သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေမြို့ပြင် အမြင့်ကျွန်းကျေးရွာ လက်နက်ကြီးကျည်ကျပြီး လူတစ်ဦး သေဆုံး


ရခိုင်ပြည်နယ် စစ်တွေမြို့ (ဧပြီ၊ ၀၂၊ ၂၀၁၄)
ရခိုင်ပြည်နယ် စစ်တွေမြို့ (ဧပြီ၊ ၀၂၊ ၂၀၁၄)

[Zawgyi/Unicode]

စစ်တွေမြို့ အပြင်ဘက်မှာရှိတဲ့ အမြင့်ကျွန်းကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၃ ဦးလောက် ဒဏ်ရာရသွားတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

စစ်တွေမြို့နယ် အတွင်းက အမြင့်ကျွန်းကျေးရွာမှာ မနေ့က ညသန်းခေါင်းကျော်အချိန်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး သုံး ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။

"ဟုတ်တယ်။ အဲဒီအမြင့်ကျွန်းကျေးရွာက အဘွားအို တစ်ဦး သေဆုံးပြီး နောက်ထပ် သုံးေ ယာက် ဒဏ်ရာရတယ်လို့ ကြားတယ်။ နောက်ပုဏ္ဏားကျွန်းမြို့နယ် သန်းပုန်းတန်း ကျေးရွာမှာလည်း နွားတစ်ကောင် ကျည်ထိတယ်။ ပြီးတော့ နေအိမ် နှစ်လုံး ခေါင်းမိုးတွေ ပျက်စီးသွားတယ်။"

အမြင့် ကျေးရွာဟာ စစ်တွေမြို့ရဲ့ အပြင်ဘက် စစ်တွေ ရန်ကုန်ကားလမ်းမဘေးမှာ တည်ရှိတာဖြစ်ပြီး မနေ့က ပစ်ခတ်မှုဟာ အမြင့်ကျွန်းကျေးရွာအနီးက မေယုမြစ်အတွင်းက တပ်မတော်ရေတပ်င်္ဘောကနေ ပစ်ခတ်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တပ်မတော်ဘက်ကတော့ မနေ့ကညက တပ်မတော်ရေတပ်သင်္ဘောကို အမြင့်ကျွန်းကျေးရွာအနီးအရောက်မှာ AA ဘက်က RPG တွေနဲ့ ပစ်ခတ်တာကြောင့် ပြန်လည်ပစ်ခတ်ရာတာဖြစ်ပြီး တပ်မတော်သားတချို့လည်း ဒဏ်ရာရရှိခဲ့တာရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ထွန်းထွန်းညီကပြောပါတယ်။

"ဖြစ်စဉ်အမှန်က ညက ကျနော်တို့ စစ်ရေယာဉ်ကို အဲဒီအမြင့်ကျွန်းကျေးရွာနားလေး ရောက်တဲ့ အချိန်မှာ AA တွေကနေပြီးတော့ RPG တို့ လက်နက်ငယ် လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာ အဲတာကြောင့် ကျနော်တို့က ပစ်တဲ့ဘက်ကို ပြန်ပစ်တာ။ ရွာထဲကို ပစ်တာ မဟုတ်ဘူးခင်မျာ။ အဲဒီမှာ ကျနော်တို့ ရေယာဉ်က စစ်သည် တချို့လည်း ဒဏ်ရာရတာရှိတယ်ဗျာ။ ဒဏ်ရာရသွားတယ်ဆိုတဲ့ သူတွေကလည်း အရပ်သားတွေ ဟုတ်ချင်မှ ဟုတ်မှာပေါ့ဗျာ။ ကျနော်တို့ကတော့ ရွာထဲကို ပစ်တာ မဟုတ်ဘူး သူတို့ပစ်တဲ့ဘက်ကို ပြန်ပစ်တာပဲဖြစ်ပါတယ်ခင်ဗျာ။"

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်ကတော့ မနေ့က အမြင့်ကျွန်းကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို တပ်မတော်ဘက်က တဘက်သတ်ပစ်ခတ်တာဖြစ်တယ်လို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"မနေ့ကတော့ တိုက်ပွဲဖြစ်တာ မရှိဘူးခင်ဗျာ။ မနေ့က ညသန်းခေါင်းကျော်လောက်မှာ မေယုမြစ်အတွင်းမှာ သွားလာနေတဲ့ ရေတပ်သဘောၤနှစ်စီးကနေပြီးတော့ အမြင့်ကျွန်းကျေးရွာကို လက်နက်ကြီးတွေနဲ့ လှမ်းပြီးတော့ ပစ်တာရှိတယ်။ ပြောရမယ်ဆိုရင် ဒါ ရခိုင်လူမျိုးတွေနေတဲ့ ရွာတွေကို အမုန်းတရားတွေပေါ်မှာ အခြေခံပြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာဖြစ်တယ်။"

လက်ရှိအချိန်မှာလည်း အမြင့်ကျွန်းကျေးရွာအတွင်းမှာ တပ်မတော်သားတွေ ရှိနေတာကြောင့် နောက်ထပ် ပစ်ခတ်မှုတွေ ဖြစ်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဒါအပြင် ဒီကနေ့မနက်ပိုင်းမှာပဲ ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာနဲ့ မင်းပြားမြို့နယ်ဘက်တွေမှာ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ရခိုင်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်းမှာ အရပ်သားတွေ မကြာခဏဆိုသလို သေဆုံးဒဏ်ရာရတာတွေ ရှိနေပြီး အရပ်သားတွေ သေဆုံးတိုင်းမှာလည်း တပ်နဲ့ AA နှစ်ဘက်စလုံးဟာ တဘက်နဲ့ တဘက် အပြန်အလှန်စွပ်စွဲပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG