[Zawgyi/Unicode]
ကုိဗစ္ကာလအတြင္းမွာ ျပည္တြင္းက စက္ရံုလုပ္သားေတြ တရားဥပေဒမဲ့ အလုပ္ထုတ္ခံရၿပီး အက်ဥ္းက် အလုပ္သမားေခါင္းေဆာင္ေတြအတြက္ အစုိးရတာဝန္ရွိသူေတြရဲ႕ ၾကားဝင္ေျဖရွင္းေပးမႈဟာ အားနည္းခ်က္ရွိေနတယ္လို႔ အလုပ္သမားအေရးေဆာင္ရြက္ေနသူေတြက ေဝဖန္ေျပာဆုိထားတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက တင္ဆက္ေပးပါမယ္။
တကမာၻလံုးအတုိင္းအတာနဲ႔ စီးပြားေရး က်ဆင္းေနခ်ိန္ ျမန္မာျပည္တြင္းမွာလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အလုပ္လက္မဲ့ျဖစ္သြားတဲ့ လုပ္သားဦးေရဟာ သိန္းဂဏန္းနီးပါးရွိေနၿပီလို႔ အလုပ္သမားအေရး ေဆာင္ရြက္ေနသူေတြက ေျပာပါတယ္။
ဧရာဝတီတုိင္းက ဟြာပုိတုိင္းစ္အထည္ခ်ဳပ္စက္ရံုမွာ အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္မႈေတြရွိေနလို႔ ဒါေတြနဲ႔ပတ္သက္ၿပီး ျပည္ေထာင္စုအစုိးရဆီ တုိင္ၾကားဖို႔ျပင္ဆင္ေနပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ ေမလလယ္ေလာက္က စက္ရံုလုပ္သား ၁၀၀ ေက်ာ္ကုိ ဥပေဒမဲ့ အလုပ္သမားေလွ်ာ့ခ်မႈ ေနာက္ဆက္တြဲအေျခအေနေၾကာင့္လို႔ သိရပါတယ္။
ကုိဗစ္ကာလမွာ ကုန္ၾကမ္းျပတ္ၿပီး အမွာေအာ္ဒါမရလို႔ စက္ရံုပိတ္လုပ္သားေလွ်ာ့ခ်တဲ့အေပၚ ဥပေဒနဲ႔အညီ ေဆာင္ရြက္ရမွာျဖစ္ၿပီး အလုပ္ရွင္ဘက္က အဲဒီလိုမလုပ္ခဲ့ရင္ သက္ဆုိင္ရာဌာနေတြက ထိန္းေက်ာင္းေပးရမွာ ျဖစ္တယ္လို႔ အလုပ္သမားအခ်င္းခ်င္း ရိုင္းပင္းကူညီေရးအဖြဲ႕တာဝန္ရွိသူ ေဒၚခခက VOA ကိုေျပာပါတယ္။
“အခုက်မတုိ႔ ျမန္မာႏုိင္ငံမွာျဖစ္ေနတဲ့ အလုပ္ရွင္အလုပ္သမား ျပႆနာေတြ လုပ္ငန္းခြင္ထဲမွာ မတည္ၿငိမ္မႈေတြအကုန္လံုးက ဒီႀကီးၾကပ္ဌာနေတြေပါ့ေလ်ာ့လို႔ဆိုတာ အင္မတန္ေပၚလြင္တယ္။ ၿပီးေတာ့ ဒီလိုေအာက္ေျခအသံေတြက တုိင္ၾကားမႈအဆင့္ေပါ့ေနာ္။ သမၼတ၊ အတုိင္ပင္ခံ၊ ျပည္ေထာင္စုဝန္ႀကီးတုိ႔ဆီကို တုိင္ၾကားစာေတြ ေရာက္လာၿပီဆုိရင္လည္း ခ်က္ခ်င္းကို action ယူသင့္တယ္။ ဘာေတြလြဲမွားေနလဲဆုိတာကို စနစ္တက်ေျဖရွင္းသင့္တယ္ရွင့္။ အဲလိုမွမဟုတ္ရင္ က်မတုိ႔ႏုိင္ငံမွာ ဒီအလုပ္ရွင္အလုပ္သမားျပႆနာ၊ လုပ္ငန္းခြင္မတည္ၿငိမ္မႈဟာ အျမဲတမ္းရွိေနမွာပဲ။”
တဆက္တည္းမွာပဲ အေၾကာင္းျပခ်က္မရွိ အလုပ္ထုတ္ခံလုိက္ရတဲ့ လုပ္သား ၁၀၀ ေက်ာ္နဲ႔ ေထာင္က်ေနတဲ့ သပိတ္ေမွာက္အလုပ္သမားေတြအတြက္ တရားမွ်တမႈ ရရွိဖို႔ ILO နဲ႔ NLD ထံ သြားေရာက္အကူအညီေတာင္းခံခဲ့ၾကပါတယ္။
ဗမာႏုိင္ငံလံုးဆုိင္ရာ အလုပ္သမားသမဂၢ ဗဟုိေကာ္မတီနဲ႔ စက္ရံုလုပ္သားေတြ အခုလိုေတာင္းဆိုခဲ့ၾကတာ ၃ ပတ္ေက်ာ္ၾကာတဲ့အထိ ထူးျခားမႈမရွိတာေၾကာင့္ မနက္ျဖန္ ဇြန္လ ၉ရက္ေန႔မွာ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ထံ အကူအညီေတာင္းခံသြားမယ္လို႔ သိရပါတယ္။
အလုပ္သမားအေရး ေျဖရွင္းေပးတာ မရွိတဲ့အျပင္ တိုင္ၾကားထားတဲ့အေပၚ ပြင့္လင္းျမင္သာမႈမရွိတဲ့ အလုပ္သမားဝန္ႀကီးဌာနကိုေတာ့ အယံုအၾကည္မရွိတာေၾကာင့္ အခုလုိတိုင္းအစုိးရထံ တိုက္ရိုက္အကူအညီေတာင္းခံတာလို႔ ဗမာႏုိင္ငံလံုးဆိုင္ရာ အလုပ္သမားသမဂၢ ဗဟုိေကာ္မတီက မသက္ထားေဆြက ေျပာပါတယ္။
“ဒီလိုမ်ိဳးျပႆနာေတြက ဒီေရာဂါကိုအေၾကာင္းျပဳၿပီးေတာ့လည္း မျဖစ္သင့္ဘူး။ ေရာဂါမဟုတ္ဘဲ သာမန္အခ်ိန္မွာလည္း မျဖစ္သင့္တဲ့အေၾကာင္းအရာေပါ့။ တကယ္တမ္းအလုပ္ရွင္ေတြက ဒီလိုမ်ိဳးလုပ္ခဲ့တယ္ဆုိရင္ေတာင္မွ တာဝန္ရွိေနတဲ့အစုိးရနဲ႔ အလုပ္သမားဝန္ႀကီးဌာနက ဒါေတြကို ၾကပ္ၾကပ္မတ္မတ္ေျဖရွင္းေပးသင့္တာေပါ့ေနာ္။ ဒီလိုအေျခအေနမ်ိဳးမွာ ၾကပ္ၾကပ္မတ္မတ္လည္း ေျဖရွင္းမေပးဘူး။ ေျဖရွင္းေပးတဲ့ေနရာေတြမွာလည္း သမာသမတ္မက်ဘူးဆုိရင္ ဒါဟာ လက္ရွိအစိုးရကေရာ၊ အလုပ္သမားဝန္ႀကီးဌာနကေရာ အလုပ္သမားေတြအေပၚ ရည္ရြယ္ခ်က္ရွိရွိ ခ်ိဳးႏွိမ္ဖိႏွိမ့္ေနတယ္လို႔ ညီမတုိ႔ကျမင္တယ္။”
၂၀၁၁ အလုပ္သမားအဖြဲ႕အစည္း ဥပေဒအခန္း ၇ မွာ အလုပ္သမားအဖြဲ႕အစည္းေတြက အလုပ္သမားေတြအက်ိဳးအတြက္ အကူအညီေတာင္းလာရင္ အလုပ္ရွင္က တတ္ႏုိင္သေလာက္ အကူအညီေပးရမယ္လုိ႔ ေဖာ္ျပထားပါတယ္။
ဒါေပမဲ့ အလုပ္သမားအခြင့္အေရး နစ္နာဆံုးရႈံးေနတာဟာ တရားဥပေဒ စုိးမုိးမႈမရွိတာနဲ႔ ႀကီးၾကပ္ကြပ္ကဲမႈအားနည္းတာေၾကာင့္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေဌးကေျပာပါတယ္။
“ျမန္မာႏိုင္ငံမွာက အလုပ္သမားေတြရဲ႕ အခြင့္အေရးကုိ တည္ဆဲအစိုးရအဆက္ဆက္က ကာကြယ္ေစာင့္ေရွာက္မႈ အလြန္အားနည္းပါတယ္။ အလုပ္ရွင္ေတြကလည္း လုိက္နာမႈအားနည္းတယ္။ အဲဒီအေျခအေနမွာ အလုပ္သမားအခြင့္အေရးေတြ ဆံုးရႈံးေနတာျဖစ္ပါတယ္။ တဘက္က အလုပ္သမားအခြင့္အေရး ဆံုးရႈံးတယ္ဆုိတာလည္း လူ႔အခြင့္အေရးဆံုးရံႈးတာ။ အဲဒါကုိ က်ေနာ္တို႔က အကာအကြယ္ေပးဖုိ႔ လုိပါတယ္။”
အလုပ္သမားေတြအတြက္ တရားမွ်တမႈ၊ ဘဝလံုျခံဳမႈ အာမခံခ်က္မရွိရင္ တိုင္းျပည္ေအးခ်မ္းတည္ၿငိမ္ေရးနဲ႔ ဖြံ႕ၿဖိဳးတုိးတက္ေရးတုိ႔ဟာ လက္ေတြ႕မွာျဖစ္မလာႏုိင္ဘူးလို႔ လူ႔ေဘာင္သစ္ဒီမုိကရက္တစ္ပါတီရဲ႕ ဇြန္လ ၆ ရက္ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။
အခုႏွစ္ ေမလ ၁ရက္ေန႔မွာ က်ေရာက္တဲ့ ကမာၻ႔အလုပ္သမားေန႔ သဝဏ္လႊာမွာေတာ့ ႏိုင္ငံတိုးတက္ဖို႔ အလုပ္ရွင္၊ အလုပ္သမား ဟန္ခ်က္ညီပူးေပါင္းၾကဖို႔ကို ႏိုင္ငံေတာ္သမၼတက တိုက္တြန္းထားပါတယ္။
[Unicode Version]
ကိုဗစ်ကာလ မြန်မာနိုင်ငံမှာ အလုပ်သမားတွေ နစ်နာဆုံးရှုံးမှုနဲ့ ကြုံနေရ
ကိုဗစ်ကာလအတွင်းမှာ ပြည်တွင်းက စက်ရုံလုပ်သားတွေ တရားဥပဒေမဲ့ အလုပ်ထုတ်ခံရပြီး အကျဉ်းကျ အလုပ်သမားခေါင်းဆောင်တွေအတွက် အစိုးရတာဝန်ရှိသူတွေရဲ့ ကြားဝင်ဖြေရှင်းပေးမှုဟာ အားနည်းချက်ရှိနေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ဝေဖန်ပြောဆိုထားတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။
တကမ္ဘာလုံးအတိုင်းအတာနဲ့ စီးပွားရေး ကျဆင်းနေချိန် မြန်မာပြည်တွင်းမှာလည်း အကြောင်းအမျိုးမျိုးကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ လုပ်သားဦးရေဟာ သိန်းဂဏန်းနီးပါးရှိနေပြီလို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ဧရာဝတီတိုင်းက ဟွာပိုတိုင်းစ်အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေရှိနေလို့ ဒါတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရဆီ တိုင်ကြားဖို့ပြင်ဆင်နေပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ မေလလယ်လောက်က စက်ရုံလုပ်သား ၁၀၀ ကျော်ကို ဥပဒေမဲ့ အလုပ်သမားလျှော့ချမှု နောက်ဆက်တွဲအခြေအနေကြောင့်လို့ သိရပါတယ်။
ကိုဗစ်ကာလမှာ ကုန်ကြမ်းပြတ်ပြီး အမှာအော်ဒါမရလို့ စက်ရုံပိတ်လုပ်သားလျှော့ချတဲ့အပေါ် ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပြီး အလုပ်ရှင်ဘက်က အဲဒီလိုမလုပ်ခဲ့ရင် သက်ဆိုင်ရာဌာနတွေက ထိန်းကျောင်းပေးရမှာ ဖြစ်တယ်လို့ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့တာဝန်ရှိသူ ဒေါ်ခခက VOA ကိုပြောပါတယ်။
“အခုကျမတို့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အလုပ်ရှင်အလုပ်သမား ပြဿနာတွေ လုပ်ငန်းခွင်ထဲမှာ မတည်ငြိမ်မှုတွေအကုန်လုံးက ဒီကြီးကြပ်ဌာနတွေပေါ့လျော့လို့ဆိုတာ အင်မတန်ပေါ်လွင်တယ်။ ပြီးတော့ ဒီလိုအောက်ခြေအသံတွေက တိုင်ကြားမှုအဆင့်ပေါ့နော်။ သမ္မတ၊ အတိုင်ပင်ခံ၊ ပြည်ထောင်စုဝန်ကြီးတို့ဆီကို တိုင်ကြားစာတွေ ရောက်လာပြီဆိုရင်လည်း ချက်ချင်းကို action ယူသင့်တယ်။ ဘာတွေလွဲမှားနေလဲဆိုတာကို စနစ်တကျဖြေရှင်းသင့်တယ်ရှင့်။ အဲလိုမှမဟုတ်ရင် ကျမတို့နိုင်ငံမှာ ဒီအလုပ်ရှင်အလုပ်သမားပြဿနာ၊ လုပ်ငန်းခွင်မတည်ငြိမ်မှုဟာ အမြဲတမ်းရှိနေမှာပဲ။”
တဆက်တည်းမှာပဲ အကြောင်းပြချက်မရှိ အလုပ်ထုတ်ခံလိုက်ရတဲ့ လုပ်သား ၁၀၀ ကျော်နဲ့ ထောင်ကျနေတဲ့ သပိတ်မှောက်အလုပ်သမားတွေအတွက် တရားမျှတမှုရရှိဖို့ ILO နဲ့ NLD ထံ သွားရောက်အကူအညီတောင်းခံခဲ့ကြပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ဗဟိုကော်မတီနဲ့ စက်ရုံလုပ်သားတွေ အခုလိုတောင်းဆိုခဲ့ကြတာ ၃ ပတ်ကျော်ကြာတဲ့အထိ ထူးခြားမှုမရှိတာကြောင့် မနက်ဖြန် ဇွန်လ ၉ရက်နေ့မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ အကူအညီတောင်းခံသွားမယ်လို့ သိရပါတယ်။
အလုပ်သမားအရေး ဖြေရှင်းပေးတာ မရှိတဲ့အပြင် တိုင်ကြားထားတဲ့အပေါ် ပွင့်လင်းမြင်သာမှုမရှိတဲ့ အလုပ်သမားဝန်ကြီးဌာနကိုတော့ အယုံအကြည်မရှိတာကြောင့် အခုလိုတိုင်းအစိုးရထံ တိုက်ရိုက်အကူအညီတောင်းခံတာလို့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ဗဟိုကော်မတီက မသက်ထားဆွေက ပြောပါတယ်။
“ဒီလိုမျိုးပြဿနာတွေက ဒီရောဂါကိုအကြောင်းပြုပြီးတော့လည်း မဖြစ်သင့်ဘူး။ ရောဂါမဟုတ်ဘဲ သာမန်အချိန်မှာလည်း မဖြစ်သင့်တဲ့အကြောင်းအရာပေါ့။ တကယ်တမ်းအလုပ်ရှင်တွေက ဒီလိုမျိုးလုပ်ခဲ့တယ်ဆိုရင်တောင်မှ တာဝန်ရှိနေတဲ့အစိုးရနဲ့ အလုပ်သမားဝန်ကြီးဌာနက ဒါတွေကို ကြပ်ကြပ်မတ်မတ်ဖြေရှင်းပေးသင့်တာပေါ့နော်။ ဒီလိုအခြေအနေမျိုးမှာ ကြပ်ကြပ်မတ်မတ်လည်း ဖြေရှင်းမပေးဘူး။ ဖြေရှင်းပေးတဲ့နေရာတွေမှာလည်း သမာသမတ်မကျဘူးဆိုရင် ဒါဟာ လက်ရှိအစိုးရကရော၊ အလုပ်သမားဝန်ကြီးဌာနကရော အလုပ်သမားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ချိုးနှိမ်ဖိနှိမ့်နေတယ်လို့ ညီမတို့ကမြင်တယ်။”
၂၀၁၁ အလုပ်သမားအဖွဲ့အစည်း ဥပဒေအခန်း ၇ မှာ အလုပ်သမားအဖွဲ့အစည်းတွေက အလုပ်သမားတွေအကျိုးအတွက် အကူအညီတောင်းလာရင် အလုပ်ရှင်က တတ်နိုင်သလောက် အကူအညီပေးရမယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ အလုပ်သမားအခွင့်အရေး နစ်နာဆုံးရှုံးနေတာဟာ တရားဥပဒေ စိုးမိုးမှုမရှိတာနဲ့ ကြီးကြပ်ကွပ်ကဲမှုအားနည်းတာကြောင့်လို့ တရားလွှတ်တော်ရှေ့နေ ဦးဌေးကပြောပါတယ်။
“မြန်မာနိုင်ငံမှာက အလုပ်သမားတွေရဲ့ အခွင့်အရေးကို တည်ဆဲအစိုးရအဆက်ဆက်က ကာကွယ်စောင့်ရှောက်မှု အလွန်အားနည်းပါတယ်။ အလုပ်ရှင်တွေကလည်း လိုက်နာမှုအားနည်းတယ်။ အဲဒီအခြေအနေမှာ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေတာဖြစ်ပါတယ်။ တဘက်က အလုပ်သမားအခွင့်အရေး ဆုံးရှုံးတယ်ဆိုတာလည်း လူ့အခွင့်အရေးဆုံးရှုံးတာ။ အဲဒါကို ကျနော်တို့က အကာအကွယ်ပေးဖို့ လိုပါတယ်။”
အလုပ်သမားတွေအတွက် တရားမျှတမှု၊ ဘဝလုံခြုံမှု အာမခံချက်မရှိရင် တိုင်းပြည်အေးချမ်းတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ လက်တွေ့မှာဖြစ်မလာနိုင်ဘူးလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဇွန်လ ၆ ရက် ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အခုနှစ် မေလ ၁ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ သဝဏ်လွှာမှာတော့ နိုင်ငံတိုးတက်ဖို့ အလုပ်ရှင်၊ အလုပ်သမား ဟန်ချက်ညီပူးပေါင်းကြဖို့ကို နိုင်ငံတော်သမ္မတက တိုက်တွန်းထားပါတယ်။