သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ရဲနဲ႔ အျပန္အလွန္ ပစ္ခတ္မႈအတြင္း ႐ုိဟင္ဂ်ာ ၄ ဦး ေသဆံုး


ဘဂၤလားေဒ့ရွ္ႏုိင္ငံ Cox's Bazar ရွိ ႐ုိဟင္ဂ်ာဒုကၡသည္စခန္းတခု။ (ဧၿပီ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

ဘဂၤလားေဒ့ရွ္ႏုိင္ငံအတြင္းက ဒုကၡသည္စခန္းတခုအနားမွာ ရာဇဝတ္ဂိုဏ္းဝင္ေတြလို႔ ယူဆရတဲ့ ႐ုိဟင္ဂ်ာ အမ်ိဳးသား ၄ ေယာက္ ဘဂၤလားေဒ့ရွ္ ရဲတပ္ဖြဲ႔နဲ႔ အျပန္အလွန္ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့ၿပီး ေသဆုံးသြားေၾကာင္း ဘဂၤလားေဒ့ရွ္ ရဲတပ္ဖြဲ႔က ေျပာပါတယ္။

Cox's Bazar ခ႐ုိင္အတြင္းမွာ အဲဒီရာဇဝတ္သားေတြ ရွိေနတာကို သတင္းရရွိတာေၾကာင့္ ေသာၾကာေန႔ မြန္းတည့္ခ်ိန္ေလာက္မွာ ဘဂၤလားေဒ့ရွ္ ရဲတပ္ဖြဲ႔က ႐ုတ္တရက္ ဝင္ေရာက္စီနင္းခ်ိန္မွာ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့တာလို႔လည္း ရဲအရာရွိ Iqbal Hossain က ေျပာပါတယ္။

ရဲတပ္ဖြဲ႔ေတြ ေရာက္ရွိေၾကာင္း သိရွိသြားခ်ိန္မွာ အဲဒီ ရာဇဝတ္ဂိုဏ္းဝင္ေတြက စတင္ပစ္ခတ္တာေၾကာင့္ ရဲတပ္ဖြဲ႔က ျပန္လည္ပစ္ခတ္ခဲ့ရာမွာ အခုလို ေသဆုံးရတာလို႔လည္း ရဲအရာရွိ Hossain က ေျပာပါတယ္။

အဲဒီလူ ၄ ဦးဆီက ေသနတ္ ၄ လက္၊ က်ည္အေတာင့္ ၂၀ နဲ႔ စိတ္ႂကြေဆး ရာဘေဆးျပား ၄၀,၀၀၀ ကို သိမ္းဆည္းရမိတယ္လို႔လည္း ရဲအရာရွိ Hossain က ေျပာပါတယ္။ အဲဒီ ရာဘေဆးျပားေတြကို ျမန္မာႏုိင္ငံအတြင္းကေန ဘဂၤလားေဒ့ရွ္ႏုိင္ငံအတြင္း ခိုးသြင္းလာတယ္လို႔လည္း ရဲတပ္ဖြဲ႔ကို ကိုးကားၿပီး ဘဂၤလားေဒ့ရွ္ႏုိင္ငံထုတ္ The Daily Star သတင္းဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

မတ္လတုန္းကလည္း ဓားျပဂိုဏ္းဝင္ေတြလို႔ ယူဆရတဲ့ ႐ုိဟင္ဂ်ာ ၇ ေယာက္နဲ႔ ဘဂၤလားေဒ့ရွ္ ရဲတပ္ဖြဲ႔တို႔ ပစ္ခတ္မႈျဖစ္ပြားၿပီး အသတ္ခံခဲ့ရပါေသးတယ္။

ျမန္မာႏုိင္ငံ ရခိုင္ျပည္နယ္အတြင္း ၂၀၁၇ ခုႏွစ္ ဩဂုတ္လတုန္းက ျမန္မာစစ္တပ္ နယ္ေျမရွင္းလင္းေရးလုပ္ခ်ိန္က ဘဂၤလားေဒ့ရွ္ႏုိင္ငံကို ထြက္ေျပးလာတဲ့ ဒုကၡသည္ ၇ သိန္းေက်ာ္နဲ႔အတူ ႐ုိဟင္ဂ်ာဒုကၡသည္ ၁ သန္းဟာ ဘဂၤလားေဒ့ရွ္နယ္စပ္က စခန္း ၃၂ ခုမွာ ေနထိုင္ေနၾကတာပါ။

ျမန္မာအစိုးရက ႐ုိဟင္ဂ်ာ အသုံးအႏႈန္းကို လက္မခံေပမယ့္ ဒုကၡသည္ေတြကို စိစစ္ၿပီး ျပန္လည္လက္ခံမယ္လို႔ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ဘင်္ဂလားဒေ့ရှ်ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း ရိုဟင်ဂျာ ၄ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတခုအနားမှာ ရာဇဝတ်ဂိုဏ်းဝင်တွေလို့ ယူဆရတဲ့ ရိုဟင်ဂျာ အမျိုးသား ၄ ယောက် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Cox's Bazar ခရိုင်အတွင်းမှာ အဲဒီရာဇဝတ်သားတွေ ရှိနေတာကို သတင်းရရှိတာကြောင့် သောကြာနေ့ မွန်းတည့်ချိန်လောက်မှာ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ရုတ်တရက် ဝင်ရောက်စီနင်းချိန်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့လည်း ရဲအရာရှိ Iqbal Hossain က ပြောပါတယ်။

ရဲတပ်ဖွဲ့တွေ ရောက်ရှိကြောင်း သိရှိသွားချိန်မှာ အဲဒီ ရာဇဝတ်ဂိုဏ်းဝင်တွေက စတင်ပစ်ခတ်တာကြောင့် ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့ရာမှာ အခုလို သေဆုံးရတာလို့လည်း ရဲအရာရှိ Hossain က ပြောပါတယ်။

အဲဒီလူ ၄ ဦးဆီက သေနတ် ၄ လက်၊ ကျည်အတောင့် ၂၀ နဲ့ စိတ်ကြွဆေး ရာဘဆေးပြား ၄၀,၀၀၀ ကို သိမ်းဆည်းရမိတယ်လို့လည်း ရဲအရာရှိ Hossain က ပြောပါတယ်။ အဲဒီ ရာဘဆေးပြားတွေကို မြန်မာနိုင်ငံအတွင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ခိုးသွင်းလာတယ်လို့လည်း ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် The Daily Star သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

မတ်လတုန်းကလည်း ဓားပြဂိုဏ်းဝင်တွေလို့ ယူဆရတဲ့ ရိုဟင်ဂျာ ၇ ယောက်နဲ့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားပြီး အသတ်ခံခဲ့ရပါသေးတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ဩဂုတ်လတုန်းက မြန်မာစစ်တပ် နယ်မြေရှင်းလင်းရေးလုပ်ချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ဒုက္ခသည် ၇ သိန်းကျော်နဲ့အတူ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က စခန်း ၃၂ ခုမှာ နေထိုင်နေကြတာပါ။

မြန်မာအစိုးရက ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံမယ်လို့ ပြောထားပါတယ်။

XS
SM
MD
LG