သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ေရာက္ ႐ုိဟင္ဂ်ာဒုကၡသည္ေတြ ကပ္ေရာဂါကူးစက္မွာ စုိးရိမ္မႈေတြတုိး


ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox' Bazar ေဒသက ကုတုပေလာင္ရိုဟင္ဂ်ာ ဒုကၡသည္စခန္းက ေစ်းတခုမွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ဇြန္ ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

လူဦးေရ ၁,၀၀၀,၀၀၀ ေလာက္ရွိတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းမွာ COVID-19 ကူးစက္ႏႈန္းဟာ စိုးရိမ္ရတဲ့အေျခအေနကို ေရာက္ေနၿပီလို႔ ဒုကၡသည္စခန္းမွာေနထိုင္သူေတြ၊ လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႕ေတြက ေျပာလိုက္တဲ့အေၾကာင္း အျပည့္အစုံကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးမွာပါ။

ဘဂၤလားေဒ့ရွ္ Cox's Bazar ဒုကၡသည္စခန္းမွာ COVID-19 ေရာဂါစစ္ေဆးမႈ ၄၇၅ ခုလုပ္ခဲ့ၿပီး လူ ၄၆ ေယာက္မွာ ေရာဂါပိုး ေတြ႕ရွိထားတယ္လို႔ အဂၤလန္အေျခစိုက္ ရိုဟင္ဂ်ာအဖဲြ႔အစည္း တခုက ေျပာပါတယ္။ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္းမွာ လူ ၁ ေယာက္ ထပ္ေသဆုံးခဲ့ၿပီး စုစုေပါင္း ေသဆုံးသူ ၅ ေယာက္ရွိလာၿပီ ျဖစ္ပါတယ္။ လူဦးေရ ၄၀ ေက်ာ္မွာ ၅ ေယာက္ ေသဆုံးတဲ့ႏႈန္းက ဆိုး႐ြားတဲ့ အေျခအေနလို႔ ဒုကၡသည္စခန္း အေျခအေနကို မျပတ္ေစာင့္ၾကည့္ေနတဲ့ အဂၤလန္အေျခစိုက္ BHRN က ဦးေက်ာ္ဝင္းကေျပာပါတယ္။

“က်ေနာ္တို႔ သိထားတာက သူတို႔ ၄၇၅ ေယာက္ပဲ test လုပ္ထားေသးတာ။ ၄၆ ေယာက္ပဲ ဒီထဲမွာ (ေရာဂါပိုး) ရွိတာ။ အဲဒီ ၄၆ ေယာက္ထဲမွာ ၅ ေယာက္ေလာက္ေသတာ။ အရမ္းမ်ားတာေပါ့၊ ဒါ ေတာ္ေတာ္ကိုမ်ားတာ။ အဲဒီအတြက္ က်ေနာ္ထင္တာက ေသတဲ့ႏႈန္းက ေတာ္ေတာ္မ်ားလာႏိုင္ေျခရွိတယ္၊ မၾကာမီရက္ေတြ အတြင္းမွာ။ စိုရိမ္စရာအေျခအေနရွိတယ္။ ႏိုင္ငံတကာက ႏိုင္ငံတကာကေန တခုခု immediate (အေရးတႀကီး) တခုေတာ့ လုပ္သင့္ၿပီ။။”

ျမန္မာ့လူ႔အခြင့္အေရးအဖြဲ႕ BHRN အမႈေဆာင္ဒါ႐ိုက္တာ ဦးေက်ာ္ဝင္း ေျပာသြားတာပါ။ ရိုဟင္ဂ်ာစခန္းတြင္း ေရာဂါပိုးေတြ႔ရိွမႈနဲ႔ ပတ္သက္လို႔ ဘဂၤလာေဒ့ရ္ွ အာဏာပိုင္ေတြဘက္ကေရာ က်န္းမာေရးတာ၀န္ရိွသူေတြဘက္ကိုပါ သီးျခားအတည္ျပဳလို႔ေတာ့ မရပါဘူး။

ေသဆုံးတဲ့အေရအတြက္ကလည္း သတင္းအခ်က္အလက္ အတိအက်မရတဲ့ အေျခအေနေၾကာင့္ ၅ ေယာက္ေလာက္ပဲ အတည္ျပဳလို႔ရတဲ့ အေျခအေနပါ။

အဆိုးဆုံးျပႆနာကေတာ့ ဘဂၤလားေဒ့ရွ္အစိုးရက အင္တာနက္လိုင္း ျဖတ္ေတာက္ထားတာက သိသင့္၊ သိထိုက္တဲ့ သတင္းအခ်က္အလက္ေတြေပးဖို႔ ခက္ခဲသြားတယ္လို႔ သူကဆက္ေျပာတာပါ။

“ဘဂၤလားေဒ့ရွ္ကိုလည္း က်ေနာ္တို႔လွမ္းၿပီးေတာ့ အမ်ိဳးမ်ိဳး ေမတၱာရပ္ခံခဲ့ၿပီးၿပီ၊ ဘယ္လိုမွျဖစ္မလာဘူး။ ဒီအင္တာနက္ ban ကို သူတို႔က၊ မလုပ္ေပးဘူး။ ၿပီးေတာ့ ျမန္မာအစိုးရလည္း ကခ်င္ျပည္နယ္ဘက္ေတြမွာ အဲလိုမ်ိဳး လုပ္ထားတဲ့အေပၚမွာ၊ ဘာျဖစ္လဲဆိုေတာ့ ဒီ COVID-19 ကာလမွာ ဒီလုပ္ရပ္က ေတာ္ေတာ္ေလး ရက္စက္လြန္းတယ္ေပါ့ေနာ္။ မျဖစ္သင့္ပါဘူး၊ ဒါကေတာ့။”

ဒုကၡသည္စခန္းမွာ ေသဆုံးတဲ့အခ်ိဳးအဆက ကမာၻ႔ကူးစက္မႈ အျမင့္ဆုံးျဖစ္ေနတဲ့ အေမရိကန္ႏိုင္ငံထက္ မ်ားေနတယ္လို႔ ႐ိုဟင္ဂ်ာလူငယ္အစည္းအ႐ုံး ဒါ႐ိုက္တာ ကိုခင္ေမာင္က ေထာက္ျပပါတယ္။

“Camps ထဲမွာ ဒီကိစၥဟာ အင္မတန္မွ စိုးရိမ္ရတဲ့ အေနအထားမွာ ရွိပါတယ္။ အေမရိကန္ဆိုတဲ့ ႏိုင္ငံမွာ ၂၀၀,၀၀၀ ေက်ာ္ေက်ာ္ ေသဆုံးခဲ့တယ္။ ၂,၀၀၀,၀၀၀ ေက်ာ္ေက်ာ္ပဲ ကူးစက္ခံရတာရွိတယ္။ အဲဒါကို အေမရိကန္နဲ႔ က်ေနာ္တို႔ camp ထဲမွာ ယွဥ္မယ္ဆိုရင္ ဒီထဲမွာ one million (တစ္သန္း)နဲ႔ ေျပာၾကမယ္ဆိုရင္ ဒီမွာ ရာခိုင္ႏႈန္းက မ်ားတယ္လို႔ က်ေနာ္ေျပာခ်င္တယ္။”

လူဦးေရ သန္း ၃၀၀ ေက်ာ္မွာ ၁၂၀,၀၀၀ ေက်ာ္ေသဆုံးခဲ့တဲ့ အေမရိကန္ႏိုင္ငံထက္၊ လူဦးေရ ၁,၀၀၀,၀၀၀ ေလာက္ရွိတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းမွာ ငါးေယာက္ ေသဆုံးတာက အခ်ိဳးအရႏိုင္းယွဥ္မယ္ဆိုရင္ ဒုကၡသည္စခန္းက ပိုမ်ားေနတယ္လို႔ သူကေျပာခဲ့တာပါ။ ေရာဂါစစ္ေဆးမခံရဘဲ ဒီရက္ပိုင္း ႐ုတ္တရက္ ေသဆုံးခဲ့တဲ့ သက္ႀကီး႐ြယ္အိုေတြ အမ်ားအျပားရွိေနတယ္လို႔ ဒုကၡသည္တခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။

ျပည္တြင္းကေန တဘက္ ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးသြားရတဲ့ ဒုကၡသည္ေတြကို ႐ိုဟင္ဂ်ာလို႔ သုံးႏႈန္းတာကို ျမန္မာအစိုးရဘက္ကေတာ့ လက္မခံပါဘူး။ ဒုကၡသည္ေတြကို ျပန္လည္လက္ခံေရးစီစဥ္ေနေပမဲ့ လတ္တေလာမွာ ကပ္ေဘးအေျခအေနေၾကာင့္ ယာယီရပ္ဆိုင္းထားပါတယ္။ ဒီၾကားထဲမွာပဲ ဒုကၡသည္စခန္းအတြင္းကေန နယ္ျခားျဖတ္ေက်ာ္ၿပီး ျမန္မာႏိုင္ငံထဲ ၀င္ေရာက္သူေတြရိွေနလို႔ ဖမ္းဆီးၿပီး ကယ္ဆယ္ေရးစခန္းထဲ ပို႔ထားရတာရိွပါတယ္။အဲဒီလူေတြထဲမွာလည္း ဓါတ္ခဲြစမ္းသပ္မႈအေျဖအရ ေရာဂါပိုးရိွသူတခ်ိဳ႕ ေတြ႔ထားရပါတယ္။

စားဝတ္ေနေရးျပႆနာ ျဖစ္ေနတာကေတာ့ အခ်ိန္ၾကာခဲ့ၿပီလို႔ ဒုကၡသည္ေတြက ဗြီအိုေအကို ေျပာပါတယ္။ အခု မုန္သုန္ဝင္ေနၿပီျဖစ္လို႔ အရင္ဒုကၡေတြအေပၚမွာ ရာသီဥတုဆိုး႐ြားတဲ့အေျခအေနက ထပ္ေပါင္းၿပီး ပိုဆိုး႐ြားတဲ့အေျခအေနနဲ႔ သူတို႔ရင္ဆိုင္ေနရတယ္လို႔ Cox’s Bazar မွာရွိတဲ့ ISCG အဖြဲ႕က ဒီေန႔ ဇြန္လ ၂၃ မွာ သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ကပ်ရောဂါကူးစက်မှာ စိုးရိမ်မှုတွေတိုး

လူဦးရေ ၁,၀၀၀,၀၀၀ လောက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ COVID-19 ကူးစက်နှုန်းဟာ စိုးရိမ်ရတဲ့အခြေအနေကို ရောက်နေပြီလို့ ဒုက္ခသည်စခန်းမှာနေထိုင်သူတွေ၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက ပြောလိုက်တဲ့အကြောင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးမှာပါ။

ဘင်္ဂလားဒေ့ရှ် Cox's Bazar ဒုက္ခသည်စခန်းမှာ COVID-19 ရောဂါစစ်ဆေးမှု ၄၇၅ ခုလုပ်ခဲ့ပြီး လူ ၄၆ ယောက်မှာ ရောဂါပိုး တွေ့ရှိထားတယ်လို့ အင်္ဂလန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း တခုက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ လူ ၁ ယောက် ထပ်သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၅ ယောက်ရှိလာပြီ ဖြစ်ပါတယ်။ လူဦးရေ ၄၀ ကျော်မှာ ၅ ယောက် သေဆုံးတဲ့နှုန်းက ဆိုးရွားတဲ့ အခြေအနေလို့ ဒုက္ခသည်စခန်း အခြေအနေကို မပြတ်စောင့်ကြည့်နေတဲ့ အင်္ဂလန်အခြေစိုက် BHRN က ဦးကျော်ဝင်းကပြောပါတယ်။

“ကျနော်တို့ သိထားတာက သူတို့ ၄၇၅ ယောက်ပဲ test လုပ်ထားသေးတာ။ ၄၆ ယောက်ပဲ ဒီထဲမှာ (ရောဂါပိုး) ရှိတာ။ အဲဒီ ၄၆ ယောက်ထဲမှာ ၅ ယောက်လောက်သေတာ။ အရမ်းများတာပေါ့၊ ဒါ တော်တော်ကိုများတာ။ အဲဒီအတွက် ကျနော်ထင်တာက သေတဲ့နှုန်းက တော်တော်များလာနိုင်ခြေရှိတယ်၊ မကြာမီရက်တွေ အတွင်းမှာ။ စိုရိမ်စရာအခြေအနေရှိတယ်။ နိုင်ငံတကာက နိုင်ငံတကာကနေ တခုခု immediate (အရေးတကြီး) တခုတော့ လုပ်သင့်ပြီ။။”

မြန်မာ့လူ့အခွင့်အရေးအဖွဲ့ BHRN အမှုဆောင်ဒါရိုက်တာ ဦးကျော်ဝင်း ပြောသွားတာပါ။ ရိုဟင်ဂျာစခန်းတွင်း ရောဂါပိုးတွေ့ရှိမှုနဲ့ ပတ်သက်လို့ ဘင်္ဂလာဒေ့ရ်ှ အာဏာပိုင်တွေဘက်ကရော ကျန်းမာရေးတာဝန်ရှိသူတွေဘက်ကိုပါ သီးခြားအတည်ပြုလို့တော့ မရပါဘူး။

သေဆုံးတဲ့အရေအတွက်ကလည်း သတင်းအချက်အလက် အတိအကျမရတဲ့ အခြေအနေကြောင့် ၅ ယောက်လောက်ပဲ အတည်ပြုလို့ရတဲ့ အခြေအနေပါ။

အဆိုးဆုံးပြဿနာကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက အင်တာနက်လိုင်း ဖြတ်တောက်ထားတာက သိသင့်၊ သိထိုက်တဲ့ သတင်းအချက်အလက်တွေပေးဖို့ ခက်ခဲသွားတယ်လို့ သူကဆက်ပြောတာပါ။

“ဘင်္ဂလားဒေ့ရှ်ကိုလည်း ကျနော်တို့လှမ်းပြီးတော့ အမျိုးမျိုး မေတ္တာရပ်ခံခဲ့ပြီးပြီ၊ ဘယ်လိုမှဖြစ်မလာဘူး။ ဒီအင်တာနက် ban ကို သူတို့က၊ မလုပ်ပေးဘူး။ ပြီးတော့ မြန်မာအစိုးရလည်း ကချင်ပြည်နယ်ဘက်တွေမှာ အဲလိုမျိုး လုပ်ထားတဲ့အပေါ်မှာ၊ ဘာဖြစ်လဲဆိုတော့ ဒီ COVID-19 ကာလမှာ ဒီလုပ်ရပ်က တော်တော်လေး ရက်စက်လွန်းတယ်ပေါ့နော်။ မဖြစ်သင့်ပါဘူး၊ ဒါကတော့။”

ဒုက္ခသည်စခန်းမှာ သေဆုံးတဲ့အချိုးအဆက ကမ္ဘာ့ကူးစက်မှု အမြင့်ဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံထက် များနေတယ်လို့ ရိုဟင်ဂျာလူငယ်အစည်းအရုံး ဒါရိုက်တာ ကိုခင်မောင်က ထောက်ပြပါတယ်။

“Camps ထဲမှာ ဒီကိစ္စဟာ အင်မတန်မှ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်။ အမေရိကန်ဆိုတဲ့ နိုင်ငံမှာ ၂၀၀,၀၀၀ ကျော်ကျော် သေဆုံးခဲ့တယ်။ ၂,၀၀၀,၀၀၀ ကျော်ကျော်ပဲ ကူးစက်ခံရတာရှိတယ်။ အဲဒါကို အမေရိကန်နဲ့ ကျနော်တို့ camp ထဲမှာ ယှဉ်မယ်ဆိုရင် ဒီထဲမှာ one million (တစ်သန်း)နဲ့ ပြောကြမယ်ဆိုရင် ဒီမှာ ရာခိုင်နှုန်းက များတယ်လို့ ကျနော်ပြောချင်တယ်။”

လူဦးရေ သန်း ၃၀၀ ကျော်မှာ ၁၂၀,၀၀၀ ကျော်သေဆုံးခဲ့တဲ့ အမေရိကန်နိုင်ငံထက်၊ လူဦးရေ ၁,၀၀၀,၀၀၀ လောက်ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ငါးယောက် သေဆုံးတာက အချိုးအရနိုင်းယှဉ်မယ်ဆိုရင် ဒုက္ခသည်စခန်းက ပိုများနေတယ်လို့ သူကပြောခဲ့တာပါ။ ရောဂါစစ်ဆေးမခံရဘဲ ဒီရက်ပိုင်း ရုတ်တရက် သေဆုံးခဲ့တဲ့ သက်ကြီးရွယ်အိုတွေ အများအပြားရှိနေတယ်လို့ ဒုက္ခသည်တချို့က ဗွီအိုအေကို ပြောပါတယ်။

ပြည်တွင်းကနေ တဘက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားရတဲ့ ဒုက္ခသည်တွေကို ရိုဟင်ဂျာလို့ သုံးနှုန်းတာကို မြန်မာအစိုးရဘက်ကတော့ လက်မခံပါဘူး။ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးစီစဉ်နေပေမဲ့ လတ်တလောမှာ ကပ်ဘေးအခြေအနေကြောင့် ယာယီရပ်ဆိုင်းထားပါတယ်။ ဒီကြားထဲမှာပဲ ဒုက္ခသည်စခန်းအတွင်းကနေ နယ်ခြားဖြတ်ကျော်ပြီး မြန်မာနိုင်ငံထဲ ဝင်ရောက်သူတွေရှိနေလို့ ဖမ်းဆီးပြီး ကယ်ဆယ်ရေးစခန်းထဲ ပို့ထားရတာရှိပါတယ်။အဲဒီလူတွေထဲမှာလည်း ဓါတ်ခွဲစမ်းသပ်မှုအဖြေအရ ရောဂါပိုးရှိသူတချို့ တွေ့ထားရပါတယ်။

စားဝတ်နေရေးပြဿနာ ဖြစ်နေတာကတော့ အချိန်ကြာခဲ့ပြီလို့ ဒုက္ခသည်တွေက ဗွီအိုအေကို ပြောပါတယ်။ အခု မုန်သုန်ဝင်နေပြီဖြစ်လို့ အရင်ဒုက္ခတွေအပေါ်မှာ ရာသီဥတုဆိုးရွားတဲ့အခြေအနေက ထပ်ပေါင်းပြီး ပိုဆိုးရွားတဲ့အခြေအနေနဲ့ သူတို့ရင်ဆိုင်နေရတယ်လို့ Cox’s Bazar မှာရှိတဲ့ ISCG အဖွဲ့က ဒီနေ့ ဇွန်လ ၂၃ မှာ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG