သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ျပည္နယ္မွာ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ၂ ဦး အဖမ္းခံရ


ရခိုင္ျပည္နယ္ ဘူးသီေတာင္အတြင္း တပ္စဲြထားတဲ့ ျမန္မာ စစ္တပ္ (ၾသဂုတ္ ၂၉၊ ၂၀၁၇)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ ေျမပံုၿမိဳ႕နယ္အတြင္းက ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ႏွစ္ဦး အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ ဖမ္းဆီးခံရတာေၾကာင့္ တျခား ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြလည္း အလားတူ ဖမ္းဆီးခံရမွာကို စိုးရိမ္ေနၾကတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးပါမယ္။

ရခိုင္ျပည္နယ္ ေျမပံုၿမိဳ႕နယ္အတြင္းက ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ႏွစ္ေယာက္ကို ၿပီးခဲ့ ေမလ ၃၁ ရက္ေန႔က စစ္ေဆးစရာ ရွိတယ္ဆိုၿပီး တပ္မေတာ္က ေခၚေဆာင္သြားၿပီး တပ္မေတာ္ဗိုလ္တစ္ဦးက အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မနဲ႔ အမႈဖြင့္ထားတယ္လို႔ ေျမပံုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

"စေနေန႔ကေပါ့ သူတို႔ကို ဒီမွာခဏ တပ္စြဲထားတဲ့ ဗ်ဳဟာမွဴးက ေဆြးေႏြးဖို႔ ေခၚတယ္ဆိုၿပီးေတာ့ အငူေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ေဇာ္ ၿပီးေတာ့ ၿမိဳ႕ေပၚ ရြာသစ္ေက ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ျမင့္ ႏွစ္ေယာက္က သြားၿပီးေတာ့ အဲမွာ အစစ္ခံပါတယ္။ ၿပီးေတာ့ အိမ္ေတြကိုလည္း ရွာဖြယ္တယ္။ ၿပီးေတာ့ ေနာက္တစ္ရက္ က်ေတာ့ သူတို႔ကို အၾကမ္းဖက္ ပုဒ္မႏွစ္ခုနဲ႔ အမႈဖြင့္ပါတယ္။ မေန႔ကေတာ့ သူတို႔ကို ရမာန္ယူပါတယ္။ သူတို႔ကို ၁၄ရက္ရမာန္ယူၿပီးေတာ့ ဖမ္းခ်ဳပ္ထားတာေတာ့ ေျမပံုၿမိဳ႕နယ္ ၿမိဳ႕မ ရဲစခန္းမွာ ထားတယ္။ တပ္က ဗုိုလ္တစ္ဦးက တရားလိုလုပ္ၿပီးေတာ့ စြဲတယ္လို႔ ေျပာတယ္။"

စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္မွာ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးေတြဟာ မၾကာခဏဆိုသလို ဖမ္းဆီးစစ္ေဆးတာေတြကို ခံေနရၿပီး အခုလို ဖမ္းဆီးအေရးယူတာေတြေၾကာင့္ တစ္ျခားေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးေတြလည္း စိုးရိမ္ေနၾကတယ္လို႔ ဦးေဖသန္းက ဆက္ေျပာပါတယ္။

"ၿမိဳ႕ေပၚမွာ တပ္စြဲထားတာလည္း ရွိတယ္ဆိုေတာ့ စစ္ေဆးတာေတြ၊ ဘာေတြ ရွိတယ္ အခုေတာ့ ရပ္ေက်း အုပ္ခ်ဳပ္ေရးမွဴးေတြကိုပါ ဖမ္းတာေတြ လုပ္လာေတာ့ တစ္ျခားအုပ္ခ်ဳပ္ေရးမွဴးေတြလည္း ဒီကိစၥေပၚမွာ စိုးရိမ္မကင္း ျဖစ္ေနၾကပါတယ္။သူတို႔က AA ရယ္၊ တပ္ရယ္၊ အစုိးရရယ္ ၾကားမွာေနရေတာ့ စိတ္ပါသည္ျဖစ္ေစ၊ မပါသည္ျဖစ္ေစ အကူအညီေတာင္းရင္ လုပ္ေပးရတာေတြ ရွိတယ္။ ၾကားညပ္တဲ့ အုပ္ခ်ဳပ္ေရးမွဴးေတြကို အေရးယူမႈေတြ ျပဳလုပ္လာတဲ့ေနာက္မွာ မလုပ္ခ်င္ေတာ့ဘူး တာဝန္ေတြအပ္မယ္ဆိုၿပီးေတာ့ အသံေတြ ၾကားေနရတယ္။"

ဒါအျပင့္ ၿပီးခဲ့ရက္ပိုင္းက ေတာင္ကုတ္ၿမိဳ႕နယ္ ဆားျပင္းေက်းရြာမွာလည္း တိုင္းရင္းေဆးဆရာတစ္ဦးကို လက္နက္ကိုင္ တပ္ဖြဲ႔တစ္ခုက ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ ဆားျပင္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းျမင့္က ေျပာပါတယ္။

"ေမလ ၃၁ ရက္ေန႔ည၈နာရီ ေက်ာ္ေလာက္မွာ ဆိုင္ကယ္ ၅ စီးနဲ႔ လူတခ်ိဳ႕ေရာက္လာၿပီးေတာ့ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးအိမ္ကို ဝင္ေရာက္ ရွာေဖြခဲ့ၾကတယ္။ က်ေနာ္လည္း ေနအိမ္မွာ မရွိေတာ့ မေတြ႔ဘူး။ ၿပီးေတာ့ ေက်းရြာ အုပ္ခ်ဴပ္ေရးမွဴးအိမ္နဲ႔ မနီးမေဝး ဦးဝင္းလႈိုင္အိမ္ကို သြားေရာက္ၿပီးေတာ့ ဦဝင္းလႈိုင္ကိုေနအိ္မ္က ေခၚယူသြားပါတယ္။ သူေတာ့ ဆားျပင္မွာ ေဆးထိုးတဲ့ အလုပ္ကို လုပ္ပါတယ္။ အတိအက်ေတာ့ မသိဘူး ျမင္လိုက္သူေတြ ေျပာတာကေတာ့ ေသနတ္ ႏွစ္လက္၊ သံုးလက္ပါတယ္ ေနာက္ၿပီးေတာ့ တုန္ကိုင္ ဓားကိုင္ေတြ လည္းပါၾကတယ္။"

လာေရာက္ဖန္းဆီးသူေတြဟာ လက္နက္ေတြ ကိုင္ေဆာင္ထားၿပီး AA ရခုိင္လက္နက္ကိုင္အဖဲြ႔ျဖစ္မယ္လို႔ ေဒသခံေတြက ယူဆၾကေပမဲ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခကေတာ့ ဆားျပင္ေက်းရြာ ျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီး သူတို႔လက္ခ်က္မဟုတ္ဘူးလို႔ ျငင္းပါတယ္။

"ကေနာ္သိသေလာက္ကတာ့ အဲလိုမ်ိဳးျဖစ္စဥ္မရွိဘူးဗ်ာ။ က်ေနာ္တို႔ဆီက အဲလိုေခၚသြားတယ္လို႔လည္း မၾကားမိဘူး။ က်ေနာ္ေလ့လာ သိရွိရေလာက္ကေတာ့ အဲဒီမွာ လူမႈေရး ျပသနာေတြလည္း အမ်ားႀကီး ရွိတယ္။ ပါတီမတူတာေတြ NLD နဲဲ႔ ၾကံ႕ခိုင္ေရးၾကားမွာ မနာလိုမုန္းထား ေဂ်ာက္ခ်တာေတြလည္း အမ်ားႀကီး ရွိေနတယ္။ ဒီၾကားထဲမွာ ျမန္မာစစ္တပ္ဘက္ကလည္း သူတို႔မသကၤာတဲ့ သူေတြကို ညအခ်ိန္မေတာ္ လာဆြဲသြားတာေတြ ရွိတယ္။ ဒီဟာေတြနဲ႔ေတာ့ က်ေနာ္တို႔ ဘာမွ ပတ္သတ္မႈမရွိဘူးဗ်ာ။"

လက္ရွိအခ်ိန္မွာ ေတာင္ကုတ္ၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲေတြ မရွိေပမဲ့ အရပ္သားေတြ ပါတီဝင္ေတြ ဖမ္းဆီးခံထား ရတာေတြလည္း ရွိေနပါတယ္။ အခုလို ဖမ္းဆီးေနတာေတြေၾကာင့္ အုပ္ခ်ဳပ္ေရးမႈေတြ မလံုၿခံဳေတာ့တဲ့ အေျခအေနကို ေရာက္ေနတယ္လို႔ ဆားျပင္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းျမင့္က ေျပာပါတယ္။

"အုပ္ခ်ဳပ္ေရးမွဴးလုပ္ရတာ ဘယ္လိုအခက္အခဲရွိလဲ ဆိုေတာ့ အသက္အႏၱရာယ္ေတာင္ စိုးရိမ္ရတဲ့ အေျခအေနရွိပါတယ္။ မိသားစုတစ္ခုလံုး မေနရဲ၊ မထိုင္ရဲ၊ မစားရဲ ကိုယ့္အိမ္မွာ ကိုယ္မေနရဲ ျဖစ္ေနၾကတယ္။ ကိုယ္ျဖစ္ရင္ ကိုယ္ခံရသလို ျဖစ္ေနၾကတယ္။"

ၿပီးခဲ့ရက္ပိုင္းအတြင္းကလည္း စစ္ေတြၿမိဳ႕ေပၚ လူစည္ကားတဲ့ေနရာ တစ္ခုမွာ ရပ္ေက်းအုပ္ခ်ဳပ္ ေရးမွဴးတစ္ဦး အသတ္ခံရသလို စစ္ေရးတင္းမာေနတဲ့ ရခိုင္ေျမာက္ပိုင္းဘက္မွာလည္း ရပ္ေက်းအုပ္ခ်ဳပ္ေရးမွုဴးေတြ ဖမ္းဆီးခံရတာေတြ သတ္ျဖတ္ခံရတာေတြလည္း ရွိေနပါတယ္။

လက္ရွိအခ်ိန္ထိ ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနၿပီး တပ္နဲ႔ AA ႏွစ္ဘက္ၾကားထဲမွာ ေနရခက္တာေၾကာင့္ ႏုတ္ထြက္သြားတဲ့ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဳဴးေတြ အမ်ားအျပား ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်ပြည်နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ ဦး အဖမ်းခံရ

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ဦး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခံရတာကြောင့် တခြား ကျေးရွာအုပ်ချုပ်ရေးမှူးတွေလည်း အလားတူ ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ယောက်ကို ပြီးခဲ့ မေလ ၃၁ ရက်နေ့က စစ်ဆေးစရာ ရှိတယ်ဆိုပြီး တပ်မတော်က ခေါ်ဆောင်သွားပြီး တပ်မတော်ဗိုလ်တစ်ဦးက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

"စနေနေ့ကပေါ့ သူတို့ကို ဒီမှာခဏ တပ်စွဲထားတဲ့ ဗျုဟာမှူးက ဆွေးနွေးဖို့ ခေါ်တယ်ဆိုပြီးတော့ အငူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဇော် ပြီးတော့ မြို့ပေါ် ရွာသစ်ကေ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့် နှစ်ယောက်က သွားပြီးတော့ အဲမှာ အစစ်ခံပါတယ်။ ပြီးတော့ အိမ်တွေကိုလည်း ရှာဖွယ်တယ်။ ပြီးတော့ နောက်တစ်ရက် ကျတော့ သူတို့ကို အကြမ်းဖက် ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ပါတယ်။ မနေ့ကတော့ သူတို့ကို ရမာန်ယူပါတယ်။ သူတို့ကို ၁၄ရက်ရမာန်ယူပြီးတော့ ဖမ်းချုပ်ထားတာတော့ မြေပုံမြို့နယ် မြို့မ ရဲစခန်းမှာ ထားတယ်။ တပ်က ဗိုလ်တစ်ဦးက တရားလိုလုပ်ပြီးတော့ စွဲတယ်လို့ ပြောတယ်။"

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ မကြာခဏဆိုသလို ဖမ်းဆီးစစ်ဆေးတာတွေကို ခံနေရပြီး အခုလို ဖမ်းဆီးအရေးယူတာတွေကြောင့် တစ်ခြားကျေးရွာ အုပ်ချုပ်ရေးမှူးတွေလည်း စိုးရိမ်နေကြတယ်လို့ ဦးဖေသန်းက ဆက်ပြောပါတယ်။

"မြို့ပေါ်မှာ တပ်စွဲထားတာလည်း ရှိတယ်ဆိုတော့ စစ်ဆေးတာတွေ၊ ဘာတွေ ရှိတယ် အခုတော့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကိုပါ ဖမ်းတာတွေ လုပ်လာတော့ တစ်ခြားအုပ်ချုပ်ရေးမှူးတွေလည်း ဒီကိစ္စပေါ်မှာ စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။သူတို့က AA ရယ်၊ တပ်ရယ်၊ အစိုးရရယ် ကြားမှာနေရတော့ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အကူအညီတောင်းရင် လုပ်ပေးရတာတွေ ရှိတယ်။ ကြားညပ်တဲ့ အုပ်ချုပ်ရေးမှူးတွေကို အရေးယူမှုတွေ ပြုလုပ်လာတဲ့နောက်မှာ မလုပ်ချင်တော့ဘူး တာဝန်တွေအပ်မယ်ဆိုပြီးတော့ အသံတွေ ကြားနေရတယ်။"

ဒါအပြင့် ပြီးခဲ့ရက်ပိုင်းက တောင်ကုတ်မြို့နယ် ဆားပြင်းကျေးရွာမှာလည်း တိုင်းရင်းဆေးဆရာတစ်ဦးကို လက်နက်ကိုင် တပ်ဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆားပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။

"မေလ ၃၁ ရက်နေ့ည၈နာရီ ကျော်လောက်မှာ ဆိုင်ကယ် ၅ စီးနဲ့ လူတချို့ရောက်လာပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကို ဝင်ရောက် ရှာဖွေခဲ့ကြတယ်။ ကျနော်လည်း နေအိမ်မှာ မရှိတော့ မတွေ့ဘူး။ ပြီးတော့ ကျေးရွာ အုပ်ချူပ်ရေးမှူးအိမ်နဲ့ မနီးမဝေး ဦးဝင်းလှိုင်အိမ်ကို သွားရောက်ပြီးတော့ ဦဝင်းလှိုင်ကိုနေအိမ်က ခေါ်ယူသွားပါတယ်။ သူတော့ ဆားပြင်မှာ ဆေးထိုးတဲ့ အလုပ်ကို လုပ်ပါတယ်။ အတိအကျတော့ မသိဘူး မြင်လိုက်သူတွေ ပြောတာကတော့ သေနတ် နှစ်လက်၊ သုံးလက်ပါတယ် နောက်ပြီးတော့ တုန်ကိုင် ဓားကိုင်တွေ လည်းပါကြတယ်။"

လာရောက်ဖန်းဆီးသူတွေဟာ လက်နက်တွေ ကိုင်ဆောင်ထားပြီး AA ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်မယ်လို့ ဒေသခံတွေက ယူဆကြပေမဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခကတော့ ဆားပြင်ကျေးရွာ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းပါတယ်။

"ကနော်သိသလောက်ကတာ့ အဲလိုမျိုးဖြစ်စဉ်မရှိဘူးဗျာ။ ကျနော်တို့ဆီက အဲလိုခေါ်သွားတယ်လို့လည်း မကြားမိဘူး။ ကျနော်လေ့လာ သိရှိရလောက်ကတော့ အဲဒီမှာ လူမှုရေး ပြသနာတွေလည်း အများကြီး ရှိတယ်။ ပါတီမတူတာတွေ NLD နဲ့ ကြံ့ခိုင်ရေးကြားမှာ မနာလိုမုန်းထား ဂျောက်ချတာတွေလည်း အများကြီး ရှိနေတယ်။ ဒီကြားထဲမှာ မြန်မာစစ်တပ်ဘက်ကလည်း သူတို့မသင်္ကာတဲ့ သူတွေကို ညအချိန်မတော် လာဆွဲသွားတာတွေ ရှိတယ်။ ဒီဟာတွေနဲ့တော့ ကျနော်တို့ ဘာမှ ပတ်သတ်မှုမရှိဘူးဗျာ။"

လက်ရှိအချိန်မှာ တောင်ကုတ်မြို့နယ်ဘက်မှာ တိုက်ပွဲတွေ မရှိပေမဲ့ အရပ်သားတွေ ပါတီဝင်တွေ ဖမ်းဆီးခံထား ရတာတွေလည်း ရှိနေပါတယ်။ အခုလို ဖမ်းဆီးနေတာတွေကြောင့် အုပ်ချုပ်ရေးမှုတွေ မလုံခြုံတော့တဲ့ အခြေအနေကို ရောက်နေတယ်လို့ ဆားပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။

"အုပ်ချုပ်ရေးမှူးလုပ်ရတာ ဘယ်လိုအခက်အခဲရှိလဲ ဆိုတော့ အသက်အန္တရာယ်တောင် စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်။ မိသားစုတစ်ခုလုံး မနေရဲ၊ မထိုင်ရဲ၊ မစားရဲ ကိုယ့်အိမ်မှာ ကိုယ်မနေရဲ ဖြစ်နေကြတယ်။ ကိုယ်ဖြစ်ရင် ကိုယ်ခံရသလို ဖြစ်နေကြတယ်။"

ပြီးခဲ့ရက်ပိုင်းအတွင်းကလည်း စစ်တွေမြို့ပေါ် လူစည်ကားတဲ့နေရာ တစ်ခုမှာ ရပ်ကျေးအုပ်ချုပ် ရေးမှူးတစ်ဦး အသတ်ခံရသလို စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းဘက်မှာလည်း ရပ်ကျေးအုပ်ချုပ်ရေးမှုူးတွေ ဖမ်းဆီးခံရတာတွေ သတ်ဖြတ်ခံရတာတွေလည်း ရှိနေပါတယ်။

လက်ရှိအချိန်ထိ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး တပ်နဲ့ AA နှစ်ဘက်ကြားထဲမှာ နေရခက်တာကြောင့် နုတ်ထွက်သွားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှုူးတွေ အများအပြား ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG