သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုိဟင္ဂ်ာဒုကၡသည္ကယ္ဆယ္တဲ့ အင္ဒုိနီးရွားကို ကန္ ခ်ီးက်ဴး 


ရုိဟင္ဂ်ာဒုကၡသည္မ်ားကို အင္ဒိုနီးရွားရဲက မွတ္ပံုတင္ စိစစ္ေနစဥ္

(Zawgyi/Unicode)

အင္ဒိုနီးရွားေရျပင္ကို ဇြန္လ ၂၄ ရက္ေန႔က ေရာက္လာတဲ့ ရိုဟင္ဂ်ာဒုကၡသည္ ၉၉ ေယာက္နဲ႔ ပတ္သက္ၿပီး အင္ဒိုနီးရွားအစိုးရနဲ႔ Aceh ေဒသအာဏာပိုင္ေတြရဲ့ တုံ႔ျပန္ေဆာင္ရြက္မႈအတြက္ အေမရိကန္ျပည္ေထာင္စုက ခ်ီးၾကဴးဂုဏ္ျပဳေၾကာင္း ဇူလိုင္လ ၉ ရက္ေန႔မွာ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Morgan Ortagus က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။

အင္ဒိုနီးရွားႏိုင္ငံဟာ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာမဟာမင္းႀကီးရံုး UNHCR နဲ႔ ႏိုင္ငံတကာေရြ႕ေျပာင္းေနထိုင္သူမ်ားအေရး လုပ္ေဆာင္ေနတဲ့ IOM အဖြဲ႔တို႔နဲ႔ အနီးကပ္ပူးတြဲ လုပ္ေဆာင္ေနေၾကာင္း သိရသလို ဒီအကာကြယ္မဲ့ လူစု ျပႆနာကို အာဆီယံအဖြဲ႔အတြင္းမွာ ဦးေဆာင္ၿပီး လူသားခ်င္းစာနာမႈအကူညီေပးတာ အတြက္ ဂုဏ္ျပဳေၾကာင္းလည္း ေျပာပါတယ္။

ဒါဟာ ေဒသတြင္းႏိုင္ငံေတြ အတြက္သာမက ႏိုင္ငံတကာ အသိုင္းဝိုင္း တခုလံုးအတြက္ပါ အေကာင္းဆံုး စံနမူနာျဖစ္ေၾကာင္းနဲ႔ အထူးသျဖင့္ ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါ ဒဏ္ခံေနရခ်ိန္မ်ိဳးမွာ အာဆီယံႏိုင္ငံေတြရဲ့ ကမ္းေျခကိုေရာက္လာတဲ့ အကာကြယ္မဲ့သူေတြအတြက္ ရွာေဖြ၊ ကယ္ဆယ္ေရးလုပ္ငန္းေတြနဲ႔ လူသားခ်င္းစာနာမႈ အကူညီေပးေရးမွာ ပူးေပါင္းေဆာင္ရြက္ၿပီး ေဒသတြင္း က်ရာတာဝန္ကို မ ွ်ေဝယူၾကဖို႔လည္း အေမရိကန္ျပည္ေထာင္စုက အားေပးေၾကာင္း ေဖၚျပထားပါတယ္။

တခ်ိန္ထဲမွာပဲ ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္မွာ ျမန္္မာစစ္တပ္ရဲ့ ထိုးစစ္ဆင္မႈေၾကာင့္ တိုင္းရင္းသား ရခိုင္ေတြနဲ႔ ရိုဟင္ဂ်ာေတြ အပါအဝင္ ေထာင္နဲ႔ခ်ီၿပီး အိုးအိမ္ေရႊ႕ေျပာင္း ထြက္ေျပးေနရတဲ့ အေနထားမ်ိဳးေရာက္ေနတယ္ ဆိုတဲ့ သတင္းေတြေၾကာင့္ အေတာ္စိတ္အေႏွာက္အယွက္ ျဖစ္ရေၾကာင္းလည္း ေဖၚျပထားပါတယ္။

ဒါ့အျပင္ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႔ AA တို႔ၾကား တိုက္ပြဲေတြ အရွိန္ျမင့္လာတာနဲ႔ ဒီအေျခေနေတြ ေဒသခံအသိုင္းဝိုင္းေတြအေပၚ ရိုက္ခတ္မႈ ရွိေနတာကို အထူးစိုးရိမ္ေၾကာင္းလည္း ေျပာပါတယ္။

အေမရိကန္အစိုးရက အရင္ကတည္းက ေတာင္းဆိုထားတဲ့ ေဒသတြင္း အပစ္အခတ္ရပ္စဲဖို၊႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ေဒသခံအသိုင္းဝိုင္းေတြကို အကာကြယ္ေပးေရး ျပန္လုပ္ေဆာင္ဖို႔နဲ႔ လူသားခ်င္းစာနာမႈ ဆိုင္ရာအဖြဲ႔အစည္းေတြ အဲဒီေဒသေတြကို သြားေရာက္ခြင့္ ေပးဖို႔လည္း အေလးအနက္ေျပာၾကားခဲ့ပါတယ္။

ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ သူတို႔ကို စိစစ္ၿပီး ျပန္လည္လက္ခံမွာ ျဖစ္ေၾကာင္း ေျပာဆိုထားတာပါ။

................

ရိုဟင်ဂျာဒုက္ခသည်ကယ်ဆယ်တဲ့ အင်ဒိုနီးရှားကို ကန် ချီးကျူး
(Unicode)

အင်ဒိုနီးရှားရေပြင်ကို ဇွန်လ ၂၄ ရက်နေ့က ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၉၉ ယောက်နဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရနဲ့ Aceh ဒေသအာဏာပိုင်တွေရဲ့ တုံ့ပြန်ဆောင်ရွက်မှုအတွက် အမေရိကန်ပြည်ထောင်စုက ချီးကြူးဂုဏ်ပြုကြောင်း ဇူလိုင်လ ၉ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်

အင်ဒိုနီးရှားနိုင်ငံဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR နဲ့ နိုင်ငံတကာရွေ့ပြောင်းနေထိုင်သူများအရေး လုပ်ဆောင်နေတဲ့ IOM အဖွဲ့တို့နဲ့ အနီးကပ်ပူးတွဲ လုပ်ဆောင်နေကြောင်း သိရသလို ဒီအကာကွယ်မဲ့ လူစု ပြဿနာကို အာဆီယံအဖွဲ့အတွင်းမှာ ဦးဆောင်ပြီး လူသားချင်းစာနာမှုအကူညီပေးတာ အတွက် ဂုဏ်ပြုကြောင်းလည်း ပြောပါတယ်။

ဒါဟာ ဒေသတွင်းနိုင်ငံတွေ အတွက်သာမက နိုင်ငံတကာ အသိုင်းဝိုင်း တခုလုံးအတွက်ပါ အကောင်းဆုံး စံနမူနာဖြစ်ကြောင်းနဲ့ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဒဏ်ခံနေရချိန်မျိုးမှာ အာဆီယံနိုင်ငံတွေရဲ့ ကမ်းခြေကိုရောက်လာတဲ့ အကာကွယ်မဲ့သူတွေအတွက် ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ လူသားချင်းစာနာမှု အကူညီပေးရေးမှာ ပူးပေါင်းဆောင်ရွက်ပြီး ဒေသတွင်း ကျရာတာဝန်ကို မ ျှဝေယူကြဖို့လည်း အမေရိကန်ပြည်ထောင်စုက အားပေးကြောင်း ဖေါ်ပြထားပါတယ်။

တချိန်ထဲမှာပဲ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် တိုင်းရင်းသား ရခိုင်တွေနဲ့ ရိုဟင်ဂျာတွေ အပါအဝင် ထောင်နဲ့ချီပြီး အိုးအိမ်ရွှေ့ပြောင်း ထွက်ပြေးနေရတဲ့ အနေထားမျိုးရောက်နေတယ် ဆိုတဲ့ သတင်းတွေကြောင့် အတော်စိတ်အနှောက်အယှက် ဖြစ်ရကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲတွေ အရှိန်မြင့်လာတာနဲ့ ဒီအခြေနေတွေ ဒေသခံအသိုင်းဝိုင်းတွေအပေါ် ရိုက်ခတ်မှု ရှိနေတာကို အထူးစိုးရိမ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်အစိုးရက အရင်ကတည်းက တောင်းဆိုထားတဲ့ ဒေသတွင်း အပစ်အခတ်ရပ်စဲဖို၊့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဒေသခံအသိုင်းဝိုင်းတွေကို အကာကွယ်ပေးရေး ပြန်လုပ်ဆောင်ဖို့နဲ့ လူသားချင်းစာနာမှု ဆိုင်ရာအဖွဲ့အစည်းတွေ အဲဒီဒေသတွေကို သွားရောက်ခွင့် ပေးဖို့လည်း အလေးအနက်ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ သူတို့ကို စိစစ်ပြီး ပြန်လည်လက်ခံမှာ ဖြစ်ကြောင်း ပြောဆိုထားတာပါ။

ဆက္စပ္သတင္းမ်ား ...

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG