သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပဋိပက္ခအရေး နိုင်ငံတကာ တရားစီရင်ရေးနဲ့ မြန်မာပူးပေါင်းဖို့ ကုလတိုက်တွန်း


ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet (စက်တင်ဘာ ၁၀ ရက်၊ ၂၀၁၈)
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet (စက်တင်ဘာ ၁၀ ရက်၊ ၂၀၁၈)

(Zawgyi/Unicode)

ရိုဟင်ဂျာ ပဋိပက္ခတွင်း ပြစ်မှု ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ရေး နိုင်ငံတကာ တရားစီရင်ရေး လုပ်ငန်းစဉ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက မြန်မာ အစိုးရကို တိုက်တွန်းလိုက်သလို မြန်မာအစိုးရ ဖွဲ့တဲ့ ရခိုင် စုံစမ်းရေး ကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို လူသိရှင်ကြား မထုတ်ပြန်တာဟာ စုံစမ်းစစ်ဆေးမှုရဲ့ မှန်ကန်ဖြောင့်မတ်မှုကို သံသယ ဖြစ်စေတယ်လို့လည်း ထောက်ပြလိုက်ပါတယ်။ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာ ကျင်းပတဲ့ ၄၄ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေး အခြေအနေ ဆွေးနွေးပွဲကို မ သိင်္ဂ ီထိုက် ကောက်နုတ် တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေရဲ့ အခွင့်အရေး အခြေအနေ တိုးတက်မလာဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က စပြီး ပြောခဲ့တာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ရိုဟင်ဂျာ အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး အင်္ဂါနေ့ ဆွေးနွေးဖု့ိ ရှိနေချိန်မှာဘဲ ရခိုင်ပြည်နယ် ဂူတားပြင်မှာ လူအစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ အမှုမှာ စစ်တပ် အရာရှိကြီး တဦး၊ အရာရှိ တဦးနဲ့ တခြား အဆင့် စစ်သည်တို့ကို စစ်ခုံရုံးကနေ ပြစ်ဒဏ် ချထားပါတယ်လို့ မြန်မာ စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကျူးလွန်တဲ့ပြစ်မှု၊ ကျသင့်တဲ့ ပြစ်ဒဏ်နဲ့ ဘယ်သူတွေက ကျူးလွန်လဲ ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Bachelet ကတော့ စုံစမ်းစစ်ဆေးမှု တွေ့ရှိချက်တွေကို လူသိရှင်ကြား ထုတ်ပြန်ဖို့ မြန်မာ အစိုးရကို တိုက်တွန်းပါတယ်။

“မြန်မာ အစိုးရက ဖွဲ့စည်း ဆောင်ရွက်တဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင် ICOE က ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုများဆိုင်ရာ အစီရင်ခံစာကို အစိုးရထံ တင်ထားပြီး ဖြစ်ပေမယ့် အစိုးရဘက်က မထုတ်ပြန်တာကြောင့် စုံစမ်းစစ်ဆေးရေးရဲ့ ယုံကြည်စိတ်ချရမှု အပေါ်မှာ သံသယ ဖြစ်စေပါတယ်။ ဒါကြောင့် အစိုးရဘက်က ဒီအစီရင်ခံစာကို ထုတ်ပြန်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက တိုက်တွန်းသွားတာပါ။”

မြန်မာ အစိုးရက ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂရုံး အတွက် မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကတော့ ရခိုင်မြောက်ပိုင်း ပဋိပက္ခအတွင်း စုံစမ်းတွေ့ရှိချက်တွေကို လူသိရှင်ကြား မထုတ်ပြန်ရတဲ့ အကြောင်းရင်းကိုတော့ ချေပ မသွားပါဘူး။ ဒါပေမယ့်လည်း ပြစ်မှုကျူးလွန်သူတွေကို စုံစမ်း ဖော်ထုတ် အရေးယူ ဆောင်ရွက်လိုတဲ့ စိတ်ဆန္ဒရော ဆောင်ရွက်နိုင်တဲ့ အစွမ်းအစရော ရှိတယ်လို့ ပြောဆိုသွားပါတယ်။

“နိုင်ငံရဲ့ ပြည်တွင်း တရားစီရင်ရေး စနစ်ကို လေးစားရမယ်၊ ဒီနှစ် ဇန်နဝါရီလက တင်သွင်းတဲ့ ICOE အစီရင်ခံစာ အရ ရာဇဝတ်မှုများ စုံစမ်းစစ်ဆေး အရေးယူရေး အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်သလို တပ်မတော်ဘက်ကလည်း စုံစမ်းစစ်ဆေးရေး လုပ်နေတယ်လို့ ပြောဆိုသွားပါတယ်။

ရိုဟင်ဂျာ ပဋိပက္ခမှာ တာဝန်ရှိသူတွေကို ဖော်ထုတ် အပြစ်ပေး အရေးယူနိုင်ရေး အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီဘက်က ဆက်ပြီး ဆောင်ရွက်သွားမယ့် အစီအစဉ်တွေကို ဥရောပ သမဂ္ဂ EU ဘက်က မေးမြန်းခဲ့တာမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက

“ICJ ၊ ICC တို့က တာဝန်ယူမှု တာဝန်ခံမှု ရှိရေး ဆောင်ရွက်နေကြသလို ကုလသမဂ္ဂ စုံစမ်းရေး ယန္တယား IIMM ကလည်း သက်သေ အထောက်အထားတွေကို စုဆောင်းနေတာကြောင့် နိုင်ငံတကာရဲ့ ခိုင်မာအားကောင်းတဲ့ ဆောင်ရွက်မှုတွေ ရှိနေပြီ ဖြစ်ပြီး မြန်မာဘက်က ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။

နောက် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ဘက်ကတော့

“ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထား အကြမ်းဖက် လုပ်ရပ်တွေကို မြန်မာဘက်က ချက်ချင်းရပ်ဖို့၊ လွတ်လပ်စွာ ကူးလူး သွားလာခွင့်ပြုဖို့၊ နိုင်ငံတကာ တရားရုံး ICJ က ချမှတ်ထားတဲ့ ကြားဖြတ်စီမံချက်တွေကို မြန်မာဘက်က အပြည့်အ၀ လိုက်နာဖို့၊ နိုင်ငံတကာ တရားစီရင်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုသွားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ လက်ရှိ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်မှာ ခိုလှုံနေသူတွေ ဘေးကင်းလုံခြုံမှု၊ ဂုဏ်သိက္ခာရှိရှိ ဆန္ဒအလျောက် ဌာနေပြန်ရေး ပိုပြီး အခက်တွေ့သွားစေတယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ထောက်ပြပါတယ်။ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ ဘင်္ဂလားဒေရှ့်ဘက်က ဒုက္ခသည် ရာနဲ့ချီပြီး သူ့တို့ သဘောနဲ့ သူတို့ ပြန်လာနေတယ်လို့ ပြောဆိုသွားပါတယ်။ ဒါ့အပြင် လက်ရှိ ရခိုင်ပြည်နယ်တွင်း အင်တာနက် ပိတ်ပင်ထားတာဟာဆိုရင် တိုင်းရင်းသားတွေကြား မုန်းတီးမှု လှုံ့ဆော်တာတွေကို တားဆီးနိုင်ဖို့ ဖြစ်တယ်၊ နောက် ဗုံးထောင် ဖောက်ခွဲတာတွေ၊ အဝေးထိန်း စနစ်နဲ့ မြေမြုပ်မိုင်းတွေ အသုံးပြုတာတွေ တားဆီးဖို့ ဆောင်ရွက်တာလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)










နောကျ အစ်စလာမ်မဈ ပူးပေါငျးဆောငျရှကျရေး အဖှဲ့ OIC ဘကျကတော့



ဆက်စပ်သတင်းများ ...

XS
SM
MD
LG