[Zawgyi/Unicode]
အင္ဒိုနီးရွားႏိုင္ငံ Aceh ခ႐ိုင္ ကမ္းလြန္ပင္လယ္ျပင္ထဲကေန ကယ္တင္ခဲ့တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ၁၀၀ နီးပါး ထဲမွာ ကေလးငယ္ အေယာက္ ၃၀ ပါတယ္လုိ႔ Aceh ေျမာက္ပိုင္းခ႐ိုင္ ရဲခ်ဳပ္ကေျပာပါတယ္။
"အခုထိ ကယ္ဆယ္ထားတဲ့ သူေတြထဲ အမ်ိဳးသား ၁၅ ဦး၊ အမ်ိဳးသမီး ၄၉ ဦး နဲ႔ ကေလး အေယာက္ ၃၀ မွာ ေယာက်္ားေလး ၁၀ ေယာက္နဲ႔ မိန္းကေလး အေယာက္ ၂၀ ပါတယ္။" လို႔ ရဲခ်ဳပ္ Tri Hadiyanto ကေျပာပါတယ္။
ပင္လယ္ထဲတြင္းေမ်ာေနတဲ့ စက္ေလွေပၚက ႐ိုဟင္ဂ်ာ အေယာက္ ၁၀၀ နီးပါးကို ဗုဒၶဟူးေန႔မွာ အင္ဒိုနီးရွား ငါးဖမ္းသမားေတြက ေတြ႔ခဲ့ၿပီးတဲ့ေနာက္ ကယ္တင္ခဲ့တာပါ။
စက္ေလွ ကမ္းကပ္ၿပီးတာနဲ႔ ဒုကၡသည္ေတြကို ေဆးစစ္ဖို႔နဲ႔ စာရင္းေကာက္ယူသြားဖို႔ စီစဥ္သြားမယ္လို႔ ရဲခ်ဳပ္ Tri Hadiyanto ကေျပာပါတယ္။
၂၀၁၇ ခုႏွစ္တုန္းက ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျမန္မာစစ္တပ္နဲ႔ ARSA အၾကမ္းဖက္ လက္နက္ကိုင္အဖြဲ႕ၾကား တိုက္ပြဲေတြေၾကာင့္ ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းတာမွာ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ထြက္ေျပးခဲ့ၾကတာပါ။ ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံေပမဲ့ ဒုကၡသည္ေတြကို ျပန္လည္စိစစ္လက္ခံသြားဖို႔ ကတိျပဳထားပါတယ္။
ဒါေပမဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္စခန္းေတြမွာ အေနအစားဆင္းရဲတဲ့အတြက္ ဒုကၡသည္ေတြဟာ အရင္ကလည္း မေလးရွား၊ ထိုင္းနဲ႔ အင္ဒိုနီးရွားကို စက္ေလွေတြနဲ႔ သြားေရာက္ခဲ့ၾကတာေတြ ရွိပါတယ္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံေတာင္ပိုင္း ဒုကၡသည္စခန္းေတြမွာ ဒုကၡသည္ ၁,၀၀၀,၀၀၀ ေက်ာ္ဟာ ၾကပ္ၾကပ္ညပ္ညပ္နဲ႔ သန္႔ရွင္းမႈ မရွိတဲ့ စခန္းေတြမွာ ေနထိုင္ၾကရၿပီး တခ်ိဳ႕ေနရာေတြမွာ ေရနဲ႔ ဆပ္ျပာေတာင္အသုံးျပဳဖို႔ မလြယ္ကူဘဲ ေနထိုင္ေနၾကရတဲ့ အေျခအေနမွာ ရွိပါတယ္။
[Unicode Version]
Aceh ခရိုင်ကမ်းလွန်က ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာတွေထဲ ကလေးငယ် အယောက် ၃၀ ပါ
အင်ဒိုနီးရှားနိုင်ငံ Aceh ခရိုင် ကမ်းလွန်ပင်လယ်ပြင်ထဲကနေ ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ နီးပါး ထဲမှာ ကလေးငယ် အယောက် ၃၀ ပါတယ်လို့ Aceh မြောက်ပိုင်းခရိုင် ရဲချုပ်ကပြောပါတယ်။
"အခုထိ ကယ်ဆယ်ထားတဲ့ သူတွေထဲ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၄၉ ဦး နဲ့ ကလေး အယောက် ၃၀ မှာ ယောကျ်ားလေး ၁၀ ယောက်နဲ့ မိန်းကလေး အယောက် ၂၀ ပါတယ်။" လို့ ရဲချုပ် Tri Hadiyanto ကပြောပါတယ်။
ပင်လယ်ထဲတွင်းမျောနေတဲ့ စက်လှေပေါ်က ရိုဟင်ဂျာ အယောက် ၁၀၀ နီးပါးကို ဗုဒ္ဓဟူးနေ့မှာ အင်ဒိုနီးရှား ငါးဖမ်းသမားတွေက တွေ့ခဲ့ပြီးတဲ့နောက် Aceh ခရိုင် အာဏာပိုင်တွေ ကယ်တင်ခဲ့တာပါ။
စက်လှေ ကမ်းကပ်ပြီးတာနဲ့ ဒုက္ခသည်တွေကို ဆေးစစ်ဖို့နဲ့ စာရင်းကောက်ယူသွားဖို့ စီစဉ်သွားမယ်လို့ ရဲချုပ် Tri Hadiyanto ကပြောပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ARSA အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေကြောင့် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းတာမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့ ဒုက္ခသည်တွေကို ပြန်လည်စိစစ်လက်ခံသွားဖို့ ကတိပြုထားပါတယ်။
ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ အနေအစားဆင်းရဲတဲ့အတွက် ဒုက္ခသည်တွေဟာ အရင်ကလည်း မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားကို စက်လှေတွေနဲ့ သွားရောက်ခဲ့ကြတာတွေ ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် ၁,၀၀၀,၀၀၀ ကျော်ဟာ ကြပ်ကြပ်ညပ်ညပ်နဲ့ သန့်ရှင်းမှု မရှိတဲ့ စခန်းတွေမှာ နေထိုင်ကြရပြီး တချို့နေရာတွေမှာ ရေနဲ့ ဆပ်ပြာတောင်အသုံးပြုဖို့ မလွယ်ကူဘဲ နေထိုင်နေကြရတဲ့ အခြေအနေမှာ ရှိပါတယ်။