သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုိဟင္ဂ်ာတို႔ေရွ႕ေရး ေ၀၀ါးဆဲ - ကမၻာ့ဒုကၡသည္မ်ားေန႔ အထူးေဆာင္းပါး


ကုတုပေလာင္ ဒုကၡသည္စခန္းမွာ ဆုေတာင္းပြဲက်င္းပေနတဲ့ ႐ုိဟင္ဂ်ာမ်ား။ (ၾသဂုတ္ ၂၅၊ ၂၀၁၉)

(Zawgyi / Unicode)

ကမာၻ႔အႀကီးဆံုး ဒုကၡသည္စခန္းလို႔ တင္စားေခၚၾကတဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံတြင္း ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းေတြထဲက ဒုကၡသည္ေတြရဲ႕ မေရရာတဲ့ အနာဂတ္နဲ႔ မေသခ်ာေသးတဲ့ အိမ္အျပန္လမ္းေတြအေၾကာင္း မဆုမြန္ စုစည္းတင္ျပထားပါတယ္။

လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ရခိုင္မွာျဖစ္ခဲ့တဲ့ လူမ်ိဳးေရး ဘာသာေရး အသြင္ေဆာင္ အၾကမ္းဖက္ ပဋိပကၡေတြရဲ႕ ေနာက္ပိုင္း စစ္တပ္နဲ႔ နယ္ျခားေစာင့္တပ္ေတြရဲ႕ နယ္ေျမရွင္းလင္းမႈေတြအတြင္း အသက္ေဘးက စိုးရိမ္ရလို႔ ေဒသခံ ရခိုင္ျပည္သူေတြေရာ မြတ္စလင္ေတြပါ ေဘးလြတ္ရာကို အိုးအိမ္စြန္႔ခြာ ထြက္ေျပးခဲ့ၾကရၿပီး အဲဒီထဲက ႐ိုဟင္ဂ်ာမြတ္စလင္ ၇ သိန္းေက်ာ္ဟာ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးသြားၾကတာပါ။

ကုတုပေလာင္ ဒုကၡသည္စခန္းတြင္းက ႐ုိဟင္ဂ်ာဒုကၡသည္အခ်ဳိ႕။ (ေမ ၁၅၊ ၂၀၂၀)
ကုတုပေလာင္ ဒုကၡသည္စခန္းတြင္းက ႐ုိဟင္ဂ်ာဒုကၡသည္အခ်ဳိ႕။ (ေမ ၁၅၊ ၂၀၂၀)

အခုဆိုရင္ေတာ့ အဲဒီ ဘဂၤလားေဒ့ရွ္ စခန္းေတြထဲမွာ ေနထိုင္ခိုလံႈခဲ့ၾကရတာ သံုးႏွစ္ေက်ာ္ရွိလာၿပီ ျဖစ္ေပမယ့္လို႔ ေနရပ္ရင္းျပန္ဖို႔က မေရမရာ အနာဂတ္ကလည္း မေသမခ်ာ ျဖစ္ေနဆဲပါ။ သိန္းခ်ီတဲ့ ဒုကၡသည္ေတြရဲ႕ အနာဂတ္ အထူးသျဖင့္ လူမမည္ကေလးငယ္ေလးေတြနဲ႔ လူငယ္ေလးေတြရဲ႕ အနာဂတ္ ေမွ်ာ္လင့္ခ်က္ေတြ ေပ်ာက္ေနၿပီး ဘာမွ ေရရာမႈမရွိ ေမွးမွိန္ေနဆဲပါလို႔ ေျပာလာသူကေတာ့ ရခုိင္ျပည္နယ္ေျမာက္ပိုင္း တမန္းသားေက်းရြာအုပ္စု အထက္တန္းေက်ာင္းမွာ ေစတနာ့ဝန္ထမ္း ေက်ာင္းဆရာလုပ္ခဲ့သူ ကုတုပေလာင္ ဒုကၡသည္စခန္းက ကိုကာေမလ္ပါ။

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြထဲမွာ အထူးသျဖင့္ ကေလးငယ္ေတြအတြက္ ျမန္မာစာသင္႐ိုးညႊန္းတမ္း ျပဳစုၿပီး ေစတနာ့ဝန္ထမ္း ဆရာ၊ ဆရာမေတြနဲ႔အတူ ကေလးေတြကို စာသင္ၾကားေပးေနတဲ့အေၾကာင္း ေျပာျပပါတယ္။

“က်ေနာ္က တမန္းသားအုပ္စု အထက္တန္းေက်ာင္းက လုပ္အားေပး ေက်ာင္းဆရာ တေယာက္ပါ။ ကေလးေတြရဲ႕ဘဝ ေနာင္လာေနာက္သားေတြရဲ႕ဘဝ ပ်က္စီးဆံုး႐ံႈးသြားမွာစိုးလို႔ က်ေနာ္က အာရခမ္ေဒသ၏ ပရဟိတ အသိုင္းအဝိုင္းနဲ႔ ပညာေရးကြန္ရက္ဆိုၿပီး ထူေထာင္ၿပီးေတာ့ အဲဒီမွာ ေက်ာင္းဆရာ ဆရာမ ၅၀၀ ေက်ာ္ေလာက္ရွိတယ္။ သူတို႔ကို ျမန္မာ့ Curriculum System နဲ႔ ေက်ာင္းဆရာနဲ႔ ဆရာမေတြ၊ ကေလးေတြကို ဒီမွာက စာသင္ဖို႔ေနရာမရွိလို႔ အိမ္ရဲ႕ အခန္းတခန္းထဲမွာ ေက်ာင္းသားေတြ စုၿပီးေတာ့ ျမန္မာ့ Curriculum စနစ္နဲ႔ စာသင္ေပးတာရွိတယ္။ က်ေနာ္တို႔ ကေလးေတြရဲ႕ဘဝေတြ ဆံုး႐ံႈးသြားမွာစိုးလို႔ UNHCR, UNICEF ေပါင္းၿပီး တင္ျပထားတာရွိတယ္။ ရခိုင္မွာ ၃ တန္း ၄ တန္း ေက်ာင္းတက္ခဲ့တဲ့ ကေလးေလးေတြ ဘဂၤလားေဒ့ရွ္ဘက္ေရာက္လာတာ ၃ ႏွစ္ေက်ာ္သြားၿပီ။ ၄ တန္း ၅ တန္း တက္လို႔ရေအာင္ Certificate ေလးတခု လုပ္ေပးပါဆိုၿပီး က်ေနာ္ ေမတၱာရပ္ခံထားတာ ရွိပါတယ္။”

ဒုကၡသည္စခန္းေတြထဲမွာ အခုခ်ိန္အထိ ယာယီရြက္ဖ်င္တဲေလးေတြ၊ ေနာက္ ကုလက ေဆာက္လုပ္ေပးထားတဲ့ အုတ္ခံအေပၚယံ တဲအိမ္ေလးေတြမွာ ကေလးငယ္ေလးေတြ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ သက္ႀကီးရြယ္အို အဘုိးအဘြားေတြနဲ႔ နာမက်န္းျဖစ္သူေတြဟာ စုၿပံဳႁပြတ္သိပ္ ေနၾကရၿပီး ေလဝင္ေလထြက္ မေကာင္းတဲ့အျပင္ တကိုယ္ေရ က်န္းမာေရးအတြက္ေရာ၊ မိုးေလျပင္းတဲ့ ရာသီဥတုဒဏ္ ခံႏိုင္ဖို႔ပါ ႀကံ့ခိုင္တဲ့အိမ္ေတြ မဟုတ္ဘူးလို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ေျပာျပပါတယ္။

ဘဂၤလားေဒ့ရွ္ ေကာ့ဇ္ဘဇားရွိ ကုတုပေလာင္ ဒုကၡသည္စခန္းတြင္းမွ ႐ုိဟင္ဂ်ာဒုကၡသည္အခ်ဳိ႕။ (ဧၿပီ ၂၄၊ ၂၀၁၉)
ဘဂၤလားေဒ့ရွ္ ေကာ့ဇ္ဘဇားရွိ ကုတုပေလာင္ ဒုကၡသည္စခန္းတြင္းမွ ႐ုိဟင္ဂ်ာဒုကၡသည္အခ်ဳိ႕။ (ဧၿပီ ၂၄၊ ၂၀၁၉)


ဘာလုခါလီ ဒုကၡသည္စခန္း အမွတ္ ၉ မွာ ခိုလႈံေနထိုင္တဲ့ ဦးအီစလံကေတာ့ ရခုိင္ျပည္နယ္ ေမာင္ေတာဇာတိျဖစ္ၿပီး သူတို႔ မိဘဘိုးဘြားစဥ္ဆက္ လယ္ယာလုပ္ငန္းကို လုပ္ကိုင္ခဲ့ၾကတာပါ။ သူကိုယ္တိုင္ကေတာ့ မူလတန္းျပ ေက်ာင္းဆရာတေယာက္ ျဖစ္ပါတယ္။ သူက ေမာင္ေတာက ကုလ လူသားခ်င္းစာနာမႈ ကူညီေရး လုပ္ငန္းေတြမွာလည္း ေစတနာ့ဝန္ထမ္းအျဖစ္ ကူညီေပးခဲ့သူ ဦးအီစလံက ေနရပ္ျပန္ဖို႔လည္း မျဖစ္ႏိုင္၊ ျပင္ပကိုလည္း ထြက္ခြင့္ပိတ္ပင္ထားတဲ့ ဒီ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ အမ်ားစုရဲ႕ နိစၥဓူဝ လုပ္ငန္းေတြကို ေျပာျပပါတယ္။

“ဒီဒုကၡသည္စခန္းထဲမွာ ေငြေၾကးရွိတဲ့သူေတြက ေစ်းဆိုင္ေတြနဲ႔ ေစ်းေရာင္းၾကတယ္။ တခ်ိဳ႕ စာတတ္ေပတတ္ဆိုရင္ ကုလသမဂၢ အဖြဲ႔အစည္း NGO ထဲမွာ သူတို႔က အလုပ္ဝင္ေရာက္ လုပ္ကိုင္ၾကတာ ရွိပါတယ္။ ဒီ့ျပင္လူေတြက က်ပန္းအလုပ္ေတြ အျပင္မွာေသာ္လည္းေကာင္း စခန္းတြင္းမွာေသာ္လည္းေကာင္း သူတို႔ လုပ္ကိုင္ေနၾကတာ ရွိပါတယ္။ ဆယ္ေက်ာ္သက္ ကေလးေတြကေတာ့ ျမန္မာစာသင္ေက်ာင္း၊ အဂၤလိပ္စာသင္ေက်ာင္းေတြ၊ ဘာသာေရး အာရဘီေက်ာင္းေတြမွာ ဆက္ၿပီးေတာ့ ပညာသင္ၾကတယ္။ ကေလးငယ္ ေသးေသးေလးေတြက ဘာသာေရးေက်ာင္း မူလတန္းအဆင့္မွာ တက္ၾကတာရွိတယ္။ ေနာက္ မူလြန္ေက်ာင္းမွာလည္း ဆက္သင္ၾကတာရွိတယ္။ အခု ဗလီကေတာ့ လူစုလူေဝး မလုပ္ရေတာ့ လူနည္းနည္းနဲ႔ပဲ ဗလီတက္ၾကရတယ္။ အခုကေတာ့ ေစ်းဆိုင္ေတြက အကုန္ပိတ္ခိုင္းထားတယ္။ ဟင္းသီးဟင္းရြက္နဲ႔ အသားငါးကိုေတာ့ မနက္တပိုင္း ညေနတပိုင္း ဖြင့္ေပးတာ ရွိပါတယ္ခင္ဗ်ာ။”

စခန္းတြင္းက ဒုကၡသည္ေတြအေရး ေဆာင္ရြက္ေနတဲ့ ARSPH ၿငိမ္းခ်မ္းေရးနဲ႔ လူ႔အခြင့္အေရးဆိုင္ရာ ရခိုင္ျပည္နယ္က ႐ုိဟင္ဂ်ာအဖဲြ႔အစည္းရဲ႕ ဥကၠ႒ ဦးMohib Ullah ကေတာ့ ၂၀၁၉ ခုႏွစ္တုန္းက အေမရိကန္ျပည္ေထာင္စုမွာ အေမရိကန္သမၼတ Donald Trump နဲ႔ ေတြ႔ဆံုခြင့္ရၿပီး ႐ိုဟင္ဂ်ာအေရး တင္ျပႏုိင္ခဲ့သူပါ။ သူဟာ ရခိုင္ျပည္နယ္ စစ္ေတြတကၠသိုလ္ကေန ႐ုကၡေဗဒဘြဲ႔ရခဲ့ၿပီး အထက္တန္းေက်ာင္းဆရာ လုပ္ေနရာက ၂၀၁၇ ခုႏွစ္မွာ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးအတြင္း အသက္မေသ လြတ္ေျမာက္လာခဲ့သူ ျဖစ္ပါတယ္။ ဒုကၡသည္စခန္းေတြထဲက အထူးသျဖင့္ လူငယ္ေတြ အနာဂတ္မဲ့ေနတဲ့အေရး စိုးရိမ္ေနၿပီးေတာ့ သူျဖစ္ခ်င္တဲ့ဆႏၵကို ေျပာျပပါတယ္။

“က်ေနာ္တို႔ ဒီဒုကၡေတြ ခံလာရတာ ၃ ႏွစ္ရွိၿပီ။ ဘာမွကို အေျခအေနက တုိးတက္လာတာ မရွိဘူး။ က်ေနာ္တို႔ကေလးေတြ ဒီမွာ အခု ၃ ႏွစ္ရွိၿပီ။ ကေလးေတြဘဝ ပ်က္စီးကုန္ၿပီ။ က်ေနာ္တို႔ဟာ လူသားေတြပါ။ လူသားျဖစ္တဲ့အတြက္ လူသားအခြင့္အေရးနဲ႔အညီ ပညာသင္ယူခြင့္၊ ပညာသင္ၾကားခြင့္ ေပးပါလို႔။ က်ေနာ္တို႔ ႏုိင္ငံတကာ အသိုင္းအဝိုင္းကို ေမတၱာရပ္ခံခ်င္တာက က်ေနာ္တို႔ Refugee ေတြရဲ႕ဘဝကို ကိုယ္ခ်င္းစာၿပီး ကူညီေျဖရွင္းေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္။ က်ေနာ္တို႔ ကိုယ့္ႏုိင္ငံကိုပဲ ကိုယ္ျပန္သြားခ်င္တာပါ။ သူမ်ားႏုိင္ငံေတြကို မသြားခ်င္ပါဘူး။ အဲ့ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ကို ျမန္မာႏုိင္ငံက ျပန္လက္ခံၿပီးေတာ့ ျပန္ေခၚမယ့္ရက္ကိုပဲ ေစာင့္ဆိုင္းေနတာပါ။ က်ေနာ္တို႔လည္း သြားဖို႔အတြက္ အသင့္ပါ။”

မုိဘုိင္းဖုန္းျဖင့္ သတင္းဗြီဒီယိုၾကည့္ေနသည့္ ဘာလုခါလီ ဒုကၡသည္စခန္းက ႐ုိဟင္ဂ်ာဒုကၡသည္မ်ား။ (ေအာက္တိုဘာ ၂၇၊ ၂၀၁၇)
မုိဘုိင္းဖုန္းျဖင့္ သတင္းဗြီဒီယိုၾကည့္ေနသည့္ ဘာလုခါလီ ဒုကၡသည္စခန္းက ႐ုိဟင္ဂ်ာဒုကၡသည္မ်ား။ (ေအာက္တိုဘာ ၂၇၊ ၂၀၁၇)


နယ္ေျမရွင္းလင္းမႈေတြအတြင္း လူမ်ိဳးတုံး သတ္ျဖတ္မႈေတြနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ အႀကီးအက်ယ္ ရွိခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ျမန္မာႏုိင္ငံဟာ ႏုိင္ငံတကာတရား႐ံုး (ICJ) မွာ တရားရင္ဆိုင္ေနရတာပါ။ ရခုိင္ျပည္တြင္း အၾကမ္းဖက္တိုက္ခိုက္ခံရမႈ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြ ကိုယ္တုိင္ႀကံဳေတြ႔ခဲ့ရတဲ့ မိသားစုေတြ၊ ကာယကံရွင္ေတြကို ဦးအီစလံတို႔လို ႐ိုဟင္ဂ်ာအေရး လႈပ္ရွားသူေတြ ဦးေဆာင္ၿပီး ဒုကၡသည္စခန္းေပါင္းစံုကို သြားေရာက္ၿပီးေတာ့ ေတြ႔ဆံုေမးျမန္း မွတ္တမ္းသက္ေသေတြ ျပဳစုၿပီး တရားမွ်တမႈရေရး ေဆာင္ရြက္ေပးခဲ့တယ္လို႔ ေျပာျပပါတယ္။

“က်ေနာ္တို႔ ႐ိုဟင္ဂ်ာ အဖြဲ႔အစည္းေတြက ကိုယ့္ရဲ႕ေနရပ္ ျပန္ႏုိင္ေရးနဲ႔ တရားမွ်တမႈ ရေရးအတြက္ ႏုိင္ငံတကာ အဖြဲ႔အစည္းေတြ လာတုိင္း ဒီမွာ လူေတြ က်ဴးလြန္ခံရတဲ့ အေထာက္အထားေတြ သူတို႔ဘက္ကို တင္ျပခဲ့တယ္။ ေနာက္ ICC, ICJ ကိုလည္း က်ေနာ္တို႔က စခန္းတိုင္း စခန္းတိုင္းကို ကြင္းဆင္းၿပီးေတာ့ က်ဴးလြန္ခံခဲ့ရတဲ့ အေထာက္အထားေတြကို စုစည္းၿပီးေတာ့ တင္ျပခဲ့ပါတယ္ခင္ဗ်။ တရားမွ်တမႈရဖို႔ က်ေနာ္တို႔က ေမွ်ာ္လင့္ပါတယ္။ နစ္နာဆံုး႐ံႈးခဲ့ရသူေတြ ေနာက္ သတ္ျဖတ္ခံရသူေတြရဲ႕ မိသားစုေတြအေပၚမွာ ကုလသမဂၢ အဖြဲ႔အစည္းကေရာ ႏုိင္ငံတကာ အဖြဲ႔အစည္းဘက္ကေရာ ဒီလူေတြအေပၚမွာ တရားမွ်တမႈရဖို႔ ေဆာင္ရြက္ေပးပါလို႔ က်ေနာ္တို႔ ေတာင္းဆိုခ်င္ပါတယ္။ ျမန္မာအစိုးရဘက္ကလည္း က်ေနာ္တို႔ ႐ိုဟင္ဂ်ာ ဒုကၡသည္အေရး အေပၚမွာ မွန္ကန္ေသာ လမ္းေၾကာင္းဘက္ကေန ရပ္တည္ေပးပါလို႔ ေတာင္းဆိုခ်င္ပါတယ္။”

ဗီြအိုေအျမန္မာပိုင္းက ဆက္သြယ္ေမးျမန္းခဲ့သမွ် ဒုကၡသည္ေတြကေတာ့ ဘယ္ႏိုင္ငံ ဘယ္ေဒသကိုမွ ခရီးမဆက္လိုဘဲ မိမိတို႔ ဘိုးဘြားစဥ္ဆက္ ေနထိုင္ရွင္သန္ခဲ့တဲ့ ရခိုင္ျပည္နယ္ ေနရပ္ရင္းကို ျပန္လိုၾကၿပီး တကယ္လို႔မ်ား ျဖစ္ႏိုင္ရင္ ဒီကေန႔ျပန္ၿပီး မနက္ျဖန္ ရခုိင္မွာ ထမင္းလက္ဆံု စားခ်င္တဲ့စိတ္ ရွိပါတယ္လို႔ ေျပာၾကပါတယ္။

“က်ေနာ္တို႔ ဒီဒုကၡသည္စခန္းေတြထဲက ဒုကၡသည္ အမ်ားႀကီးမွာ အမ်ားစုကေတာ့ ျပန္ခ်င္တာပဲ။ က်ေနာ္တို႔လိုခ်င္တဲ့ အခြင့္အေရးေတြ ဆံုး႐ံႈးသြားလို႔ မသြားႏုိင္တာ၊ ဒါေပမယ့္ က်ေနာ္တို႔ ဆံုး႐ံႈးခဲ့ရတဲ့ အခြင့္အေရးကို ျမန္မာအစိုးရက ဒီေန႔ေပးရင္ မနက္ျဖန္ အဲဒီမွာသြားရင္ ထမင္းစားခ်င္တဲ့သူေတြ အမ်ားႀကီးပါ။ က်ေနာ္တို႔ အျမန္ဆံုး ျပန္သြားမွာဆိုၿပီး ဘဂၤလားေဒ့ရွ္အစိုးရကိုလည္း အႀကိမ္ႀကိမ္ ေျပာထားတာရွိတယ္။ International Community ကိုလည္း အႀကိမ္ႀကိမ္ ေျပာထားတာရွိတယ္။ ဒါေပမယ့္ ဘယ္ႏွစ္ခုႏွစ္ေရာက္မွ လုပ္ေပးမွာလဲ ဆိုၿပီးေတာ့ က်ေနာ္တို႔ကေတာ့ ေစာင့္ေမွ်ာ္လင့္ေနဆဲပါ။” လို႔ ကုတုပေလာင္ ဒုကၡသည္စခန္းက ကိုကာေမလ္က ေျပာပါတယ္။

ဘာလုခါလီ ဒုကၡသည္စခန္းက ဦးအီစလံကေတာ့...

“က်ေနာ္တို႔ရဲ႕ ရည္မွန္းခ်က္ ရည္ရြယ္ခ်က္ကေတာ့ ကိုယ့္ႏုိင္ငံကိုပဲ ျပန္ခ်င္စိတ္ အမ်ားႀကီးပါ။ ကိုယ့္ႏိုင္ငံျပန္ေရးကိုပဲ အဓိက လုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္။ ကိုယ့္ႏုိင္ငံကလြဲၿပီး တျခားႏုိင္ငံကိုသြားဖို႔ စိတ္ဆႏၵ မရွိပါဘူးခင္ဗ်ာ။ က်ေနာ္တို႔ မူလရရွိခဲ့တဲ့ ႏုိင္ငံသားအခြင့္အေရး လူ႔အခြင့္အေရး အျပည့္နဲ႔ ေနရပ္ရင္းျပန္ဖို႔ အေရးကိုပဲ အဓိက အေလးထားပါတယ္ခင္ဗ်ာ။” လုိ႔ ေျပာပါတယ္။

႐ိုဟင္ဂ်ာဆိုတဲ့ အသံုးကို လက္ခံမထားတဲ့ ျမန္မာအစိုးရဘက္ကေတာ့ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြ ရွိတယ္ဆိုတဲ့ စြဲခ်က္ကို ျငင္းပယ္ၿပီး လက္ရွိ ICJ တရား႐ံုးမွာ ဆက္လက္တရားရင္ဆိုင္ေနဆဲ ျဖစ္ၿပီးေတာ့ ဒီ သိန္းခ်ီတဲ့ ဒုကၡသည္ေတြ ေနရပ္ရင္းျပန္လာႏုိင္ေရး ကုလသမဂၢ၊ ဘဂၤလားေဒ့ရွ္ အစိုးရတို႔နဲ႔ သေဘာတူညီမႈေတြ လက္မွတ္ေရးထိုးထားသလို ပူးေပါင္းလက္တြဲ လုပ္ေဆာင္ေနတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

ဘဂၤလားေဒ့ရွ္ေရာက္ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ ေတာင္းဆိုခ်က္ေတြနဲ႔ လက္ရွိအေျခအေနေတြကို မဆုမြန္ စုစည္းတင္ျပေပးခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ရိုဟင်ဂျာတို့ရှေ့ရေး ေ၀ဝါးဆဲ - ကမ္ဘာ့ဒုက္ခသည်များနေ့ အထူးဆောင်းပါး

ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းလို့ တင်စားခေါ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တွေရဲ့ မရေရာတဲ့ အနာဂတ်နဲ့ မသေချာသေးတဲ့ အိမ်အပြန်လမ်းတွေအကြောင်း မဆုမွန် စုစည်းတင်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ရခိုင်မှာဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး အသွင်ဆောင် အကြမ်းဖက် ပဋိပက္ခတွေရဲ့ နောက်ပိုင်း စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အသက်ဘေးက စိုးရိမ်ရလို့ ဒေသခံ ရခိုင်ပြည်သူတွေရော မွတ်စလင်တွေပါ ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး အဲဒီထဲက ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတာပါ။

အခုဆိုရင်တော့ အဲဒီ ဘင်္ဂလားဒေ့ရှ် စခန်းတွေထဲမှာ နေထိုင်ခိုလှုံခဲ့ကြရတာ သုံးနှစ်ကျော်ရှိလာပြီ ဖြစ်ပေမယ့်လို့ နေရပ်ရင်းပြန်ဖို့က မရေမရာ အနာဂတ်ကလည်း မသေမချာ ဖြစ်နေဆဲပါ။ သိန်းချီတဲ့ ဒုက္ခသည်တွေရဲ့ အနာဂတ် အထူးသဖြင့် လူမမည်ကလေးငယ်လေးတွေနဲ့ လူငယ်လေးတွေရဲ့ အနာဂတ် မျှော်လင့်ချက်တွေ ပျောက်နေပြီး ဘာမှ ရေရာမှုမရှိ မှေးမှိန်နေဆဲပါလို့ ပြောလာသူကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း တမန်းသားကျေးရွာအုပ်စု အထက်တန်းကျောင်းမှာ စေတနာ့ဝန်ထမ်း ကျောင်းဆရာလုပ်ခဲ့သူ ကုတုပလောင် ဒုက္ခသည်စခန်းက ကိုကာမေလ်ပါ။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာ အထူးသဖြင့် ကလေးငယ်တွေအတွက် မြန်မာစာသင်ရိုးညွှန်းတမ်း ပြုစုပြီး စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေနဲ့အတူ ကလေးတွေကို စာသင်ကြားပေးနေတဲ့အကြောင်း ပြောပြပါတယ်။

“ကျနော်က တမန်းသားအုပ်စု အထက်တန်းကျောင်းက လုပ်အားပေး ကျောင်းဆရာ တယောက်ပါ။ ကလေးတွေရဲ့ဘဝ နောင်လာနောက်သားတွေရဲ့ဘဝ ပျက်စီးဆုံးရှုံးသွားမှာစိုးလို့ ကျနော်က အာရခမ်ဒေသ၏ ပရဟိတ အသိုင်းအဝိုင်းနဲ့ ပညာရေးကွန်ရက်ဆိုပြီး ထူထောင်ပြီးတော့ အဲဒီမှာ ကျောင်းဆရာ ဆရာမ ၅၀၀ ကျော်လောက်ရှိတယ်။ သူတို့ကို မြန်မာ့ Curriculum System နဲ့ ကျောင်းဆရာနဲ့ ဆရာမတွေ၊ ကလေးတွေကို ဒီမှာက စာသင်ဖို့နေရာမရှိလို့ အိမ်ရဲ့ အခန်းတခန်းထဲမှာ ကျောင်းသားတွေ စုပြီးတော့ မြန်မာ့ Curriculum စနစ်နဲ့ စာသင်ပေးတာရှိတယ်။ ကျနော်တို့ ကလေးတွေရဲ့ဘဝတွေ ဆုံးရှုံးသွားမှာစိုးလို့ UNHCR, UNICEF ပေါင်းပြီး တင်ပြထားတာရှိတယ်။ ရခိုင်မှာ ၃ တန်း ၄ တန်း ကျောင်းတက်ခဲ့တဲ့ ကလေးလေးတွေ ဘင်္ဂလားဒေ့ရှ်ဘက်ရောက်လာတာ ၃ နှစ်ကျော်သွားပြီ။ ၄ တန်း ၅ တန်း တက်လို့ရအောင် Certificate လေးတခု လုပ်ပေးပါဆိုပြီး ကျနော် မေတ္တာရပ်ခံထားတာ ရှိပါတယ်။”

နယ္စပ္ျဖတ္ေက်ာ္ၿပီး အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးလာၾကတဲ့ ရိုဟင္ဂ်ာဒုကၡသည္မ်ား (ႏို၀င္ဘာလ ၂၊ ၂၀၁၇)
နယ္စပ္ျဖတ္ေက်ာ္ၿပီး အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးလာၾကတဲ့ ရိုဟင္ဂ်ာဒုကၡသည္မ်ား (ႏို၀င္ဘာလ ၂၊ ၂၀၁၇)

ဒုက္ခသည်စခန်းတွေထဲမှာ အခုချိန်အထိ ယာယီရွက်ဖျင်တဲလေးတွေ၊ နောက် ကုလက ဆောက်လုပ်ပေးထားတဲ့ အုတ်ခံအပေါ်ယံ တဲအိမ်လေးတွေမှာ ကလေးငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အို အဘိုးအဘွားတွေနဲ့ နာမကျန်းဖြစ်သူတွေဟာ စုပြုံပြွတ်သိပ် နေကြရပြီး လေဝင်လေထွက် မကောင်းတဲ့အပြင် တကိုယ်ရေ ကျန်းမာရေးအတွက်ရော၊ မိုးလေပြင်းတဲ့ ရာသီဥတုဒဏ် ခံနိုင်ဖို့ပါ ကြံ့ခိုင်တဲ့အိမ်တွေ မဟုတ်ဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပြပါတယ်။

ဘာလုခါလီ ဒုက္ခသည်စခန်း အမှတ် ၉ မှာ ခိုလှုံနေထိုင်တဲ့ ဦးအီစလံကတော့ ရခိုင်ပြည်နယ် မောင်တောဇာတိဖြစ်ပြီး သူတို့ မိဘဘိုးဘွားစဉ်ဆက် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြတာပါ။ သူကိုယ်တိုင်ကတော့ မူလတန်းပြ ကျောင်းဆရာတယောက် ဖြစ်ပါတယ်။ သူက မောင်တောက ကုလ လူသားချင်းစာနာမှု ကူညီရေး လုပ်ငန်းတွေမှာလည်း စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးခဲ့သူ ဦးအီစလံက နေရပ်ပြန်ဖို့လည်း မဖြစ်နိုင်၊ ပြင်ပကိုလည်း ထွက်ခွင့်ပိတ်ပင်ထားတဲ့ ဒီ ရိုဟင်ဂျာဒုက္ခသည်တွေ အများစုရဲ့ နိစ္စဓူဝ လုပ်ငန်းတွေကို ပြောပြပါတယ်။

“ဒီဒုက္ခသည်စခန်းထဲမှာ ငွေကြေးရှိတဲ့သူတွေက ဈေးဆိုင်တွေနဲ့ဈေးရောင်းကြတယ်။ တချို့ စာတတ်ပေတတ်ဆိုရင် ကုလသမဂ္ဂ အဖွဲ့အစည်း NGO ထဲမှာ သူတို့က အလုပ်ဝင်ရောက် လုပ်ကိုင်ကြတာ ရှိပါတယ်။ ဒီ့ပြင်လူတွေက ကျပန်းအလုပ်တွေ အပြင်မှာသော်လည်းကောင်း စခန်းတွင်းမှာသော်လည်းကောင်း သူတို့ လုပ်ကိုင်နေကြတာ ရှိပါတယ်။ ဆယ်ကျော်သက် ကလေးတွေကတော့ မြန်မာစာသင်ကျောင်း၊ အင်္ဂလိပ်စာသင်ကျောင်းတွေ၊ ဘာသာရေး အာရဘီကျောင်းတွေမှာ ဆက်ပြီးတော့ ပညာသင်ကြတယ်။ ကလေးငယ် သေးသေးလေးတွေက ဘာသာရေးကျောင်း မူလတန်းအဆင့်မှာ တက်ကြတာရှိတယ်။ နောက် မူလွန်ကျောင်းမှာလည်း ဆက်သင်ကြတာရှိတယ်။ အခု ဗလီကတော့ လူစုလူဝေး မလုပ်ရတော့ လူနည်းနည်းနဲ့ပဲ ဗလီတက်ကြရတယ်။ အခုကတော့ ဈေးဆိုင်တွေက အကုန်ပိတ်ခိုင်းထားတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသားငါးကိုတော့ မနက်တပိုင်း ညနေတပိုင်း ဖွင့်ပေးတာ ရှိပါတယ်ခင်ဗျာ။”

စခန်းတွင်းက ဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ ARSPH ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဦးMohib Ullah ကတော့ ၂၀၁၉ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စုမှာ အမေရိကန်သမ္မတ Donald Trump နဲ့ တွေ့ဆုံခွင့်ရပြီး ရိုဟင်ဂျာအရေး တင်ပြနိုင်ခဲ့သူပါ။ သူဟာ ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်ကနေ ရုက္ခဗေဒဘွဲ့ရခဲ့ပြီး အထက်တန်းကျောင်းဆရာ လုပ်နေရာက ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း အသက်မသေ လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေထဲက အထူးသဖြင့် လူငယ်တွေ အနာဂတ်မဲ့နေတဲ့အရေး စိုးရိမ်နေပြီးတော့ သူဖြစ်ချင်တဲ့ဆန္ဒကို ပြောပြပါတယ်။

“ကျနော်တို့ ဒီဒုက္ခတွေ ခံလာရတာ ၃ နှစ်ရှိပြီ။ ဘာမှကို အခြေအနေက တိုးတက်လာတာ မရှိဘူး။ ကျနော်တို့ကလေးတွေ ဒီမှာ အခု ၃ နှစ်ရှိပြီ။ ကလေးတွေဘဝ ပျက်စီးကုန်ပြီ။ ကျနော်တို့ဟာ လူသားတွေပါ။ လူသားဖြစ်တဲ့အတွက် လူသားအခွင့်အရေးနဲ့အညီ ပညာသင်ယူခွင့်၊ ပညာသင်ကြားခွင့် ပေးပါလို့။ ကျနော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို မေတ္တာရပ်ခံချင်တာက ကျနော်တို့ Refugee တွေရဲ့ဘဝကို ကိုယ်ချင်းစာပြီး ကူညီဖြေရှင်းပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျနော်တို့ ကိုယ့်နိုင်ငံကိုပဲ ကိုယ်ပြန်သွားချင်တာပါ။ သူများနိုင်ငံတွေကို မသွားချင်ပါဘူး။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ကို မြန်မာနိုင်ငံက ပြန်လက်ခံပြီးတော့ ပြန်ခေါ်မယ့်ရက်ကိုပဲ စောင့်ဆိုင်းနေတာပါ။ ကျနော်တို့လည်း သွားဖို့အတွက် အသင့်ပါ။”

နယ်မြေရှင်းလင်းမှုတွေအတွင်း လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာတရားရုံး (ICJ) မှာ တရားရင်ဆိုင်နေရတာပါ။ ရခိုင်ပြည်တွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မိသားစုတွေ၊ ကာယကံရှင်တွေကို ဦးအီစလံတို့လို ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေ ဦးဆောင်ပြီး ဒုက္ခသည်စခန်းပေါင်းစုံကို သွားရောက်ပြီးတော့ တွေ့ဆုံမေးမြန်း မှတ်တမ်းသက်သေတွေ ပြုစုပြီး တရားမျှတမှုရရေး ဆောင်ရွက်ပေးခဲ့တယ်လို့ ပြောပြပါတယ်။

