သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာ ၁၀၀ နီးပါးပါ စက္ေလွတစင္း Aceh ကမ္းလြန္ပင္လယ္တြင္းေမ်ာေန


အင္ဒိုနီးရွားႏိုင္ငံ Aceh ေဒသ ကမ္းလြန္ပင္လယ္ျပင္မွာ စက္ေလွတစင္းနဲ႔အတူ ေတြ႔ရတဲ့ ႐ုိဟင္ဂ်ာမြတ္ဆလင္မ်ား။ (ဇြန္ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

အင္ဒုိနီးရွားႏုိင္ငံ Aceh ေဒသ ကမ္းလြန္ပင္လယ္ျပင္မွာ ႐ုိဟင္ဂ်ာမြတ္ဆလင္ ၁၀၀ ေလာက္ လုိက္ပါလာတဲ့ စက္ေလွတစင္း ေမ်ာေနတာကုိ ငါးဖမ္းေလွေတြက ေတြ႔ရွိခဲ့ၾကၿပီး အခုအခါ ကမ္းကပ္ခြင့္ရဖုိ႔ ေစာင့္ဆုိင္းေနပါတယ္။

အမ်ဳိးသမီး ၄၉ ဦး၊ အမ်ဳိးသား ၁၅ ဦးနဲ႔ ကေလး ၃၀၊ စုစုေပါင္း ၉၄ ေယာက္ လုိက္ပါလာတဲ့ စက္ေလွကုိ တနလၤာေန႔ေႏွာင္းပုိင္းမွာ အင္ဒုိနီးရွား ငါးဖမ္းေလွေတြက ေတြ႔ရွိခဲ့ၾကတာလုိ႔လည္း ေဒသခံ အာဏာပုိင္ေတြကုိ ကုိးကားၿပီး သတင္းေတြက ေဖာ္ျပၾကပါတယ္။

အင္ဒိုနီးရွားႏိုင္ငံ Aceh ေဒသ ကမ္းလြန္ပင္လယ္ျပင္မွာ စက္ေလွတစင္းနဲ႔အတူ ေတြ႔ရတဲ့ ႐ုိဟင္ဂ်ာမြတ္ဆလင္မ်ား။ (ဇြန္ ၂၄၊ ၂၀၂၀)
အင္ဒိုနီးရွားႏိုင္ငံ Aceh ေဒသ ကမ္းလြန္ပင္လယ္ျပင္မွာ စက္ေလွတစင္းနဲ႔အတူ ေတြ႔ရတဲ့ ႐ုိဟင္ဂ်ာမြတ္ဆလင္မ်ား။ (ဇြန္ ၂၄၊ ၂၀၂၀)

အားအင္ခ်ိနဲ႔ၿပီး ဆာေလာင္ေနၾကတဲ့ ႐ုိဟင္ဂ်ာေတြဟာ ငါးဖမ္းေလွေတြေပၚ ခုန္ခ်ၿပီး အကူအညီေတာင္းခံခဲ့ၾကတယ္လုိ႔လည္း ေဒသခံရဲတပ္ဖဲြ႔ အႀကီးအကဲ Muhammad Jamil ကုိ ကုိးကားၿပီး AP သတင္းက ေဖာ္ျပခဲ့တာပါ။

ဒီေန႔အထိ ေလွေပၚမွာပဲ ရွိေနဆဲျဖစ္တဲ့ ႐ုိဟင္ဂ်ာေတြကုိေတာ့ အာဏာပုိင္ေတြက အစားေသာက္နဲ႔ေရ ေပးခဲ့သလုိ ေဒသခံရြာသားေတြက အ၀တ္အစားေတြ ေပးခဲ့ၾကၿပီး၊ ဘာဆက္လုပ္ရမလဲဆုိတာ အထက္တာ၀န္ရွိသူေတြရဲ႕ ညႊန္ၾကားခ်က္ကုိ ေစာင့္ဆုိင္းေနတယ္လုိ႔လည္း ရဲတပ္ဖဲြ႔အႀကီးအကဲက ေျပာပါတယ္။

ပင္လယ္ထဲမွာ ႐ုိဟင္ဂ်ာေတြ ေလွတစင္းနဲ႔ ေမ်ာေနတယ္ဆုိတဲ့ သတင္းေတြ ထြက္ေပၚလာၿပီးေနာက္မွာေတာ့ အကူအညီလုိေနသူေတြကုိ အင္ဒုိနီးရွားႏုိင္ငံက အျမန္ဆုံး ကယ္ဆယ္ဖုိ႔ ႏုိင္ငံတကာ လူ႔အခြင့္အေရးလႈပ္ရွားမႈအဖဲြ႔ Amnesty International အဖဲြ႔ကလည္း ဒီကေန႔ပဲ ေၾကညာခ်က္ထုတ္ျပန္ တုိက္တြန္းထားပါတယ္။

ရခုိင္ျပည္နယ္ေျမာက္ပိုင္းမွာ တပ္မေတာ္က စစ္ဆင္ေရးလုပ္ နယ္ေျမရွင္းလင္းတာကေန ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ ထြက္ေျပးသြားၾကတဲ့ လူနည္းစုမြတ္ဆလင္ေတြက သူတို႔ကိုယ္သူတို႔ ႐ိုဟင္ဂ်ာလို႔ ေခၚဆိုၾကေပမဲ့လည္း ျမန္မာအစိုးရကေတာ့ အဲဒီလိုေခၚဆိုတာကို အသိအမွတ္ျပဳမထားပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာ ၁၀၀ နီးပါးပါ စက်လှေတစင်း Aceh ကမ်းလွန်ပင်လယ်တွင်းမျောနေ

အင်ဒိုနီးရှားနိုင်ငံ Aceh ဒေသ ကမ်းလွန်ပင်လယ်ပြင်မှာ ရိုဟင်ဂျာမွတ်ဆလင် ၁၀၀ လောက် လိုက်ပါလာတဲ့ စက်လှေတစင်း မျောနေတာကို ငါးဖမ်းလှေတွေက တွေ့ရှိခဲ့ကြပြီး အခုအခါ ကမ်းကပ်ခွင့်ရဖို့ စောင့်ဆိုင်းနေပါတယ်။

အမျိုးသမီး ၄၉ ဦး၊ အမျိုးသား ၁၅ ဦးနဲ့ ကလေး ၃၀၊ စုစုပေါင်း ၉၄ ယောက် လိုက်ပါလာတဲ့ စက်လှေကို တနင်္လာနေ့နှောင်းပိုင်းမှာ အင်ဒိုနီးရှား ငါးဖမ်းလှေတွေက တွေ့ရှိခဲ့ကြတာလို့လည်း ဒေသခံ အာဏာပိုင်တွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။

အားအင်ချိနဲ့ပြီး ဆာလောင်နေကြတဲ့ ရိုဟင်ဂျာတွေဟာ ငါးဖမ်းလှေတွေပေါ် ခုန်ချပြီး အကူအညီတောင်းခံခဲ့ကြတယ်လို့လည်း ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲ Muhammad Jamil ကို ကိုးကားပြီး AP သတင်းက ဖော်ပြခဲ့တာပါ။

ဒီနေ့အထိ လှေပေါ်မှာပဲ ရှိနေဆဲဖြစ်တဲ့ ရိုဟင်ဂျာတွေကိုတော့ အာဏာပိုင်တွေက အစားသောက်နဲ့ရေ ပေးခဲ့သလို ဒေသခံရွာသားတွေက အဝတ်အစားတွေ ပေးခဲ့ကြပြီး၊ ဘာဆက်လုပ်ရမလဲဆိုတာ အထက်တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့လည်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

အင္ဒိုနီးရွားႏိုင္ငံ Aceh ေဒသ ကမ္းလြန္ပင္လယ္ျပင္မွာ စက္ေလွတစင္းနဲ႔အတူ ေတြ႔ရတဲ့ ႐ုိဟင္ဂ်ာမြတ္ဆလင္မ်ား။ (ဇြန္ ၂၄၊ ၂၀၂၀)
အင္ဒိုနီးရွားႏိုင္ငံ Aceh ေဒသ ကမ္းလြန္ပင္လယ္ျပင္မွာ စက္ေလွတစင္းနဲ႔အတူ ေတြ႔ရတဲ့ ႐ုိဟင္ဂ်ာမြတ္ဆလင္မ်ား။ (ဇြန္ ၂၄၊ ၂၀၂၀)

ပင်လယ်ထဲမှာ ရိုဟင်ဂျာတွေ လှေတစင်းနဲ့ မျောနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ အကူအညီလိုနေသူတွေကို အင်ဒိုနီးရှားနိုင်ငံက အမြန်ဆုံး ကယ်ဆယ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Amnesty International အဖွဲ့ကလည်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က စစ်ဆင်ရေးလုပ် နယ်မြေရှင်းလင်းတာကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ လူနည်းစုမွတ်ဆလင်တွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ဆိုကြပေမဲ့လည်း မြန်မာအစိုးရကတော့ အဲဒီလိုခေါ်ဆိုတာကို အသိအမှတ်ပြုမထားပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG