သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပလက္ဝေဒသ စစ္ေရွာင္မ်ားနဲ႔ ေဒသခံေတြ စားနပ္ရိကၡာ အခက္ႀကံဳေနရဆဲ


ပလက္၀ၿမိဳ႕(ဓာတ္ပုံ - khonumthung.news )

(Zawgyi / Unicode)

စစ္ေရးတင္းမာေနဆဲျဖစ္တဲ့ ခ်င္းျပည္နယ္ ပလက္ဝေဒသဘက္မွာ စစ္ေရွာင္ေတြေရာ သြားလာလို႔မရဘဲ ပိတ္မိေနတဲ့ က်န္ေဒသခံေတြပါ အခက္အခဲ ႀကံဳေနၾကရပါတယ္။ အျပည့္အစုံကို ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

စစ္ေရွာင္ဦးေရ ၇,၀၀၀ ေက်ာ္ရွိေနတဲ့ ပလက္၀ၿမိဳ႕နယ္ရဲ႕ အဓိကအားထားရာ ကုလားတန္ေရလမ္းေၾကာင္းဟာ စစ္မီးမၿငိမ္းေသးတဲ့အတြက္ ပိတ္မိေနဆဲ ျဖစ္တာေၾကာင့္ ပလက္၀ၿမိဳ႕နယ္အတြင္း စားနပ္ရိကၡာ အခက္ႀကံဳေနရဆဲ ရွိတယ္လို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဆလိုင္းမ်ိဳးထိုက္က ေျပာပါတယ္။

“ရိကၡာအေျခအေနကေတာ့ ဆမီးတိုက္ပြဲေရွာင္က အဆင္ေျပတယ္ေပါ့၊ ေလာေလာဆယ္က။ ဆန္ေတြက လုံလုံေလာက္ေလာက္ စားလို႔ရတယ္။ NGO ေတြေရာ အစိုးရေတြက အေထာက္အပံ့ အျပည့္အ၀ရတယ္။ ဒါေပမယ့္ ပလက္၀နဲ႔ တခ်ိဳ႕ တိုက္ပြဲေရွာင္ IDP မွာရွိတဲ့ မိသားစုေတြေပါ့၊ အဲဒီ ဆမီးနဲ႔ ပလက္၀ၾကားမွာ လုံၿခံဳေရးအရ တခါတေလ လမ္းေတြ သြားမရတဲ့အခ်ိန္မွာ ဆန္ပို႔မရလို႔ ျဖစ္ခဲ့တာေတာ့ အမွန္ေပါ့ေနာ္။ တခ်ိဳ႕နယ္က ရြာေတြက မိသားစု၀င္ေတြလည္းပဲ စား၀တ္ေနေရး အခက္အခဲ ရွိတယ္ဆိုတဲ့ဟာေတာ့ က်ေနာ္ ၾကားရတယ္ေပါ့။”

ကုလားတန္ေရလမ္းေၾကာင္း ပိတ္ပင္ေနတာေၾကာင့္ ကုန္းလမ္းျဖစ္တဲ့ မတူပီနဲ႔ ဆမီးၿမိဳ႕အထိသာ သြားလာေရး လုံၿခံဳေနၿပီး ဆမီးနဲ႔ ပလက္၀ၾကားကေတာ့ လုံၿခံဳေရး အားနည္းေနပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ဆမီးၿမိဳ႕ကပို႔လာတဲ့ ဆန္ရိကၡာ အိတ္ ၄၀၀ ေလာက္ ေရာက္လာလို႔ ယာယီအားျဖင့္ အဆင္ေျပေနတယ္လို႔ ခ်င္းစစ္ေရွာင္ကူညီေရး ေကာ္မတီ အတြင္းေရးမွဴး ဦးေက်ာ္ေအာင္က ေျပာပါတယ္။

“အခုလတ္တေလာ အေျခအေနမွာကေတာ့ နည္းနည္းပါးပါး ဆန္ေတြ ျပန္ေရာက္လာတယ္။ အဲဒီလိုမ်ိဳး အေျခအေနေတာ့ ရွိတယ္။”

ဒီ ဆန္ရိကၡာဟာ ပလက္၀ စစ္ေရွာင္အေရအတြက္နဲ႔ဆို တပတ္စာေလာက္ပဲ ရွိတယ္လို႔ စစ္ေရွာင္တဦးက ေျပာပါတယ္။

“ဆန္အိတ္သုံးေလးရာကဗ်ာ တပတ္ေက်ာ္ေက်ာ္ေလာက္ပဲ ခံမွာဗ်။ ဒီၿမိဳ႕မွာလည္း စစ္ေရွာင္ဦးေရ ၇,၀၀၀ ေလာက္ ရွိတယ္ေလ။ အဲဒါကုန္သြားရင္ေတာ့ မရွိေတာ့ဘူးေလ။”

ပလက္၀ေဒသဘက္မွာ တပ္မေတာ္နဲ႔ AA ၾကား တိုက္ပြဲျပင္းထန္ေနတာေၾကာင့္ ပလက္၀ၿမိဳ႕ေပၚမွာ စစ္ေရွာင္ ၅,၀၀၀၊ ဆမီးၿမိဳ႕မွာ စစ္ေရွာင္ ၂,၀၀၀ ေက်ာ္ တိမ္းေရွာင္ ေရာက္ရွိေနတာပါ။

ေရလမ္းပိတ္သြားတာေၾကာင့္ ပလက္၀နယ္ဘက္ ေက်းရြာေတြက ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြ ဒုကၡေရာက္ေနတယ္လို႔ ခ်င္းစစ္ေရွာင္ကူညီေရး ေကာ္မတီ အတြင္းေရးမွဴး ဦးေက်ာ္ေအာင္က ေျပာပါတယ္။

“ေက်းရြာမွာရွိတဲ့လူေတြက အကူအညီလည္း မရဘူး။ သူတို႔ သြားေရးလာေရးလည္း အင္မတန္မွ အခက္အခဲရွိတယ္။ အစိုးရလည္း ကူညီေထာက္ပံ့မႈ မရွိဘူး။ အဖြဲ႔အစည္း ေတာ္ေတာ္မ်ားမ်ားကလည္း မသိဘူးေပါ့။ က်ေနာ္တုိ႔ ပလက္၀ၿမိဳ႕နယ္မွာက လူဦးေရ တသိန္းနဲ႔ ခုႏွစ္ေထာင္၀န္းက်င္ေတာ့ ရွိတယ္။ ဒီ ငါးေသာင္း ေျခာက္ေသာင္း ၀န္းက်င္ကေတာ့ စားေရးေသာက္ေရး ေနေရးထိုင္ေရး အခက္ေတြ႔ႀကံဳေနရတယ္။”

စစ္ေရွာင္ က်ီးေလေက်းရြာသား တဦးကေတာ့ သူတို႔ရြာသားေတြ စားေသာက္ေရး အခက္ေတြ႔ေနတဲ့ အေျခအေနကို အခုလိုေျပာပါတယ္။

“နယ္ဘက္ေတြမွာ ငွက္ေပ်ာပင္ေတြ က်ိဳၿပီးစားတဲ့သူေတြ ရွိတယ္။ ဆန္ႏုိ႔ဆီႏွစ္လုံးထည့္တယ္၊ ငွက္ေပ်ာပင္ႏွစ္ပင္ကို လႊာၿပီးေတာ့ ထည့္တာေပါ့၊ အဲဒီလို ေရာၿပီးေတာ့ စားတဲ့သူလည္း ရွိတယ္။ က်ီးေလတို႔ဘက္ ေတာင္ၿပိဳေအာက္ဘက္ဗ်ာ။”

ရွင္းလက္၀ေက်းရြာသားတဦးကေတာ့ ကုလားတန္ျမစ္ေရလမ္း ပိတ္ထားတာေၾကာင့္ စားေသာက္ေရးနဲ႔ က်န္းမာေရးအတြက္ အခက္ေတြ႔ေနတယ္လို႔ ဆိုပါတယ္။

“စားေသာက္ကုန္ေတြကေတာ့ က်ေနာ္တုိ႔ မတူပီဘက္ကပတ္ၿပီးေတာ့ လာတာ ရွင္းလက္၀ဘက္ကို ေရာက္တယ္။ အဲ ေစ်းကေတာ့ႀကီးတယ္၊ ေစ်းႀကီးပါတယ္။ က်ေနာ္တုိ႔ဆီမွာကေတာ့ ေရလမ္းတခုပဲ ရွိတယ္။ က်န္းမာေရးအတြက္ကေတာ့ အခက္အခဲ ရွိပါတယ္။ လူနာေတြ တင္တာေတြေလ။”

ပလက္၀ၿမိဳ႕နယ္မွာ ၂၀၂၀ ႏွစ္ဆန္းပိုင္းကေန ဇြန္လအထိ စစ္ေရးပဋိပကၡ ျဖစ္စဥ္အတြင္း ေလေၾကာင္းတိုက္ခိုက္မႈ၊ လက္နက္ႀကီး အပစ္ခံရမႈေၾကာင့္ အရပ္သား ၄၀ ခန္႔ ေသဆုံးခဲ့တယ္လို႔ ခ်င္းစစ္ေရွာင္ကူညီေရး ေကာ္မတီကေန ဒီဇြန္လဆန္းမွာ သတင္းထုတ္ျပန္ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာလည္း AA နဲ႔ ျမန္မာစစ္တပ္တို႔ စစ္ေရးတင္းမာမႈ ျဖစ္စဥ္အတြင္း ရြာသား ၂ သိန္းနီးပါး စစ္ေဘး တိမ္းေရွာင္ေနရပါတယ္။

ရွမ္း၊ ကရင္၊ ကခ်င္၊ ရခိုင္၊ ကယားနဲ႔ ခ်င္းျပည္နယ္ေတြမွာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ တပ္မေတာ္အၾကား ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ စစ္ေရွာင္ဦးေရ စုစုေပါင္း ၄ သိန္းေက်ာ္ရွိမယ္လို႔ ဒုကၡသည္အေရး ေလ့လာသူေတြက ခန္႔မွန္းပါတယ္။ ဒီထဲမွာ ရခိုင္နဲ႔ ခ်င္းျပည္နယ္တြင္း စစ္ေဘးေရွာင္ဦးေရက ထက္၀က္ေလာက္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ပလက်ဝဒေသ စစ်ရှောင်များနဲ့ ဒေသခံတွေ စားနပ်ရိက္ခာ အခက်ကြုံနေရဆဲ

စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ချင်းပြည်နယ် ပလက်ဝဒေသဘက်မှာ စစ်ရှောင်တွေရော သွားလာလို့မရဘဲ ပိတ်မိနေတဲ့ ကျန်ဒေသခံတွေပါ အခက်အခဲ ကြုံနေကြရပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

စစ်ရှောင်ဦးရေ ၇,၀၀၀ ကျော်ရှိနေတဲ့ ပလက်ဝမြို့နယ်ရဲ့ အဓိကအားထားရာ ကုလားတန်ရေလမ်းကြောင်းဟာ စစ်မီးမငြိမ်းသေးတဲ့အတွက် ပိတ်မိနေဆဲ ဖြစ်တာကြောင့် ပလက်ဝမြို့နယ်အတွင်း စားနပ်ရိက္ခာ အခက်ကြုံနေရဆဲ ရှိတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က ပြောပါတယ်။

“ရိက္ခာအခြေအနေကတော့ ဆမီးတိုက်ပွဲရှောင်က အဆင်ပြေတယ်ပေါ့၊ လောလောဆယ်က။ ဆန်တွေက လုံလုံလောက်လောက် စားလို့ရတယ်။ NGO တွေရော အစိုးရတွေက အထောက်အပံ့ အပြည့်အဝရတယ်။ ဒါပေမယ့် ပလက်ဝနဲ့ တချို့ တိုက်ပွဲရှောင် IDP မှာရှိတဲ့ မိသားစုတွေပေါ့၊ အဲဒီ ဆမီးနဲ့ ပလက်ဝကြားမှာ လုံခြုံရေးအရ တခါတလေ လမ်းတွေ သွားမရတဲ့အချိန်မှာ ဆန်ပို့မရလို့ ဖြစ်ခဲ့တာတော့ အမှန်ပေါ့နော်။ တချို့နယ်က ရွာတွေက မိသားစုဝင်တွေလည်းပဲ စားဝတ်နေရေး အခက်အခဲ ရှိတယ်ဆိုတဲ့ဟာတော့ ကျနော် ကြားရတယ်ပေါ့။”

ကုလားတန်ရေလမ်းကြောင်း ပိတ်ပင်နေတာကြောင့် ကုန်းလမ်းဖြစ်တဲ့ မတူပီနဲ့ ဆမီးမြို့အထိသာ သွားလာရေး လုံခြုံနေပြီး ဆမီးနဲ့ ပလက်ဝကြားကတော့ လုံခြုံရေး အားနည်းနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဆမီးမြို့ကပို့လာတဲ့ ဆန်ရိက္ခာ အိတ် ၄၀၀ လောက် ရောက်လာလို့ ယာယီအားဖြင့် အဆင်ပြေနေတယ်လို့ ချင်းစစ်ရှောင်ကူညီရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။

“အခုလတ်တလော အခြေအနေမှာကတော့ နည်းနည်းပါးပါး ဆန်တွေ ပြန်ရောက်လာတယ်။ အဲဒီလိုမျိုး အခြေအနေတော့ ရှိတယ်။”

ဒီ ဆန်ရိက္ခာဟာ ပလက်၀ စစ်ရှောင်အရေအတွက်နဲ့ဆို တပတ်စာလောက်ပဲ ရှိတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။

“ဆန်အိတ်သုံးလေးရာကဗျာ တပတ်ကျော်ကျော်လောက်ပဲ ခံမှာဗျ။ ဒီမြို့မှာလည်း စစ်ရှောင်ဦးရေ ၇,၀၀၀ လောက် ရှိတယ်လေ။ အဲဒါကုန်သွားရင်တော့ မရှိတော့ဘူးလေ။”

ပလက်ဝဒေသဘက်မှာ တပ်မတော်နဲ့ AA ကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ပလက်ဝမြို့ပေါ်မှာ စစ်ရှောင် ၅,၀၀၀၊ ဆမီးမြို့မှာ စစ်ရှောင် ၂,၀၀၀ ကျော် တိမ်းရှောင် ရောက်ရှိနေတာပါ။

ရေလမ်းပိတ်သွားတာကြောင့် ပလက်ဝနယ်ဘက် ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဒုက္ခရောက်နေတယ်လို့ ချင်းစစ်ရှောင်ကူညီရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။

“ကျေးရွာမှာရှိတဲ့လူတွေက အကူအညီလည်း မရဘူး။ သူတို့ သွားရေးလာရေးလည်း အင်မတန်မှ အခက်အခဲရှိတယ်။ အစိုးရလည်း ကူညီထောက်ပံ့မှု မရှိဘူး။ အဖွဲ့အစည်း တော်တော်များများကလည်း မသိဘူးပေါ့။ ကျနော်တို့ ပလက်ဝမြို့နယ်မှာက လူဦးရေ တသိန်းနဲ့ ခုနှစ်ထောင်ဝန်းကျင်တော့ ရှိတယ်။ ဒီ ငါးသောင်း ခြောက်သောင်း ဝန်းကျင်ကတော့ စားရေးသောက်ရေး နေရေးထိုင်ရေး အခက်တွေ့ကြုံနေရတယ်။”

စစ်ရှောင် ကျီးလေကျေးရွာသား တဦးကတော့ သူတို့ရွာသားတွေ စားသောက်ရေး အခက်တွေ့နေတဲ့ အခြေအနေကို အခုလိုပြောပါတယ်။

“နယ်ဘက်တွေမှာ ငှက်ပျောပင်တွေ ကျိုပြီးစားတဲ့သူတွေ ရှိတယ်။ ဆန်နို့ဆီနှစ်လုံးထည့်တယ်၊ ငှက်ပျောပင်နှစ်ပင်ကို လွှာပြီးတော့ ထည့်တာပေါ့၊ အဲဒီလို ရောပြီးတော့ စားတဲ့သူလည်း ရှိတယ်။ ကျီးလေတို့ဘက် တောင်ပြိုအောက်ဘက်ဗျာ။”

ရှင်းလက်ဝကျေးရွာသားတဦးကတော့ ကုလားတန်မြစ်ရေလမ်း ပိတ်ထားတာကြောင့် စားသောက်ရေးနဲ့ ကျန်းမာရေးအတွက် အခက်တွေ့နေတယ်လို့ ဆိုပါတယ်။

“စားသောက်ကုန်တွေကတော့ ကျနော်တို့ မတူပီဘက်ကပတ်ပြီးတော့ လာတာ ရှင်းလက်ဝဘက်ကို ရောက်တယ်။ အဲ ဈေးကတော့ကြီးတယ်၊ ဈေးကြီးပါတယ်။ ကျနော်တို့ဆီမှာကတော့ ရေလမ်းတခုပဲ ရှိတယ်။ ကျန်းမာရေးအတွက်ကတော့ အခက်အခဲ ရှိပါတယ်။ လူနာတွေ တင်တာတွေလေ။”

ပလက်ဝမြို့နယ်မှာ ၂၀၂၀ နှစ်ဆန်းပိုင်းကနေ ဇွန်လအထိ စစ်ရေးပဋိပက္ခ ဖြစ်စဉ်အတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး အပစ်ခံရမှုကြောင့် အရပ်သား ၄၀ ခန့် သေဆုံးခဲ့တယ်လို့ ချင်းစစ်ရှောင်ကူညီရေး ကော်မတီကနေ ဒီဇွန်လဆန်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာလည်း AA နဲ့ မြန်မာစစ်တပ်တို့ စစ်ရေးတင်းမာမှု ဖြစ်စဉ်အတွင်း ရွာသား ၂ သိန်းနီးပါး စစ်ဘေး တိမ်းရှောင်နေရပါတယ်။

ရှမ်း၊ ကရင်၊ ကချင်၊ ရခိုင်၊ ကယားနဲ့ ချင်းပြည်နယ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ဦးရေ စုစုပေါင်း ၄ သိန်းကျော်ရှိမယ်လို့ ဒုက္ခသည်အရေး လေ့လာသူတွေက ခန့်မှန်းပါတယ်။ ဒီထဲမှာ ရခိုင်နဲ့ ချင်းပြည်နယ်တွင်း စစ်ဘေးရှောင်ဦးရေက ထက်ဝက်လောက်ရှိပါတယ်။

XS
SM
MD
LG