သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္သေဘၤာေပၚ ႐ိုက္ႏွက္ခံရသူ ၅ ဦး ဒုတိယအႀကိမ္ ႐ံုးထုတ္


စစ္သေဘၤာေပၚ ႏွိပ္စက္ခံရသူမ်ားကို စစ္ေတြတရား႐ံုးထုတ္ျမင္ကြင္း (ဓာတ္ပံု - Courtesy)

[Zawgyi/Unicode]

တပ္မေတာ္သေဘၤာေပၚမွာ ရိုက္နက္ခံထားရတဲ့ ဖမ္းဆီးခံ ပုဏၰားကြ်န္းေဒသခံ ငါးဦးကို အၾကမ္းဖက္မႈပုဒ္မႏွစ္ခုနဲ႔ တရားစြဲထားၿပီး စစ္ေတြခရိုင္တရားရံုးမွာ ဒီကေန႔ ဒုတိယအႀကိမ္ ရံုးထုတ္စစ္ေဆးခဲ့တဲ့ အေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးပါမယ္။

ရခိုင္ေျမာက္ပိုင္း ပုဏၰားကြ်န္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ေက်းရြာက ဖမ္းဆီးခံထားရတဲ့ လူငယ္ ငါးဦးကို စစ္ေတြခရိုင္ တရားရံုးမွာ ဒီကေန႔ ဒုတတိယအၾကိမ္း ရံုးထုတ္ခဲ့ပါတယ္။

ပုဏၰားကြ်န္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ေက်းရြာက လူ ၃၈ ဦးကို ၿပီးခဲ့တဲ့ ဧၿပီလ ၁၉ ရက္ေန႔က တပ္မေတာ္စစ္ေၾကာင္း တစ္ခုက ဖမ္းစီးခဲ့ၿပီး အဲဒီထဲက ၃၃ ဦးကို တပ္ဘက္က ျပန္လႊတ္ေပးခဲ့ၿပီး ငါးဦးကေတာ့ လက္ရွိတရားစြဲ ဆိုခံထားရသူေတြလည္း ျဖစ္ပါတယ္။

အဲဒီအမႈမွာ တရားခံေျပး ခုနစ္ေယာက္ပါဝင္ေနတာေၾကာင့္ အဲဒီတရားခံေျပးေတြ အမွန္တကယ္ေျပးေနေၾကာင္း ဒီကေန႔ရံုးခ်ိန္းမွာ ရဲက အတည္မျပဳႏိုင္ေသးတဲ့အတြက္ လာမယ့္ ဇြန္လ ၁၂ ရက္ေန႔ကို ထပ္မံရံုးခ်ိန္းလိုက္တယ္ လို႔ ေက်ာက္ဆိပ္လူငယ္ ငါးဦးရဲ႕ အမႈကို လုိက္ပါေဆာင္ရြက္ေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ညြန္႔ေမာင္က ေျပာပါတယ္။

"ဒီေန႔က တရားလိုကို စစ္ရမယ့္ ရံုးခ်ိန္မဟုတ္ေသးဘူးဗ်ာ။ ဒီအမႈမွာ တရားေျပး ခုနစ္ေယာက္လည္း ပါပါေသးတယ္။ သူတို႔တကယ္ေျပးေနပါတယ္ဆိုတာကို ရဲက အတည္ျပဳဖို႔အတြက္ ဝရမ္းစာ မဝင္ေသးတဲ့အတြက္ ေနာက္အပတ္ ေသာၾကာေန႔ကို ရံုးထပ္ခ်ိန္းလိုက္တယ္။ ငါးေယာက္ကေတာ့ က်ေနာ္တို႔ ဘာမွမလုပ္ပါဘူး သူတို႔ကို စစ္ေတြ အက်ဥ္းေထာင္မွာ ထားတယ္။ ေနရထိုင္ရတာလည္း အဆင္ေျပတယ္လို႔ ေျပာတယ္။ က်ေနာ္ေမးၾကည့္ေတာ့ေလ။"

အဲဒီလူငယ္ ငါးေယာက္ကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၀ (ည)၊ ၅၂ (က) တို႔နဲ႔ ၅၅၀ တပ္ရင္းက ဗုိလ္ႀကီး တင့္ႏိုင္ထြန္းက တရားလိုလုပ္ၿပီးေတာ့ တရားစြဲဆိုထားတာျဖစ္ၿပီး ဒီအမႈမွာ ပါဝင္ေနတဲ့ တရားခံေျပးေတြကို အတည္ျပဳၿပီးမွ အဲဒီအမႈကို ဆက္လက္စစ္ေဆးေဆာင္ရြက္ရမွာ ျဖစ္တယ္လို႔လည္း သူကဆက္ေျပာပါတယ္။

အဲဒီလူငယ္ ငါးေယာက္ကို တရားစြဲဆိုထားတဲ့ ပုဒ္မ ၅၀ (ည) ဟာ ေထာင္ဒဏ္တစ္သက္တစ္ကြ်န္းအျပင္ ေငြဒဏ္ပါ က်ခံရႏိုင္တဲ့ ပုဒ္မျဖစ္ၿပီးေတာ့ ပုဒ္မ ၅၂ (က) ကေတာ့ အနည္းဆံုးေထာင္ဒဏ္ ၂ ႏွစ္ကေန အမ်ားေထာင္ဒဏ္ ၇ ႏွစ္အထိ က်ခံရႏိုင္တဲ့ ပုဒ္မတစ္ခုလည္းျဖစ္ပါတယ္။

ဖမ္းဆီးခံထားရသူေတြရဲ႕ မိသားစုဝင္ေတြကေတာ့ သူတို႔မွာ အျပစ္မရွိတာေၾကာင့္ ဒီအမႈကိုမွ်မွ်တတ ေဆာင္ရြက္ေပးေစခ်င္တယ္လို႔ ေတာင္းဆိုေနၾကပါတယ္။

အဲဒီ ငါးေယာက္ကို တပ္မေတာ္ေရယာဥ္တစ္စီးေပၚမွာ တပ္မေတာ္သားေတြက ညဥ္းပန္း ႏိွပ္စက္ေနတဲ့ ရုပ္သံဖိုင္တစ္ခုဟာ ၿပီးခဲ့တဲ့ေမလ ၁၀ရက္ေန႔က အင္တာနက္လူမႈကြန္ယက္ေတြေပၚမွာ ျပန္႔ခဲ့တာနဲ႔ ပတ္သတ္ၿပီး တပ္မေတာ္ဘက္ကေတာ့ က်ဴးလြန္သူေတြကို စစ္စည္းကမ္းဥပေဒနဲ႔အညီ အေရးယူေဆာင္ရြက္သြားမယ္လို႔ ေနျပည္ေတာ္သတင္းစာရွင္းလင္းပြဲမွာ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကေျပာဆိုထားပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ လက္ရွိအခ်ိန္ထိ တိုက္ပြဲေတြ ျပင္းထန္ေနသလို တိုက္ပြဲအတြင္းအရပ္သားဖမ္းဆီးခံရမႈေတြဟာလည္း တိုးလာေနပါတယ္။

ဇြန္လအတြင္းမွာပဲ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္က ေဒသခံ သံုးဦး ဖမ္းဆီးခံထားရၿပီး ပလက္ဝၿမိဳ႕နယ္တစ္ဝိုက္ လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္မႈေတြ ရွိေနတယ္လို႔ ပလက္ဝေဒသခံ ကိုတင္ထြန္းေအာင္ကေျပာပါတယ္။

"က်ေနာ္တို႔ပလက္ဝၿမိဳ႕နယ္ဖက္မွာ ဒီဇြန္လအတြင္းမွာပဲ ရခိုင္လူမ်ိဳး သံုးဦးကို ဖမ္းဆီးထားတယ္။ မေန႔ကလည္း ရာအိမ္မႈ တစ္ေယာက္ကို တပ္မ ၇၇ က ဖမ္းဆီးသြားတယ္။ ၿပီးေတာ့ ဒီပလက္ဝၿမိဳ႕နယ္တ၀ိွက္မွာလည္း လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ေနတာေတြရွိတယ္။"

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကေန AA ရခိုင္လက္နက္ကိုင္အဖြဲ႔ကို အၾကမ္းဖက္အဖြဲ႔အျဖစ္ အစိုးရက မသတ္မွတ္ခင္အထိ အၾကမ္းဖက္ ပုဒ္မေတြနဲ႔ တရားစြဲဆိုခံထားရတဲ့ အမႈေပါင္း ၁၀၉ မႈအထိ ရွိေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တပ်မတော်သင်္ဘောပေါ်မှာ ရိုက်နက်ခံထားရတဲ့ ဖမ်းဆီးခံ ပုဏ္ဏားကျွန်းဒေသခံ ငါးဦးကို အကြမ်းဖက်မှုပုဒ်မနှစ်ခုနဲ့ တရားစွဲထားပြီး စစ်တွေခရိုင်တရားရုံးမှာ ဒီကနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

ရခိုင်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက ဖမ်းဆီးခံထားရတဲ့ လူငယ် ငါးဦးကို စစ်တွေခရိုင် တရားရုံးမှာ ဒီကနေ့ ဒုတတိယအကြိမ်း ရုံးထုတ်ခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက လူ ၃၈ ဦးကို ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က တပ်မတော်စစ်ကြောင်း တစ်ခုက ဖမ်းစီးခဲ့ပြီး အဲဒီထဲက ၃၃ ဦးကို တပ်ဘက်က ပြန်လွှတ်ပေးခဲ့ပြီး ငါးဦးကတော့ လက်ရှိတရားစွဲ ဆိုခံထားရသူတွေလည်း ဖြစ်ပါတယ်။

အဲဒီအမှုမှာ တရားခံပြေး ခုနစ်ယောက်ပါဝင်နေတာကြောင့် အဲဒီတရားခံပြေးတွေ အမှန်တကယ်ပြေးနေကြောင်း ဒီကနေ့ရုံးချိန်းမှာ ရဲက အတည်မပြုနိုင်သေးတဲ့အတွက် လာမယ့် ဇွန်လ ၁၂ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်တယ် လို့ ကျောက်ဆိပ်လူငယ် ငါးဦးရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောပါတယ်။

"ဒီနေ့က တရားလိုကို စစ်ရမယ့် ရုံးချိန်မဟုတ်သေးဘူးဗျာ။ ဒီအမှုမှာ တရားပြေး ခုနစ်ယောက်လည်း ပါပါသေးတယ်။ သူတို့တကယ်ပြေးနေပါတယ်ဆိုတာကို ရဲက အတည်ပြုဖို့အတွက် ဝရမ်းစာ မဝင်သေးတဲ့အတွက် နောက်အပတ် သောကြာနေ့ကို ရုံးထပ်ချိန်းလိုက်တယ်။ ငါးယောက်ကတော့ ကျနော်တို့ ဘာမှမလုပ်ပါဘူး သူတို့ကို စစ်တွေ အကျဉ်းထောင်မှာ ထားတယ်။ နေရထိုင်ရတာလည်း အဆင်ပြေတယ်လို့ ပြောတယ်။ ကျနော်မေးကြည့်တော့လေ။"

အဲဒီလူငယ် ငါးယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့နဲ့ ၅၅၀ တပ်ရင်းက ဗိုလ်ကြီး တင့်နိုင်ထွန်းက တရားလိုလုပ်ပြီးတော့ တရားစွဲဆိုထားတာဖြစ်ပြီး ဒီအမှုမှာ ပါဝင်နေတဲ့ တရားခံပြေးတွေကို အတည်ပြုပြီးမှ အဲဒီအမှုကို ဆက်လက်စစ်ဆေးဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

အဲဒီလူငယ် ငါးယောက်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၅၀ (ည) ဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပြင် ငွေဒဏ်ပါ ကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပြီးတော့ ပုဒ်မ ၅၂ (က) ကတော့ အနည်းဆုံးထောင်ဒဏ် ၂ နှစ်ကနေ အများထောင်ဒဏ် ၇ နှစ်အထိ ကျခံရနိုင်တဲ့ ပုဒ်မတစ်ခုလည်းဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေကတော့ သူတို့မှာ အပြစ်မရှိတာကြောင့် ဒီအမှုကိုမျှမျှတတ ဆောင်ရွက်ပေးစေချင်တယ်လို့ တောင်းဆိုနေကြပါတယ်။

အဲဒီ ငါးယောက်ကို တပ်မတော်ရေယာဉ်တစ်စီးပေါ်မှာ တပ်မတော်သားတွေက ညဉ်းပန်း နှိပ်စက်နေတဲ့ ရုပ်သံဖိုင်တစ်ခုဟာ ပြီးခဲ့တဲ့မေလ ၁၀ရက်နေ့က အင်တာနက်လူမှုကွန်ယက်တွေပေါ်မှာ ပြန့်ခဲ့တာနဲ့ ပတ်သတ်ပြီး တပ်မတော်ဘက်ကတော့ ကျူးလွန်သူတွေကို စစ်စည်းကမ်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေသလို တိုက်ပွဲအတွင်းအရပ်သားဖမ်းဆီးခံရမှုတွေဟာလည်း တိုးလာနေပါတယ်။

ဇွန်လအတွင်းမှာပဲ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ဒေသခံ သုံးဦး ဖမ်းဆီးခံထားရပြီး ပလက်ဝမြို့နယ်တစ်ဝိုက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်ကပြောပါတယ်။

"ကျနော်တို့ပလက်ဝမြို့နယ်ဖက်မှာ ဒီဇွန်လအတွင်းမှာပဲ ရခိုင်လူမျိုး သုံးဦးကို ဖမ်းဆီးထားတယ်။ မနေ့ကလည်း ရာအိမ်မှု တစ်ယောက်ကို တပ်မ ၇၇ က ဖမ်းဆီးသွားတယ်။ ပြီးတော့ ဒီပလက်ဝမြို့နယ်တစ်ဝိုက်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာတွေရှိတယ်။"

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကနေ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက မသတ်မှတ်ခင်အထိ အကြမ်းဖက် ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့ အမှုပေါင်း ၁၀၉ မှုအထိရှိနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG