သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ အရပ္သားေတြ ဆက္လက္ ဖမ္းဆီးခံေနရ


တိုက္ပြဲေၾကာင့္ အိုးအိမ္စြန္႔ထြက္ေျပးရၿပီး ေစတီဝန္းထဲတြင္ ခိုလံႈေနရသည့္ ၿမိဳ တိုင္းရင္းသားတခ်ဳိ႕။ (ဇန္နဝါရီ ၂၅၊ ၂၀၁၉ )

(Zawgyi/Unicode)

ရခိုင္ျပည္နယ္၊ ေျမပုံၿမိဳ႕နဲ႕ ေက်ာက္ျဖဴျမိဳ႕နယ္ဘက္မွာ အုပ္ခ်ဳပ္ေရးမွဴးနဲ႕ စစ္ထြက္ အရပ္သားေတြ ဖမ္းဆီးခံေနရျပီး၊ ခ်င္းျပည္နယ္ပလက္၀ၿမိဳ႕နယ္မွာလည္း အရပ္သားေတြဖမ္းဆီးခံေနတဲ့အေၾကာင္း ႏိုင္ကြန္းအိန္ တင္ဆက္ေပးပါမယ္။

ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္ ထရြမ္းအိုင္ေက်းရြာမွာ နယ္ေျမခံစစ္တပ္ကေန ဒီမနက္မွာ အရပ္သား လူငယ္ႏွစ္ဦးကို ဖမ္းဆီးသြားတယ္လို႕ ထရြမ္းအိုင္ေဒသခံ အဖမ္းခံရသူ ေမာင္ေရႊအိုးရဲ႕ေဆြမ်ိဳးသားခ်င္းတဦးက အတည္ျပဳေျပာပါတယ္။

“ေမာင္ေရႊအိုးပါ။ ဒီလကုန္ကတည္းက ဒလက္ေခ်ာင္းကို ပစၥည္းရြက္လႊင့္သြားတယ္။ အဲတာ ျပန္လာေတာ့ မေန႕က မနက္ ပိုင္း ေရာက္တာနဲ႕ဒီမွာသတင္းပို႕တယ္။ သတင္းပို႕ျပီးေတာ့ (၉)နာရီေလာက္မွာ ဗိုလ္မွဴးက ေခၚတယ္ဆိုေတာ့ တပ္ထဲကို တက္သြားတာ။ ျပန္မလာေသးဘူး။ တေယာက္ထဲမဟုတ္ဘူး။ ေစတီျပင္ရြာက တေယာက္ပါတယ္ (၂)ေယာက္။ ေစတီျပင္ဆိုတာ ထရြမ္အိုင္နဲ႕နီးနီးေလးဘဲ။ ဗိုလ္မွဴးကိုေရာ တျခားအပြင့္ကိုေရာ ေမးျပီးေတာ့ လႊတ္ေပးမယ္ ဘာမွမစိုးရိမ္နဲ႕ အဲဒီလိုဘဲေျပာတယ္။ အခုထိ ျပန္မလိုက္ဘူး။”

ပလက္၀ၿမိဳ႕နယ္ ဒလက္ေခ်ာင္းနဲံဒိုးေခ်ာင္း၀ဘက္ကို ပစၥည္းတင္ပို႕ရာကအျပန္ ဒီမနက္မွာဖမ္းဆီးခံရျပီး လႊတ္ေျမာက္ တာမရွိေသးဘူးလို႕ဆိုပါတယ္။

ပလက္၀ၿမိဳ႕နယ္ဘက္မွာလဲ AAရခိုင္လက္နက္ကိုင္အဖြဲ႕နဲ႕ဆက္စပ္တယ္ဆိုျပီး စစ္တပ္ဘက္က ဖမ္းဆီးမွဳေတြ အစဥ္လိုလိုျဖစ္ေနတာပါ။

ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕မွာလဲ မေန႕က ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦး ထပ္မံဖမ္းဆီးခံရျပီး တစ္ျခားရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြ တိမ္းေရွာင္ေနရတဲ့အေျခအေနရွိေနတယ္လို႕ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

“(၃)ရက္ေန႕ မေန႕က ည(၉)နာရီခြဲေလာက္မွာ ျမိဳ႕ေပၚရပ္ကြက္ ေျမာက္ပိုင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သန္းကို လာေခၚတယ္ ဖမ္းတယ္ေပါ့ဗ်ာ။ ဒီေန႕ စရဖ ရံုးမွာ သူ႕ကိုစစ္ေဆးေနတယ္ လို႕ သိရတယ္။ အမွဳဖြင့္မဖြင့္ေတာ့ ကြ်န္ေတာ္ တို႕မသိရေသးဘူး။ တျခားရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြ၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြကေတာ့ ဒီအေပၚမွာ သူတို႕စိုးရိမ္ ေၾကာက္လန္႕ေနရတာေပါ့။ တခ်ိဳ႕ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးေတြ ဆိုရင္ ကိုယ့္အိမ္မွာမအိပ္ရဲတဲ့ အေျခအေနမ်ိဳး ေရာက္ေန တယ္။ ေရွာင္တိမ္းျပီး ေနၾကတယ္ေပါ့။”

ၿပီးခဲ့တဲ့ ေမလ ၃၁ ရက္ေန႔မွာလဲ ေျမပုံၿမိဳ႕၊ ရြာသစ္ေကရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ျမင့္နဲ႕ ေျမပုံၿမိဳ႕နယ္ အငူအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ေဇာ္တို႕ကို ျမန္မာစစ္တပ္က ဖမ္းဆီးသြားျပီး အၾကမ္းဖက္မႈ ဥပေဒပုဒ္မ ၅ဝ ၊ ၅၂ နဲ႕ အမႈဖြင့္ အေရးယူထားပါတယ္။

ပလက္၀ၿမိဳ႕နယ္ ထရြမ္းအိုင္ေက်းရြာသားႏွစ္ဦးနဲ႕ေျမပုံၿမိဳ႕ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးကို ျမန္မာစစ္တပ္ဘက္က ဖမ္းဆီးစစ္ေဆး ေနတဲ့ျဖစ္စဥ္နဲ႕ပက္သက္လို႕ တပ္မေတာ္ေျပာေရးဆိုခြင့္ ရွိသူကို ဆက္သြယ္ေမးျမန္းရာမွာ မသိရွိေသးေၾကာင္း ေျပာပါတယ္။

စစ္ေရးပဋိပကၡျပင္းထန္ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္အတြင္းမွာ ႏွစ္ဖက္တပ္ေတြနဲ႕ ဆက္ႏြယ္ေနတယ္ဆိုျပီး အဖမ္းဆီးခံရမွဳေတြကလည္း ပိုမ်ားလာေနပါတယ္။

ေက်ာက္ျဖဴျမိဳ႕နယ္ ဇင္ေခ်ာင္းအုပ္စု ကုန္ေဘာင္ႀကီးေက်းရြာက ေရတပ္စစ္မွဳထမ္းေဟာင္း ဦးေမာင္ညိဳနဲ႕ သူရဲ႕ဖခင္ ျဖစ္သူကလဲ ဇြန္လဆန္းမွာ အမည္မသိအဖြဲ႕ကေန ဖမ္းဆီးသြားတယ္ လို႕ယူဆရျပီး ဒီကေန႕တိုင္ ေပ်ာက္ဆုံး ေနတယ္ လို႕ ေက်ာက္ျဖဴျမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္လြင္ကေျပာပါတယ္။

“သူတို႕တေတြကေနျပီးေတာ့ ပင္လယ္ကမ္းစပ္မွာ တခါတေလက်ရင္ ႀကိဳးပိုက္ေတြႀကိဳးက ပင္လယ္ထဲက ေမ်ာပါလာ တာ။ အဲတာဆယ္ယူးဖို႕သြားၾကတာ သားအဖႏွစ္ေယာက္က။ ဆိုင္ကယ္နဲ႕သြားၾကတယ္။ ဆိုင္ကယ္တစီးဘဲက်န္တယ္။ ၆လပိုင္း(၁)ရက္ေန႕ကေပ်ာက္သြားတယ္ဗ်။ ဘယ္အဖြဲ႕ဖမ္းယူသြားမွန္းလဲမသိဘူး။ တခ်ိဳ႕ကေတာ့ ဟိုဘက္ ဒီဘက္ ထင္ ရာ ျမင္ရာေတာ့ ေျပာတာရွိတယ္။ ဒါေပမယ့္ ေပ်ာက္သြားတာကေတာ့ အကုန္လုံးအတည္ျပဳလို႕ရတယ္။ ေရတပ္က တပ္ၾကပ္ၾကီးနဲ႕ဒင္းကအနားယူထားတယ္။ အနားယူၿပီး ကိုယ့္ရြာမွာေနတာသူက။”

ရခိုင္ျပည္နယ္အတြင္း AAရခိုင္လက္နက္ကိုင္အဖြဲ႕နဲ႕ဆက္ႏြယ္သူေတြနဲ႕ ျမန္မာစစ္တပ္နဲ႕ ပက္သက္သူေတြ မၾကာခဏ ဖမ္းဆီးခံရတာေတြရွိေနတာပါ။ အခုလို အဖမ္းအဆီၤးေတြကို ျမန္မာစစ္တပ္ဘက္က ျပဳလုပ္တတ္သလို၊ AA ရခိုင္လက္နက္ကိုင္အဖဲြ႔ဘက္ကလည္း ေဒသခံေတြကို ဖမ္းတာဆီးတာေတြရိွပါတယ္။ ၂၀၁၈ႏွစ္ကုန္ပိုင္းကေန ၂၀၂၀ ႏွစ္ဆန္းအထိ ရခိုင္ျပည္နယ္အတြင္း ဖမ္းဆီးခံရ သူ(၅၀၀)ရွိေနတယ္လို႕ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းရံုး ကေန စာရင္းျပဳစု ထားပါတယ္။

ဒီလိုျဖစ္စဥ္ေတြဟာ စစ္ပြဲေတြကေန အရင္းခံျပီးျဖစ္ေပၚလာတဲ့ ဆိုးက်ိဳးေတြလို႕လဲ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက သုံးသပ္ေျပာဆိုပါတယ္။

“ဒါစစ္ပြဲရဲ႕ အနိဌာရံုေတြေပါ့ေနာ္။ စစ္ပြဲတပြဲျဖစ္လာျပီဆိုရင္ မဆိုင္တဲ့ ၾကားက ျပည္သူေတြ ေျမဇာပင္ျဖစ္တာ ေပါ့။ စစ္ပြဲ ေတြျဖစ္လာရင္ ဥပေဒစိုးမိုးမွဳအားနည္းသြားတယ္ေပါ့။ လူ႕အခြင့္အေရးခ်ိဳးေဖာက္မွဳေတြ အမ်ားၾကီးျဖစ္လာတာေပါ့။ ဒါေၾကာင့္ ကြ်န္ေတာ္တို႕က ျငိမ္းခ်မ္းေရးကို ေဆြးေႏြးၾကပါလို႕ တိုက္တြန္းေနေပမယ့္ ဒီေန႕အထိ အဲဒီလမ္းေၾကာင္းေပၚမွာ မေရာက္လာဘဲ အျပတ္တိုက္ေနတဲ့လမ္းေပၚမွာဘဲ ေရာက္သြားၾကတာေပါ့ဗ်ာ။ ”

ျမန္မာစစ္တပ္ဘက္ကေရာ AAအဖြဲ႕ပါ၀င္တဲ့ ေျမာက္ပိုင္းညီေနာင္မဟာမိတ္(၃)ဖြဲ႔ကပါ တဖက္သတ္ အပစ္အခတ္ရပ္စဲေၾကာင္း အၾကိမ္ၾကိမ္ထုတ္ျပန္ေပမယ့္ တိုက္ပြဲေတာ့ျဖစ္ပြားေနဆဲျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အတြင္း ရခိုင္လက္နက္ကိုင္AAအဖြဲ႕တည္ရွိမွဳကို တပ္မေတာ္ဘက္က လက္မခံသလို ရခိုင္ျပည္နယ္ အတြင္းအေျခခ်ေရးကို ရည္မွန္းထားတဲ့ AAအဖြဲ႕တို႕အၾကား မတူညီတဲ့ အျမင္သေဘာထားေတြေၾကာင့္ ျငိမ္းခ်မ္း ေရးအတြက္အလွမ္းေ၀းေနဦးမယ္လို႔ စစ္ေရးအကဲခတ္သူေတြကသုံးသပ္မွဳေတြရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္



...........

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အရပ်သားတွေ ဆက်လက် ဖမ်းဆီးခံနေရ

(Unicode)

ရခိုင်ပြည်နယ်မြေပုံမြို့နဲ့ ကျောက်ဖြူမြို့နယ်ဘက်မှာ အုပ်ချုပ်ရေးမှူးနဲ့ စစ်ထွက် အရပ်သားတွေ ဖမ်းဆီးခံနေရပြီး၊ ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာလည်း အရပ်သားတွေဖမ်းဆီးခံနေတဲ့အကြောင်း နိုင်ကွန်းအိန် တင်ဆက်ပေးပါမယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ထရွမ်းအိုင်ကျေးရွာမှာ နယ်မြေခံစစ်တပ်ကနေ ဒီမနက်မှာ အရပ်သား လူငယ်နှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ထရွမ်းအိုင်ဒေသခံ အဖမ်းခံရသူ မောင်ရွှေအိုးရဲ့ဆွေမျိုးသားချင်းတဦးက အတည်ပြုပြောပါတယ်။

“မောင်ရွှေအိုးပါ။ ဒီလကုန်ကတည်းက ဒလက်ချောင်းကို ပစ္စည်းရွက်လွှင့်သွားတယ်။ အဲတာ ပြန်လာတော့ မနေ့က မနက် ပိုင်း ရောက်တာနဲ့ဒီမှာသတင်းပို့တယ်။ သတင်းပို့ပြီးတော့ (၉)နာရီလောက်မှာ ဗိုလ်မှူးက ခေါ်တယ်ဆိုတော့ တပ်ထဲကို တက်သွားတာ။ ပြန်မလာသေးဘူး။ တယောက်ထဲမဟုတ်ဘူး။ စေတီပြင်ရွာက တယောက်ပါတယ် (၂)ယောက်။ စေတီပြင်ဆိုတာ ထရွမ်အိုင်နဲ့နီးနီးလေးဘဲ။ ဗိုလ်မှူးကိုရော တခြားအပွင့်ကိုရော မေးပြီးတော့ လွှတ်ပေးမယ် ဘာမှမစိုးရိမ်နဲ့ အဲဒီလိုဘဲပြောတယ်။ အခုထိ ပြန်မလိုက်ဘူး။”

ပလက်ဝမြို့နယ် ဒလက်ချောင်းနဲံဒိုးချောင်းဝဘက်ကို ပစ္စည်းတင်ပို့ရာကအပြန် ဒီမနက်မှာဖမ်းဆီးခံရပြီး လွှတ်မြောက် တာမရှိသေးဘူးလို့ဆိုပါတယ်။

ပလက်ဝမြို့နယ်ဘက်မှာလဲ AAရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ဆက်စပ်တယ်ဆိုပြီး စစ်တပ်ဘက်က ဖမ်းဆီးမှုတွေ အစဉ်လိုလိုဖြစ်နေတာပါ။

ရခိုင်ပြည်နယ် မြေပုံမြို့မှာလဲ မနေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ထပ်မံဖမ်းဆီးခံရပြီး တစ်ခြားရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ တိမ်းရှောင်နေရတဲ့အခြေအနေရှိနေတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“(၃)ရက်နေ့ မနေ့က ည(၉)နာရီခွဲလောက်မှာ မြို့ပေါ်ရပ်ကွက် မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းကို လာခေါ်တယ် ဖမ်းတယ်ပေါ့ဗျာ။ ဒီနေ့ စရဖ ရုံးမှာ သူ့ကိုစစ်ဆေးနေတယ် လို့ သိရတယ်။ အမှုဖွင့်မဖွင့်တော့ ကျွန်တော် တို့မသိရသေးဘူး။ တခြားရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ ဒီအပေါ်မှာ သူတို့စိုးရိမ် ကြောက်လန့်နေရတာပေါ့။ တချို့ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ဆိုရင် ကိုယ့်အိမ်မှာမအိပ်ရဲတဲ့ အခြေအနေမျိုး ရောက်နေ တယ်။ ရှောင်တိမ်းပြီး နေကြတယ်ပေါ့။”

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့မှာလဲ မြေပုံမြို့၊ ရွာသစ်ကေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နဲ့ မြေပုံမြို့နယ် အငူအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဇော်တို့ကို မြန်မာစစ်တပ်က ဖမ်းဆီးသွားပြီး အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅ဝ ၊ ၅၂ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ပလက်ဝမြို့နယ် ထရွမ်းအိုင်ကျေးရွာသားနှစ်ဦးနဲ့မြေပုံမြို့ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မြန်မာစစ်တပ်ဘက်က ဖမ်းဆီးစစ်ဆေး နေတဲ့ဖြစ်စဉ်နဲ့ပက်သက်လို့ တပ်မတော်ပြောရေးဆိုခွင့် ရှိသူကို ဆက်သွယ်မေးမြန်းရာမှာ မသိရှိသေးကြောင်း ပြောပါတယ်။

စစ်ရေးပဋိပက္ခပြင်းထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ နှစ်ဖက်တပ်တွေနဲ့ ဆက်နွယ်နေတယ်ဆိုပြီး အဖမ်းဆီးခံရမှုတွေကလည်း ပိုများလာနေပါတယ်။

ကျောက်ဖြူမြို့နယ် ဇင်ချောင်းအုပ်စု ကုန်ဘောင်ကြီးကျေးရွာက ရေတပ်စစ်မှုထမ်းဟောင်း ဦးမောင်ညိုနဲ့ သူရဲ့ဖခင် ဖြစ်သူကလဲ ဇွန်လဆန်းမှာ အမည်မသိအဖွဲ့ကနေ ဖမ်းဆီးသွားတယ် လို့ယူဆရပြီး ဒီကနေ့တိုင် ပျောက်ဆုံး နေတယ် လို့ ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကပြောပါတယ်။

“သူတို့တတွေကနေပြီးတော့ ပင်လယ်ကမ်းစပ်မှာ တခါတလေကျရင် ကြိုးပိုက်တွေကြိုးက ပင်လယ်ထဲက မျောပါလာ တာ။ အဲတာဆယ်ယူးဖို့သွားကြတာ သားအဖနှစ်ယောက်က။ ဆိုင်ကယ်နဲ့သွားကြတယ်။ ဆိုင်ကယ်တစီးဘဲကျန်တယ်။ ၆လပိုင်း(၁)ရက်နေ့ကပျောက်သွားတယ်ဗျ။ ဘယ်အဖွဲ့ဖမ်းယူသွားမှန်းလဲမသိဘူး။ တချို့ကတော့ ဟိုဘက် ဒီဘက် ထင် ရာ မြင်ရာတော့ ပြောတာရှိတယ်။ ဒါပေမယ့် ပျောက်သွားတာကတော့ အကုန်လုံးအတည်ပြုလို့ရတယ်။ ရေတပ်က တပ်ကြပ်ကြီးနဲ့ဒင်းကအနားယူထားတယ်။ အနားယူပြီး ကိုယ့်ရွာမှာနေတာသူက။”

ရခိုင်ပြည်နယ်အတွင်း AAရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ဆက်နွယ်သူတွေနဲ့ မြန်မာစစ်တပ်နဲ့ ပက်သက်သူတွေ မကြာခဏ ဖမ်းဆီးခံရတာတွေရှိနေတာပါ။ အခုလို အဖမ်းအဆီၤးတွေကို မြန်မာစစ်တပ်ဘက်က ပြုလုပ်တတ်သလို၊ AA ရခိုင်လက်နက်ကိုင်အဖွဲ့ဘက်ကလည်း ဒေသခံတွေကို ဖမ်းတာဆီးတာတွေရှိပါတယ်။ ၂၀၁၈နှစ်ကုန်ပိုင်းကနေ ၂၀၂၀ နှစ်ဆန်းအထိ ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးခံရ သူ(၅၀၀)ရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းရုံး ကနေ စာရင်းပြုစု ထားပါတယ်။

ဒီလိုဖြစ်စဉ်တွေဟာ စစ်ပွဲတွေကနေ အရင်းခံပြီးဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေလို့လဲ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်ပြောဆိုပါတယ်။

“ဒါစစ်ပွဲရဲ့ အနိဌာရုံတွေပေါ့နော်။ စစ်ပွဲတပွဲဖြစ်လာပြီဆိုရင် မဆိုင်တဲ့ ကြားက ပြည်သူတွေ မြေဇာပင်ဖြစ်တာ ပေါ့။ စစ်ပွဲ တွေဖြစ်လာရင် ဥပဒေစိုးမိုးမှုအားနည်းသွားတယ်ပေါ့။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးဖြစ်လာတာပေါ့။ ဒါကြောင့် ကျွန်တော်တို့က ငြိမ်းချမ်းရေးကို ဆွေးနွေးကြပါလို့ တိုက်တွန်းနေပေမယ့် ဒီနေ့အထိ အဲဒီလမ်းကြောင်းပေါ်မှာ မရောက်လာဘဲ အပြတ်တိုက်နေတဲ့လမ်းပေါ်မှာဘဲ ရောက်သွားကြတာပေါ့ဗျာ။ ”

မြန်မာစစ်တပ်ဘက်ကရော AAအဖွဲ့ပါဝင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ကပါ တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း အကြိမ်ကြိမ်ထုတ်ပြန်ပေမယ့် တိုက်ပွဲတော့ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရခိုင်လက်နက်ကိုင်AAအဖွဲ့တည်ရှိမှုကို တပ်မတော်ဘက်က လက်မခံသလို ရခိုင်ပြည်နယ် အတွင်းအခြေချရေးကို ရည်မှန်းထားတဲ့ AAအဖွဲ့တို့အကြား မတူညီတဲ့ အမြင်သဘောထားတွေကြောင့် ငြိမ်းချမ်း ရေးအတွက်အလှမ်းဝေးနေဦးမယ်လို့ စစ်ရေးအကဲခတ်သူတွေကသုံးသပ်မှုတွေရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG