သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းမွာ ေရႀကီး ေျမၿပိဳမႈေတြျဖစ္ေပၚ


ေရႀကီးေနတဲ့ ကူတူပေလာင္ ဒုကၡသည္စခန္းထဲ က ရိုဟင္ဂ်ာ ဒုကၡသည္မ်ား (မွတ္တမ္းဓါတ္ပံု- ၂၀၁၇၊ စက္တင္ဘာလ ၁၉ ရက္ )

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ျပည္နယ္အမ်ားစုမွာ မိုးသည္းၿပီး ေရႀကီးေရလွ်ံျဖစ္ေနလို႔ ဒုကၡသည္အမ်ားစုေနေနတဲ့ Cox’s Bazar ဒုကၡသည္စခန္းမွာလည္း ေရႀကီးတဲ့ဒဏ္ကို ခံစားေနရပါတယ္။ ဒုကၡသည္တခ်ိဳ႕ေျပာျပခ်က္ကို ကိုေဇာ္ထက္ တင္ျပေပးမွာပါ။

မုတ္သုံအားေကာင္းေနတဲ့ ဘဂၤလားေဒ့ရွ္မွာ ဒီရက္ပိုင္းမိုးသည္းထန္ေနလို႔ လူ ၈ ဦးေသဆုံးခဲ့ၿပီး လူေပါင္း ၂.၂ သန္းကို သက္ေရာက္မႈရွိခဲ့ေၾကာင္း Oxfam အဖြဲ႕က ထုတ္ျပန္ပါတယ္။ လုံၿခဳံမႈအျပည့္အဝမရွိတဲ့ Cox’s Bazar ဒုကၡသည္စခန္းေတြမွာေတာ့ မိုးေရႀကီးတာနဲ႔အတူ ေျမၿပိဳမႈေတြေနာက္ဆက္တြဲျဖစ္လာမွာ စိုးရိမ္ေနရေၾကာင္း စခန္း ၃၀ ေက်ာ္ရွိတဲ့ ကူးတူးပေလာင္ ဒုကၡသည္စခန္းက ဦးေမာင္ေမာင္က ဗြီအိုေအကို ေျပာပါတယ္။

“ မိုးက ဒီမွာအင္မတန္မွ မ်ားတယ္၊ မိုးလည္းမ်ားတယ္၊ ေျမၿပိဳမႈေတြလည္းရွိတယ္၊ တခ်ိဳ႕လူေတြမွာ မုန္တိုင္းေတြဘာေတြ တိုက္ၿပီးေတာ့ ဒီမွာ တဲေတြဘာေတြ၊ ပလပ္စတစ္ေတြဘာေတြ ေလနဲ႔ ပါသြားတာရွိတယ္။ NGO ေတြလည္း ေနရာတိုင္းမွာ အကူအညီေပးလို႔ လုံေလာက္မႈမရွိပါဘူး၊ က်ေနာ္ေတာ့ အဲလိုေျပာခ်င္ပါတယ္။ ေနရာတိုင္းမွာသူတို႔သြားၿပီး အကူအညီလုပ္လို႔မရဘူး၊ ေလွလည္းမရွိဘူး၊ ေရႀကီးတဲ့ေနရာမွာ သြားလို႔မရဘူး အဲလိုျဖစ္ေနပါတယ္။”

ဆိုင္ကလုန္း Amphan ဘဂၤလားေဒ့ရွ္ကို ဝင္ေရာက္ၿပီး၂လအၾကာမွာ အခုလို ဒုတိယအႀကိမ္ ေရႀကီးေရလွ်ံတာေတြ ထပ္ျဖစ္ေနတာပါ။ ႏိုင္ငံေျမာက္ပိုင္း Rangpur ခ႐ိုင္မွာ ဒီကေန႔ မိုးေရခ်ိန္စံခ်ိန္တင္႐ြာခဲ့ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ခ႐ိုင္ ၂၀ ေလာက္မွာ တေၾကာ့ျပန္ ျမစ္ေရႀကီးတာေတြ ျဖစ္ခဲ့လို႔ ပုံမွန္အေျခအေနထက္ ၁၆ ေပေလာက္ေရတက္ခဲ့ပါတယ္။ သီးႏွံစိုက္ခင္းေတြ ပ်က္စီးခဲ့တယ္လို႔ ဆိုပါတယ္။

Cox’s Bazar ကဒုကၡသည္စခန္းေတြကို COVID-19 ေရာဂါေရာက္ရွိေနၿပီဆိုတာ ဘဂၤလားေဒ့ရွ္အစိုးရက မတ္လ ၂၄ ရက္မွာ အတည္ျပဳခဲ့ပါတယ္။ ဒါေၾကာင့္ ဆိုး႐ြားတဲ့ရာသီဥတုေၾကာင့္ အေျခအေနေတြ ပိုးဆိုးလာမွာ စခန္းေနထိုင္သူေတြက စိုးရိမ္ေနၾကပါတယ္။ ဒါေပမဲ့လည္း အခုထိဘယ္ႏွစ္ေယာက္ ကူးစက္တယ္ အေျခအေနဘယ္လိုရွိတယ္ဆိုတဲ့ သတင္းအခ်က္အလက္ေတြကို မရႏိုင္ဘူးလို႔ ႐ိုဟင္ဂ်ာ လူငယ္အစည္းအ႐ုံး အမႈေဆာင္ဒါ႐ိုက္တာ ဦးခင္ေမာင္က ေျပာပါတယ္။

“ အတိအက်ဘယ္ႏွစ္ေယာက္မွာ ဒီေရာဂါကူးစက္ထားလဲဆိုတာ က်ေနာ္တို႔ကိုယ္တိုင္မသိဘူးေလ၊ က်ေနာ္ကေတာ့ မ်ားမ်ားကူးစက္ခဲ့ႏိုင္တယ္လို႔ ယူဆလို႔ရတယ္ ဘာလို႔လဲဆိုေတာ့ လူေတြကဒီမွာ social distance ဘယ္လိုမွ ထိန္းေၾကာင္းလို႔မရတာရွိတယ္။ အဲဒါေၾကာင့္မို႔ ဒီေရာဂါဟာ ျဖစ္ႏိုင္ေျခမ်ားပါတယ္။ ဒါေပမဲ့ NGO ေတြကထုတ္တဲ့ စာရင္းမွာၾကည့္လိုက္ခ်ိန္မွာ အင္မတန္နည္းတာေတြ႕ရတယ္။ ဒီစာရင္းမွာ က်ေနာ္တို႔ သံသယဝင္တယ္။”

ဘဂၤလားေဒ့ရွ္တႏိုင္ငံလုံးမွာ ဒီကေန႔ COVID-19 ေရာဂါနဲ႔ ေသဆုံးသူအေယာက္ ၅၀ ရွိခဲ့ၿပီး စုစုေပါင္းေသဆုံးသူအေရအတြက္ ၂၆၆၈ ေယာက္ရွိလာၿပီ ျဖစ္ပါတယ္။ Cox’s Bazar ဒုကၡသည္စခန္းမွာ ႐ိုဟင္ဂ်ာနဲ႔ ဘဂၤါလီ ဒုကၡသည္စုစုေပါင္း ၉သိန္းေလာက္ရွိပါတယ္။ ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံထားပါဘူး။

တိုက္႐ိုက္ လင့္ခ္


............

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ရေကြီး မြေပြိုမှုတွေဖြစ်ပေါ်

(Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်နယ်အများစုမှာ မိုးသည်းပြီး ရေကြီးရေလျှံဖြစ်နေလို့ ဒုက္ခသည်အများစုနေနေတဲ့ Cox’s Bazar ဒုက္ခသည်စခန်းမှာလည်း ရေကြီးတဲ့ဒဏ်ကို ခံစားနေရပါတယ်။ ဒုက္ခသည်တချို့ပြောပြချက်ကို ကိုဇော်ထက် တင်ပြပေးမှာပါ။

မုတ်သုံအားကောင်းနေတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဒီရက်ပိုင်းမိုးသည်းထန်နေလို့ လူ ၈ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၂.၂ သန်းကို သက်ရောက်မှုရှိခဲ့ကြောင်း Oxfam အဖွဲ့က ထုတ်ပြန်ပါတယ်။ လုံခြုံမှုအပြည့်အဝမရှိတဲ့ Cox’s Bazar ဒုက္ခသည်စခန်းတွေမှာတော့ မိုးရေကြီးတာနဲ့အတူ မြေပြိုမှုတွေနောက်ဆက်တွဲဖြစ်လာမှာ စိုးရိမ်နေရကြောင်း စခန်း ၃၀ ကျော်ရှိတဲ့ ကူးတူးပလောင် ဒုက္ခသည်စခန်းက ဦးမောင်မောင်က ဗွီအိုအေကို ပြောပါတယ်။

“ မိုးက ဒီမှာအင်မတန်မှ များတယ်၊ မိုးလည်းများတယ်၊ မြေပြိုမှုတွေလည်းရှိတယ်၊ တချို့လူတွေမှာ မုန်တိုင်းတွေဘာတွေ တိုက်ပြီးတော့ ဒီမှာ တဲတွေဘာတွေ၊ ပလပ်စတစ်တွေဘာတွေ လေနဲ့ ပါသွားတာရှိတယ်။ NGO တွေလည်း နေရာတိုင်းမှာ အကူအညီပေးလို့ လုံလောက်မှုမရှိပါဘူး၊ ကျနော်တော့ အဲလိုပြောချင်ပါတယ်။ နေရာတိုင်းမှာသူတို့သွားပြီး အကူအညီလုပ်လို့မရဘူး၊ လှေလည်းမရှိဘူး၊ ရေကြီးတဲ့နေရာမှာ သွားလို့မရဘူး အဲလိုဖြစ်နေပါတယ်။”

ဆိုင်ကလုန်း Amphan ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ပြီး၂လအကြာမှာ အခုလို ဒုတိယအကြိမ် ရေကြီးရေလျှံတာတွေ ထပ်ဖြစ်နေတာပါ။ နိုင်ငံမြောက်ပိုင်း Rangpur ခရိုင်မှာ ဒီကနေ့ မိုးရေချိန်စံချိန်တင်ရွာခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ခရိုင် ၂၀ လောက်မှာ တကြော့ပြန် မြစ်ရေကြီးတာတွေ ဖြစ်ခဲ့လို့ ပုံမှန်အခြေအနေထက် ၁၆ ပေလောက်ရေတက်ခဲ့ပါတယ်။ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

Cox’s Bazar ကဒုက္ခသည်စခန်းတွေကို COVID-19 ရောဂါရောက်ရှိနေပြီဆိုတာ ဘင်္ဂလားဒေ့ရှ်အစိုးရက မတ်လ ၂၄ ရက်မှာ အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် ဆိုးရွားတဲ့ရာသီဥတုကြောင့် အခြေအနေတွေ ပိုးဆိုးလာမှာ စခန်းနေထိုင်သူတွေက စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့လည်း အခုထိဘယ်နှစ်ယောက် ကူးစက်တယ် အခြေအနေဘယ်လိုရှိတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို မရနိုင်ဘူးလို့ ရိုဟင်ဂျာ လူငယ်အစည်းအရုံး အမှုဆောင်ဒါရိုက်တာ ဦးခင်မောင်က ပြောပါတယ်။

“ အတိအကျဘယ်နှစ်ယောက်မှာ ဒီရောဂါကူးစက်ထားလဲဆိုတာ ကျနော်တို့ကိုယ်တိုင်မသိဘူးလေ၊ ကျနော်ကတော့ များများကူးစက်ခဲ့နိုင်တယ်လို့ ယူဆလို့ရတယ် ဘာလို့လဲဆိုတော့ လူတွေကဒီမှာ social distance ဘယ်လိုမှ ထိန်းကြောင်းလို့မရတာရှိတယ်။ အဲဒါကြောင့်မို့ ဒီရောဂါဟာ ဖြစ်နိုင်ခြေများပါတယ်။ ဒါပေမဲ့ NGO တွေကထုတ်တဲ့ စာရင်းမှာကြည့်လိုက်ချိန်မှာ အင်မတန်နည်းတာတွေ့ရတယ်။ ဒီစာရင်းမှာ ကျနော်တို့ သံသယဝင်တယ်။”

ဘင်္ဂလားဒေ့ရှ်တနိုင်ငံလုံးမှာ ဒီကနေ့ COVID-19 ရောဂါနဲ့ သေဆုံးသူအယောက် ၅၀ ရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူအရေအတွက် ၂၆၆၈ ယောက်ရှိလာပြီ ဖြစ်ပါတယ်။ Cox’s Bazar ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာနဲ့ ဘင်္ဂါလီ ဒုက္ခသည်စုစုပေါင်း ၉သိန်းလောက်ရှိပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံထားပါဘူး။

XS
SM
MD
LG