သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္က ဒုကၡသည္ေတြ အိမ္ျပန္ခ်င္ေပမဲ့ ေမ ွ်ာ္လင့္ခ်က္ေဝးေနဆဲ


ရခိုင္ျပည္နယ္တြင္းျဖစ္ပြားေနေသာ စစ္ပဲြမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရေသာ ရခိုင္ဒုကၡသည္တခ်ိဳ႕။ (ၾသဂုတ္ ၂၈၊ ၂၀၁၇)

[Zawgyi/Unicode]

ရခို္င္ျပည္နယ္အတြင္း၂၀၁၂ ပဋိပကၡအတြင္းကစလို႔ အိုးအိမ္စြန္႔ခြာေျပးၾကရသူေတြဟာ ဒုကၡသည္စခန္းေတြမွာ ဆယ္စုႏွစ္တခုနီးပါး ေနထိုင္ေနၾကရသလို၊ အခု ျဖစ္ေနတဲ့ စစ္ေရပဋိပကၡေတြေၾကာင့္လည္း စစ္ေဘးဒုကၡသည္ေတြ တိုးသထက္တိုးလာေနပါတယ္။ စစ္ေတြၿမိဳ႕အနီးတ၀ိုက္က ဒုကၡသည္စခန္းေတြရဲ႕ အေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

ဒုကၡသည္စခန္းမွာ ေနထိုင္ေနၾကတဲ့ ဒုကၡသည္ေတြအတြက္ ႏိုင္ငံတကာအဖြဲ႔အစည္းေတြ ကမၻာ့စားနပ္ ရိကၡာအဖြဲ႔ေတြက စားဝတ္ေနေရးအတြက္ ေထာက္ပံ့တာေတြရွိေနေပမဲ့လည္း ဒုကၡသည္ေတြရဲ႕ စိတ္ထဲမွာ မိမိေနရပ္ကို ျပန္ရဖို႔က လြဲရင္း တျခားေမ်ွာ္လင့္ခ်က္က မရွိသေလာက္ပါဘဲ။

စစ္ေတြၿမိဳ႕အတြင္းက သက္ကယ္ျပင္ ရိုဟင္ဂ်ာဒုကၡသည္စခန္းမွာေတာ့ ၂၀၁၂ ပဋိပကၡအတြင္းက ထြက္ေျပးသြားၾကတဲ့ ရိုဟင္ဂ်ာဒုကၡသည္ ၆,၀၀၀ ေက်ာ္အထိေနထိုင္ေနၾကပါတယ္။

သူတို႔ေတြဟာ အရင္က စစ္ေတြၿမိဳ႕အတြင္းက စက္ရံုစုရပ္ကြက္မွာ ေနထိုင္ၾကတာျဖစ္ၿပီးေတာ့ လက္ရွိမွာေတာ့ သက္ကယ္ျပင္ ဒုကၡသည္စခန္းတြင္း ေနထိုင္ေနရတာ ၈ ႏွစ္ေက်ာ္သြားပါၿပီ။ သူတို႔ရဲ႕ အေတာင့္တဆံုး ဆႏၵကေတာ့ ကိုယ့္ေနရပ္ကို ျပန္ခ်င္ၾကတာပါ။

အရင္ေနခဲ့တဲ့ေနရာမွာ မတူကဲြျပားမႈေတြအတြင္း ခ်စ္ၾကည္ရင္းႏွီးစြာေနထိုင္သြားလိုတယ္လို႔ သက္ကယ္ျပင္ဒုကၡသည္စခန္းတာ၀န္ခံ ကိုေရႊေမာင္က VOA ကို ေျပာပါတယ္။

ရခိုင္ျပည္နယ္တြင္းျဖစ္ပြားေနေသာ စစ္ပဲြမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရေသာ ရခိုင္ဒုကၡသည္အမ်ိဳးသမီး။ (ဇန္န၀ါရီ ၀၄၊ ၂၀၁၉)
ရခိုင္ျပည္နယ္တြင္းျဖစ္ပြားေနေသာ စစ္ပဲြမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရေသာ ရခိုင္ဒုကၡသည္အမ်ိဳးသမီး။ (ဇန္န၀ါရီ ၀၄၊ ၂၀၁၉)

“အဓိက ၿခံဳၿပီးေတာ့ ေျပာရမယ္ဆုိရင္ က်ေနာ္တို႔ ျဖစ္ခဲ့တာလည္း ျဖစ္သြားပါၿပီး က်ေနာ္တို႔ ဆက္လက္ၿပီးေတာ့ ျပန္ၿပီးေတာ့ တိုးတက္ေအာင္ ဘယ္လို ေဆာင္ရြက္ၾကမလဲဆိုတာကို ရည္မွန္းခ်က္ က်ေနာ္တို႔ လိုပါတယ္။ က်ေနာ္တို႔ သြားခ်င္တာကေတာ့ က်ေနာ္တို႔ အရင္ေနခဲ့တဲ့ေနရာကို က်ေနာ္တို႔ သြားခ်င္ပါတယ္။ အဲဒီမွာ ပထမေနခဲ့သလို ရင္းႏွီးခင္မင္မႈေတြနဲ႔ ဘာသာေပါင္းစံုေနၿပီးေတာ့ ကိုယ့္စီးပြားေရး ကိုယ့္ရည္မွန္းခ်က္ ကိုယ့္ပညာကို သင္ယူၿပီးေတာ့ သြားခ်င္တာေပါ့ သြားၿပီးေတာ့ အဲဒီမူလေနရာကိုပဲ သြားခ်င္တာေပါ့။ အဲလိုသြားခ်င္တာ က်ေနာ္တစ္ေယာက္တည္း မဟုတ္ပါဘူး ဒီမွာရွိေနတဲ့ လူေတြ အားလံုးကိုယ္စား က်ေနာ္ဒီစကားကို ေျပာရတာပါ။”

ကုလအတြင္းေရးမွဴးခ်ဳပ္ေဟာင္း ကိုဖီအာနန္ ဦးေဆာင္ခဲ့တဲ့ အႀကံေပးေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ေတြထဲမွာေတာ့ IDP ေတြကို သူတို႔ မူလေနထိုင္ေနတဲ့ေနရာေတြကို ျပန္လည္ေနရာခ်ထားေပးဖို႔ ဒါမွမဟုတ္လို႔ တျခားေနရာသစ္ကို ျပန္လည္ေရႊ႕ေျပာင္းေပးမယ္ဆိုရင္ သူတို႔ရဲ႕ သေဘာဆႏၵအရသာ ေဆာင္ရြက္ေပးရမယ္၊ လုံၿခဳံမႈ ရွိရမယ္။ ဒါ့အျပင္ ဂုဏ္သိကၡာနဲ႔ အညီ ေျပာင္းေရႊ႕ႏိုင္ရမယ္ဆိုတဲ့ အခ်က္ ပါဝင္ပါတယ္။

ဒါ့အျပင္ သူတို႔ မူလေနထိုင္ရာ ေဒသေတြမွာ ျပန္လည္ေနထိုင္ႏိုင္ဖို႔ ဦးစားေပး ေဆာင္ရြက္ရ မွာျဖစ္ၿပီး အဲဒီလို မလုပ္ႏိုင္ဘူးဆိုရင္ IDP ေတြ ေျပာင္းေရႊ႕လိုတဲ့ ေနရာသစ္ကို ေျပာင္းေရႊ႕ႏိုင္ဖို႔ ေဆာင္ရြက္ေပးရမယ္လို႔လည္း အႀကံေပးထားပါတယ္။ ျမန္မာအစိုးရအေနနဲ႔ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံေပမဲ့လည္း ကိုဖီအာနန္ေကာ္မရွင္ အႀကံျပဳခ်က္ေတြအတိုင္း ေဆာင္ရြက္မယ္လို႔ ဂတိျပဳထားပါတယ္။ ဒါေပမဲ့လည္း ဒုကၡသည္ေတြအေနနဲ႔ ခုအခ်ိန္အထိ္ ေနရပ္မျပန္ႏိုင္ေသးပါဘူး။

ရခိုင္ျပည္နယ္က ဒုကၡသည္ေတြထဲမွာ ရိုဟင္ဂ်ာဒုကၡသည္ တမ်ိဳးတည္းတင္ မဟုတ္ဘဲ အခုေနာက္ပိုင္း တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးေနၾကရတဲ့ စစ္ေဘးဒုကၡသည္ ၁၀၀,၀၀၀ ေက်ာ္ဟာလည္း ဒုကၡသည္စခန္းေတြကုိ ေရာက္ေနၾကရပါတယ္။

တိုက္ပြဲအတြင္းေက်းရြာေတြ မီးရိႉ႕ဖ်က္ဆီးခံလိုက္ရတဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမေက်း ရြာက လူတခ်ိဳ႕ကေတာ့ စစ္ေတြၿမိဳ႕ေပၚမွာ ရွိတဲ့ ေမတၱာပါရမီေက်ာင္းတိုက္မွာ လာေရာက္ ခိုလံုေနၾကရပါတယ္။ လက္ရွိသူတို႔ေနထိုင္တဲ့ ဒုကၡသည္စခန္းမွာ ေနရာထိုင္ခင္းေတြလည္း မလံုေလာက္သလို စားဝတ္ေနေရးအတြက္လည္း ခက္ခဲ့ေနတယ္လို႔ စစ္ေဘးဒုကၡသည္မျမင့္ဆန္းရီက ေျပာပါတယ္။

“ဒီမွာေနရထိုင္ရတာေတာ့ သိပ္အဆင္မေျပဘူး အမိုးအကာလည္း မလံုၿခံဳေတာ့ဘူး။ စားေရး ေသာက္ေရးလည္း အဆင္မေျပေတာ့ဘူး ရြာကို ျပန္မယ္ဆိုေတာ့လည္းရြာမွာက အိမ္ေတြ ဘာေတြ အကုန္လံုးမရွိေတာ့ဘူး။ ဘယ္မွာေနလို႔ ဘယ္မွာထိုင္ရမယ္ မသိေတာ့ဘူး။ ဘာျဖစ္လို႔ အိမ္ေတြက မရွိေတာ့တာလည္း ဆိုေတာ့ တစ္ရြာလံုး မီးရိႉ႕ခံရလို႔ေလ။ ဘာဆက္လုပ္ရမယ္မွန္းလည္း မသိေတာ့ဘူး။ ”

စစ္ေတြြၿမိဳ႕ျပင္မွာ ၂၀၁၂ လူမ်ိဳးေရးအသြင္ ပဋိပကၡေတြတုန္းက အိုးအိမ္စြန္႔ခြာထြက္ေျပးသြားၾကတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္စခန္းေတြရွိ သလို ၂၀၁၈ အကုန္ပိုင္း အစိုးရတပ္နဲ႔ AA အဖြဲ႔တို႔ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ အိုးအိမ္စြန္႔ခြာထြက္ေျပးေနၾကရတဲ့ စစ္ေဘးဒုကၡသည္စခန္းေတြဟာ စစ္ေတြၿမိဳ႕အပါအဝင္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ အမ်ားအျပား ရွိေနပါတယ္။

ရခိုင္ျပည္နယ္တြင္း ဒုကၡသည္အေတြအေနနဲ႔ လက္ရိွျဖစ္ေနတဲ့ ပဋိပကၡအျပင္၊ ရာသီဥတုဒဏ္နဲ႔ ကပ္ေဘးေရာဂါဆိုး စိုးရိမ္ခ်က္ေတြၾကားမွာ စားဝတ္ေနေရး ခက္ခဲေနၾကပါတယ္။ ဒါေပမဲ့ ဒုကၡသည္ေတြ အားလံုးမွာေတာ့ မိမိေနထိုင္ခဲ့တဲ့ မူလေနရာေတြကို ျပန္သြားခ်င္ၾကတဲ့ ေမ်ွာ္လင့္ခ်က္ေတြနဲ႔ပဲ ရွင္သန္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်က ဒုက္ခသည်တွေ အိမ်ပြန်ချင်ပေမဲ့ မေ ျှာ်လင့်ချက်ဝေးနေဆဲ

ရခိုင်ပြည်နယ်အတွင်း၂၀၁၂ ပဋိပက္ခအတွင်းကစလို့ အိုးအိမ်စွန့်ခွာပြေးကြရသူတွေဟာ ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်တခုနီးပါး နေထိုင်နေကြရသလို၊ အခု ဖြစ်နေတဲ့ စစ်ရေပဋိပက္ခတွေကြောင့်လည်း စစ်ဘေးဒုက္ခသည်တွေ တိုးသထက်တိုးလာနေပါတယ်။ စစ်တွေမြို့အနီးတဝိုက်က ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ဒုက္ခသည်စခန်းမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့တွေက စားဝတ်နေရေးအတွက် ထောက်ပံ့တာတွေရှိနေပေမဲ့လည်း ဒုက္ခသည်တွေရဲ့ စိတ်ထဲမှာ မိမိနေရပ်ကို ပြန်ရဖို့က လွဲရင်း တခြားမျှော်လင့်ချက်က မရှိသလောက်ပါဘဲ။

စစ်တွေမြို့အတွင်းက သက်ကယ်ပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာတော့ ၂၀၁၂ ပဋိပက္ခအတွင်းက ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၆,၀၀၀ ကျော်အထိနေထိုင်နေကြပါတယ်။

သူတို့တွေဟာ အရင်က စစ်တွေမြို့အတွင်းက စက်ရုံစုရပ်ကွက်မှာ နေထိုင်ကြတာဖြစ်ပြီးတော့ လက်ရှိမှာတော့ သက်ကယ်ပြင် ဒုက္ခသည်စခန်းတွင်း နေထိုင်နေရတာ ၈ နှစ်ကျော်သွားပါပြီ။ သူတို့ရဲ့ အတောင့်တဆုံး ဆန္ဒကတော့ ကိုယ့်နေရပ်ကို ပြန်ချင်ကြတာပါ။

အရင်နေခဲ့တဲ့နေရာမှာ မတူကွဲပြားမှုတွေအတွင်း ချစ်ကြည်ရင်းနှီးစွာနေထိုင်သွားလိုတယ်လို့ သက်ကယ်ပြင်ဒုက္ခသည်စခန်းတာဝန်ခံ ကိုရွှေမောင်က VOA ကို ပြောပါတယ်။

“အဓိက ခြုံပြီးတော့ ပြောရမယ်ဆိုရင် ကျနော်တို့ ဖြစ်ခဲ့တာလည်း ဖြစ်သွားပါပြီး ကျနော်တို့ ဆက်လက်ပြီးတော့ ပြန်ပြီးတော့ တိုးတက်အောင် ဘယ်လို ဆောင်ရွက်ကြမလဲဆိုတာကို ရည်မှန်းချက် ကျနော်တို့ လိုပါတယ်။ ကျနော်တို့ သွားချင်တာကတော့ ကျနော်တို့ အရင်နေခဲ့တဲ့နေရာကို ကျနော်တို့ သွားချင်ပါတယ်။ အဲဒီမှာ ပထမနေခဲ့သလို ရင်းနှီးခင်မင်မှုတွေနဲ့ ဘာသာပေါင်းစုံနေပြီးတော့ ကိုယ့်စီးပွားရေး ကိုယ့်ရည်မှန်းချက် ကိုယ့်ပညာကို သင်ယူပြီးတော့ သွားချင်တာပေါ့ သွားပြီးတော့ အဲဒီမူလနေရာကိုပဲ သွားချင်တာပေါ့။ အဲလိုသွားချင်တာ ကျနော်တစ်ယောက်တည်း မဟုတ်ပါဘူး ဒီမှာရှိနေတဲ့ လူတွေ အားလုံးကိုယ်စား ကျနော်ဒီစကားကို ပြောရတာပါ။”

ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ခဲ့တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာတော့ IDP တွေကို သူတို့ မူလနေထိုင်နေတဲ့နေရာတွေကို ပြန်လည်နေရာချထားပေးဖို့ ဒါမှမဟုတ်လို့ တခြားနေရာသစ်ကို ပြန်လည်ရွှေ့ပြောင်းပေးမယ်ဆိုရင် သူတို့ရဲ့ သဘောဆန္ဒအရသာ ဆောင်ရွက်ပေးရမယ်၊ လုံခြုံမှု ရှိရမယ်။ ဒါ့အပြင် ဂုဏ်သိက္ခာနဲ့ အညီ ပြောင်းရွှေ့နိုင်ရမယ်ဆိုတဲ့ အချက် ပါဝင်ပါတယ်။

ဒါ့အပြင် သူတို့ မူလနေထိုင်ရာ ဒေသတွေမှာ ပြန်လည်နေထိုင်နိုင်ဖို့ ဦးစားပေး ဆောင်ရွက်ရ မှာဖြစ်ပြီး အဲဒီလို မလုပ်နိုင်ဘူးဆိုရင် IDP တွေ ပြောင်းရွှေ့လိုတဲ့ နေရာသစ်ကို ပြောင်းရွှေ့နိုင်ဖို့ ဆောင်ရွက်ပေးရမယ်လို့လည်း အကြံပေးထားပါတယ်။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့လည်း ကိုဖီအာနန်ကော်မရှင် အကြံပြုချက်တွေအတိုင်း ဆောင်ရွက်မယ်လို့ ဂတိပြုထားပါတယ်။ ဒါပေမဲ့လည်း ဒုက္ခသည်တွေအနေနဲ့ ခုအချိန်အထိ နေရပ်မပြန်နိုင်သေးပါဘူး။

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေထဲမှာ ရိုဟင်ဂျာဒုက္ခသည် တမျိုးတည်းတင် မဟုတ်ဘဲ အခုနောက်ပိုင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် ၁၀၀,၀၀၀ ကျော်ဟာလည်း ဒုက္ခသည်စခန်းတွေကို ရောက်နေကြရပါတယ်။

တိုက်ပွဲအတွင်းကျေးရွာတွေ မီးရှိူ့ဖျက်ဆီးခံလိုက်ရတဲ့ ကျောက်တော်မြို့နယ် တင်းမကျေး ရွာက လူတချို့ကတော့ စစ်တွေမြို့ပေါ်မှာ ရှိတဲ့ မေတ္တာပါရမီကျောင်းတိုက်မှာ လာရောက် ခိုလုံနေကြရပါတယ်။ လက်ရှိသူတို့နေထိုင်တဲ့ ဒုက္ခသည်စခန်းမှာ နေရာထိုင်ခင်းတွေလည်း မလုံလောက်သလို စားဝတ်နေရေးအတွက်လည်း ခက်ခဲ့နေတယ်လို့ စစ်ဘေးဒုက္ခသည်မမြင့်ဆန်းရီက ပြောပါတယ်။

“ဒီမှာနေရထိုင်ရတာတော့ သိပ်အဆင်မပြေဘူး အမိုးအကာလည်း မလုံခြုံတော့ဘူး။ စားရေး သောက်ရေးလည်း အဆင်မပြေတော့ဘူး ရွာကို ပြန်မယ်ဆိုတော့လည်းရွာမှာက အိမ်တွေ ဘာတွေ အကုန်လုံးမရှိတော့ဘူး။ ဘယ်မှာနေလို့ ဘယ်မှာထိုင်ရမယ် မသိတော့ဘူး။ ဘာဖြစ်လို့ အိမ်တွေက မရှိတော့တာလည်း ဆိုတော့ တစ်ရွာလုံး မီးရှိူ့ခံရလို့လေ။ ဘာဆက်လုပ်ရမယ်မှန်းလည်း မသိတော့ဘူး။ ”

စစ်တွေမြို့ပြင်မှာ ၂၀၁၂ လူမျိုးရေးအသွင် ပဋိပက္ခတွေတုန်းက အိုးအိမ်စွန့်ခွာထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေရှိ သလို ၂၀၁၈ အကုန်ပိုင်း အစိုးရတပ်နဲ့ AA အဖွဲ့တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေဟာ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အများအပြား ရှိနေပါတယ်။

ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်အတွေအနေနဲ့ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခအပြင်၊ ရာသီဥတုဒဏ်နဲ့ ကပ်ဘေးရောဂါဆိုး စိုးရိမ်ချက်တွေကြားမှာ စားဝတ်နေရေး ခက်ခဲနေကြပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေ အားလုံးမှာတော့ မိမိနေထိုင်ခဲ့တဲ့ မူလနေရာတွေကို ပြန်သွားချင်ကြတဲ့ မျှော်လင့်ချက်တွေနဲ့ပဲ ရှင်သန်နေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG