သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပင္လယ္တြင္းေမ်ာေနတဲ့ စက္ေလွေတြေပၚက ႐ိုဟင္ဂ်ာေတြကို ကူညီဖို႔ AI အဖြဲ႔ တိုက္တြန္း


မေလးရွားေရပုိင္နက္အတြင္း ဖမ္းဆီးမိသည့္ ႐ိုဟင္ဂ်ာဒုကၡသည္မ်ား တင္ေဆာင္လာသည့္ ေလွတစီး။ (ဧၿပီ ၅၊ ၂၀၂၀)

(Zawgyi / Unicode)

႐ိုဟင္ဂ်ာ ၁,၀၀၀ ထက္မနည္းဟာ ဘယ္ကမ္းမွ ကပ္ခြင့္မရဘဲ ပင္လယ္ထဲမွာပဲ ရွိေနၾကတယ္လို႔ AI ႏုိင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႔က ေသာၾကာေန႔မွာ ေျပာပါတယ္။

ဒီလူေတြ ပင္လယ္ျပင္ထဲမွာ အသက္မဆံုး႐ႈံးရေအာင္ ႏုိင္ငံေတြအေနနဲ႔ လုပ္ေဆာင္ေပးၾကဖို႔လည္း တိုက္တြန္းထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏံွံ႔ကူးစက္မႈကို တားဆီးတဲ့အေနနဲ႔ အေရွ႕ေတာင္အာရွႏုိင္ငံေတြက သူတို႔ရဲ႕ နယ္စပ္ေတြကို တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္ထားတဲ့အတြက္ ဒီ႐ိုဟင္ဂ်ာေတြ ကမ္းကပ္ခြင့္မရဘဲ ျဖစ္ေနၾကတာပါ။

႐ုိဟင္ဂ်ာေတြကို တင္ေဆာင္ထားတဲ့ စက္ေလွ ၂ စင္းထက္မနည္း အင္ဒိုနီးရွားႏုိင္ငံ အာေခ်းျပည္နယ္ကမ္းလြန္မွာ ရွိေနတယ္လို႔ ယူဆရေၾကာင္း လူ႔အခြင့္အေရး အဖဲြ႔ေတြက ေျပာပါတယ္။ ဒါေပမယ့္လည္း အင္ဒိုိနီးရွား အာဏာပိုင္ေတြကေတာ့ သူတုိ႔ဆီမွာ ဘာသတင္းအခ်က္အလက္မွ ရွင္းရွင္းလင္းလင္း မရွိဘူးလို႔ ေျပာပါတယ္။

အင္ဒိုနီးရွားေရတပ္ အေနာက္ပိုင္း စစ္သေဘၤာအုပ္စု ေျပာခြင့္ရလည္းျဖစ္၊ အာေခ်းျပည္နယ္ ေဘးဒုကၡကယ္ဆယ္ေရးဌာနရဲ႕ ေျပာခြင့္ရေတြကလည္း အဲဒီစက္ေလွေတြရဲ႕ ေနရာအတိအက်ကို သိႏုိင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ ႐ုိက္တာသတင္းဌာနကို ေျပာပါတယ္။

တျခားစက္ေလွ ၂ စင္းမွာပါတဲ့ ဒုကၡသည္ေတြကေတာ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံကို ၿပီးခဲ့တဲ့ ဧၿပီလလယ္ပိုင္းက ေရာက္သြားခဲ့ပါတယ္။ သူတို႔ဟာ ပင္လယ္ထဲမွာ သီတင္းပတ္ အေတာ္ၾကာခဲ့တာေၾကာင့္ အေတာ္မ်ားမ်ားဟာ အစာေရစာ ငတ္ျပတ္တာနဲ႔ ခ်ည့္နဲ႔တဲ့ဒဏ္ေတြကို ခံခဲ့ရၿပီး သူတို႔ထဲက ဒါဇင္နဲ႔ခ်ီၿပီး ပင္လယ္ထဲမွာ ေသဆုံးခဲ့တယ္လို႔ စက္ေလွေပၚမွာ ပါတဲ့သူေတြက ေျပာပါတယ္။

AI အဖဲြ႔ရဲ႕ အေရွ႕ေတာင္အာရွေဒသဆုိင္ရာ တာ၀န္ရွိသူတဦးျဖစ္တဲ့ Saad Hammadi ကေတာ့ ဒုကၡသည္ေတြဟာ စက္ေလွေပၚမွာ အစားအစာနဲ႔ ေရမရဘဲ သီတင္းပတ္ေပါင္းမ်ားစြာ ေမ်ာေနတာ ျဖစ္ႏုိင္တယ္လို႔ လူသားခ်င္းစာနာမႈ ကူညီေပးေရး အဖဲြ႔ေတြနဲ႔ ေဒသခံသတင္းေတြကို ကိုးကားၿပီး ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------------

(Unicode)

ပင်လယ်တွင်းမျောနေတဲ့ စက်လှေတွေပေါ်က ရိုဟင်ဂျာတွေကို ကူညီဖို့ AI အဖွဲ့ တိုက်တွန်း

ရိုဟင်ဂျာ ၁,၀၀၀ ထက်မနည်းဟာ ဘယ်ကမ်းမှ ကပ်ခွင့်မရဘဲ ပင်လယ်ထဲမှာပဲ ရှိနေကြတယ်လို့ AI နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က သောကြာနေ့မှာ ပြောပါတယ်။

ဒီလူတွေ ပင်လယ်ပြင်ထဲမှာ အသက်မဆုံးရှုံးရအောင် နိုင်ငံတွေအနေနဲ့ လုပ်ဆောင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နံှံ့ကူးစက်မှုကို တားဆီးတဲ့အနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေက သူတို့ရဲ့ နယ်စပ်တွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့အတွက် ဒီရိုဟင်ဂျာတွေ ကမ်းကပ်ခွင့်မရဘဲ ဖြစ်နေကြတာပါ။

ရိုဟင်ဂျာတွေကို တင်ဆောင်ထားတဲ့ စက်လှေ ၂ စင်းထက်မနည်း အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းလွန်မှာ ရှိနေတယ်လို့ ယူဆရကြောင်း လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။ ဒါပေမယ့်လည်း အင်ဒိုနီးရှား အာဏာပိုင်တွေကတော့ သူတို့ဆီမှာ ဘာသတင်းအချက်အလက်မှ ရှင်းရှင်းလင်းလင်း မရှိဘူးလို့ ပြောပါတယ်။

အင်ဒိုနီးရှားရေတပ် အနောက်ပိုင်း စစ်သင်္ဘောအုပ်စု ပြောခွင့်ရလည်းဖြစ်၊ အာချေးပြည်နယ် ဘေးဒုက္ခကယ်ဆယ်ရေးဌာနရဲ့ ပြောခွင့်ရတွေကလည်း အဲဒီစက်လှေတွေရဲ့ နေရာအတိအကျကို သိနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

တခြားစက်လှေ ၂ စင်းမှာပါတဲ့ ဒုက္ခသည်တွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းက ရောက်သွားခဲ့ပါတယ်။ သူတို့ဟာ ပင်လယ်ထဲမှာ သီတင်းပတ် အတော်ကြာခဲ့တာကြောင့် အတော်များများဟာ အစာရေစာ ငတ်ပြတ်တာနဲ့ ချည့်နဲ့တဲ့ဒဏ်တွေကို ခံခဲ့ရပြီး သူတို့ထဲက ဒါဇင်နဲ့ချီပြီး ပင်လယ်ထဲမှာ သေဆုံးခဲ့တယ်လို့ စက်လှေပေါ်မှာ ပါတဲ့သူတွေက ပြောပါတယ်။

AI အဖွဲ့ရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ တာဝန်ရှိသူတဦးဖြစ်တဲ့ Saad Hammadi ကတော့ ဒုက္ခသည်တွေဟာ စက်လှေပေါ်မှာ အစားအစာနဲ့ ရေမရဘဲ သီတင်းပတ်ပေါင်းများစွာ မျောနေတာ ဖြစ်နိုင်တယ်လို့ လူသားချင်းစာနာမှု ကူညီပေးရေး အဖွဲ့တွေနဲ့ ဒေသခံသတင်းတွေကို ကိုးကားပြီး ပြောပါတယ်။

XS
SM
MD
LG