သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရိုဟင္ဂ်ာစခန္းတြင္း ကိုဗစ္ကူးစက္မႈတိုးလို႔ ဒုကၡသည္ေတြ စိုးရိမ္


ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox's Bazar ေဒသရွိ Kutupalong ဒုကၡသည္စခန္းအနီးမွာ ေတြ႔ရတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္တခ်ိဳ႕။ (ဧၿပီ ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာေတြေနထိုင္တဲ့ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြထဲက COVID 19 ကူးစက္ခံရမႈ ေနာက္ဆံုးအေျခအေနနဲ႔ ဒုကၡသည္ေတြရဲ႕ စိုးရိမ္ခ်က္ေတြကို စုစည္းတင္ျပခ်င္ပါတယ္။ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က ေျပာျပေပးပါမယ္။

သိန္းခ်ီတ့ဲ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ခိုလံႈေနထိုင္ရာ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ ရွိတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္စခန္းေတြထဲ ကမာၻ႔ကပ္ေရာဂါ ကူးစက္ျပန္႔ပြားလာမွာကို စိုးရိမ္ေနၾကခ်ိန္မွာပဲ အနည္းဆံုး ႐ိုဟင္ဂ်ာဒုကၡသည္ ၇၂၄ ဦးကို ကိုဗစ္ေရာဂါပိုးရွိ-မရွိ စစ္ေဆးခဲ့ၿပီးတဲ့ေနာက္ COVID-19 ေရာဂါပိုးကူးစက္ခံထားရသူ ဒုကၡသည္ ၅၄ ဦးအထိရွိေနၿပီး ဒုကၡသည္စခန္းတြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ မျပန္႔ပြားေအာင္ ေအာင္ျမင္စြာ ထိန္းခ်ဳပ္ႏုိင္ခဲ့တယ္လို႔ ဘဂၤလားေဒ့ရွ္အာဏာပိုင္ကို ကိုးကားၿပီး AFP သတင္းက ဇူလိုင္လ ၇ ရက္ေန႔ ရက္စြဲနဲ႔ ေဖာ္ျပပါရွိပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox's Bazar ေဒသရွိ Kutupalong ဒုကၡသည္စခန္းအနီးမွာ အစားအေသာက္ေတြ ယူဖို႔ တန္းစီေနတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္တခ်ိဳ႕။ (ဧၿပီ ၁၅၊ ၂၀၂၀)
ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox's Bazar ေဒသရွိ Kutupalong ဒုကၡသည္စခန္းအနီးမွာ အစားအေသာက္ေတြ ယူဖို႔ တန္းစီေနတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္တခ်ိဳ႕။ (ဧၿပီ ၁၅၊ ၂၀၂၀)

ဒါေပမဲ့လည္း သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ စုျပံဳေနထိုင္ရာ စခန္းအသီးသီးမွာေတာ့ အခုအခ်ိန္ စည္းကမ္းခ်က္ေတြ တင္းက်ပ္စြာ ခ်မွတ္ထားဆဲျဖစ္ၿပီး စခန္းတြင္းနဲ႔ စခန္းျပင္ပ ကူးလူးဆက္ဆံမႈ ပိတ္ပင္တာ လူစုလူေဝး လုပ္ခြင့္မေပးတာ ငါးဦးထက္ ေက်ာ္လြန္ၿပီး ဝတ္ျပဳဆုေတာင္းခြင့္မျပဳတာအပါအဝင္ အခုအခ်ိန္ထိ ဒုကၡသည္စခန္းေတြထဲမွာလည္း လူစုလူေဝးနဲ႔ လႈပ္ရွားသြားလာမႈေတြကို တင္းတင္းၾကပ္ၾကပ္ ကန္႔သတ္ပိတ္ပင္ထားဆဲျဖစ္တယ္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ေျပာပါတယ္။

အခုအခ်ိန္အထိ ကိုဗစ္ေရာဂါစစ္ေဆးတာအပါအဝင္ Quarantine ေနထိုင္ဖို႔ အသြားအလာကန္႔သတ္မႈေတြကို ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြထဲမွာ စိုးရိမ္တၾကီးေၾကာက္လန္႔မႈေတြနဲ႔ ပုန္းေရွာင္ေနၾကတာေၾကာင့္ မလိုလားအပ္တာေတြမျဖစ္ေအာင္ ဘာသာေရးေခါင္းေဆာင္ေတြနဲ႔ ႐ိုဟင္ဂ်ာ ဒုကၡသည္အခ်င္းခ်င္းကပဲ ပညာေပးစည္း႐ံုးမႈေတြ လုပ္သင့္ပါတယ္လို႔ ကုတုပေလာင္ဒုကၡသည္စခန္းေန ႐ိုဟင္ဂ်ာဒုကၡသည္တဦးျဖစ္တဲ့ ဦးေအာင္ျမိဳင္က အၾကံျပဳပါတယ္။

"စခန္းေတြကို အသံခ်ဲ႕စက္နဲ႔ လိုက္လံၿပီးေတာ့ အသိပညာေပးတာရွိပါတယ္ ၿပီးေတာ့-NGO INGO ေတြဘက္ကလည္း အသိပညာေပးတာလည္းရွိပါတယ္။ ဒါေပမဲ့ ဒီ့ထက္အမ်ားၾကီး ပညာေပးဖို႔လည္းလိုတယ္။ ၿပီးေတာ့ isolation အပိုင္း Quarantine အပိုင္းေတြလည္း လူေတြကို ဥပမာအားျဖင့္ ဘာသာေရးေခါင္းေဆာင္ေတြေပါ့ေနာ္ စစ္တေကာင္းတို႔ ဒါကာတို႔ကေန ေမာ္လဝီေခါင္းေဆာင္ေတြေရာ ဒီက ဘာသာေရးေခါင္းေဆာင္ေတြကိုလည္းေခၚၿပီးေတာ့ အဲ့လိုေဆြးေႏြးမႈေတြေပးမယ္ဆိုရင္ အသိပညာေပးမယ္ ဆိုလို႔ရွိရင္ ပိုၿပီးေတာ့ ေကာင္းတာေပါ့။ ဒါေပမဲ့ ကၽြမ္းက်င္တဲ့ပညာရွင္ေတြကိုလည္း ေခၚလာရမွာ။ ေနာက္ေနာက္ ကမ့္ေတြထဲမွာ တခ်ိဳ႕ေတြရွိတယ္ ျမန္မာျပည္မွာတုန္းက NGO ေတြ အလုပ္ လုပ္ခဲ့တဲ့သူေတြရွိတယ္။ သူတို႔က ဒီမွာ ဒုကၡသည္စခန္းေတြမွာက်ေတာ့ ေစတနာ့ဝန္ထမ္းအေနနဲ႔ အဲ့လိုမ်ိဳး ကၽြမ္းက်င္မႈရွိတဲ့လူေတြကို ခန္႔မယ္ဆိုရင္လည္း သူတို႔က လူေတြကို နားလည္ေအာင္ ရွင္းျပလို႔ရမွာပါ။"

အထူးသျဖင့္ ကိုဗစ္ေရာဂါပိုးရွိခဲ့မယ္ဆိုရင္ စခန္းေတြနဲ႔ေဝးရာ ကၽြန္းေတြဆီ သီးျခားပို႔ေဆာင္ခံရမွာကိုလည္း စိုးရိမ္တာေၾကာင့္ ဒုကၡသည္ေတြက အစစ္မခံရဲဘဲ ပုန္းေရွာင္ေနၾကတာျဖစ္ပါတယ္။

ဒါ့အျပင္ ကိုဗစ္ကာလအတြင္း အသြားအလာေတြကန္႔သတ္ထားတာ တဦးနဲ႔ တဦး ခပ္ခြာခြာေနဖို႔ Social Distancing ေတြ ကမ့္ထဲမွာ တင္းၾကပ္စြာ စည္းမ်ဥ္းထုတ္ထားတဲ့အခ်ိန္မွာ ဒုကၡသည္ေတြၾကား အိမ္တြင္းအၾကမ္းဖက္မႈေတြနဲ႔ မိသားစုထဲအဆင္မေျပမႈေတြ မ်ားလာတဲ့အတြက္ ဦးေအာင္ၿမိဳင္တို႔လို ေစတနာ့ဝန္ထမ္းေတြဘက္က က်ားမတန္းတူေရးနဲ႔ အိမ္တြင္းအၾကမ္းဖက္မႈ မျဖစ္ေအာင္ ပညာေပး ေျဖာင္းျဖေဆြးေႏြးမႈေတြ လုပ္ေနပါတယ္။

"အဓိက ကိုဗစ္ကာလမွာ Domestic Violence ျဖစ္တာမ်ားတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေယာက္က်ားမွာလည္း အလုပ္မရွိဘူး အိမ္ထဲမွာပဲေနရတယ္ဆိုေတာ့-စိတ္က Pressure ေတြ မ်ားတာေပါ့ေနာ္။ ဒါေၾကာင့္ ဒီမွာ Domestic Violence ေတြ မ်ားလာတယ္။ မ်ားတယ္ဆိုေတာ့ဒီကိုဗစ္ကာလမွာ ဒီလိုအႏၱရာယ္ေတြကေန ကင္းလြတ္ေအာင္ က်ားေရာ၊ မေရာ အလုပ္ကို ခြဲေဝၿပီးေတာ့ လုပ္ရမယ္။ အဖြားအို၊ အဖိုးအို အိမ္မွာရွိမယ္ဆိုရင္ ႏွစ္ဘက္စလံုးက မိန္းမေရာ၊ ေယာက်္ားေရာက ခြဲေဝၿပီးေတာ့ တာဝန္ယူ အလုပ္လုပ္ဖို႔။ ၿပီးေတာ့ ကေလးေလးေတြရွိတယ္ဆိုရင္ အဲ့ဒီ့ကေလးေတြကို ႏွစ္ေယာက္စလံုးက အတူတကြ ကာကြယ္ေစာင့္ေရွာက္ဖို႔ က်ေနာ္တို႔က အဲ့လိုစနစ္ေတြနဲ႔ပညာေပးတာရွိပါတယ္။"

ဒုကၡသည္စခန္းေတြထဲမွာ ကိုဗစ္ကူးစက္မႈ အေျခအေန ဆိုးလာမွာကို နဂိုကမွ ဒုကၡသည္ေတြက စိုးရိမ္ေနၾကရတဲ့အထဲ အခုလိုကူးစက္မႈေတြျဖစ္လာခ်ိန္ စစ္တပ္နဲ႔ ရဲလံုျခံဳေရးေတြအပါအဝင္ ကမ့္တာဝန္ရွိသူေတြဘက္က ဒုကၡသည္ေတြၾကား အသြားအလာ အဝင္အထြက္ ပိတ္ပင္တားဆီးမႈေတြနဲ႔ တင္းတင္းၾကပ္ၾကပ္ စစ္ေဆးေနဆဲအေျခအေနေၾကာင့္ ဒုကၡသည္ေတြက ပိုၿပီးေတာ့ စိုးရိမ္ထိတ္လန္႔ေနၾကတယ္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္ ကိုကာေမလ္က ေျပာျပပါတယ္။

"COVID 19 ကာလမွာကေတာ့ စခန္းေတြထဲမွာ အကုန္လံုး Lockdown နဲ႔ေနေနၾကရတာ ဒုကၡသည္စခန္းထဲ အျပင္ကို လံုးဝ ထြက္လို႔မရဘူး။ ဒုကၡသည္စခန္းထဲ အင္မတန္ကို က်ဥ္းၾကပ္တဲ့ ေနရာတေနရာမွာ ေနၾကရတယ္ဆိုေတာ့ က်ေနာ္တို႔က ဒီမွာ သိပ္ၾကာၾကာ မေနခ်င္ၾကေတာ့ဘူး။ကေလးေတြလည္း ပညာေရးစနစ္က မရေတာ့ ေတာ္ေတာ္ပ်က္စီးေနၾကၿပီ။ ဒီမွာေနၾကရတာ သံုးႏွစ္ေတာင္ေက်ာ္ၿပီ။ အဲ့တာေၾကာင့္မို႔လို႔ ျမန္မာႏုိင္ငံ အစိုးရအေနနဲ႔ အထူးသျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ကို ေတာင္းဆိုခ်င္တာ တခုပဲရွိပါတယ္။ အျမန္ဆံုး တန္းတူအခြင့္အေရးေပးၿပီးေတာ့ ျပန္ေခၚမယ္ဆိုရင္ ပိုၿပီးေတာ့ က်ေနာ္တို႔အတြက္ အဆင္ေျပမယ္လို႔။"

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္တုန္းက ရခုိင္ျပည္နယ္ေျမာက္ပိုင္းမွာ အၾကမ္းဖက္တိုက္ခိုက္မႈေတြရဲ႕ေနာက္ဆက္တြဲ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးေတြအတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ရွိခဲ့တာေၾကာင့္ အဲဒီမွာရွိတဲ့ ႐ုိဟင္ဂ်ာေတြ သိန္းနဲ႔ခ်ီၿပီး ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ကို ထြက္ေျပးတိမ္းေရွာင္ ခိုလံႈေနၾကရတာပါ။ ႐ိုဟင္ဂ်ာဆိုတဲ့အသံုးကို လက္မခံထားတဲ့ ျမန္မာအစိုးရဘက္ကေတာ့ ဒုကၡသည္ေတြ လက္ခံေရး ေဆာင္ရြက္ခ်က္သေဘာတူညီမႈေတြနဲ႔ ေဆာင္ရြက္ေနဆဲျဖစ္ပါတယ္။

အခုလက္ရွိ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာေတာ့ ဇူလိုင္လ ၇ ရက္ေန႔အထိ ေနာက္ဆံုးထုတ္ျပန္တဲ့စာရင္းအရ COVID 19 ကူးစက္သူေပါင္း ၁၇၀,၀၀၀ နီးပါးနဲ႔ ေသဆံုးသူေပါင္းက ၂,၁၀၀ ေက်ာ္အထိ ရွိသြားၿပီျဖစ္ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာစခန်းတွင်း ကိုဗစ်ကူးစက်မှုတိုးလို့ ဒုက္ခသည်တွေ စိုးရိမ်

သိန်းချီတဲ့ ရိုဟင်ဂျာတွေနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက COVID 19 ကူးစက်ခံရမှု နောက်ဆုံးအခြေအနေနဲ့ ဒုက္ခသည်တွေရဲ့ စိုးရိမ်ချက်တွေကို စုစည်းတင်ပြချင်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မဆုမွန်က ပြောပြပေးပါမယ်။

သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားလာမှာကို စိုးရိမ်နေကြချိန်မှာပဲ အနည်းဆုံး ရိုဟင်ဂျာဒုက္ခသည် ၇၂၄ ဦးကို ကိုဗစ်ရောဂါပိုးရှိ-မရှိ စစ်ဆေးခဲ့ပြီးတဲ့နောက် COVID-19 ရောဂါပိုးကူးစက်ခံထားရသူ ဒုက္ခသည် ၅၄ ဦးအထိရှိနေပြီး ဒုက္ခသည်စခန်းတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် မပြန့်ပွားအောင် အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်ကို ကိုးကားပြီး AFP သတင်းက ဇူလိုင်လ ၇ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြပါရှိပါတယ်။

ဒါပေမဲ့လည်း သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ စုပြုံနေထိုင်ရာ စခန်းအသီးသီးမှာတော့ အခုအချိန် စည်းကမ်းချက်တွေ တင်းကျပ်စွာ ချမှတ်ထားဆဲဖြစ်ပြီး စခန်းတွင်းနဲ့ စခန်းပြင်ပ ကူးလူးဆက်ဆံမှု ပိတ်ပင်တာ လူစုလူဝေး လုပ်ခွင့်မပေးတာ ငါးဦးထက် ကျော်လွန်ပြီး ဝတ်ပြုဆုတောင်းခွင့်မပြုတာအပါအဝင် အခုအချိန်ထိ ဒုက္ခသည်စခန်းတွေထဲမှာလည်း လူစုလူဝေးနဲ့ လှုပ်ရှားသွားလာမှုတွေကို တင်းတင်းကြပ်ကြပ် ကန့်သတ်ပိတ်ပင်ထားဆဲဖြစ်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

အခုအချိန်အထိ ကိုဗစ်ရောဂါစစ်ဆေးတာအပါအဝင် Quarantine နေထိုင်ဖို့ အသွားအလာကန့်သတ်မှုတွေကို ရိုဟင်ဂျာ ဒုက္ခသည်တွေထဲမှာ စိုးရိမ်တကြီးကြောက်လန့်မှုတွေနဲ့ ပုန်းရှောင်နေကြတာကြောင့် မလိုလားအပ်တာတွေမဖြစ်အောင် ဘာသာရေးခေါင်းဆောင်တွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်အချင်းချင်းကပဲ ပညာပေးစည်းရုံးမှုတွေ လုပ်သင့်ပါတယ်လို့ ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်တဦးဖြစ်တဲ့ ဦးအောင်မြိုင်က အကြံပြုပါတယ်။

"စခန်းတွေကို အသံချဲ့စက်နဲ့ လိုက်လံပြီးတော့ အသိပညာပေးတာရှိပါတယ် ပြီးတော့-NGO INGO တွေဘက်ကလည်း အသိပညာပေးတာလည်းရှိပါတယ်။ ဒါပေမဲ့ ဒီ့ထက်အများကြီး ပညာပေးဖို့လည်းလိုတယ်။ ပြီးတော့ isolation အပိုင်း Quarantine အပိုင်းတွေလည်း လူတွေကို ဥပမာအားဖြင့် ဘာသာရေးခေါင်းဆောင်တွေပေါ့နော် စစ်တကောင်းတို့ ဒါကာတို့ကနေ မော်လဝီခေါင်းဆောင်တွေရော ဒီက ဘာသာရေးခေါင်းဆောင်တွေကိုလည်းခေါ်ပြီးတော့ အဲ့လိုဆွေးနွေးမှုတွေပေးမယ်ဆိုရင် အသိပညာပေးမယ် ဆိုလို့ရှိရင် ပိုပြီးတော့ ကောင်းတာပေါ့။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ပညာရှင်တွေကိုလည်း ခေါ်လာရမှာ။ နောက်နောက် ကမ့်တွေထဲမှာ တချို့တွေရှိတယ် မြန်မာပြည်မှာတုန်းက NGO တွေ အလုပ် လုပ်ခဲ့တဲ့သူတွေရှိတယ်။ သူတို့က ဒီမှာ ဒုက္ခသည်စခန်းတွေမှာကျတော့ စေတနာ့ဝန်ထမ်းအနေနဲ့ အဲ့လိုမျိုး ကျွမ်းကျင်မှုရှိတဲ့လူတွေကို ခန့်မယ်ဆိုရင်လည်း သူတို့က လူတွေကို နားလည်အောင် ရှင်းပြလို့ရမှာပါ။"

အထူးသဖြင့် ကိုဗစ်ရောဂါပိုးရှိခဲ့မယ်ဆိုရင် စခန်းတွေနဲ့ဝေးရာ ကျွန်းတွေဆီ သီးခြားပို့ဆောင်ခံရမှာကိုလည်း စိုးရိမ်တာကြောင့် ဒုက္ခသည်တွေက အစစ်မခံရဲဘဲ ပုန်းရှောင်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလအတွင်း အသွားအလာတွေကန့်သတ်ထားတာ တဦးနဲ့ တဦး ခပ်ခွာခွာနေဖို့ Social Distancing တွေ ကမ့်ထဲမှာ တင်းကြပ်စွာ စည်းမျဉ်းထုတ်ထားတဲ့အချိန်မှာ ဒုက္ခသည်တွေကြား အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ မိသားစုထဲအဆင်မပြေမှုတွေ များလာတဲ့အတွက် ဦးအောင်မြိုင်တို့လို စေတနာ့ဝန်ထမ်းတွေဘက်က ကျားမတန်းတူရေးနဲ့ အိမ်တွင်းအကြမ်းဖက်မှု မဖြစ်အောင် ပညာပေး ဖြောင်းဖြဆွေးနွေးမှုတွေ လုပ်နေပါတယ်။

"အဓိက ကိုဗစ်ကာလမှာ Domestic Violence ဖြစ်တာများတယ်။ ဘာကြောင့်လဲဆိုတော့ ယောက်ကျားမှာလည်း အလုပ်မရှိဘူး အိမ်ထဲမှာပဲနေရတယ်ဆိုတော့-စိတ်က Pressure တွေ များတာပေါ့နော်။ ဒါကြောင့် ဒီမှာ Domestic Violence တွေ များလာတယ်။ များတယ်ဆိုတော့ဒီကိုဗစ်ကာလမှာ ဒီလိုအန္တရာယ်တွေကနေ ကင်းလွတ်အောင် ကျားရော၊ မရော အလုပ်ကို ခွဲဝေပြီးတော့ လုပ်ရမယ်။ အဖွားအို၊ အဖိုးအို အိမ်မှာရှိမယ်ဆိုရင် နှစ်ဘက်စလုံးက မိန်းမရော၊ ယောကျ်ားရောက ခွဲဝေပြီးတော့ တာဝန်ယူ အလုပ်လုပ်ဖို့။ ပြီးတော့ ကလေးလေးတွေရှိတယ်ဆိုရင် အဲ့ဒီ့ကလေးတွေကို နှစ်ယောက်စလုံးက အတူတကွ ကာကွယ်စောင့်ရှောက်ဖို့ ကျနော်တို့က အဲ့လိုစနစ်တွေနဲ့ပညာပေးတာရှိပါတယ်။"

ဒုက္ခသည်စခန်းတွေထဲမှာ ကိုဗစ်ကူးစက်မှု အခြေအနေ ဆိုးလာမှာကို နဂိုကမှ ဒုက္ခသည်တွေက စိုးရိမ်နေကြရတဲ့အထဲ အခုလိုကူးစက်မှုတွေဖြစ်လာချိန် စစ်တပ်နဲ့ ရဲလုံခြုံရေးတွေအပါအဝင် ကမ့်တာဝန်ရှိသူတွေဘက်က ဒုက္ခသည်တွေကြား အသွားအလာ အဝင်အထွက် ပိတ်ပင်တားဆီးမှုတွေနဲ့ တင်းတင်းကြပ်ကြပ် စစ်ဆေးနေဆဲအခြေအနေကြောင့် ဒုက္ခသည်တွေက ပိုပြီးတော့ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည် ကိုကာမေလ်က ပြောပြပါတယ်။

"COVID 19 ကာလမှာကတော့ စခန်းတွေထဲမှာ အကုန်လုံး Lockdown နဲ့နေနေကြရတာ ဒုက္ခသည်စခန်းထဲ အပြင်ကို လုံးဝ ထွက်လို့မရဘူး။ ဒုက္ခသည်စခန်းထဲ အင်မတန်ကို ကျဉ်းကြပ်တဲ့ နေရာတနေရာမှာ နေကြရတယ်ဆိုတော့ ကျနော်တို့က ဒီမှာ သိပ်ကြာကြာ မနေချင်ကြတော့ဘူး။ကလေးတွေလည်း ပညာရေးစနစ်က မရတော့ တော်တော်ပျက်စီးနေကြပြီ။ ဒီမှာနေကြရတာ သုံးနှစ်တောင်ကျော်ပြီ။ အဲ့တာကြောင့်မို့လို့ မြန်မာနိုင်ငံ အစိုးရအနေနဲ့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုချင်တာ တခုပဲရှိပါတယ်။ အမြန်ဆုံး တန်းတူအခွင့်အရေးပေးပြီးတော့ ပြန်ခေါ်မယ်ဆိုရင် ပိုပြီးတော့ ကျနော်တို့အတွက် အဆင်ပြေမယ်လို့။"

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့နောက်ဆက်တွဲ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တာကြောင့် အဲဒီမှာရှိတဲ့ ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရတာပါ။ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံထားတဲ့ မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေ လက်ခံရေး ဆောင်ရွက်ချက်သဘောတူညီမှုတွေနဲ့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

အခုလက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ဇူလိုင်လ ၇ ရက်နေ့အထိ နောက်ဆုံးထုတ်ပြန်တဲ့စာရင်းအရ COVID 19 ကူးစက်သူပေါင်း ၁၇၀,၀၀၀ နီးပါးနဲ့ သေဆုံးသူပေါင်းက ၂,၁၀၀ ကျော်အထိ ရှိသွားပြီဖြစ်ပါတယ်ရှင်။

XS
SM
MD
LG