သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္ဒုိနီးရွားမွာ ထိန္းသိမ္းထားတဲ့ ရုိဟင္ဂ်ာ ၉၉ ဦးကုိ ျမန္မာျပည္ ျပန္ပုိ႔မည္


Aceh ကမ္းေျခကို ဇြန္လ ၂၄ ရက္ေန႔က ေရာက္လာတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္မ်ား

(Zawgyi/Unicode)

အင္ဒိုနီးရွားနိုင္ငံ၊ Aceh ျပည္နယ္ ကမ္းေျခတစ္ခုကို ဇြန္လ ၂၄ ရက္ေန႔က စက္ေလွနဲ႔ ေရာက္ရွိလာတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္ ၉၉ ဦးကို လူသားခ်င္း စာနာ ေထာက္ထားမႈအရ ယာယီ လက္ခံဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး သူတို႔ရဲ့ ေနရပ္ ျမန္မာနိုင္ငံ၊ ရခိုင္ျပည္နယ္ကို ျပန္ပို႔ဖို႔ကို ဦးစားေပး လုပ္ေဆာင္သြားမယ္လို႔ အင္ဒိုနီးရွားနိုင္ငံက ေျပာပါတယ္။

႐ုပ္သံက တဆင့္ ျပဳလုပ္တဲ့ အာဆီယံနဲ႔ ဩစေၾတးလ်နိုင္ငံ ဝန္ႀကီးအဆင့္ အထူး အစည္းအေဝးက်င္းပခ်ိန္မွာ အင္ဒိုနီးရွားနိုင္ငံျခား ေရး ဝန္ႀကီး Retno Marsudi အခုလို ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ေနရပ္ ျမန္မာနိုင္ငံကို မိမိ ဆႏၵ အေလ်ာက္ေဘးရန္ကင္းကင္းနဲ႔ ဂုဏ္သိကၡာ ရွိရွိ ျပန္နိုင္ဖို႔အတြက္ အင္ဒိုနီးရွားနိုင္ငံက ပထမဦးစားေပး လုပ္ေဆာင္မွာ ျဖစ္ေၾကာင္း၊ ဒါေၾကာင့္ ဒုကၡသည္ေတြ ေနရပ္ျပန္နိုင္ေရး သင့္ေလ်ာ္တဲ့ ပတ္ဝန္းက်င္ကို အျမန္ဆုံး ဖန္တီးေပးဖို႔ ေတာင္းဆိုေၾကာင္းလည္း သူက ေျပာပါတယ္။ ရိုဟင္ဂ်ာဒုကၡသည္ေတြကိစၥ နိုင္ငံတကာ အဖြဲ႕အစည္းေတြနဲ႔ ညႇိႏွိုင္းေဆာင္ရြက္ေနတယ္လို႔လည္း သူက ေျပာပါတယ္။

“အင္ဒိုနီးရွားနိုင္ငံျခားေရးဝန္ႀကီးဌာန အေနနဲ႔ နိုင္ငံ တကာ ေရႊ႕ေျပာင္းသူအေျခခ်ေနထိုင္သူမ်ား အကူအညီေပးေရးအဖြဲ႕ (IOM) နဲ႔ကုလ သမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး UNHCR အဖြဲ႕ တို႔နဲ႔ ညႇိႏွိုင္းေဆာင္ရြက္ေနေၾကာင္း၊ အဲဒီ ႏွစ္ဖြဲ႕စလုံးကဒုကၡသည္ ေတြကို ယာယီ လက္ခံေပးတဲ့ အင္ဒိုနီးရွား နိုင္ငံ အေပၚ ေက်းဇူးတင္ရွိၾကေၾကာင္း၊ ဒုကၡသည္ေတြ ကိစၥ အဲဒီ အဖြဲ႕ေတြနဲ႔ ဆက္လက္ ညႇိႏွိုင္းေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း အင္ဒိုနီးရွားနိုင္ငံျခား ေရး ဝန္ႀကီး Retno Marsudi က ေျပာပါတယ္။

အင္ဒိုနီရွားနိုင္ငံက ယာယီ လက္ခံထားတဲ့ ဒုကၡသည္ အမ်ားစုဟာ UNHCR ထုတ္ေပးထားတဲ့ ဒုကၡသည္ မွတ္ပုံတင္ကိုင္ေဆာင္ထား သူေတြ ျဖစ္တာေၾကာင့္ UNHCR အဖြဲ႕ေအာက္မွာ ဒုကၡသည္ဆိုင္ရာ အခြင့္အေရးခံစားခြင့္ ရွိေနသူေတြ ျဖစ္ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ အင္ဒိုနီးရွားနိုင္ငံက Amnesty International Indonesia လူ႔အခြင့္အေရး လႈပ္ရွားမႈအဖြဲ႕ ကလည္း အခုေရာက္ရွိေနတဲ့ ဒုကၡသည္ေတြရဲ့ အခြင္အေရးေတြကို အကာအကြယ္ေပးဖို႔ အင္ဒိုနီးရွား ဗဟို အစိုးရကို ေတာင္းဆိုလိုက္ပါတယ္။​ ဒါ့အျပင္ ကမ္းကပ္ခြင့္မရဘဲ ပင္လယ္ထဲမွာ ေမ်ာေနဆဲ ျဖစ္တဲ့ တျခား ဒုကၡသည္ေတြရဲ႕ အသက္ကို ကယ္တင္ဖို႔ ေဒသဆိုင္ရာ ေဆြးေႏြးပြဲတစ္ရပ္ကို အင္ဒိုနီးရွားနိုင္ငံအေနနဲ႔ အျမန္ဆုံး က်င္းပေပးဖို႔ကိုလည္း Amnesty International Indonesia ကေတာင္းဆိုထားပါတယ္။

ျမန္မာအစိုးရကေတာ့ ရိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံေပမဲ့ ဒုကၡသည္ေတြကိုျပန္စီစစ္လက္ခံသြားဖို႔ ကတိျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

အင်ဒိုနီးရှားမှာထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ ၉၉ ဦးကို မြန်မာပြည်ပြန်ပို့မည်

(Unicode)

အင်ဒိုနီးရှားနိုင်ငံ၊ Aceh ပြည်နယ် ကမ်းခြေတစ်ခုကို ဇွန်လ ၂၄ ရက်နေ့က စက်လှေနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၉၉ ဦးကို လူသားချင်း စာနာ ထောက်ထားမှုအရ ယာယီ လက်ခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ နေရပ် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကို ပြန်ပို့ဖို့ကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံက ပြောပါတယ်။

ရုပ်သံက တဆင့် ပြုလုပ်တဲ့ အာဆီယံနဲ့ ဩစတြေးလျနိုင်ငံ ဝန်ကြီးအဆင့် အထူး အစည်းအဝေးကျင်းပချိန်မှာ အင်ဒိုနီးရှားနိုင်ငံခြား ရေး ဝန်ကြီး Retno Marsudi အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ် မြန်မာနိုင်ငံကို မိမိ ဆန္ဒ အလျောက်ဘေးရန်ကင်းကင်းနဲ့ ဂုဏ်သိက္ခာ ရှိရှိ ပြန်နိုင်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံက ပထမဦးစားပေး လုပ်ဆောင်မှာ ဖြစ်ကြောင်း၊ ဒါကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး သင့်လျော်တဲ့ ပတ်ဝန်းကျင်ကို အမြန်ဆုံး ဖန်တီးပေးဖို့ တောင်းဆိုကြောင်းလည်း သူက ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကိစ္စ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။

“အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ နိုင်ငံ တကာ ရွှေ့ပြောင်းသူအခြေချနေထိုင်သူများ အကူအညီပေးရေးအဖွဲ့ (IOM) နဲ့ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အဖွဲ့ တို့နဲ့ ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ အဲဒီ နှစ်ဖွဲ့စလုံးကဒုက္ခသည် တွေကို ယာယီ လက်ခံပေးတဲ့ အင်ဒိုနီးရှား နိုင်ငံ အပေါ် ကျေးဇူးတင်ရှိကြကြောင်း၊ ဒုက္ခသည်တွေ ကိစ္စ အဲဒီ အဖွဲ့တွေနဲ့ ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြား ရေး ဝန်ကြီး Retno Marsudi က ပြောပါတယ်။

အင်ဒိုနီရှားနိုင်ငံက ယာယီ လက်ခံထားတဲ့ ဒုက္ခသည် အများစုဟာ UNHCR ထုတ်ပေးထားတဲ့ ဒုက္ခသည် မှတ်ပုံတင်ကိုင်ဆောင်ထား သူတွေ ဖြစ်တာကြောင့် UNHCR အဖွဲ့အောက်မှာ ဒုက္ခသည်ဆိုင်ရာ အခွင့်အရေးခံစားခွင့် ရှိနေသူတွေ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အင်ဒိုနီးရှားနိုင်ငံက Amnesty International Indonesia လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ ကလည်း အခုရောက်ရှိနေတဲ့ ဒုက္ခသည်တွေရဲ့ အခွင်အရေးတွေကို အကာအကွယ်ပေးဖို့ အင်ဒိုနီးရှား ဗဟို အစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ကမ်းကပ်ခွင့်မရဘဲ ပင်လယ်ထဲမှာ မျောနေဆဲ ဖြစ်တဲ့ တခြား ဒုက္ခသည်တွေရဲ့ အသက်ကို ကယ်တင်ဖို့ ဒေသဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အမြန်ဆုံး ကျင်းပပေးဖို့ကိုလည်း Amnesty International Indonesia ကတောင်းဆိုထားပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့ ဒုက္ခသည်တွေကိုပြန်စီစစ်လက်ခံသွားဖို့ ကတိပြုထားပါတယ်။

XS
SM
MD
LG