သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းတခ်ိဳ႕ ကိုဗစ္အတြက္ အနီေရာင္နယ္ေျမ သတ္မွတ္


(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္နိုင္ငံအတြင္း ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ေနထိုင္ရာ Cox’s Bazar ခရိုင္ Ukhia နဲ႔ Teknaf ျမဴနီစပယ္ဧရိယာထဲက ေနရာ သုံးခုကို ကိုရိုနာဗိုင္းရပ္စ္ ေရာဂါကာကြယ္ ဟန္႔တားေရးအတြက္ အေရးေပၚေနရာ အနီေရာင္ ဇုံနယ္ေျမေတြ အျဖစ္ ေၾကညာ လိုက္ပါတယ္။

ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရးဌာနက အနီေရာင္ ဇုံနယ္ေျမေတြအျဖစ္ သီးျခားစီ ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္ေတြကို စေနေန႔က ထုတ္ျပန္ခဲ့တာ ျဖစ္ၿပီးUkhia နယ္ေျမ Rajapalong အရပ္က ရပ္ကြက္ ၄ခု၊ Palongkhali အရပ္က ရပ္ကြက္ ၃ ခုနဲ႔ Cox’s Bazar ဧရိယာက Ratnapalong အရပ္တို႔ ပါဝင္သလို Teknaf ျမဴနီစပယ္ ဧရိယာ တစ္ခုလုံးလည္း ပါဝင္တယ္လို႔ THE DAILY STAR သတင္းဌာနက ေျပာပါတယ္။

အဲဒီ အရပ္ေဒသေတြထဲက ဒုကၡသည္စခန္းေတြမွာ ရိုဟင္ဂ်ာ ၁ သန္းေလာက္ ခိုလႈံေနထိုင္ေနတာပါ။ အေရးေပၚ အနီေရာင္ ဇုံနယ္ေၿမ ေတြအျဖစ္ ေၾကညာထားတဲ့အခ်ိန္က ဇြန္လ ၇ ရက္ေန႔ကေန ဇြန္လ ၂၁ ရက္ေန႔အထိ ျဖစ္ၿပီးအသြားအလာေတြ လုံးဝ ပိတ္ပင္ ထားမွာ ျဖစ္ပါတယ္။

တဆက္တည္းမွာပဲ မေလးရွားနိုင္ငံကို စက္ေလွတစ္စင္းနဲ႔ ဝင္ေရာက္ရာက ထိန္းသိမ္းခံခဲ့ရတဲ့ ရိုဟင္ဂ်ာ ၂၆၀ ေက်ာ္ကို ျပန္လက္ခံဖို႔ ဘဂၤလားေဒ့ရွ္ အစိုးရကို ေတာင္းဆိုမယ္ဆိုတဲ့ မေလးရွားနိုင္ငံရဲ့ ေျပာၾကားခ်က္ကို ဘဂၤလားေဒ့ရွ္ နိုင္ငံျခားေရး ဝန္ႀကီးဌာန အဆင့္ျမင့္ အရာရွိတစ္ဦးက အဂၤါေန႔မွာပဲ တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။​

အမည္မေဖာ္လိုသူ ဘဂၤလားေဒ့ရွ္ အဆင့္ျမင့္ အရာရွိက ဒုကၡသည္ေတြ ျပန္လက္ခံဖို႔ ကိစၥကို ျမန္မာနိုင္ငံကို ေတာင္းဆိုရမွာ ျဖစ္ေၾကာင္းနဲ႔ ဒုကၡသည္ေတြကို ေနာက္ဆုံး ေရာက္ရွိေနတဲ့နိုင္ငံက ဆက္လက္ တာဝန္ယူရမွာျဖစ္လို႔ ဘဂၤလားေဒ့ရွ္နိုင္ငံနဲ႔ မဆိုင္ေၾကာင္း ေျပာပါတယ္။

၂၀၁၇ ခုႏွစ္က ျမန္မာစစ္တပ္က ARSA လက္နက္ကိုင္တပ္ေတြကို ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ နယ္ေၿမ ရွင္းလင္းတဲ့ စစ္ဆင္ေရးေတြ လုပ္ခ်ိန္အတြင္း ရိုဟင္ဂ်ာ သိန္းခ်ီၿပီး ဘဂၤလားေဒ့ရွ္နိုင္ငံဘက္ ထြက္ေျပးခဲ့ၾကတာပါ။ ျမန္မာအစိုးရက ရိုဟင္ဂ်ာ ဆိုတဲ့အသုံးအႏႈန္းကို လက္မခံေပမဲ့ ဒုကၡသည္ေတြကို စိစစ္ၿပီး လက္ခံသြားမယ္လို႔ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

(Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရိုဟင်ဂျာ ဒုက္ခသည်တွေ နေထိုင်ရာ Cox’s Bazar ခရိုင် Ukhia နဲ့ Teknaf မြူနီစပယ်ဧရိယာထဲက နေရာ သုံးခုကို ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ် ဟန့်တားရေးအတွက် အရေးပေါ်နေရာ အနီရောင် ဇုံနယ်မြေတွေ အဖြစ် ကြေညာ လိုက်ပါတယ်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာနက အနီရောင် ဇုံနယ်မြေတွေအဖြစ် သီးခြားစီ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေကို စနေနေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပြီးUkhia နယ်မြေ Rajapalong အရပ်က ရပ်ကွက် ၄ခု၊ Palongkhali အရပ်က ရပ်ကွက် ၃ ခုနဲ့ Cox’s Bazar ဧရိယာက Ratnapalong အရပ်တို့ ပါဝင်သလို Teknaf မြူနီစပယ် ဧရိယာ တစ်ခုလုံးလည်း ပါဝင်တယ်လို့ THE DAILY STAR သတင်းဌာနက ပြောပါတယ်။

အဲဒီ အရပ်ဒေသတွေထဲက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ၁ သန်းလောက် ခိုလှုံနေထိုင်နေတာပါ။ အရေးပေါ် အနီရောင် ဇုံနယ်မြေ တွေအဖြစ် ကြေညာထားတဲ့အချိန်က ဇွန်လ ၇ ရက်နေ့ကနေ ဇွန်လ ၂၁ ရက်နေ့အထိ ဖြစ်ပြီးအသွားအလာတွေ လုံးဝ ပိတ်ပင် ထားမှာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ မလေးရှားနိုင်ငံကို စက်လှေတစ်စင်းနဲ့ ဝင်ရောက်ရာက ထိန်းသိမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာ ၂၆၀ ကျော်ကို ပြန်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုမယ်ဆိုတဲ့ မလေးရှားနိုင်ငံရဲ့ ပြောကြားချက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးက အင်္ဂါနေ့မှာပဲ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

အမည်မဖော်လိုသူ ဘင်္ဂလားဒေ့ရှ် အဆင့်မြင့် အရာရှိက ဒုက္ခသည်တွေ ပြန်လက်ခံဖို့ ကိစ္စကို မြန်မာနိုင်ငံကို တောင်းဆိုရမှာ ဖြစ်ကြောင်းနဲ့ ဒုက္ခသည်တွေကို နောက်ဆုံး ရောက်ရှိနေတဲ့နိုင်ငံက ဆက်လက် တာဝန်ယူရမှာဖြစ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မဆိုင်ကြောင်း ပြောပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်က ARSA လက်နက်ကိုင်တပ်တွေကို ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နယ်မြေ ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်ချိန်အတွင်း ရိုဟင်ဂျာ သိန်းချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြတာပါ။ မြန်မာအစိုးရက ရိုဟင်ဂျာ ဆိုတဲ့အသုံးအနှုန်းကို လက်မခံပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံသွားမယ်လို့ ပြောထားပါတယ်။

XS
SM
MD
LG