သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ချင်း စစ်ဆင်ရေးတွေရပ်ဖို့ ကုလမဟာမင်းကြီးတောင်းဆို


လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet

[Zawgyi/Unicode]

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အပစ်အခတ်ရပ်စဲပြီး စစ်ဆင်ရေးတွေကိုလည်းရပ်ဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က တပ်မတော်ကို တောင်းဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံ တခြားဒေသတွေမှာ အပစ်အခတ်ရပ်စဲထားသလိုပဲ ရခိုင်နဲ့ချင်းပြည်နယ် တွေမှာလည်း အလားတူ အပစ်အခတ်ရပ်စဲပြီး နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေကိုရပ်ဆိုင်းဖို့ တပ်မတော်ကို ကျမ တောင်းဆိုပါတယ်။” လို့ ဒီကနေ့ ဂျီနီဗာမှာလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၄ ကြိမ်မြောက် အစည်းအဝေးအတွင်း မဟာမင်းကြီး Michelle Bachelet က ပြောသွားတာပါ။

တကမ္ဘာလုံးမှာ အပစ်အခတ်ရပ်စဲဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုထားတာကို မြန်မာနိုင်ငံအနေနဲ့ လေးစားလိုက်နာဖို့လည်း မစ္စ Bachelet က ပန်ကြားသွားပါတယ်။

ရိုဟင်ဂျာမွတ်ဆလင်တွေ အရင်က နေထိုင်သွားခဲ့တဲ့ ဘူးသီးတောင်မြို့နယ်တွင်းက ကျေးရွာတွေကို ပြီးခဲ့တဲ့လမှာ တပ်မတော်က မီးရှို့ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ခဲ့တာကို မစ္စ Bachelet က ထောက်ပြပြီး အဲဒီနေရာတွေဟာ ၂၀၁၇ ခုနှစ်က ဖြစ်ပျက်ခဲ့တာတွေရဲ့ အထောက်အထားတွေအဖြစ် သတ်မှတ်ထားတာဖြစ်တယ်လို့ ပြောသွားပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ဆက်စပ်တဲ့ အထောက်အထားတွေကို ဖျက်ဆီးတာမျိုးကနေ တားဆီးဖို့ လွန်ခဲ့တဲ့ ၅ လကပဲ နိုင်ငံတကာတရားခုံရုံး ICJ က ဆုံးဖြတ်ချက်ချထားတာကို ထည့်ပြောသွားပြီး စစ်ဆင်ရေးတွေကို ချက်ခြင်းရပ်ဆိုင်းပြီးတော့ အဲဒီဒေသတွေမှာ ကျန်ရှိနေသေးတဲ့ အထောက်အထားတွေကို ထိန်းသိမ်းဖို့ သိပ်ကို အရေးကြီးပါတယ် လို့ပြောသွားပါတယ်။

ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သံအမတ်ကြီး ဦးကျော်မိုးထွန်း
ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သံအမတ်ကြီး ဦးကျော်မိုးထွန်း

ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ မစ္စ Bachelet ရဲ့ တောင်းဆိုချက်အပေါ် တိုက်ရိုက်တုံ့ပြန်မသွားဘဲ ရခိုင်ပြည်နယ်ဘက်မှာ အစိုးရက လုပ်ဆောင်နေတာတွေကိုပဲ အလေးထားပြောသွားပါတယ်။

ရိုဟင်ဂျာလို့ခေါ်ဆိုတာကို မြန်မာအစိုးရက လက်ခံမထားတာနဲ့အမ ျှ သံအမတ်ကြီးဦးကျော်မိုးထွန်းကလည်း အိုးအိမ်စွန့် ထွက်ပြေးသွားသူတွေလို့ပဲ ရည်ညွှန်းပြီး ဒီလူတွေကို ပြန်လည်လက်ခံရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောသွားပါတယ်။

ရခိုင်နဲ့ ချင်း စစ်ဆင်ရေးတွေရပ်ဖို့ ကုလမဟာမင်းကြီးတောင်းဆို
please wait

No media source currently available

0:00 0:01:53 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]



လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet







XS
SM
MD
LG