သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေတြ ကေမာၻဇဘဏ္ ဓားျပတိုက္သူေတြထဲက တစ္ဦး ဖမ္းမိထား


ဓားျပတိုက္ခံရသည့္ KBZ ဘဏ္။ (ဇြန္ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

စစ္ေတြၿမိဳ႕အတြင္းက ကေမၻာဇဘဏ္ခြဲ (၂) ကို ဒီကေန႔ ညေနပိုင္းက လူေလးဦးလာေရာက္ ဓားျပတိုက္သူေတြထဲက တစ္ဦးကို ဖမ္းဆီးထားတဲ့သတင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က တင္ဆက္ေပးပါမယ္။

ဓားျပတိုက္ခံရသည့္ KBZ ဘဏ္။ (ဇြန္ ၁၀၊ ၂၀၂၀)
ဓားျပတိုက္ခံရသည့္ KBZ ဘဏ္။ (ဇြန္ ၁၀၊ ၂၀၂၀)

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕အတြင္းက ကေမၻာဇဘဏ္ခဲြ (၂) ကို ဒီကေန႔ ညေန ၄ နာရီေက်ာ္ေလာက္က HI-JET ကားအမ်ိဳးအစား ေမာ္ေတာ္ယာဥ္တစ္စီးနဲ႔ အမ်ိဳးသားေလးဦးက လာေရာက္ၿပီး ဓားျပတိုက္ခဲ့တာေၾကာင့္ က်ပ္သိန္း ၁,၈၀၀ ေက်ာ္ပါသြားခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အဲဒီထဲက တစ္ဦးကို ေမာ္ေတာ္ယာဥ္နဲ႔အတူ ဖမ္းဆီးထားၿပီး က်န္တဲ့ သံုးေယာက္ကေတာ့ ေငြသား သိန္း ၁,၈၀၀ နဲ႔အတူ ထြက္ေျပးေနတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဓားျပတိုက္ခံရသည့္ KBZ ဘဏ္။ (ဇြန္ ၁၀၊ ၂၀၂၀)
ဓားျပတိုက္ခံရသည့္ KBZ ဘဏ္။ (ဇြန္ ၁၀၊ ၂၀၂၀)

"က်ေနာ္တို႔ ၅ နာရီေက်ာ္ေက်ာ္ေလာက္မွာ ဖမ္းမိတယ္။ ျဖစ္စဥ္က ၄ နာရီေက်ာ္ေလာက္မွာ ဘဏ္ထဲကို လူ ေလးေယာက္ ဝင္လာတယ္။ ဘဏ္ပိတ္ခ်ိန္ျဖစ္တယ္။ ဘဏ္ပိတ္ခ်ိန္ျဖစ္တာေၾကာင့္ ေနာက္ေပါက္ကေန ဝင္တယ္။ ဓားေတြကို ပုဆိုးနဲ႔ ဆာလာအိတ္ေတြနဲ႔ ထုပ္လာတယ္။ အထဲေရာက္တဲ့ အခါမွာ ဓားေတြ ထုတ္ၿပီး ျခိမ္းေျခာက္ၿပီး ဓားျပတိုက္တယ္။ အဲဒီမွာေငြက်ပ္ သိန္း ၁,၈၀၀ ေလာက္အထိပါသြားတယ္။ သတင္းရတာနဲ႔ က်ေနာ္တို႔ စစ္ေတြၿမိဳ႕ထဲမွာ ဝိုင္းဝန္း ဖမ္းဆီးတာေတြ လုပ္တယ္။ တစ္ေယာက္မိတယ္။ မိတဲ့ ေနရာက ၿပီးျပအဝိုင္းမွာ မိတာလို႔ေျပာတယ္။"

အဲဒီ ကေမၻာဇဘဏ္ခြဲ (၂) ဟာ စစ္ေတြၿမိဳ႕မေစ်းအနီးမွာ တည္ရွိတာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အဲဒီဘဏ္ ေရွ႕မွာ လံုၿခံဳေရး တင္းၾကပ္ထားၿပီး ထြက္ေျပးေနတဲ့ သံုးေယာက္ကို ဖမ္းမိဖို႔ ေဆာင္ရြက္ေနတယ္လို႔ တပ္မေတာ္ဘက္က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်တွေ ကမ္ဘောဇဘဏ် ဓားပြတိုက်သူတွေထဲက တစ်ဦး ဖမ်းမိထား

စစ်တွေမြို့အတွင်းက ကမ္ဘောဇဘဏ်ခွဲ (၂) ကို ဒီကနေ့ ညနေပိုင်းက လူလေးဦးလာရောက် ဓားပြတိုက်သူတွေထဲက တစ်ဦးကို ဖမ်းဆီးထားတဲ့သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ဆက်ပေးပါမယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်းက ကမ္ဘောဇဘဏ်ခွဲ (၂) ကို ဒီကနေ့ ညနေ ၄ နာရီကျော်လောက်က HI-JET ကားအမျိုးအစား မော်တော်ယာဉ်တစ်စီးနဲ့ အမျိုးသားလေးဦးက လာရောက်ပြီး ဓားပြတိုက်ခဲ့တာကြောင့် ကျပ်သိန်း ၁,၈၀၀ ကျော်ပါသွားခဲ့ပါတယ်

လက်ရှိအချိန်မှာတော့ အဲဒီထဲက တစ်ဦးကို မော်တော်ယာဉ်နဲ့အတူ ဖမ်းဆီးထားပြီး ကျန်တဲ့ သုံးယောက်ကတော့ ငွေသား သိန်း ၁,၈၀၀ နဲ့အတူ ထွက်ပြေးနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဓားျပတိုက္ခံရသည့္ KBZ ဘဏ္။ (ဇြန္ ၁၀၊ ၂၀၂၀)
ဓားျပတိုက္ခံရသည့္ KBZ ဘဏ္။ (ဇြန္ ၁၀၊ ၂၀၂၀)

"ကျနော်တို့ ၅ နာရီကျော်ကျော်လောက်မှာ ဖမ်းမိတယ်။ ဖြစ်စဉ်က ၄ နာရီကျော်လောက်မှာ ဘဏ်ထဲကို လူ လေးယောက် ဝင်လာတယ်။ ဘဏ်ပိတ်ချိန်ဖြစ်တယ်။ ဘဏ်ပိတ်ချိန်ဖြစ်တာကြောင့် နောက်ပေါက်ကနေ ဝင်တယ်။ ဓားတွေကို ပုဆိုးနဲ့ ဆာလာအိတ်တွေနဲ့ ထုပ်လာတယ်။ အထဲရောက်တဲ့ အခါမှာ ဓားတွေ ထုတ်ပြီး ခြိမ်းခြောက်ပြီး ဓားပြတိုက်တယ်။ အဲဒီမှာငွေကျပ် သိန်း ၁,၈၀၀ လောက်အထိပါသွားတယ်။ သတင်းရတာနဲ့ ကျနော်တို့ စစ်တွေမြို့ထဲမှာ ဝိုင်းဝန်း ဖမ်းဆီးတာတွေ လုပ်တယ်။ တစ်ယောက်မိတယ်။ မိတဲ့ နေရာက ပြီးပြအဝိုင်းမှာ မိတာလို့ပြောတယ်။"

အဲဒီ ကမ္ဘောဇဘဏ်ခွဲ (၂) ဟာ စစ်တွေမြို့မဈေးအနီးမှာ တည်ရှိတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အဲဒီဘဏ် ရှေ့မှာ လုံခြုံရေး တင်းကြပ်ထားပြီး ထွက်ပြေးနေတဲ့ သုံးယောက်ကို ဖမ်းမိဖို့ ဆောင်ရွက်နေတယ်လို့ တပ်မတော်ဘက်က ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG