သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္နယ္စပ္ တရားမ၀င္ ၀င္ေရာက္သူေတြကုိ ေစာင့္ၾကည့္စစ္ေဆး


ျမန္မာ - ဘဂၤလားေဒ့ရွ္နယ္စပ္ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာၿမိဳ႕မွာ ရွိတဲ့ ဒုကၡသည္စခန္းတခု။ (ဇြန္ ၂၉၊ ၂၀၁၈)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္နဲ႔ ထိစပ္ေနတဲ့ ဘဂၤလားေဒ့ရ္ွႏိုင္ငံနဲ႔ ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းေတြ ရွိတဲ့ေနရာမွာ COVID-19 ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈ ပိုမ်ားလာေနတာေၾကာင့္ ရခိုင္မွာ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္ လာတဲ့သူေတြကို အဓိကထား ေစာင့္ၾကည့္စစ္ေဆးေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးပါမယ္။

COVID -19 ေရာဂါကူးစက္ ပ်ံ႕ႏွ႔ံမႈေၾကာင့္ ရိုဟင္ဂ်ာဒုကၡသည္စခန္းေတြရိွတဲ့ ဘဂၤလားေဒ့ရ္ွႏိုင္ငံ ေကာဇ္ဘဇားခရိုင္တခုလံုးကို အသြားအလာေတြ ကန္႔သတ္ထားတဲ့ၾကားကပဲ၊ ဒုကၡသည္ေတြက စိုးရိမ္ၿပီး စခန္းက ထြက္ေျပးတာေတြ ရိွေနပါတယ္။

လက္ရွိ ငါးခူရႏွင့္ ေတာင္ၿပိဳၿမိဳ႕နယ္တို႔မွာ ဘဂၤလားေဒ့ရွ္က ျပန္လာတဲ့သူေတြကို ျပန္လည္လက္ခံတဲ့ စခန္းေတြ ဖြင့္ထားၿပီး နယ္စပ္ဂိတ္ေတြကို နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ေတြ၊ လူဝင္မႈႀကီးၾကပ္ေရး ဦးစီးဌာနက တာဝန္ရွိသူေတြႏွင့္ က်န္းမာေရးဝန္ထမ္းတို႔ ပူးေပါင္းၿပီး စိစစ္ေဆာင္႐ြက္ေနတယ္လို႔ ရခိုင္ျပည္နယ္ က်န္းမာေရးဦးစီးဌာနက ေဒါက္တာ စိုးဝင္းပိုင္က ေျပာပါတယ္။

“ဝင္ေပါက္ဂိတ္ေတြမွာ က်ေနာ္တို႔က အၿမဲတမ္းေစာင့္ၾကပ္ၾကည့္ရႈမႈ လုပ္ငန္းေတြ လုပ္တယ္လို႔ ဆိုတဲ့ အခ်ိန္မွာ ဘဂၤလားေဒ့ရွ္က ထြက္သြားတယ္ဆိုတဲ့ လူေတြကို ျပန္လည္လက္ခံတဲ့ စခန္းဆိုၿပီးေတာ့ ေနရာ ၂ ေနရာ ရွိတယ္။ ငါးခူရရယ္ ေတာင္ၿပိဳရယ္ အဲ့ႏွစ္ခုမွာ က်ေနာ္တို႔က ဂိတ္ႏွစ္ခုဖြင့္ၿပီးေတာ့ ျပန္လည္ႀကိဳဆိုေရးလုပ္ငန္းေတြ လုပ္ထားတယ္။ အဲ့ဒီမွာ ၂၄ နာရီ၊ ၇ ရက္ ရဲဝန္ထမ္းေတြ အေထြေထြအုပ္ခ်ဳပ္မႈ ဝန္ထမ္းေတြ၊ လဝက ဝန္ထမ္းေတြနဲ႔အတူ က်ေနာ္တို႔ က်န္းမာေရး ဝန္ထမ္ေတြ တာဝန္ထမ္းေဆာင္ေနတယ္။ အဲ့ဒီ တရားဝင္ဝင္ေပါက္က ဝင္လာတဲ့ သူေတြကို အဲ့ဒီဝင္ေပါက္ေတြမွာ စစ္ေဆးၿပီးရင္ လွဖိုးေခါင္စခန္းမွာ Quarantine အေနနဲ႔ထားတယ္။ လွဖိုးေခါင္စခန္းသည္ Social Distancing ေတြဘာေတြနဲ႔ စီစဥ္ၿပီးထားမယ္ဆိုရင္ကို လူ ၁၀၀ ေလာက္ကို Quarantine ထားႏိုင္တယ္။ ခုအခ်ိန္မွာ ကြၽန္ေတာ္တို႔ ၆၀ ေက်ာ္ Quarantine ထားထားတယ္။ ဒါက တရားဝင္ဝင္ေပါက္က ဝင္လာတဲ့သူေတြ။ တရားမဝင္ဝင္ေပါက္က ဝင္လာတယ္။ နယ္စပ္ျဖတ္ေက်ာ္ေနတဲ့ ၿခံစည္း႐ိုးေတာက္ေလွ်ာက္က ဝင္လာတဲ့သူေတြကိုေတာ့ က်ေနာ္တို႔လည္း ေလာေလာဆယ္ အေနအထားအရ မသိႏိုင္ေသးဘူးဗ်။”

နယ္စပ္ၿခံစည္း႐ိုးတေလွ်ာက္ကေန တရားမဝင္ ျဖတ္ေက်ာ္ဝင္ေရာက္လာၾကတဲ့ သူေတြကို အလြယ္ တကူမသိရွိႏိုင္တာေၾကာင့္ ခ႐ိုင္အဆင့္ ကိုဗစ္ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး ေကာ္မတီအေနနဲ႔ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕နဲ႔ ညႇိႏႈိင္းၿပီး လုံၿခဳံေရးကို ပိုမိုတင္းၾကပ္ေဆာင္႐ြက္ေဆာင္ေနတယ္လို႔ ေမာင္ေတာ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးေအာင္က ေျပာပါတယ္။

“တရားဝင္ဝင္တာ မဟုတ္တဲ့အတြက္ စစ္လို႔လည္းမရဘူး။ အခုက ခိုးၿပီးေတာ့ ဝင္လာတာ က်ေနာ္တို႔က တရားဝင္ လက္ခံေရးစခန္းေတြကလည္း ကိုဗစ္ စျဖစ္ကတည္းက ပိတ္ထားတာ ခိုးၿပီးေတာ့ ဝင္လာတာျဖစ္တဲ့အတြက္ နယ္ျခားေစာင့္ရဲတပ္ဖြဲက လုံၿခဳံေရးပိုၿပီးေတာ့မွ စစ္ေပးဖို႔ တကယ္လို႔ ႐ြာေတြကိုလည္း နယ္ျခားေစာင့္ေတြက ေနၿပီးမွ စစ္လို႔မရတဲ့ ေနရာေတြလည္း အမ်ားႀကီးပဲ ရွိတယ္။ လုံၿခဳံေရး မရွိတဲ့ေနရာကေန လုံၿခဳံေရးေတြမသိေအာင္ ခိုးဝင္လာၿပီးေတာ့ ႐ြာေတြကလည္း ႐ြာေတြကေနၿပီးေတာ့ အုပ္ခ်ဳပ္ေရးမွဴးေတြ ေနာက္အုပ္ခ်ဳုပ္ေရးမွဴးကတဆင့္မွာ ေက်း႐ြာျပည္သူလူထုေတြကို ကိုဗစ္နဲ႔ ပတ္သက္ၿပီး က်န္းမာေရး အသိပညာေပးတာေတြက လုပ္ၿပီးသား ႏိုင္ငံေတာ္က ကိုဗစ္နဲ႔ ပတ္သက္ၿပီးစလုပ္ကတည္းက က်ေနာ္တို႔ ခ႐ိုင္မွာလည္း လုပ္ၿပီးသား။ အဲ့ေတာ့ ေရာက္လာရင္ သတင္းပို႔ဖို႔ဆိုၿပီးေတာ့ အခု ေရာက္လာတာနဲ႔ ႐ြာထဲကို အဝင္မခံၾကဘူး။ ေရာက္ရင္ သတင္းပို႔တဲ့အတြက္ အခု က်ေနာ္တို႔က ခိုးဝင္လာတယ္ဆိုတာေတြကို သိရတာေပါ့ဗ်ာ။”

နယ္စပ္ၿခံစည္း႐ိုးကို တရားမဝင္ ျဖတ္ေက်ာ္ၿပီး ဝင္လာတဲ့သူေတြရွိရင္ သက္ဆိုင္ရာကို သတင္းေပးၾကဖို႔ က်န္းမာေရးႏွင့္ ပတ္သက္ၿပီး အသိရွိဖို႔အတြက္ ပညာေပးတာေတြ လုပ္ေနတယ္လို႔ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးက ဆိုပါတယ္။

ရခိုင္ျပည္နယ္မွာ ႏိုင္ငံရပ္ျခားက ျပန္လာသူေတြကို အသြားအလာ ကန္႔သတ္ထားၿပီး ေရာဂါပိုးရွိမရွိ စစ္ေဆးႏိုင္ဖို႔ တို႔ဖတ္ နမူနာကို ေပးပို႔စစ္ေဆးရာမွာ ပိုးရွိမရွိ သိရဖို႔အတြက္ အခ်ိန္ ၃ ရက္ေလာက္ယူရ တယ္လို႔ဆိုပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ ဇြန္လ ၈ ရက္ေန႔အထိ ထုတ္ျပန္ခ်က္ေတြအရ ရခိုင္ျပည္နယ္ မွာ ကိုဗစ္ ေရာဂါပိုး ေတြ႕ရွိရသူ အေရအတြက္က ၄ ဦးရွိေနၿပီး ၂ ဦးဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံကေန ဝင္ေရာက္လာသူေတြျဖစ္ပါတယ္။ အခုလက္ရွိ ေမာင္ေတာခ႐ိုင္ ျပည္သူေဆး႐ုံမွာ ကုသမႈ ခံယူေနပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ဇြန္လ ၈ ရက္ေန႔ တစ္ရက္တည္းမွာ COVID - 19 ဓာတ္ခြဲစစ္ေဆးမႈ အေရတြက္ စုစုေပါင္း ၁,၅၀၀ ေက်ာ္ကိုစစ္ေဆးခဲ့ပါတယ္။

လက္ရွိအားျဖင့္ တႏိုင္ငံလံုးမွာ COVID - 19 ေရာဂါပိုးဓါတ္ခဲြနမူနာ စမ္းသပ္မႈ ေတြ႕ရွိရသူ စုစုေပါင္းက ၂၄၄ ဦး ရွိေနၿပီး၊ ေသဆုံးသူ ၆ ဦးနဲ႔ ကုသမႈ ခံယူၿပီး ေရာဂါပိုးကင္းစင္လာသူက ၁၅၉ ဦး ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘင်္ဂလားဒေ့ရှ်နယ်စပ် တရားမဝင် ဝင်ရောက်သူတွေကို စောင့်ကြည့်စစ်ဆေး

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ ရှိတဲ့နေရာမှာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ပိုများလာနေတာကြောင့် ရခိုင်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာတဲ့သူတွေကို အဓိကထား စောင့်ကြည့်စစ်ဆေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

COVID -19 ရောဂါကူးစက် ပျံ့နှံ့မှုကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရှိတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကောဇ်ဘဇားခရိုင်တခုလုံးကို အသွားအလာတွေ ကန့်သတ်ထားတဲ့ကြားကပဲ၊ ဒုက္ခသည်တွေက စိုးရိမ်ပြီး စခန်းက ထွက်ပြေးတာတွေ ရှိနေပါတယ်။

လက်ရှိ ငါးခူရနှင့် တောင်ပြိုမြို့နယ်တို့မှာ ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့သူတွေကို ပြန်လည်လက်ခံတဲ့ စခန်းတွေ ဖွင့်ထားပြီး နယ်စပ်ဂိတ်တွေကို နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေ၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက တာဝန်ရှိသူတွေနှင့် ကျန်းမာရေးဝန်ထမ်းတို့ ပူးပေါင်းပြီး စိစစ်ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

“ဝင်ပေါက်ဂိတ်တွေမှာ ကျနော်တို့က အမြဲတမ်းစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းတွေ လုပ်တယ်လို့ ဆိုတဲ့ အချိန်မှာ ဘင်္ဂလားဒေ့ရှ်က ထွက်သွားတယ်ဆိုတဲ့ လူတွေကို ပြန်လည်လက်ခံတဲ့ စခန်းဆိုပြီးတော့ နေရာ ၂ နေရာ ရှိတယ်။ ငါးခူရရယ် တောင်ပြိုရယ် အဲ့နှစ်ခုမှာ ကျနော်တို့က ဂိတ်နှစ်ခုဖွင့်ပြီးတော့ ပြန်လည်ကြိုဆိုရေးလုပ်ငန်းတွေ လုပ်ထားတယ်။ အဲ့ဒီမှာ ၂၄ နာရီ၊ ၇ ရက် ရဲဝန်ထမ်းတွေ အထွေထွေအုပ်ချုပ်မှု ဝန်ထမ်းတွေ၊ လဝက ဝန်ထမ်းတွေနဲ့အတူ ကျနော်တို့ ကျန်းမာရေး ဝန်ထမ်တွေ တာဝန်ထမ်းဆောင်နေတယ်။ အဲ့ဒီ တရားဝင်ဝင်ပေါက်က ဝင်လာတဲ့ သူတွေကို အဲ့ဒီဝင်ပေါက်တွေမှာ စစ်ဆေးပြီးရင် လှဖိုးခေါင်စခန်းမှာ Quarantine အနေနဲ့ထားတယ်။ လှဖိုးခေါင်စခန်းသည် Social Distancing တွေဘာတွေနဲ့ စီစဉ်ပြီးထားမယ်ဆိုရင်ကို လူ ၁၀၀ လောက်ကို Quarantine ထားနိုင်တယ်။ ခုအချိန်မှာ ကျွန်တော်တို့ ၆၀ ကျော် Quarantine ထားထားတယ်။ ဒါက တရားဝင်ဝင်ပေါက်က ဝင်လာတဲ့သူတွေ။ တရားမဝင်ဝင်ပေါက်က ဝင်လာတယ် နယ်စပ်ဖြတ်ကျော်နေတဲ့ ခြံစည်းရိုးတောက်လျှောက်က ဝင်လာတဲ့သူတွေကိုတော့ ကျနော်တို့လည်း လောလောဆယ် အနေအထားအရ မသိနိုင်သေးဘူးဗျ။”

နယ်စပ်ခြံစည်းရိုးတလျှောက်ကနေ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာကြတဲ့ သူတွေကို အလွယ် တကူမသိရှိနိုင်တာကြောင့် ခရိုင်အဆင့် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီအနေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းပြီး လုံခြုံရေးကို ပိုမိုတင်းကြပ်ဆောင်ရွက်ဆောင်နေတယ်လို့ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

“တရားဝင်ဝင်တာ မဟုတ်တဲ့အတွက် စစ်လို့လည်းမရဘူး။ အခုက ခိုးပြီးတော့ ဝင်လာတာ ကျနော်တို့က တရားဝင် လက်ခံရေးစခန်းတွေကလည်း ကိုဗစ် စဖြစ်ကတည်းက ပိတ်ထားတာ ခိုးပြီးတော့ ဝင်လာတာဖြစ်တဲ့အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲက လုံခြုံရေးပိုပြီးတော့မှ စစ်ပေးဖို့ တကယ်လို့ ရွာတွေကိုလည်း နယ်ခြားစောင့်တွေက နေပြီးမှ စစ်လို့မရတဲ့ နေရာတွေလည်း အများကြီးပဲ ရှိတယ်။ လုံခြုံရေး မရှိတဲ့နေရာကနေ လုံခြုံရေးတွေမသိအောင် ခိုးဝင်လာပြီးတော့ ရွာတွေကလည်း ရွာတွေကနေပြီးတော့ အုပ်ချုပ်ရေးမှူးတွေ နောက်အုပ်ချုုပ်ရေးမှူးကတဆင့်မှာ ကျေးရွာပြည်သူလူထုတွေကို ကိုဗစ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး အသိပညာပေးတာတွေက လုပ်ပြီးသား နိုင်ငံတော်က ကိုဗစ်နဲ့ ပတ်သက်ပြီးစလုပ်ကတည်းက ကျနော်တို့ ခရိုင်မှာလည်း လုပ်ပြီးသား။ အဲ့တော့ ရောက်လာရင် သတင်းပို့ဖို့ဆိုပြီးတော့ အခု ရောက်လာတာနဲ့ ရွာထဲကို အဝင်မခံကြဘူး။ ရောက်ရင် သတင်းပို့တဲ့အတွက် အခု ကျနော်တို့က ခိုးဝင်လာတယ်ဆိုတာတွေကို သိရတာပေါ့ဗျာ။”

နယ်စပ်ခြံစည်းရိုးကို တရားမဝင် ဖြတ်ကျော်ပြီး ဝင်လာတဲ့သူတွေရှိရင် သက်ဆိုင်ရာကို သတင်းပေးကြဖို့ ကျန်းမာရေးနှင့် ပတ်သက်ပြီး အသိရှိဖို့အတွက် ပညာပေးတာတွေ လုပ်နေတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ နိုင်ငံရပ်ခြားက ပြန်လာသူတွေကို အသွားအလာ ကန့်သတ်ထားပြီး ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်ဖို့ တို့ဖတ် နမူနာကို ပေးပို့စစ်ဆေးရာမှာ ပိုးရှိမရှိ သိရဖို့အတွက် အချိန် ၃ ရက်လောက်ယူရ တယ်လို့ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဇွန်လ ၈ ရက်နေ့အထိ ထုတ်ပြန်ချက်တွေအရ ရခိုင်ပြည်နယ် မှာ ကိုဗစ် ရောဂါပိုး တွေ့ရှိရသူ အရေအတွက်က ၄ ဦးရှိနေပြီး ၂ ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဝင်ရောက်လာသူတွေဖြစ်ပါတယ်။ အခုလက်ရှိ မောင်တောခရိုင် ပြည်သူဆေးရုံမှာ ကုသမှု ခံယူနေပါတယ်။

မြန်မာနိုင်ငံမှာတော့ ဇွန်လ ၈ ရက်နေ့ တစ်ရက်တည်းမှာ COVID - 19 ဓာတ်ခွဲစစ်ဆေးမှု အရေတွက် စုစုပေါင်း ၁,၅၀၀ ကျော်ကိုစစ်ဆေးခဲ့ပါတယ်။

လက်ရှိအားဖြင့် တနိုင်ငံလုံးမှာ COVID - 19 ရောဂါပိုးဓါတ်ခွဲနမူနာ စမ်းသပ်မှု တွေ့ရှိရသူ စုစုပေါင်းက ၂၄၄ ဦး ရှိနေပြီး၊ သေဆုံးသူ ၆ ဦးနဲ့ ကုသမှု ခံယူပြီး ရောဂါပိုးကင်းစင်လာသူက ၁၅၉ ဦး ရှိပါတယ်။

XS
SM
MD
LG