သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ ၁ ဦးတိုး၊ စုစုပေါင်း ၂၄၄ ဦးရှိ


ရန်ကုန်မြို့ရှိ Quarantine စင်တာ တခုမှာ ပိုးသတ်ဆေးဖျန်းနေတဲ့ စေတနာ့ ဝန်ထမ်းတချို့။ (မေ ၀၈၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ Quarantine စင်တာ တခုမှာ ပိုးသတ်ဆေးဖျန်းနေတဲ့ စေတနာ့ ဝန်ထမ်းတချို့။ (မေ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုလူနာ ဒီနေ့ညပိုင်း တစ်ယောက်ထပ်တိုးတဲ့အတွက် စုစုပေါင်း ၂၄၄ ယောက် ရှိသွားပါပြီ။

အတည်ပြုလူနာသစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လာသူ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က အသက် ၂၅ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒီနေ့ ဇွန်လ ၈ ရက်နေ့အတွက် ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကနေ ဓာတ်ခွဲနမူနာ ပထမအသုတ် ၄၄၆ ခု၊ ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၂၀၁ ခု နဲ့ မန္တလေး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာန (မန္တလေး)မှာ ဓာတ်ခွဲနမူနာ ၁၆၉ ခု၊ စုစုပေါင်း ၈၁၆ ခုကို စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့မနက် ၈ နာရီထုတ်ပြန်ချက်တုန်းကလည်း အီတလီနိုင်ငံကနေ ပြန်လာတဲ့ အမျိုးသားတယောက်မှာ COVID-19 ရောဂါတွေ့ရှိကြောင်း အတည်ပြုခဲ့ပါတယ်။ ခုချိန်အထိ မြန်မာနိုင်ငံမှာ ရောဂါပိုးကင်းစင်သွားသူ စုစုပေါင်း ၁၅၉ ယောက်၊ သေဆုံးသူ ၆ ယောက်ရှိပါတယ်။

[Unicode Version]






XS
SM
MD
LG