သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္ဒိုနီးရွားေရာက္ ေလွစီးေျပး ႐ုိဟင္ဂ်ာေတြကို COVID-19 စစ္ေဆး


အင္ဒုိနီးရွားေရာက္ ေလွစီးေျပး ႐ုိဟင္ဂ်ာဒုကၡသည္မ်ား။ (ဇြန္ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

အင္ဒုိနီးရွားႏုိင္ငံအထိ ေလွစီးေျပး ေရာက္လာၾကတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ ၁၀၀ နီးပါးကို ေဒသခံ တံငါသည္ေတြ ကယ္တင္ခဲ့ၿပီး ေလာေလာဆယ္ အာဏာပုိင္ေတြက ေနစရာေပး ေစာင့္ေရွာက္ထားသလို ကုိဗစ္ေရာဂါပုိးရွိမရွိ စစ္ေဆးေနတဲ့အေၾကာင္း AFP သတင္းကုိ အေျခခံၿပီး ကိုဉာဏ္ဝင္းေအာင္ တင္ျပထားပါတယ္။

၄ လနီးပါးၾကာ ပင္လယ္ျပင္ခရီးကုိ ႏွင္လာခဲ့ၾကတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ေတြဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ အင္ဒုိနီးရွားႏိုင္ငံ အာေခ်းျပည္နယ္ ကမ္း႐ုိးတန္းနားမွာ တဝဲလည္လည္ ျဖစ္ေနခဲ့တာပါ။ ကုိ႐ုိနာဗိုင္းရပ္စ္ အႏၱရာယ္ေၾကာင့္ ေဒသအာဏာပုိင္ေတြ သူတို႔ကို အင္ဒုိနီးရွားထဲ အဝင္မခံဘဲ ျငင္းဆန္ေနခ်ိန္မွာ လူသားခ်င္းစာနာစိတ္နဲ႔ အာဏာပုိင္ေတြအေပၚ ေဒါသထြက္ေနၾကတဲ့ Lhokseumawe ၿမဳိ႕ခံ တံငါသည္ေတြက ခေနာ္နီခေနာ္နဲ႔ ျဖစ္ေနတဲ့ ႐ုိဟင္ဂ်ာေလွကို ကမ္းစပ္အထိ ဆဲြတင္ခဲ့ၾကတာပါ။

ေလွေပၚပါလာတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ ၉၄ ဦးထဲမွာ အမ်ဳိးသမီးေတြ၊ ကိုယ္ဝန္သည္ေတြအျပင္ ကေလးငယ္ ၃၄ ဦးလည္း ပါဝင္ပါတယ္။ ေလွေပၚပါလာတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ Zian Burrahman က သူတို႔လာခဲ့ရတဲ့ ခရီးၾကမ္းကို ရွင္းျပပါတယ္။

“က်ေနာ္ ဘဂၤလားေဒ့ရွ္က လာတာပါ။ ဒီကိုေရာက္ဖုိ႔ ၄ လနီးပါး ၾကာပါတယ္။ ေလွထဲစေရာက္ေတာ့ လူက မူးေဝၿပီး ေနမေကာင္းျဖစ္သလို ခံစားရပါတယ္။ လႈိင္းလုံးႀကီးေတြေၾကာင့္ ေလွက အေပၚေျမာက္တက္သြားလိုက္၊ ျပန္က်လာလိုက္နဲ႔ ပင္လယ္ထဲ က်ေနာ္ ေနမေကာင္းျဖစ္ေနေတာ့ ဒီပင္လယ္ခရီးမွာ ေလွေပၚ လူဘယ္ႏွစ္ေယာက္ ေသသြားသလဲဆိုတာ က်ေနာ္ မသိပါဘူး။”

အင္ဒုိနီးရွား တံငါသည္ေတြ ကယ္တင္ခဲ့တဲ့ ေလွစီးေျပး ႐ုိဟင္ဂ်ာဒုကၡသည္တခ်ဳိ႕။ (ဇြန္ ၂၅၊ ၂၀၂၀)
အင္ဒုိနီးရွား တံငါသည္ေတြ ကယ္တင္ခဲ့တဲ့ ေလွစီးေျပး ႐ုိဟင္ဂ်ာဒုကၡသည္တခ်ဳိ႕။ (ဇြန္ ၂၅၊ ၂၀၂၀)


အင္ဒုိနီးရွား ေရတပ္အာဏာပိုင္ေတြ ဝင္ေရာက္တားဆီးတာ မလုပ္ခင္မွာ အာေခ်းေဒသခံေတြ ၾကာသပေတးေန႔က ကယ္တင္ခဲ့တဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ေတြကိုေတာ့ ေလာေလာဆယ္ ဆူမားထရားကၽြန္း ေျမာက္ဘက္ Lhokseumawe ၿမဳိ႕က လူဝင္မႈႀကီးၾကပ္ေရး ႐ုံးေဟာင္းတခုမွာ ေနရာခ်ထားေပးၿပီး အားလုံးကို ကိုဗစ္ေရာဂါပုိးစစ္ေဆးမႈ လုပ္ပါတယ္။ ေဒသအုပ္ခ်ဳပ္ေရးအဖဲြ႔ကလည္း ၾကက္ေျခနီအဖဲြ႔နဲ႔ ပူးေပါင္းၿပီး ႐ုိဟင္ဂ်ာဒုကၡသည္ေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ ေကာက္ယူသလုိ ႏွာေခါင္းစည္း၊ ေျခညႇပ္ဖိနပ္၊ မ်က္ႏွာသုပ္ပုဝါနဲ႔ အျခား တကုိယ္ေရသန္႔ရွင္းေရးသုံး ပစၥည္း အထုပ္ေလးေတြ ေဝေပးခဲ့ပါတယ္။

ဒီလ အေစာပုိင္းတုန္းကလည္း မေလးရွားႏုိင္ငံကုိ ဦးတည္ၿပီး ၄ လၾကာ ေလွစီးခရီး ႏွင္လာခဲ့တဲ့ ႐ုိဟင္ဂ်ာ ၃၀၀ ေက်ာ္ပါ ေလွတစင္းကို လန္ကာဝီကၽြန္းနားမွာ မေလးအာဏာပိုင္ေတြ ဖမ္းမိသြားၿပီး ယာယီကယ္တင္ခဲ့ခ်ိန္မွာ ေလွေပၚပါသူေတြထဲက ဒါဇင္နဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာေတြ လမ္းခုလပ္မွာ ေသဆုံးခဲ့ရတယ္လို႔ မေလးရွားကမ္းေျခေစာင့္တပ္ အရာရွိတဦးက ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔တုန္းက ေျပာဆိုပါတယ္။

အင္ဒုိနီးရွားကို အခုေရာက္လာတဲ့ ဒုကၡသည္ေလွေပၚက အသက္ ၅၀ အရြယ္ ႐ုိဟင္ဂ်ာအမ်ဳိးသား Rashid Ahmad ကေတာ့ လမ္းခရီးက အေျခအေနကို ေျပာျပပါတယ္။

“အေစာပုိင္းက ေလွေပၚမွာ စားစရာေတြရၿပီး ခဲြတမ္းနဲ႔ စားခဲ့ရပါတယ္။ အဲဒီေနာက္ က်ေနာ္တုိ႔ကို ေနာက္ထပ္ ေလွတစင္းေပၚ ေျပာင္းတင္ေပးလုိက္ၿပီး ေနာက္ပိုင္းမွာ ဒီပင္လယ္ျပင္ထဲ ေမ်ာလာခဲ့တာပါ။ က်ေနာ့္မွာ ဘာေမွ်ာ္လင့္ခ်က္မွ မရွိေတာ့ပါဘူး။ အလႅာဘုရားသခင္ကလဲြလို႔ အျခားလည္း ဘာမွ အားကိုးစရာ မရွိေတာ့ပါဘူး” လို႔ သူက ညည္းတြားပါတယ္။

ဒီ႐ုိဟင္ဂ်ာဒုကၡသည္ေတြကုိ အင္ဒုိနီးရွားေျမေပၚမွာ ယာယီခိုလႈံခြင့္ ေပးတာထက္ သူတို႔ကို ပင္လယ္ျပင္ထဲ ျပန္ႏွင္ထုတ္ဖို႔ ဆႏၵရွိေၾကာင္း Lhokseumawe ေဒသ ရဲတပ္ဖဲြ႔ အႀကီးအကဲက ၾကာသပေတးေန႔ အေစာပုိင္းမွာ ေျပာခဲ့ေပမယ့္ ဒီသေဘာထားကို ေဒသခံ တံငါသည္ေတြ ဆန္႔က်င္ေနတာ ႀကဳံရၿပီးေနာက္ အာဏာပိုင္ေတြရဲ႕ သေဘာထား ေပ်ာ့ေျပာင္းသြားခဲ့တာပါ။ အင္ဒုိနီးရွား ေဒသခံေတြရဲ႕ အခုလို ကယ္တင္ခဲ့တဲ့လုပ္ရပ္ကို Amnesty International (AI) လူ႔အခြင့္အေရးအဖဲြ႔ႀကီးကလည္း ခ်ီးက်ဴး ေျပာဆိုပါတယ္။

ျမန္မာႏိုင္ငံကေန ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးလာၾကတဲ့ ႐ုိဟင္ဂ်ာ ဒုကၡသည္ေတြဟာ လူေမွာင္ခိုပဲြစားေတြရဲ႕ ႀကဳိးပမ္းမႈနဲ႔ ဒုကၡသည္စခန္းေတြကတဆင့္ မေလးရွား၊ အင္ဒုိနီးရွားႏိုင္ငံေတြမွာ ခိုလႈံခြင့္ေတာင္းဖို႔ ေလွစီးခရီးနဲ႔ ႏွစ္စဥ္ သြားေရာက္ေလ့ရွိပါတယ္။ ျမန္မာအစိုးရကေတာ့ ႏိုင္ငံတကာမွာ ေျပာေနတဲ့ ႐ုိဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံ ပယ္ခ်ထားေပမယ့္ အဲဒီဒုကၡသည္ေတြ ေနရပ္ျပန္လာႏိုင္ေရးအတြက္ ႏုိင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္ေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

အင်ဒိုနီးရှားရောက် လှေစီးပြေး ရိုဟင်ဂျာတွေကို COVID-19 စစ်ဆေး

အင်ဒိုနီးရှားနိုင်ငံအထိ လှေစီးပြေး ရောက်လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ နီးပါးကို ဒေသခံ တံငါသည်တွေ ကယ်တင်ခဲ့ပြီး လောလောဆယ် အာဏာပိုင်တွေက နေစရာပေး စောင့်ရှောက်ထားသလို ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးနေတဲ့အကြောင်း AFP သတင်းကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

၄ လနီးပါးကြာ ပင်လယ်ပြင်ခရီးကို နှင်လာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းရိုးတန်းနားမှာ တဝဲလည်လည် ဖြစ်နေခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ဒေသအာဏာပိုင်တွေ သူတို့ကို အင်ဒိုနီးရှားထဲ အဝင်မခံဘဲ ငြင်းဆန်နေချိန်မှာ လူသားချင်းစာနာစိတ်နဲ့ အာဏာပိုင်တွေအပေါ် ဒေါသထွက်နေကြတဲ့ Lhokseumawe မြို့ခံ တံငါသည်တွေက ခနော်နီခနော်နဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာလှေကို ကမ်းစပ်အထိ ဆွဲတင်ခဲ့ကြတာပါ။

လှေပေါ်ပါလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၉၄ ဦးထဲမှာ အမျိုးသမီးတွေ၊ ကိုယ်ဝန်သည်တွေအပြင် ကလေးငယ် ၃၄ ဦးလည်း ပါဝင်ပါတယ်။လှေပေါ်ပါလာတဲ့ ရိုဟင်ဂျာဒုက္ခသည် Zian Burrahman က သူတို့လာခဲ့ရတဲ့ ခရီးကြမ်းကို ရှင်းပြပါတယ်။

“ကျနော် ဘင်္ဂလားဒေ့ရှ်က လာတာပါ။ ဒီကိုရောက်ဖို့ ၄ လနီးပါး ကြာပါတယ်။ လှေထဲစရောက်တော့ လူက မူးဝေပြီး နေမကောင်းဖြစ်သလို ခံစားရပါတယ်။ လှိုင်းလုံးကြီးတွေကြောင့် လှေက အပေါ်မြောက်တက်သွားလိုက်၊ ပြန်ကျလာလိုက်နဲ့ ပင်လယ်ထဲ ကျနော် နေမကောင်းဖြစ်နေတော့ ဒီပင်လယ်ခရီးမှာ လှေပေါ် လူဘယ်နှစ်ယောက် သေသွားသလဲဆိုတာ ကျနော် မသိပါဘူး။”

အင်ဒိုနီးရှား ရေတပ်အာဏာပိုင်တွေ ဝင်ရောက်တားဆီးတာ မလုပ်ခင်မှာ အာချေးဒေသခံတွေ ကြာသပတေးနေ့က ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိုတော့ လောလောဆယ် ဆူမားထရားကျွန်း မြောက်ဘက် Lhokseumawe မြို့က လူဝင်မှုကြီးကြပ်ရေး ရုံးဟောင်းတခုမှာနေရာချထားပေးပြီး အားလုံးကို ကိုဗစ်ရောဂါပိုးစစ်ဆေးမှု လုပ်ပါတယ်။ ဒေသအုပ်ချုပ်ရေးအဖွဲ့ကလည်း ကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းပြီး ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက် ကောက်ယူသလိုနှာခေါင်းစည်း၊ ခြေညှပ်ဖိနပ်၊ မျက်နှာသုပ်ပုဝါနဲ့ အခြား တကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်း အထုပ်လေးတွေ ဝေပေးခဲ့ပါတယ်။

ဒီလ အစောပိုင်းတုန်းကလည်း မလေးရှားနိုင်ငံကို ဦးတည်ပြီး ၄ လကြာ လှေစီးခရီး နှင်လာခဲ့တဲ့ ရိုဟင်ဂျာ ၃၀၀ ကျော်ပါ လှေတစင်းကို လန်ကာဝီကျွန်းနားမှာ မလေးအာဏာပိုင်တွေ ဖမ်းမိသွားပြီး ယာယီကယ်တင်ခဲ့ချိန်မှာ လှေပေါ်ပါသူတွေထဲက ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ လမ်းခုလပ်မှာ သေဆုံးခဲ့ရတယ်လို့ မလေးရှားကမ်းခြေစောင့်တပ် အရာရှိတဦးက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ပြောဆိုပါတယ်။

အင်ဒိုနီးရှားကို အခုရောက်လာတဲ့ ဒုက္ခသည်လှေပေါ်က အသက် ၅၀ အရွယ် ရိုဟင်ဂျာအမျိုးသား Rashid Ahmad ကတော့ လမ်းခရီးက အခြေအနေကိုပြောပြပါတယ်။

“အစောပိုင်းက လှေပေါ်မှာ စားစရာတွေရပြီး ခွဲတမ်းနဲ့ စားခဲ့ရပါတယ်။ အဲဒီနောက် ကျနော်တို့ကို နောက်ထပ် လှေတစင်းပေါ် ပြောင်းတင်ပေးလိုက်ပြီး နောက်ပိုင်းမှာ ဒီပင်လယ်ပြင်ထဲ မျောလာခဲ့တာပါ။ ကျနော့်မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး။ အလ္လာဘုရားသခင်ကလွဲလို့ အခြားလည်း ဘာမှ အားကိုးစရာ မရှိတော့ပါဘူး” လို့ သူက ညည်းတွားပါတယ်။

ဒီရိုဟင်ဂျာဒုက္ခသည်တွေကို အင်ဒိုနီးရှားမြေပေါ်မှာ ယာယီခိုလှုံခွင့် ပေးတာထက် သူတို့ကို ပင်လယ်ပြင်ထဲ ပြန်နှင်ထုတ်ဖို့ ဆန္ဒရှိကြောင်း Lhokseumawe ဒေသ ရဲတပ်ဖွဲ့ အကြီးအကဲက ကြာသပတေးနေ့ အစောပိုင်းမှာ ပြောခဲ့ပေမယ့် ဒီသဘောထားကို ဒေသခံ တံငါသည်တွေ ဆန့်ကျင်နေတာ ကြုံရပြီးနောက် အာဏာပိုင်တွေရဲ့ သဘောထား ပျော့ပြောင်းသွားခဲ့တာပါ။ အင်ဒိုနီးရှား ဒေသခံတွေရဲ့ အခုလို ကယ်တင်ခဲ့တဲ့လုပ်ရပ်ကို Amnesty International (AI) လူ့အခွင့်အရေးအဖွဲ့ကြီးကလည်း ချီးကျူး ပြောဆိုပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ လူမှောင်ခိုပွဲစားတွေရဲ့ ကြိုးပမ်းမှုနဲ့ ဒုက္ခသည်စခန်းတွေကတဆင့် မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေမှာ ခိုလှုံခွင့်တောင်းဖို့ လှေစီးခရီးနဲ့ နှစ်စဉ် သွားရောက်လေ့ရှိပါတယ်။ မြန်မာအစိုးရကတော့ နိုင်ငံတကာမှာ ပြောနေတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထားပေမယ့် အဲဒီဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG