သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ပုိင္းမဟာမိတ္ ၃ ဖြဲ႔ အပစ္ရပ္သက္တမ္း ၃ လတုိး


MNDAA ကိုးကန္႔တပ္ဖြဲ႔၀င္မ်ား

(Zawgyi/Unicode)

ေျမာက္ပိုင္း ညီေနာင္ မဟာမိတ္ ၃ ဖြဲ႔ျဖစ္တဲ့ MNDAA ကိုးကန္႔ ၊ TNLA တအာင္းပေလာင္ ၊ AA ရခိုင္လက္နက္ကိုင္ တပ္ဖြဲ႔ေတြကဇြန္လ(၁)ရက္ကေန ၾသဂုတ္လ (၃၁)ရက္အထိ ေနာက္ထပ္ ၃ လ တဖက္သတ္ အပစ္ရပ္ေၾကာင္း တနလၤာေန႔မွာ ေၾကညာလိုက္ပါတယ္။

အခုလို အပစ္ရပ္ကာလ သက္တမ္း တိုးရတာဟာ ႏိုင္ငံေရးအရ ေတြ႔ဆုံေဆြးေႏြး အေျဖရွာႏိုင္ဖို႔ ၊ ျမန္မာ့တပ္မေတာ္နဲ႔ ညီေနာင္ ၃ ဖြဲ႔ၾကား ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ေခ်ာေမ ြ႕ ထိေရာက္ေစဖို႔ ၊ ျပည္သူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ၿပီး ျပည္တြင္းစစ္ ခ်ဳပ္ၿငိမ္းေစဖို႔ နဲ႔ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးမွာ အေထာက္ကူ ျပဳေစဖို႔ အတြက္ ျဖစ္တယ္လို႔ သူတို႔ရဲ႕ ေၾကညာခ်က္မွာ ေဖၚျပပါတယ္။

ဒီ ညီေနာင္မဟာမိတ္ ၃ ဖြဲ႔က တဖတ္သတ္ အပစ္ရပ္ ေၾကညာလာခဲ့တာဟာ ၂၀၁၉ ထဲကျဖစ္ၿပီး ၊ ၅ ၾကိမ္ေျမာက္ အပစ္ရပ္ကာလက ေမလ (၃၁)ရက္ေန႔မွာ ကုန္ဆုံးသြားတာေၾကာင့္ အခု ၆ ႀကိမ္ေျမာက္အျဖစ္ သက္တမ္းတိုးလိုက္တာ ျဖစ္ပါတယ္။ ျမန္မာ့တပ္မေတာ္ဘက္ကလည္း ေမလဆန္းကေန ၾသဂုတ္လကုန္ထိ အပစ္ရပ္ထားမယ္လုိ႔ ေၾကညာထားပါတယ္ ။ ဒါေပမဲ့ တကယ့္ လက္ေတြ႔မွာ ရွမ္းေျမာက္ပိုင္းနဲ႔ ရခိုင္/ခ်င္း ျပည္နယ္ေတြမွာ တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနတာပါ။

အခုလို တဖက္သတ္ အပစ္ရပ္ ကမ္းလွမ္းခ်က္ကို ျမန္မာ့တပ္မေတာ္ဘက္က အျပဳသေဘာေဆာင္တဲ့ တုံ႔ျပန္မႈမလုပ္ပဲ တုိင္းရင္းသားေဒသေတြမွာ ဆက္ၿပီး ထုိးစစ္ဆင္ေနမယ္ဆိုရင္ ညီေနာင္မဟာမိတ္ ၃ ဖြဲ႔က လက္တံု႔ျပန္သြားမွာျဖစ္တယ္လို႔ ေၾကညာခ်က္မွာ သတိေပး ေဖၚျပထားပါတယ္။

တကမၻာလုံးမွာ ကိုဗစ္ကပ္ေရာဂါ ျဖစ္ေနတာမို႔ လက္နက္ကိုင္အဖြဲ႔ေတြၾကား စစ္ေရးပဋိပကၡကို ရပ္ထားဖို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ António Guterres က ေမတၱာရပ္ခံထားေပမဲ့လည္း ျမန္မာ့တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔ေတြဟာ လက္ေတြ႕မပါတဲ့ တဖက္သတ္ အပစ္ရပ္စဲေရး ေၾကညာခ်က္ေတြကို အျပန္အလွန္ ထုတ္ျပန္ေနၾကတယ္လို႔ ႏိုင္ငံေရး အကဲခတ္ေတြက ေဝဖန္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ အပစ်ရပ်သက်တမ်း ၃ လတိုး

(Unicode)

မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA ကိုးကန့် ၊ TNLA တအာင်းပလောင် ၊ AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တွေကဇွန်လ(၁)ရက်ကနေ သြဂုတ်လ (၃၁)ရက်အထိ နောက်ထပ် ၃ လ တဖက်သတ် အပစ်ရပ်ကြောင်း တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။

အခုလို အပစ်ရပ်ကာလ သက်တမ်း တိုးရတာဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့ ၊ မြန်မာ့တပ်မတော်နဲ့ ညီနောင် ၃ ဖွဲ့ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ချောမေ ွ့ ထိရောက်စေဖို့ ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပြီး ပြည်တွင်းစစ် ချုပ်ငြိမ်းစေဖို့ နဲ့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးမှာ အထောက်ကူ ပြုစေဖို့ အတွက် ဖြစ်တယ်လို့ သူတို့ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒီ ညီနောင်မဟာမိတ် ၃ ဖွဲ့က တဖတ်သတ် အပစ်ရပ် ကြေညာလာခဲ့တာဟာ ၂၀၁၉ ထဲကဖြစ်ပြီး ၊ ၅ ကြိမ်မြောက် အပစ်ရပ်ကာလက မေလ (၃၁)ရက်နေ့မှာ ကုန်ဆုံးသွားတာကြောင့် အခု ၆ ကြိမ်မြောက်အဖြစ် သက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ဘက်ကလည်း မေလဆန်းကနေ သြဂုတ်လကုန်ထိ အပစ်ရပ်ထားမယ်လို့ ကြေညာထားပါတယ် ။ ဒါပေမဲ့ တကယ့် လက်တွေ့မှာ ရှမ်းမြောက်ပိုင်းနဲ့ ရခိုင်/ချင်း ပြည်နယ်ေ တွမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

အခုလို တဖက်သတ် အပစ်ရပ် ကမ်းလှမ်းချက်ကို မြန်မာ့တပ်မတော်ဘက်က အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုမလုပ်ပဲ တိုင်းရင်းသားဒေသတွေမှာ ဆက်ပြီး ထိုးစစ်ဆင်နေမယ်ဆိုရင် ညီနောင်မဟာမိတ် ၃ ဖွဲ့က လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ ကြေညာချက်မှာ သတိပေး ဖေါ်ပြထားပါတယ်။

တကမ္ဘာလုံးမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်နေတာမို့ လက်နက်ကိုင်အဖွဲ့တွေကြား စစ်ရေးပဋိပက္ခကို ရပ်ထားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က မေတ္တာရပ်ခံထားပေမဲ့လည်း မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ လက်တွေ့မပါတဲ့ တဖက်သတ် အပစ်ရပ်စဲရေး ကြေညာချက်တွေကို အပြန်အလှန် ထုတ်ပြန်နေကြတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ဝေဖန်နေကြပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG