သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပင္လယ္ထဲက ႐ိုဟင္ဂ်ာေတြ ကမ္းကပ္ခြင့္ျပဳဖို႔ ထိုင္းနဲ႔ မေလးရွားကို HRW တိုက္တြန္း


မေလးရွားႏိုင္ငံဘက္ကို တရားမ၀င္ ေလွနဲ႔ ၀င္ေရာက္ဖို႔ ႀကိဳးစားၾကတဲ့ ရိုဟင္ဂ်ာဒုကၡသည္မ်ား။ (ဧၿပီ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

မေလးရွားနဲ႔ ထုိင္းႏုိင္ငံတို႔အေနနဲ႔ ပင္လယ္တြင္း စက္ေလွေတြေပၚက ႐ုိဟင္ဂ်ာဒုကၡသည္ေတြကို အျမန္ဆုံး ကမ္းကပ္ခြင့္ေပးၿပီး ကယ္တင္သင့္တယ္လို႔ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖဲြ႔ (HRW) က ဒီေန႔ ေျပာလိုက္ပါတယ္။ ဒါ့အျပင္ အဲဒီလူေတြကို လိုအပ္တဲ့ အကူအညီေတြေပးၿပီး ခုိလႈံခြင့္ရေအာင္လည္း လုပ္ေပးသင့္တယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၈ ရက္ေန႔က မေလးရွားႏုိင္ငံ လန္ကာ၀ီကမ္းေျခကို စက္ေလွနဲ႔ ေရာက္လာတဲ့ ႐ုိဟင္ဂ်ာ ၂၆၉ ေယာက္ကို မေလးရွားအာဏာပိုင္ေတြက ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။ ေနာက္ထပ္ ဒုတိယစက္ေလွတစငး္ေပၚမွာေတာ့ ႐ုိဟင္ဂ်ာဒုကၡသည္ ၃၀၀ ေလာက္ ပါ၀င္ၿပီး အဲဒီစက္ေလွဟာ ထုိင္းနုိင္ငံက Koh Adang ကၽြန္းနားမွာ ရွိတယ္လို႔ မေလးရွားႏိုင္ငံရဲ႕ ပင္လယ္ေရေၾကာင္း ထိန္းသိမ္း ကာကြယ္ေစာင့္ေရွာက္ေရးအဖဲြ႔က ေျပာပါတယ္။

အဲဒီ စက္ေလွ ႏွစ္ စင္းဟာ ဘဂၤလားေဒ့ရွ္ႏုိင္ငံကေန ၿပီးခဲ့တဲ့ ေဖာေဖာ္၀ါရီလက ထြက္လာခဲ့တာျဖစ္ၿပီး စက္ေလွေပၚမွာ ပါလာတဲ့သူေတြဟာ ေရနဲ႔ အစားအစား အလုံအေလာက္မရတာ ၄ လ ေလာက္ရွိၿပီျဖစ္တယ္လို႔ ေျပာပါတယ္။

အာရွေဒသဆုိင္ရာ ညႊန္ၾကားေရးမွဴး Brad Adams
အာရွေဒသဆုိင္ရာ ညႊန္ၾကားေရးမွဴး Brad Adams

အေရွ႕ေတာင္အာရွႏုိင္ငံ အစိုးရေတြဟာ ခုိလႈံစရာေနရာကင္းမဲ့ေနတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ေတြကို ကာကြယ္ေပးဖို႔အတြက္ တာ၀န္ေတြကို မယူဘဲ ျငင္းဆန္ေနၾကေၾကာင္း၊ ဒီဒုကၡသည္ေတြနဲ႔ ပတ္သက္ၿပီး ျမန္မာႏုိ္င္ငံက အဓိက တာ၀န္ရွိတာျဖစ္ေပမဲ့ မေလးရွားနဲ႔ ထုိင္းႏုိင္ငံေတြ အေနနဲ႔လည္း ဒီဒုကၡသည္ေတြ လတ္တေလာ ပင္လယ္ထဲမွာ ရင္ဆုိင္ေနရတဲ့ အႏၱရာယ္ေတြကို မျမင္ခ်င္ေယာင္ မေဆာင္ၾကဖို႔ HRW အဖဲြ႔ရဲ႕ အာရွေဒသဆုိင္ရာ ညႊန္ၾကားေရးမွဴး Brad Adams က ေျပာလိုက္ပါတယ္။

ျမန္မာအစိုးရကေတာ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံနဲ႔ ပူးေပါင္းၿပီး ဒုကၡသည္ေတြကို စိစစ္ၿပီး ျပန္လက္ခံဖို႔ သေဘာတူထားေပမဲ့ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကိုေတာ့ အသိအမွတ္မျပဳထားပါဘူးခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပင်လယ်ထဲက ရိုဟင်ဂျာတွေ ကမ်းကပ်ခွင့်ပြုဖို့ ထိုင်းနဲ့ မလေးရှားကို HRW တိုက်တွန်း

မလေးရှားနဲ့ ထိုင်းနိုင်ငံတို့အနေနဲ့ ပင်လယ်တွင်း စက်လှေတွေပေါ်က ရိုဟင်ဂျာဒုက္ခသည်တွေကို အမြန်ဆုံး ကမ်းကပ်ခွင့်ပေးပြီး ကယ်တင်သင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီနေ့ ပြောလိုက်ပါတယ်။ ဒါ့အပြင် အဲဒီလူတွေကို လိုအပ်တဲ့ အကူအညီတွေပေးပြီး ခိုလှုံခွင့်ရအောင်လည်း လုပ်ပေးသင့်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က မလေးရှားနိုင်ငံ လန်ကာဝီကမ်းခြေကို စက်လှေနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ ၂၆၉ ယောက်ကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ နောက်ထပ် ဒုတိယစက်လှေတစင်းပေါ်မှာတော့ ရိုဟင်ဂျာဒုက္ခသည် ၃၀၀ လောက် ပါဝင်ပြီး အဲဒီစက်လှေဟာ ထိုင်းနိုင်ငံက Koh Adang ကျွန်းနားမှာ ရှိတယ်လို့ မလေးရှားနိုင်ငံရဲ့ ပင်လယ်ရေကြောင်း ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။

အဲဒီ စက်လှေ နှစ် စင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြီးခဲ့တဲ့ ဖောဖော်ဝါရီလက ထွက်လာခဲ့တာဖြစ်ပြီး စက်လှေပေါ်မှာ ပါလာတဲ့သူတွေဟာ ရေနဲ့ အစားအစား အလုံအလောက်မရတာ ၄ လ လောက်ရှိပြီဖြစ်တယ်လို့ ပြောပါတယ်။

အရှေ့တောင်အာရှနိုင်ငံ အစိုးရတွေဟာ ခိုလှုံစရာနေရာကင်းမဲ့နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကာကွယ်ပေးဖို့အတွက် တာဝန်တွေကို မယူဘဲ ငြင်းဆန်နေကြကြောင်း၊ ဒီဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက အဓိက တာဝန်ရှိတာဖြစ်ပေမဲ့ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေ အနေနဲ့လည်း ဒီဒုက္ခသည်တွေ လတ်တလော ပင်လယ်ထဲမှာ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေကို မမြင်ချင်ယောင် မဆောင်ကြဖို့ HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Brad Adams က ပြောလိုက်ပါတယ်။

မြန်မာအစိုးရကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပူးပေါင်းပြီး ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံဖို့ သဘောတူထားပေမဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ အသိအမှတ်မပြုထားပါဘူးခင်ဗျာ။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG