သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပစ္ဒဏ္က်ခံ ႐ိုဟင္ဂ်ာေတြကို ႀကိမ္ဒဏ္မေပးဖို႔ မေလးရွားအထက္တရား႐ုံးဆုံးျဖတ္


ေမလ ၁၁ ရက္က မေလးရွားႏိုင္ငံမွာ ရိုဟင္ဂ်ာေတြနဲ႔ တရားမ၀င္ႏိုင္ငံျခားသားေတြ ဖမ္းဆီးခံရတဲ့ ျမင္ကြင္း (ဓာတ္ပံု - U Thiha Maung Maung)

[Zawgyi/Unicode]

မေလးရွားႏိုင္ငံထဲကို တရားမဝင္ ဝင္ေရာက္ခဲ့တဲ့ ျမန္မာႏိုင္ငံက ႐ိုဟင္ဂ်ာဒုကၡသည္ ၂၇ ေယာက္ကို ႀကိမ္ဒဏ္ မေပးေတာ့ဖို႔ အထက္တရား႐ုံးက အမိန႔္ခ်လိုက္တယ္လို႔ သူတို႔ရဲ႕ ေရွ႕ေနက ေျပာပါတယ္။

ၿပီးခဲ့တဲ့လတုန္းက မေလးရွားအေနာက္ေျမာက္ပိုင္း Langkawi ကြၽန္းကို ႐ိုဟင္ဂ်ာ ၂၇ ေယာက္အပါအဝင္ စက္ေလွနဲ႔ တရားမဝင္ေရာက္လာသူ ၄၀ ကို အျပစ္ေပးဖို႔ ေအာက္႐ုံးတခုက အမိန႔္ခ်ထားတာပါ။ သူတို႔အားလုံးကိုလည္း ေထာင္ ၇ လ ခ်ထားပါတယ္။

ဒါေပမဲ့ ႐ိုဟင္ဂ်ာေတြဟာ ဒုကၡသည္ေတြျဖစ္တာေၾကာင့္ သူတို႔ကို ႀကိမ္ဒဏ္ မေပးသင့္ဘူးလို႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေတာင္းဆိုခဲ့ၾကပါတယ္။ ဒါေၾကာင့္ အထက္တရား႐ုံးက အမႈကို ျပန္သုံးသပ္ခဲ့တာျဖစ္ေၾကာင္း ေရွ႕ေန Collin Andrew ရဲ႕ အေျပာကို Reuters သတင္းမွာ ေဖာ္ျပပါတယ္။ သူတို႔မွာ အရင္ ျပစ္မႈက်ဴးလြန္ထားတဲ့ မွတ္တမ္းမရွိသလို၊ ဒုကၡသည္ေတြျဖစ္တာေၾကာင့္ ႀကိမ္ဒဏ္ေပးရင္ ရက္စက္ရာ က်မယ္လို႔ တရား႐ုံးကဆုံးျဖတ္ခဲ့တယ္လို႔ ေရွ႕ေနက ေျပာပါတယ္။

မေလးရွားႏိုင္ငံရဲ႕ လူဝင္မႈႀကီးၾကပ္ေရးဥပေဒအရ ႏိုင္ငံထဲကို တရားမဝင္ ဝင္လာသူေတြအေနနဲ႔ ေဒၚလာ ၂,၀၀၀ ေက်ာ္နဲ႔ညီမ ွ်တဲ့ မေလးရွားရင္းဂစ္ ၁၀,၀၀၀၊ ေထာင္ဒဏ္ ၅ ႏွစ္နဲ႔ ႀကိမ္ဒဏ္ ၆ ခ်က္ က်ခံရႏိုင္ပါတယ္။

ျမန္မာႏိုင္ငံအေနာက္ျခမ္း ရခိုင္ျပည္နယ္တြင္း ပဋိပကၡေတြေၾကာင့္ သိန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဟာ အိမ္နီးခ်င္းဘဂၤလားေဒ့ရ္ွႏိုင္ငံကို ထြက္ေျပးၾကရသလို၊ က်န္တဲ့႐ိုဟင္ဂ်ာေတြဟာလည္း ျမန္မာႏိုင္ငံတြင္း ဒုကၡသည္စခန္းေတြအတြင္းမွာပဲ ႏွစ္နဲ႔ခ်ီ ေနထိုင္ေနၾကရတာပါ။ စားဝတ္ေနေရး အခက္အခဲေတြေၾကာင့္ မေလးရွားႏိုင္ငံကတဆင့္ တတိယႏိုင္ငံေတြမွာ အေျခခ်ႏိုင္ေရးအတြက္ ေရလမ္းခရီးကေရာ ကုန္းတြင္းပိုင္းကပါ မေလးရွားႏိုင္ငံထဲ တရားမဝင္ ဝင္ေရာက္မႈေတြ ရွိေနပါတယ္။ ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့အသုံးအႏႈန္းကို လက္မခံေပမဲ့ ဘဂၤလာေဒ့ရ္ွဒုကၡသည္စခန္းက လူေတြကိုေတာ့ စိစစ္လက္ခံမယ္လို႔ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြစ်ဒဏ်ကျခံ ရိုဟင်ဂျာတွေကို ကြိမ်ဒဏ်မပေးဖို့ မလေးရှားအထက်တရားရုံးဆုံးဖြတ်

မလေးရှားနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၂၇ ယောက်ကို ကြိမ်ဒဏ် မပေးတော့ဖို့ အထက်တရားရုံးက အမိန့်ချလိုက်တယ်လို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။

ပြီးခဲ့တဲ့လတုန်းက မလေးရှားအနောက်မြောက်ပိုင်း Langkawi ကျွန်းကို ရိုဟင်ဂျာ ၂၇ ယောက်အပါအဝင် စက်လှေနဲ့ တရားမဝင်ရောက်လာသူ ၄၀ ကို အပြစ်ပေးဖို့ အောက်ရုံးတခုက အမိန့်ချထားတာပါ။ သူတို့အားလုံးကိုလည်း ထောင် ၇ လ ချထားပါတယ်။

ဒါပေမဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်တွေဖြစ်တာကြောင့် သူတို့ကို ကြိမ်ဒဏ် မပေးသင့်ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တောင်းဆိုခဲ့ကြပါတယ်။ ဒါကြောင့် အထက်တရားရုံးက အမှုကို ပြန်သုံးသပ်ခဲ့တာဖြစ်ကြောင်း ရှေ့နေ Collin Andrew ရဲ့ အပြောကို Reuters သတင်းမှာ ဖော်ပြပါတယ်။ သူတို့မှာ အရင် ပြစ်မှုကျူးလွန်ထားတဲ့ မှတ်တမ်းမရှိသလို၊ ဒုက္ခသည်တွေဖြစ်တာကြောင့် ကြိမ်ဒဏ်ပေးရင် ရက်စက်ရာ ကျမယ်လို့ တရားရုံးကဆုံးဖြတ်ခဲ့တယ်လို့ ရှေ့နေက ပြောပါတယ်။

မလေးရှားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ နိုင်ငံထဲကို တရားမဝင် ဝင်လာသူတွေအနေနဲ့ ဒေါ်လာ ၂,၀၀၀ ကျော်နဲ့ညီမ ျှတဲ့ မလေးရှားရင်းဂစ် ၁၀,၀၀၀၊ ထောင်ဒဏ် ၅ နှစ်နဲ့ ကြိမ်ဒဏ် ၆ ချက် ကျခံရနိုင်ပါတယ်။

မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ အိမ်နီးချင်းဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးကြရသလို၊ ကျန်တဲ့ရိုဟင်ဂျာတွေဟာလည်း မြန်မာနိုင်ငံတွင်း ဒုက္ခသည်စခန်းတွေအတွင်းမှာပဲ နှစ်နဲ့ချီ နေထိုင်နေကြရတာပါ။ စားဝတ်နေရေး အခက်အခဲတွေကြောင့် မလေးရှားနိုင်ငံကတဆင့် တတိယနိုင်ငံတွေမှာ အခြေချနိုင်ရေးအတွက် ရေလမ်းခရီးကရော ကုန်းတွင်းပိုင်းကပါ မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုတွေ ရှိနေပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပေမဲ့ ဘင်္ဂလာဒေ့ရ်ှဒုက္ခသည်စခန်းက လူတွေကိုတော့ စိစစ်လက်ခံမယ်လို့ ပြောထားပါတယ်။

XS
SM
MD
LG