်းသမားတွေက တနင်္လာနေ့နှောင်းပိုင်းမှာ တွေ့ရှိကယ်တင်ခဲ့ကြပြီးတဲ့နောက် အခုအခါ ကမ်းကပ်ခွင့်ရဖို့ စောင့်ဆိုင်းနေရ ပါတယ်။

အင်ဒိုနီးရှား ငါးဖမ်းသမား ၃ ဦးက သူတို့ကို Aceh ဒေသမြောက်ပိုင်းက Seunuddon ခရိုင် Kuala Tanah Jambo Aye အရပ်ကို ခေါ်ဆောင်သွားဖို့ ကြိုးပမ်းခဲ့ပေမဲ့ သူတို့ရဲ့ လှေအင်ဂျင် စက်ချို့ယွင်းသားတာကြောင့် ကမ်းနဲ့ ၄ မိုင်အကွာမှာ ရပ်ထားရတယ်လို့ Jakarta Post သတင်းစာမှာ ဖော်ပြထားတာပါ။

စက်လှေပေါ်မှာ အမျိုးသမီး ၄၉ ဦး၊ အမျိုးသား ၁၅ ဦး၊ ကလေး ၃၀နဲ့စုစုပေါင်း ၉၄ ယောက်ဟာ ဆာလောင်မွတ်သိပ်နေလို့ အင်အား ချိနဲ့နေကြကြောင်းနဲ့ ၁၅ ဦးဟာ လှေမြုပ်တဲ့အချိန် သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး AP သတင်းမှာ ဖော်ပြထားပါတယ်။

အားအင်ချိနဲ့ပြီး ဆာလောင်နေကြတဲ့ ရိုဟင်ဂျာတွေဟာ ငါးဖမ်းလှေတွေပေါ် ခုန်ချပြီး အကူအညီ တောင်းခံခဲ့ကြတယ်လို့လည်း ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ Muhammad Jamil ကို ကိုးကားပြီး AP သတင်းက ပြောပါတယ်။

စက်လှေရောက်ရှိနေတဲ့နေရာကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့နဲ့ စစ်တပ်က တာဝန်ရှိသူတွေ ရောက်ရှိလာကြပြီး စက်လှေပေါ် ပါလာသူတွေရဲ့ အခြေအနေကို စစ်ဆေးခဲ့ကြပါတယ်။ ကမ်းလွန်ပင်လယ်ပြင်မှာ ရှိနေဆဲဖြစ်တဲ့ လှေပေါ်ကို အာဏာပိုင်တွေက အစားသောက်နဲ့ရေ ပေးခဲ့သလို ဒေသခံ ရွာသား တွေက အဝတ်အစားတွေ ပေးခဲ့ကြပြီး၊ ဘာဆက်လုပ်ရမလဲ ဆိုတာကိုတော့ အထက်တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတယ် လို့လည်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

ပင်လယ်ထဲမှာ ရိုဟင်ဂျာတွေ လှေတစင်းနဲ့ မျောနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ အကူအညီလိုနေသူ တွေကို အင်ဒိုနီးရှားနိုင်ငံက အမြန်ဆုံး ကယ်ဆယ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Amnesty International အဖွဲ့က လည်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က စစ်ဆင်ရေးလုပ် နယ်မြေရှင်းလင်းတာကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွား ကြတဲ့ လူနည်းစုမွတ်ဆလင်တွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ဆိုကြပေမဲ့လည်း မြန်မာအစိုးရကတော့ အဲဒီလိုခေါ်ဆိုတာကို အသိအမှတ် မပြုထားပါဘူး။

XS
SM
MD
LG