“ကျနော်တို့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေက ကိုယ့်ရဲ့နေရပ် ပြန်နိုင်ရေးနဲ့ တရားမျှတမှု ရရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေ လာတိုင်း ဒီမှာ လူတွေ ကျူးလွန်ခံရတဲ့ အထောက်အထားတွေ သူတို့ဘက်ကို တင်ပြခဲ့တယ်။ နောက် ICC, ICJ ကိုလည်း ကျနော်တို့က စခန်းတိုင်း စခန်းတိုင်းကို ကွင်းဆင်းပြီးတော့ ကျူးလွန်ခံခဲ့ရတဲ့ အထောက်အထားတွေကို စုစည်းပြီးတော့ တင်ပြခဲ့ပါတယ်ခင်ဗျ။ တရားမျှတမှုရဖို့ ကျနော်တို့က မျှော်လင့်ပါတယ်။ နစ်နာဆုံးရှုံးခဲ့ရသူတွေ နောက် သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုတွေအပေါ်မှာ ကုလသမဂ္ဂ အဖွဲ့အစည်းကရော နိုင်ငံတကာ အဖွဲ့အစည်းဘက်ကရော ဒီလူတွေအပေါ်မှာ တရားမျှတမှုရဖို့ ဆောင်ရွက်ပေးပါလို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။ မြန်မာအစိုးရဘက်ကလည်း ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည်အရေး အပေါ်မှာ မှန်ကန်သော လမ်းကြောင်းဘက်ကနေ ရပ်တည်ပေးပါလို့ တောင်းဆိုချင်ပါတယ်။”

ကုတုပေလာင္ ဒုကၡသည္စခန္းတြင္းမွ ႐ုိဟင္ဂ်ာဒုကၡသည္ သားအမိ။ (စက္တင္ဘာ ၂၂၊ ၂၀၁၇)
ကုတုပေလာင္ ဒုကၡသည္စခန္းတြင္းမွ ႐ုိဟင္ဂ်ာဒုကၡသည္ သားအမိ။ (စက္တင္ဘာ ၂၂၊ ၂၀၁၇)


ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းခဲ့သမျှ ဒုက္ခသည်တွေကတော့ ဘယ်နိုင်ငံ ဘယ်ဒေသကိုမှ ခရီးမဆက်လိုဘဲ မိမိတို့ ဘိုးဘွားစဉ်ဆက် နေထိုင်ရှင်သန်ခဲ့တဲ့ ရခိုင်ပြည်နယ် နေရပ်ရင်းကို ပြန်လိုကြပြီး တကယ်လို့များ ဖြစ်နိုင်ရင် ဒီကနေ့ပြန်ပြီး မနက်ဖြန် ရခိုင်မှာ ထမင်းလက်ဆုံ စားချင်တဲ့စိတ် ရှိပါတယ်လို့ ပြောကြပါတယ်။

“ကျနော်တို့ ဒီဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည် အများကြီးမှာ အများစုကတော့ ပြန်ချင်တာပဲ။ ကျနော်တို့လိုချင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားလို့ မသွားနိုင်တာ၊ ဒါပေမယ့် ကျနော်တို့ ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးကို မြန်မာအစိုးရက ဒီနေ့ပေးရင် မနက်ဖြန် အဲဒီမှာသွားရင် ထမင်းစားချင်တဲ့သူတွေ အများကြီးပါ။ကျနော်တို့ အမြန်ဆုံး ပြန်သွားမှာဆိုပြီး ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း အကြိမ်ကြိမ် ပြောထားတာရှိတယ်။ International Community ကိုလည်း အကြိမ်ကြိမ် ပြောထားတာရှိတယ်။ ဒါပေမယ့် ဘယ်နှစ်ခုနှစ်ရောက်မှ လုပ်ပေးမှာလဲ ဆိုပြီးတော့ ကျနော်တို့ကတော့ စောင့်မျှော်လင့်နေဆဲပါ။” လို့ ကုတုပလောင် ဒုက္ခသည်စခန်းက ကိုကာမေလ်က ပြောပါတယ်။

ဘာလုခါလီ ဒုက္ခသည်စခန်းက ဦးအီစလံကတော့...

“ကျနော်တို့ရဲ့ ရည်မှန်းချက် ရည်ရွယ်ချက်ကတော့ ကိုယ့်နိုင်ငံကိုပဲ ပြန်ချင်စိတ် အများကြီးပါ။ ကိုယ့်နိုင်ငံပြန်ရေးကိုပဲ အဓိက လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကလွဲပြီး တခြားနိုင်ငံကိုသွားဖို့ စိတ်ဆန္ဒ မရှိပါဘူးခင်ဗျာ။ ကျနော်တို့ မူလရရှိခဲ့တဲ့ နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေး အပြည့်နဲ့ နေရပ်ရင်းပြန်ဖို့ အရေးကိုပဲ အဓိက အလေးထားပါတယ်ခင်ဗျာ။” လို့ ပြောပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ စွဲချက်ကို ငြင်းပယ်ပြီး လက်ရှိ ICJ တရားရုံးမှာ ဆက်လက်တရားရင်ဆိုင်နေဆဲ ဖြစ်ပြီးတော့ ဒီ သိန်းချီတဲ့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်လာနိုင်ရေး ကုလသမဂ္ဂ၊ ဘင်္ဂလားဒေ့ရှ် အစိုးရတို့နဲ့ သဘောတူညီမှုတွေ လက်မှတ်ရေးထိုးထားသလို ပူးပေါင်းလက်တွဲ လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက် တောင်းဆိုချက်တွေနဲ့ လက်ရှိအခြေအနေတွေကို မဆုမွန် စုစည်းတင်ပြပေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG