သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်စကိုမြို့က ကိုဗစ်ဆိုင်ရာကန့်သတ် ပိတ်ပင်မှုတွေ အင်္ဂါနေ့မှာ ပြန်ရုပ်သိမ်း


ရုရှားနိုင်ငံ မော်စကို မြို့တော်တွင်ကိုရိုနာဗိုင်းရပ်စ်ပိုးသတ်ဆေးဖြန်းနေကြစဉ်
ရုရှားနိုင်ငံ မော်စကို မြို့တော်တွင်ကိုရိုနာဗိုင်းရပ်စ်ပိုးသတ်ဆေးဖြန်းနေကြစဉ်

Zawgyi/Unicode

ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ အကူးစက်ခံရသူ တနေ့ တထောင်ကျော် ရှိနေဆဲ ဖြစ်ပေမယ့် ဒီရောဂါပိုးမကူးစက်အောင် ထုတ်ပြန်ထားတဲ့ ကန့်သတ်မှုတွေကို အင်္ဂါနေ့ကစပြီး ရုတ်သိမ်းပေးလိုက်ပြီဖြစ်ပါတယ်။

အင်္ဂါနေ့ကစပြီး မော်စကိုမြို့အတွက် ကန့်သတ်မှုတွေ ဖြေလေ ျှာ့ပေးလိုက်ပြီလို့ မြို့တော်ဝန် Sergei Sobyanin က တနင်္လာနေ့မှာ ကြေညာခဲ့တာပါ။ ဒါကြောင့် လူဦးရေ ၁၃ သန်းလောက် နေထိုင်တဲ့ မော်စကိုမြို့ မှာ နှာခေါင်စည်း တပ်ပြီး ဘယ်ကိုမဆိုသွားလာ နိုင်ပြီဖြစ်ပြီး အရင်ကလို သွားလာခွင့်လက်မှတ်ပြဖို့မလိုတော့ပဲ ကိုယ်ပိုင်ယာဉ်နဲ့ဖြစ်စေ အများသုံးယာဉ်နဲ့ဖြစ်စေ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီဲဖြစ်ပါတယ်။

အခုလို မော်စကိုမြို့တော်က အသွားအလာ ကန့်သတ်မှုတွေ ဖယ်ရှားပေးလိုက်တာဟာ မြန်လွန်းနေတယ်လို့ အများက ဝေဖန်နေကြပေမယ့် ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov ကတော့ မော်စကိုမှာ တခြားကန့်သတ်မှု တချို့ကို ဇွန်လ နှောင်းပိုင်းအထိ ဆက်ပြီး ထားထားတဲ့ အတွက် အခုလို လုပ်တာဟာ သိပ်မြန်လွန်းတယ်လို့ သူမထင်ကြောင်းပြောပါတယ်။

ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူဟာ ၂၄ နာရီအတွင်း (၈၅၉ ၅) ရှစ်ထောင်ကျော်ရှိနေ တာဖြစ်ပြီး အခုဆို အကူးစက်ခံရသူ ၅ သိန်းနီးပါး (၄၈၅ ၂၅၃) နဲ့ သေဆုံးရသူက ၆ ထောင်ကျော် (၆ ၁၄၂) ရှိနေတယ်လို့ အင်္ဂါနေ့မှာပဲ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။ မော်စကိုမြို့တော်မှာတော့ အင်္ဂါနေ့မှာ နောက်ထပ် အကူးစက်ခံရသူက ၁၅၀၀ ကျော်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode]





XS
SM
MD
LG