သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်စခန်း မြေပြိုမှု တဦးသေဆုံး


ဘင်္ဂလားဒေရှ့် နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ မုတ်သုံရာသီဒဏ်ကြောင့် မြေပြိုကြပြီး တဦးသေဆုံး၊ လူပေါင်း ၄၅၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အကူအညီပေးရေး တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ မူဆလင် လူနည်းစု ၉ သိန်းကျော် နေထိုင်နေရာ ကောဇ့်ဘဇားက စခန်းတွေမှာ မိုးရေချိန် ၁၄ လက်မထိ ရောက်ခဲ့တဲ့ ၇၂ နာရီကြာ မိုးရွာသွန်းခဲ့ပြီးနောက် စနေနေ့က စလို့ မြေပြိုကျတာလို့ ကုလသမဂ္ဂက ပြောပါတယ်။ မြန်မာနဲ့ နယ်စပ်အနီး တောင်ကုန်းတွေပေါ်မှာ အဖြစ်ဆောက်ထားတဲ့ စခန်းတွေမှာ မြေပြိုကျမှု ၂၆ ခု ဖြစ်ခဲ့တဲ့ အစီရင်ခံချက်တွေ ရှိနေပါတယ်။ တဲတွေ ဆောက်ဖို့၊ နောက် ထင်းရဖို့ အတွက် သစ်ပင်တွေကို ခုတ်လှဲခဲ့ကြတာကြောင့်လည်း မြေအနေအထား မခိုင်ခံ့စေတာပါ။

စခန်းပေါင်း ၃၀ လောက်မှာ လေပြင်းဒဏ် သင့်ခဲ့ရပြီး အသက် ၅၀ ကျော် အရွယ် အမျိုးသမီး တဦးကတော့ ပြိုကျတဲ့ နံရံနဲ့ ရိုက်မိတာကြောင့် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ ဝန်ထမ်း Areez Rahman က AFP သတင်းအေဂျင်စီကို ပြောပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်က no man’s land မှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ၅၀၀၀ လောက်လည်း လေပြင်းဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ကြရပါတယ်။

ကလေးတွေ ဝမ်းပျက် ဝမ်းလျှော ဖြစ်နေပြီး သောက်ရေလည်း အလုံအလောက် မရှိဘူးလို့ စခန်းခေါင်းဆောင် Dil Mohammad က AFP ကို တယ်လီဖုန်းနဲ့ ဖြေကြားပါတယ်။ ဘင်္ဂလားဒေရှ့်ရဲ့ ဒုက္ခသည်ဆိုင်ရာ ကော်မရှင်နာ Mohammad Abul Kalam ကတော့ အရေးပေါ် ပြင်ဆင်မှုတွေ ဆောင်ရွက်ထားကြောင်း တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG