[Zawgyi/Unicode]
ရခုိင္ျပည္နယ္က လုံျခံဳေရးအေျခအေနေတြနဲ႔ လက္ရွိျဖစ္ေနတဲ့ COVID-19 ကပ္ေရာဂါအေျခအေနေတြေၾကာင့္ ရုိဟင္ဂ်ာဒုကၡသည္ေတြဟာ သူတုိ႔ရဲ႕ေနရပ္ရင္းကို သူတုိ႔ရဲ႕ ဆႏၵအေလွ်ာက္၊ ဂုဏ္သိကၡာရွိရွိနဲ႔ ေဘးကင္းလုံျခဳံစြာ ျပန္ဖို႔ မျဖစ္ႏုိင္ေသးဘူးလို႔ အင္ဒိုနီးရွားႏုိင္ငံျခားေရး၀န္ႀကီးကေျပာလိုက္ပါတယ္။ အာဆီယံႏုိ္င္ငံျခားေရး ၀န္ႀကီးေတြရဲ႕ အစည္းအေ၀းအတြင္း အင္ဒိုနီးရွားႏုိင္ငံျခားေရး၀န္ႀကီးက အဲဒီလို ေျပာၾကားလိုက္တာျဖစ္ပါတယ္။
ဒါ့အျပင္ ရုိဟင္ဂ်ာဒုကၡသည္ေတြ သူတုိ႔ရဲ႕ ေနရပ္ရင္း ျပန္ေရးကိစၥက အင္ဒိုနီးရွားအစိုးရအတြက္ ဦးစားေပးကိစၥရပ္အျဖစ္ ရွိေနတုန္းပဲလို႔လည္း အင္ဒိုနီးရွားႏုိင္ငံျခားေရး၀န္ႀကီး Retno Marsudi က ေျပာပါတယ္။
"႐ုိဟင္ဂ်ာေတြကို သူတုိ႔ရဲ႕ ေနရပ္ရင္းျဖစ္တဲ့ ရခုိင္ျပည္နယ္ကို ျပန္ေနလို႔ရေအာင္ က်မတုိ႔အေနနဲ႔ ဆက္လက္ႀကိဳးပမ္းသြားရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီလူေတြ ေနရပ္ျပန္ႏုိင္ဖို႔အတြက္ ႀကိဳးပမ္းမႈေတြကို ဆက္လက္လုပ္ေဆာင္ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ သူတုိ႔ရဲ႕ ဆႏၵအတုိင္း ဂုဏ္သိကၡာရွိရွိ၊ ေဘးကင္းလုံျခံဳစြာျပန္ႏုိင္ဖို႔အတြက္ စံႏႈန္းေတြကိုလည္း ေလးစားလိုက္နာဖို႔လိုအပ္ပါတယ္။" လို႔ အင္ဒိုနီးရွားႏုိင္ငံျခားေရး၀န္ႀကီးက ေျပာပါတယ္။
ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကပဲ အင္ဒိုနီးရွားႏိုင္ငံ Aceh ခ႐ိုင္ ကမ္းလြန္ပင္လယ္ျပင္မွာ ေမ်ာေနတဲ့ စက္ေလွေပၚက ႐ိုဟင္ဂ်ာဒုကၡသည္ ၁၀၀ နီးပါးကို ကယ္ဆယ္ခဲ့ေၾကာင္း Ache ခ႐ိုင္ အာဏာပိုင္ေတြက ေျပာပါတယ္။
ရခုိင္ျပည္နယ္အတြင္း ျမန္မာအစိုးရက နယ္ေျမရွင္းလင္းေရးလုပ္ရာကေန အဲဒီမွာရွိတဲ့ ႐ုိဟင္ဂ်ာေတြ သိန္းနဲ႔ခ်ီၿပီး ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ကို ထြက္ေျပးသြားၾကၿပီး ဒုကၡသည္စခန္းေတြမွာ ေနထုိင္ေနၾကတာျဖစ္ပါတယ္။ ျမန္မာအစိုးရဘက္ကေတာ့ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကို အသိအမွတ္ျပဳမထားေပမဲ့ ဒုကၡသည္ေတြကို စိစစ္ၿပီး ျပန္လက္ခံဖို႔ သေဘာတူထားပါတယ္။
[Unicode Version]
"ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေး" - အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး
ရခိုင်ပြည်နယ်က လုံခြုံရေးအခြေအနေတွေနဲ့ လက်ရှိဖြစ်နေတဲ့ COVID-19 ကပ်ရောဂါအခြေအနေတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့ရဲ့နေရပ်ရင်းကို သူတို့ရဲ့ ဆန္ဒအလျှောက်၊ ဂုဏ်သိက္ခာရှိရှိနဲ့ ဘေးကင်းလုံခြုံစွာ ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောလိုက်ပါတယ်။ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အဲဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ရဲ့ နေရပ်ရင်း ပြန်ရေးကိစ္စက အင်ဒိုနီးရှားအစိုးရအတွက် ဦးစားပေးကိစ္စရပ်အဖြစ် ရှိနေတုန်းပဲလို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောပါတယ်။
"ရိုဟင်ဂျာတွေကို သူတို့ရဲ့ နေရပ်ရင်းဖြစ်တဲ့ ရခိုင်ပြည်နယ်ကို ပြန်နေလို့ရအောင် ကျမတို့အနေနဲ့ ဆက်လက်ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလူတွေ နေရပ်ပြန်နိုင်ဖို့အတွက် ကြိုးပမ်းမှုတွေကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ဆန္ဒအတိုင်း ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းလုံခြုံစွာပြန်နိုင်ဖို့အတွက် စံနှုန်းတွေကိုလည်း လေးစားလိုက်နာဖို့လိုအပ်ပါတယ်။" လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ အင်ဒိုနီးရှားနိုင်ငံ Aceh ခရိုင် ကမ်းလွန်ပင်လယ်ပြင်မှာ မျောနေတဲ့ စက်လှေပေါ်က ရိုဟင်ဂျာဒုက္ခသည် ၁၀၀ နီးပါးကို ကယ်ဆယ်ခဲ့ကြောင်း Ache ခရိုင် အာဏာပိုင်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြန်မာအစိုးရက နယ်မြေရှင်းလင်းရေးလုပ်ရာကနေ အဲဒီမှာရှိတဲ့ ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတာဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်ပြုမထားပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံဖို့ သဘောတူထားပါတယ်။