သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမပံုၿမိဳ႕က ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴး ၆၀ နီးပါး ႏုတ္ထြက္စာတင္ထား


ရခုိင္ျပည္နယ္တြင္း လုံၿခဳံေရးယူေနသည့္ ျမန္မာ့တပ္မေတာ္သားမ်ား။ (ေအာက္တိုဘာ ၂၁၊ ၂၀၁၆)

(Zawgyi / Unicode)

ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕နယ္က ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴး ၆၀ နီးပါး ႏုတ္ထြက္စာတင္ထားၾကပါတယ္။ အျပည့္အစုံကုိ ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ေျမပုံၿမိဳ႕ေပၚရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးေတြကို ျမန္မာစစ္တပ္ဘက္က ဖမ္းဆီးသြားတဲ့ေနာက္ပိုင္း က်န္ရွိတဲ့ ရပ္ကြက္နဲ႔ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြ စိုးရိမ္စိတ္နဲ႔ ႏုတ္ထြက္တာလို႔ ေျမပုံၿမိဳ႕ေပၚ အုပ္ခ်ပ္ေရးမွဴးတဦးက ဗီြအိုေအကို ေျပာပါတယ္။

“စိုးရိမ္မႈဆိုတာ ႏွစ္ဖက္ လက္နက္ကိုင္တပ္ေတြၾကားမွာေပါ့ေနာ္၊ ဟိုဘက္လည္း ေၾကာက္ရတယ္၊ ဒီဘက္လည္း ေၾကာက္ရတယ္။ ဟိုဘက္ကခိုင္းရင္လည္း လုပ္ရတယ္၊ ဒီဘက္ကခိုင္းရင္လည္း လုပ္ရတယ္ေပါ့ေနာ္။ အဲဒီလိုအေျခအေနမ်ိဳးမွာ တပ္မေတာ္ဘက္က ဒါကို နားလည္မေပးဘဲနဲ႔ တရားစြဲလာတဲ့အခါမွာ အဲဒါေၾကာင့္ သူတို႔ ေၾကာက္ၿပီးေတာ့၊ သူတို႔ စိုးရိမ္ၿပီးေတာ့ ႏုတ္ထြက္ၾကတာ ျဖစ္ပါတယ္။ အဖမ္းခံရတဲ့ ၃ ေယာက္ အပါအ၀င္ ၁၀ ဦးေလာက္ပဲ ရွိေတာ့တယ္။ က်န္တဲ့လူ အကုန္ႏုတ္ထြက္သြားပါၿပီ။”

ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းကလည္း ေျမပုံၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးကို သူ ဆက္သြယ္ေမးျမန္းခဲ့ရာမွာ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးေတြ ႏုတ္ထြက္စာ တင္ထားတယ္ဆိုတာ အတည္ျပဳတယ္လုိ႔ ေျပာပါတယ္။

“မနက္က ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကို ေမးျမန္းခ်က္အရေတာ့ အကုန္လုံးက ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရယ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးဆို ၇၃ ဦးရွိပါတယ္။ ၁၁ ဦးကေတာ့ ႏုတ္မထြက္ေသးဘူးေပါ့ေနာ္။ က်န္တဲ့အုပ္စုေတြေတာ့ ႏုတ္ထြက္သြားၿပီလို႔ ေျပာတယ္။ ခု ၁၁ ဦးပဲ က်န္ေတာ့တယ္လို႔ ေျပာပါတယ္ခင္ဗ်။”

ေျမပုံၿမိဳ႕နယ္မွာ ၿမိဳ႕ေပၚရပ္ကြက္ ၉ ရပ္ကြက္ရွိၿပီး ေက်းရြာအုပ္စု ၅၉ အုပ္စုရွိရာမွာ အဖမ္းခံရသူ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ၃ ဦးနဲ႔ တျခား ၁၁ ဦးကလြဲလို႔ က်န္တဲ့သူေတြအားလံုး ႏုတ္ထြက္စာ တင္ထားၾကတာပါ။

ေျပာင္ေခ်ာင္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ျမင့္ကေတာ့ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွာ ႏုတ္ထြက္စာတင္ထားၿပီးၿပီလို႔ ဆိုပါတယ္။

“လက္ရွိ အုပ္ခ်ဳပ္ေရးမွဴး ၃ ေယာက္ သံသယနဲ႔ ဖမ္းဆီးခံရတဲ့ေနာက္ပိုင္း က်ေနာ္တုိ႔လည္း ဒါမ်ိဳး အဖမ္းခံရမလဲဆိုတဲ့ ပုံစံမ်ိဳး အခုက အဲဒီ အုပ္ခ်ဳပ္ေရးမွဴးဘက္ကို ဦးတည္လာတဲ့သေဘာမ်ိဳး သက္ေရာက္လာေနတယ္။ ဒါေၾကာင့္မို႔ က်ေနာ္တုိ႔က အုပ္ခ်ဳပ္ေရးမွဴးတာ၀န္က ႏုတ္ထြက္တဲ့သေဘာပါ။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး႐ုံးကို ပို႔ေပးပါတယ္။”

ႏုတ္ထြက္စာေတြကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး႐ုံးကို တင္ျပထားၿပီးျဖစ္ေပမယ့္ ႐ုံးကေန အေၾကာင္းျပန္လာတာ မရွိေသးဘူးလို႔ သူက ဆိုပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၃၁ ရက္ေန႔က ေျမပုံၿမိဳ႕ ရြာသစ္ေကရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ျမင့္၊ အငူေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ေဇာ္တုိ႔ ၂ ဦးနဲ႔ ဇြန္လ ၄ ရက္ေန႔က ေျမာက္ပိုင္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သန္းကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔ကေန ဖမ္းဆီးေခၚယူခဲ့ပါတယ္။

ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ျမင့္နဲ႔ ဦးေမာင္ေဇာ္တုိ႔ ၂ ဦးကိုေတာ့ စစ္တပ္ကေန ေျမပုံၿမိဳ႕နယ္ ရဲစခန္းကို လႊဲေျပာင္းေပးလိုက္သလို ဇြန္လ ၃ ရက္ေန႔မွာေတာ့ ေျမပုံၿမိဳ႕နယ္ တရား႐ုံးမွာ ရမန္ယူခဲ့ၿပီး AA နဲ႔ ဆက္သြယ္လို႔ဆိုၿပီး အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒ ၅၀ (ည)၊ ၅၂ (ခ) စတဲ့ပုဒ္မေတြနဲ႔ ၿမိဳ႕နယ္ရဲစခန္းကေန အမႈဖြင့္ထားပါတယ္။

ဒီလို ဖမ္းဆီးမႈနဲ႔ပတ္သက္လို႔ တပ္မေတာ္ေျပာခြင့္ရသူကို ဗြီအိုေအကေန ေမးျမန္းခဲ့ေပမယ့္ သူ႔အေနနဲ႔ မသိရွိေၾကာင္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂ဝ၁၉ ခုႏွစ္အတြင္းကလည္း ရေသ့ေတာင္၊ ေက်ာက္ေတာ္၊ ေျမာက္ဦးနဲ႔ မင္းျပားၿမိဳ႕နယ္တို႔က ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး အမ်ားစုဟာလည္း သူတို႔လုံၿခဳံေရးအတြက္ စုိးရိမ္ေနရလို႔ဆိုၿပီး အစုလိုက္အၿပဳံလိုက္ စုေပါင္း ႏုတ္ထြက္စာ တင္ခဲ့ၾကဖူးပါတယ္။

ရပ္္ေက်းအုပ္ခ်ဳပ္ေရးမွဴးေတြ ဖမ္းဆီးခံရတဲ့ ကိစၥေတြမွာ သက္ဆိုင္ရာ ၿမိဳ႕နယ္ ခ႐ုိင္ ျပည္နယ္အဆင့္ကလည္း တာ၀န္ယူ တာ၀န္ခံမႈမရွိတဲ့ အေျခအေနမွာ ရွိေနတယ္လို႔လည္း ႏုတ္ထြက္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးေတြက ဆိုပါတယ္။

ရခိုင္ျပည္နယ္မွာ ၂၀၁၈ ႏွစ္ကုန္ပိုင္းနဲ႔ ၂၀၂၀ ခုႏွစ္အထိ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ စစ္ေရးတင္းမာမႈအတြင္း သံသယနဲ႔ ဖမ္းဆီးခံရသူေပါင္း ၅၀၀ ေက်ာ္ ရွိေနတယ္လို႔ ရခိုင္အဖြဲ႔အစည္းေတြက စာရင္းျပဳစုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

မြေပုံမြို့က ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၆၀ နီးပါး နုတ်ထွက်စာတင်ထား

ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၆၀ နီးပါး နုတ်ထွက်စာတင်ထားကြပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြေပုံမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို မြန်မာစစ်တပ်ဘက်က ဖမ်းဆီးသွားတဲ့နောက်ပိုင်း ကျန်ရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ စိုးရိမ်စိတ်နဲ့ နုတ်ထွက်တာလို့ မြေပုံမြို့ပေါ် အုပ်ချပ်ရေးမှူးတဦးက ဗွီအိုအေကို ပြောပါတယ်။

“စိုးရိမ်မှုဆိုတာ နှစ်ဖက် လက်နက်ကိုင်တပ်တွေကြားမှာပေါ့နော်၊ ဟိုဘက်လည်း ကြောက်ရတယ်၊ ဒီဘက်လည်း ကြောက်ရတယ်။ ဟိုဘက်ကခိုင်းရင်လည်း လုပ်ရတယ်၊ ဒီဘက်ကခိုင်းရင်လည်း လုပ်ရတယ်ပေါ့နော်။ အဲဒီလိုအခြေအနေမျိုးမှာ တပ်မတော်ဘက်က ဒါကို နားလည်မပေးဘဲနဲ့ တရားစွဲလာတဲ့အခါမှာ အဲဒါကြောင့် သူတို့ ကြောက်ပြီးတော့၊ သူတို့ စိုးရိမ်ပြီးတော့ နုတ်ထွက်ကြတာ ဖြစ်ပါတယ်။ အဖမ်းခံရတဲ့ ၃ ယောက် အပါအဝင် ၁၀ ဦးလောက်ပဲ ရှိတော့တယ်။ ကျန်တဲ့လူ အကုန်နုတ်ထွက်သွားပါပြီ။”

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးကို သူ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာ တင်ထားတယ်ဆိုတာ အတည်ပြုတယ်လို့ ပြောပါတယ်။

“မနက်က မြို့နယ်အုပ်ချုပ်ရေးမှူးကို မေးမြန်းချက်အရတော့ အကုန်လုံးက ကျေးရွာအုပ်ချုပ်ရေးမှူးရယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆို ၇၃ ဦးရှိပါတယ်။ ၁၁ ဦးကတော့ နုတ်မထွက်သေးဘူးပေါ့နော်။ ကျန်တဲ့အုပ်စုတွေတော့ နုတ်ထွက်သွားပြီလို့ ပြောတယ်။ ခု ၁၁ ဦးပဲ ကျန်တော့တယ်လို့ ပြောပါတယ်ခင်ဗျ။”

မြေပုံမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စု ၅၉ အုပ်စုရှိရာမှာ အဖမ်းခံရသူ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃ ဦးနဲ့ တခြား ၁၁ ဦးကလွဲလို့ ကျန်တဲ့သူတွေအားလုံး နုတ်ထွက်စာ တင်ထားကြတာပါ။

ပြောင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ နုတ်ထွက်စာတင်ထားပြီးပြီလို့ ဆိုပါတယ်။

“လက်ရှိ အုပ်ချုပ်ရေးမှူး ၃ ယောက် သံသယနဲ့ ဖမ်းဆီးခံရတဲ့နောက်ပိုင်း ကျနော်တို့လည်း ဒါမျိုး အဖမ်းခံရမလဲဆိုတဲ့ ပုံစံမျိုး အခုက အဲဒီ အုပ်ချုပ်ရေးမှူးဘက်ကို ဦးတည်လာတဲ့သဘောမျိုး သက်ရောက်လာနေတယ်။ ဒါကြောင့်မို့ ကျနော်တို့က အုပ်ချုပ်ရေးမှူးတာဝန်က နုတ်ထွက်တဲ့သဘောပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ပို့ပေးပါတယ်။”

နုတ်ထွက်စာတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို တင်ပြထားပြီးဖြစ်ပေမယ့် ရုံးကနေ အကြောင်းပြန်လာတာ မရှိသေးဘူးလို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က မြေပုံမြို့ ရွာသစ်ကေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်၊ အငူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဇော်တို့ ၂ ဦးနဲ့ ဇွန်လ ၄ ရက်နေ့က မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်သန်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးခေါ်ယူခဲ့ပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နဲ့ ဦးမောင်ဇော်တို့ ၂ ဦးကိုတော့ စစ်တပ်ကနေ မြေပုံမြို့နယ် ရဲစခန်းကို လွှဲပြောင်းပေးလိုက်သလို ဇွန်လ ၃ ရက်နေ့မှာတော့ မြေပုံမြို့နယ် တရားရုံးမှာ ရမန်ယူခဲ့ပြီး AA နဲ့ ဆက်သွယ်လို့ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၅၀ (ည)၊ ၅၂ (ခ) စတဲ့ပုဒ်မတွေနဲ့ မြို့နယ်ရဲစခန်းကနေ အမှုဖွင့်ထားပါတယ်။

ဒီလို ဖမ်းဆီးမှုနဲ့ပတ်သက်လို့ တပ်မတော်ပြောခွင့်ရသူကို ဗွီအိုအေကနေ မေးမြန်းခဲ့ပေမယ့် သူ့အနေနဲ့ မသိရှိကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်အတွင်းကလည်း ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တို့က ကျေးရွာအုပ်ချုပ်ရေးမှူး အများစုဟာလည်း သူတို့လုံခြုံရေးအတွက် စိုးရိမ်နေရလို့ဆိုပြီး အစုလိုက်အပြုံလိုက် စုပေါင်း နုတ်ထွက်စာ တင်ခဲ့ကြဖူးပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ဖမ်းဆီးခံရတဲ့ ကိစ္စတွေမှာ သက်ဆိုင်ရာ မြို့နယ် ခရိုင် ပြည်နယ်အဆင့်ကလည်း တာဝန်ယူ တာဝန်ခံမှုမရှိတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း နုတ်ထွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၈ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၀ ခုနှစ်အထိ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးတင်းမာမှုအတွင်း သံသယနဲ့ ဖမ်းဆီးခံရသူပေါင်း ၅၀၀ ကျော် ရှိနေတယ်လို့ ရခိုင်အဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။

XS
SM
MD
LG