သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ျပည္က မြတ္စလင္ ဒုကၡသည္ေတြရဲ႕ ေျမေနရာမွာ က်ဴးေက်ာ္သူေတြကို ရွင္းလင္းမယ္လို႔ အစိုးရေျပာ


ရခုိင္ျပည္နယ္ ေပါက္ေတာၿမိဳ႕နယ္ရွိ ကမ့္ပ္တခုအတြင္း ကမန္မိခင္ ခ်က္ျပဳတ္ျပင္ဆင္ေနစဥ္ ကစားေနတဲ့ ကေလးမ်ား။ (ႏုိဝင္ဘာ ၁၀၊ ၂၀၁၂)

(Zawgyi / Unicode)

၂၀၁၂ ခုႏွစ္ ရခိုင္ျပည္ ပဋိပကၡေတြေနာက္ပိုင္း အိုးအိမ္စြန္႔ခဲ့ရသူေတြရဲ႕ အခက္အခဲ၊ အစိုးရဘက္က လက္ရွိ ဘာေတြေျဖရွင္းေပးေနလဲ၊ ဒုကၡသည္ေတြမွာေရာ ဘယ္လိုစိန္ေခၚမႈ အခက္အခဲေတြ ရွိေနသလဲ ဆိုတာေတြကုိ မဆုမြန္က စုစည္းတင္ျပထားပါတယ္။

ရခိုင္ျပည္နယ္တြင္းမွာ ၂၀၁၂ ခုႏွစ္က ျဖစ္ခဲ့တဲ့ လူမ်ိဳးေရး ဘာသာေရး အသြင္ေဆာင္ အၾကမ္းဖက္ ပဋိပကၡေတြေၾကာင့္ ေဒသခံ ရခိုင္ျပည္သူေတြေရာ မြတ္စလင္ေတြပါ ေဘးလြတ္ရာကို အိုးအိမ္စြန္႔ခြာ ထြက္ေျပးခဲ့ၾကရၿပီး ဒုကၡသည္စခန္းေတြမွာ ေနထိုင္ေနၾကရတာပါ။

သူတို႔ စြန္႔ခြာထြက္ေျပးခဲ့ရတဲ့ အိုးအိမ္ေျမယာေတြေပၚမွာ အခုအခါ က်ဴးေက်ာ္ဝင္ေရာက္ ေနထိုင္သူေတြ ရွိေနၿပီး အဲဒီထဲကမွ စစ္ေတြၿမိဳ႕က ကမန္လူမ်ဳိး ၆၇ စုပိုင္တဲ့ ေနရာေတြမွာ က်ဴးေက်ာ္ဝင္ေရာက္ေနတာနဲ႔ ပတ္သက္လို႔ အစိုးရက ဘာေတြလုပ္ေနတယ္ဆိုတာ ေမလ ၃၀ ရက္၊ စေနေန႔ အြန္လိုင္း သတင္းစာရွင္းလင္းပြဲအတြင္း သမၼတ႐ံုးေျပာခြင့္ရ ဦးေဇာ္ေဌးက ရွင္းလင္း ေျပာဆိုသြားပါတယ္။

“ကမန္လူမ်ိဳးေတြ ၆၇ စုပိုင္တဲ့နယ္ေျမ မီးေလာင္နယ္ေျမေပါ့ေနာ္၊ အဲ့မီးေလာင္နယ္ေျမမွာ ဥပေဒနဲ႔အညီ ျပန္လည္ေနရာခ်ထားဖို႔ဆိုၿပီး ကမန္အမ်ိဳးသားတိုးတက္ေရးပါတီ ဗဟိုကေနၿပီးေတာ့ အႀကီးအကဲေတြဆီကို တင္ျပထားတာ ရွိပါတယ္။ အဲ့ေတာ့ ဥပေဒအရဆိုရင္ မီးေလာင္ျပင္ ျဖစ္သြားၿပီဆိုရင္ အစိုးရကေန စီမံခန္႔ခြဲပိုင္ခြင့္ ရွိပါတယ္။ ဒီေျမေပၚမွာ က်ဴးေက်ာ္ေဆာက္လုပ္ အသံုးျပဳမႈေတြ မရွိဖို႔ ရခိုင္ျပည္နယ္အစိုးရကိုလည္း ညႊန္ၾကားထားပါတယ္။ အခုအခ်ိန္မွာ လူေနအိမ္စုစုေပါင္း ၁၂၅၅ လံုးနဲ႔ ေစ်းဆိုင္တန္း ၇၄ ခန္း က်ဴးေက်ာ္ထားတယ္လို႔ သိရေတာ့ ဒီအေပၚမွာ အုပ္ခ်ဳပ္ေရးမွဴးက ေၾကညာခ်က္ ႏို႔တစ္ထုတ္ထားတယ္။

“အဲ့ေတာ့ ဒီဟာနဲ႔ပတ္သက္လို႔ က်ေနာ္တို႔ ျပည္ေထာင္စုက ညႊန္ၾကားထားတာ ျဖစ္ပါတယ္။ က်ဴးေက်ာ္ေတြကို ဘယ္လို စီမံေဆာင္ရြက္မလဲ ဆိုတာကိုလည္း ရခုိင္ျပည္နယ္ အစိုးရကို ျပန္လည္တင္ျပဖို႔ ညႊန္ၾကားထားပါတယ္။ အဓိကကေတာ့ သူတို႔မပိုင္တဲ့ ဒီနယ္ေျမကေန ေရႊ႕ေျပာင္းေပးရမွာ ျဖစ္ပါတယ္။ ဒီက်ဴးေက်ာ္ေတြဟာ တကယ္ ေနစရာမရွိတာလား၊ ေနစရာရွိလ်က္နဲ႔ ကမန္လူမ်ိဳးေတြ မရွိေတာ့တဲ့အခ်ိန္မွာ အပိုင္စီးလိုတဲ့စိတ္နဲ႔ ဝင္လုပ္တာလား၊ အဲ့ေတာ့ ေနစရာမရွိတဲ့ က်ဴးေက်ာ္ေတြဆိုရင္ တမ်ိဳးေဆာင္ရြက္ေပးမယ္။ ေနစရာရွိလ်က္နဲ႔ အတင္းအဓမၼ ဝင္လုပ္တဲ့အဖြဲ႔ေတြ ဆိုရင္ေတာ့ ဥပေဒနဲ႔အညီ ေဆာင္ရြက္ဖို႔ရွိပါတယ္။ ဒီအစီအမံေတြကို အေသးစိတ္ ေဆာင္ရြက္ဖို႔ ရခိုင္ျပည္နယ္ အစိုးရကို တင္ျပထားတာ ရွိပါတယ္။”

ကမန္လူမ်ိဳးေတြရဲ႕ ဆံုးရႈံးနစ္နာမႈေတြနဲ႔ ပတ္သက္လို႔ ေတာင္းဆိုခ်က္ေတြကို ကမန္အမ်ိဳးသားတုိးတက္ေရးပါတီ ဒုဥကၠ႒ ဦးတင္ေငြက ဗီြအိုေအျမန္မာပိုင္းကို ေျပာျပပါတယ္။

"က်ေနာ္တို႔ ကမန္တုိင္းရင္းသားေတြ ပိုင္ဆိုင္တဲ့ ေျမေနရာေတြနဲ႔ ပတ္သက္လို႔ ျပန္လည္ေတာင္းဆိုထားတာပဲ ရွိပါေသးတယ္။ ဒီမွာ ျပန္လည္ေနရာခ်ထားေပးဖို႔တို႔ ဘာတို႔ ညာတို႔ အစီအစဥ္ေတြ ေမးျမန္းတာ၊ ေခၚယူေဆြးေႏြးတာေတြ၊ စစ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေလာေလာဆယ္ အေနအထားမွာေတာ့ မေတြ႔ရေသးဘူး။ က်ေနာ္တုိ႔ဆီကေန ပ်က္စီးသြားတဲ့ စာရင္းဇယားေတြ ေတာင္းခံထားတာေတာ့ ရွိပါတယ္။ က်ေနာ္တို႔အကုန္လံုး စစ္ေတြဘက္က ဆုိက္ကလည္း တင္ျပထားၿပီးပါၿပီ။ က်ေနာ္တို႔ရဲ႕ မူလေနရာမွာပဲ ေနခဲ့တဲ့ ေျမေနရာေတြကို ျပန္လည္ေတာင္းဆိုထားတာပါ။

“အလားတူ စစ္ေတြမွာ ေတာင္းဆိုထားသလို ရမ္းၿဗဲမွာလည္းပဲ အိမ္ေျခ ၁၀၀ ဝန္းက်င္ေလာက္ ဆံုး႐ံႈးခဲ့တာ ရွိပါတယ္။ မူလေနရာေတြမွာ ျပန္လည္တည္ေဆာက္ခြင့္ကို ကန္႔ကြက္တဲ့အတြက္ က်ေနာ္တို႔ေတြ ျပန္ေဆာက္ခြင့္လည္း မရရွိခဲ့ပါဘူး။ ဒီေနရာမွာ လူကယ္ျပန္ဝန္ႀကီးကလည္း ေဆာက္ေပးမယ္ ေျပာထားၿပီးေပမယ့္ ေဒသခံေတြရဲ႕ ကန္႔ကြက္မႈေၾကာင့္ ျပန္လည္တည္ေဆာက္ခြင့္ မရခဲ့တာပါ။ ေျမယာပိုင္ဆိုင္ခြင့္ရွိတယ္၊ ႏွစ္ေပါင္းရာခ်ီေနခဲ့တဲ့ ကိုယ့္ဘိုးဘြားပိုင္ေျမေတြမို႔လို႔ မူလေနရာေတြကိုပဲ က်ေနာ္တို႔က ျပန္လည္ေတာင္းဆိုခဲ့တာပါ။ ဒီေျမယာေတြ ျပန္လည္ရရွိေအာင္ က်ေနာ္တို႔က ထပ္ၿပီး ႀကိဳးစားသြားပါမယ္။ စစ္ေတြဆိုလည္း မူလေနရာေတြမွာပဲ က်ေနာ္တို႔ ျပန္လိုခ်င္တာပါ။ ဒါေၾကာင့္ သက္ဆိုင္ရာ အစိုးရအဖြဲ႔ေတြေရာ ဝန္ႀကီးဌာနေတြေရာ ေတာင္းဆိုထားတာေတြလည္း ရွိပါတယ္။"

အိုးအိမ္စြန္႔ ထြက္ေျပးခဲ့ရသူေတြထဲက စစ္ေတြၿမိဳ႕ သကၠယ္ျပင္စခန္းမွာ ေနထိုင္ေနရတဲ့ ဒုကၡသည္ေတြအေနနဲ႔ အစစအရာရာ အခက္အခဲ ေတြ႔ေနရဆဲ ျဖစ္တဲ့အေၾကာင္း သကၠယ္ျပင္ ဒုကၡသည္စခန္းေန မြတ္စလင္ေခါင္းေဆာင္ ဦးေက်ာ္လွေအာင္က ဗီြအိုေအကို ေျပာျပပါတယ္။

"အခက္အခဲေတြက အမ်ားႀကီးရွိပါတယ္။ က်ေနာ္တို႔က အခု IDP စခန္းမွာ ေနရတာေလ။ ၂၀၁၂ ကတည္းက ဒီကိုခ်ေပးထားတာ၊ ၂၀၁၂ ကတည္းက ဒီမွာေရာက္ေနတာ၊ ဒီစခန္းမွာ ဘာမွမထူးဘူး။ ဒီမွာ ဒီအတုိင္းပဲ ဒုကၡသည္စခန္းေတြ Shelter ေတြမွာ ေနရတယ္။ ၁၀ ေပပတ္လည္ ၈ ခန္း အေဆာင္တေဆာင္မွာ ၈ ခန္း၊ အဲ့လိုအခန္းေလးေတြနဲ႔ပဲ ေနေနရတယ္။ အိမ္သာလည္းေဝးတယ္၊ ေရကလည္း ေလးငါးရွစ္ေယာက္ တံုကင္ကို အကုန္တြဲသံုးရတယ္။ အခုထိ ေနထိုင္မႈ ဘာမွကို မထူးေသးဘူး။ ေျပာင္းဖို႔ ေရႊ႕ဖို႔ ဘာမွကို အစီအစဥ္မရွိဘူး။ ဘာမွကို လုပ္မေပးပါဘူး။ လမ္းေတြလည္း ဘာမွကိုမေကာင္းဘူး။ ဒီလမ္းေတြဆုိ NGO ကားေတြလည္း အမ်ားႀကီး သြားလာေနတာ သူတို႔လည္း ဘာမွ လုပ္လို႔မရဘူး။ အခု မိုးတြင္းဆို အခက္အခဲေတြက အမ်ားႀကီးကို ရွိပါတယ္။ ေခါင္မိုးေတြက အကုန္ေပါက္ၿပဲ ေလျပင္းေတြတိုက္ရင္လည္း အကုန္လန္ထြက္။ ကိုယ့္ဘာသာလုပ္ပဲ။ ကေလးေတြအတြက္လည္း ေက်ာင္းမရွိဘူး၊ ေက်ာင္းဆရာလည္း မလာဘူး။ ကိုယ္ထူကိုယ္ထေက်ာင္းေတြ ဖြင့္ၿပီးပဲ စာသင္ေနရတာ။"

ရခိုင္ျပည္နယ္တြင္းမွာ ဒုကၡသည္ေတြကို ျပန္လည္ေနရာခ်ထားေရးနဲ႔ လူေနမႈဘဝ ျပန္လည္ထူေထာင္ေရးေတြကို အမ်ိဳးသားအဆင့္ ေရွ႕ေျပးစီမံခ်က္ေတြနဲ႔ ေဆာင္ရြက္ေနဆဲ အေျခအေန၊ စိန္ေခၚမႈ အခက္အခဲေတြကိုလည္း ဦးေဇာ္ေဌးက သတင္းစာရွင္းလင္းပြဲမွာ အခုလိုေျပာပါတယ္။

"က်ေနာ္တို႔ က်န္တဲ့ ကမ့္ပ္ေတြေပါ့ေနာ္၊ ၂၀၁၂ ကတည္းကဆို အမ်ားႀကီးရွိတယ္။ စစ္ေတြၿမိဳ႕ေပၚမွာဆို အားလံုးေပါင္း ၁၀ ခုေက်ာ္ေလာက္ရွိတယ္။ ၁၂ ခု၊ ၁၃ ခုေလာက္ ရွိပါတယ္။ အဲ့ဒီ့ကမ့္ပ္ေတြကို ျပန္လည္ေနရာခ်ထားဖို႔ဆိုရင္ ေတာ္ေတာ္ေလးလည္း အခ်ိန္ယူရမွာ ျဖစ္ပါတယ္။ အခုဆို ၂၀၂၀ ေရာက္လာၿပီ။ ၂၀၁၂ ပဋိပကၡကတည္းကဆို အဲ့မွာ အေတာ္ကိုၾကာေနၿပီ။ အဲဒီက Community ေတြနဲ႔ ေတြ႔ပါတယ္။ ေတြ႔ၿပီး သူတို႔ေျပာတာ က်ေနာ္တို႔ နားေထာင္ပါတယ္။ တခ်ိဳ႕ ကေလးေတြေမြးထားတယ္၊ ေမြးစာရင္းမရွိဘူး။ အဲ့ကေလးေတြအတြက္ မိုဘိုင္းလ္ Team ကေန လုပ္ခိုင္းထားတယ္။

“ေနာက္ ႏုိင္ငံသားကိစၥ လက္ေဗြေတြ ယူတာရွိတယ္။ သံုးေခါက္ခ်ိဳးရွိတဲ့သူေတြ ရွိတယ္။ အဲ့ဒါေတြကို မိုဘိုင္းလ္ Team နဲ႔လုပ္တယ္။ အခ်ိန္တိုတိုအတြင္းမွာ ေတာ္ေတာ္ေလး ေအာင္ျမင္ေနတဲ့ အခ်ိန္မွာပဲ အခုလို COVID-19 ျဖစ္လာေတာ့ က်ေနာ္တို႔ ရပ္လိုက္ရတာ။ COVID-19 နည္းနည္းေလး ေျဖေလ်ာ့သြားတဲ့အခ်ိန္ စစ္ေတြမွာေတာ့ ေတာ္ေတာ္ေလး ႏွံ႔သြားၿပီ။ ၿပီးရင္ က်ေနာ္တို႔ က်န္တဲ့ေဒသေတြမွာ ဆက္လုပ္မွာျဖစ္ပါတယ္။ သူတို႔ မူလေနရာေတြ ျပန္ရရင္ေတာ့ အေကာင္းဆံုးေပါ့။ သို႔ေသာ္ လက္ေတြ႔ ေျမျပင္အေနအထားက ေတာ္ေတာ္ေလး ခက္ခဲပါတယ္။ အဲဒီတုန္းက ျဖစ္ခဲ့သူေတြ သိပါတယ္။ ဒီၾကားမွာ သူတို႔ ေနလို႔ကိုမရဘူး၊ ေနလည္းမေနရဲဘူး။ ဟိုဘက္ကလည္း အေနမခံဘူး၊ ျပန္အလာမခံဘူးေပါ့ေနာ္။ ဒါေၾကာင့္ လက္ေတြ႔မွာေတာ့ က်ေနာ္တို႔ အေတာ္ေလးကို ခက္ခဲတဲ့အေနအထား ျဖစ္ပါတယ္။"

ကုလအတြင္းေရးမွဴးခ်ဳပ္ေဟာင္း ကိုဖီအာနန္ ဦးေဆာင္ခဲ့တဲ့ အႀကံေပးေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ေတြထဲမွာေတာ့ IDP ေတြကို သူတုိ႔ မူလေနထိုင္ေနတဲ့ေနရာ ဒါမွမဟုတ္ တျခားေနရာသစ္ကို ျပန္လည္ေရႊ႕ေျပာင္းေပးမယ္ဆုိရင္ သူတို႔ရဲ႕ သေဘာဆႏၵအရသာ ေဆာင္ရြက္ေပးရမယ္၊ လံုၿခံဳမႈရွိရမယ္၊ ဒါ့အျပင္ ဂုဏ္သိကၡာနဲ႔ အညီ ေျပာင္းေရႊ႕ႏုိင္ရမယ္ဆိုတဲ့ အခ်က္လည္း ပါဝင္ပါတယ္။ ဒါ့အျပင္ သူတို႔ မူလေနထိုင္ရာ ေဒသေတြမွာ ျပန္လည္ေနထိုင္ႏုိင္ဖို႔ ဦးစားေပး ေဆာင္ရြက္ရမွာျဖစ္ၿပီး အဲဒီလို မလုပ္ႏုိင္ဘူးဆိုရင္ IDP ေတြ ေျပာင္းေရႊ႕လိုတဲ့ ေနရာသစ္ကို ေျပာင္းေရႊ႕ႏုိင္ဖို႔ ေဆာင္ရြက္ေပးရမယ္လုိ႔လည္း အႀကံေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ရခိုင်ပြည်က မွတ်စလင် ဒုက္ခသည်တွေရဲ့ မြေနေရာမှာ ကျူးကျော်သူတွေကို ရှင်းလင်းမယ်လို့ အစိုးရပြော

၂၀၁၂ ခုနှစ် ရခိုင်ပြည် ပဋိပက္ခတွေနောက်ပိုင်း အိုးအိမ်စွန့်ခဲ့ရသူတွေရဲ့ အခက်အခဲ၊ အစိုးရဘက်က လက်ရှိ ဘာတွေဖြေရှင်းပေးနေလဲ၊ ဒုက္ခသည်တွေမှာရော ဘယ်လိုစိန်ခေါ်မှု အခက်အခဲတွေ ရှိနေသလဲ ဆိုတာတွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ ၂၀၁၂ ခုနှစ်က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး အသွင်ဆောင် အကြမ်းဖက် ပဋိပက္ခတွေကြောင့် ဒေသခံ ရခိုင်ပြည်သူတွေရော မွတ်စလင်တွေပါ ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာပါ။

သူတို့ စွန့်ခွာထွက်ပြေးခဲ့ရတဲ့ အိုးအိမ်မြေယာတွေပေါ်မှာ အခုအခါ ကျူးကျော်ဝင်ရောက် နေထိုင်သူတွေ ရှိနေပြီး အဲဒီထဲကမှ စစ်တွေမြို့က ကမန်လူမျိုး ၆၇ စုပိုင်တဲ့ နေရာတွေမှာ ကျူးကျော်ဝင်ရောက်နေတာနဲ့ ပတ်သက်လို့ အစိုးရက ဘာတွေလုပ်နေတယ်ဆိုတာ မေလ ၃၀ ရက်၊ စနေနေ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ရှင်းလင်း ပြောဆိုသွားပါတယ်။

“ကမန်လူမျိုးတွေ ၆၇ စုပိုင်တဲ့နယ်မြေ မီးလောင်နယ်မြေပေါ့နော်၊ အဲ့မီးလောင်နယ်မြေမှာ ဥပဒေနဲ့အညီ ပြန်လည်နေရာချထားဖို့ဆိုပြီး ကမန်အမျိုးသားတိုးတက်ရေးပါတီ ဗဟိုကနေပြီးတော့ အကြီးအကဲတွေဆီကို တင်ပြထားတာ ရှိပါတယ်။ အဲ့တော့ ဥပဒေအရဆိုရင် မီးလောင်ပြင် ဖြစ်သွားပြီဆိုရင် အစိုးရကနေ စီမံခန့်ခွဲပိုင်ခွင့် ရှိပါတယ်။ ဒီမြေပေါ်မှာ ကျူးကျော်ဆောက်လုပ် အသုံးပြုမှုတွေ မရှိဖို့ ရခိုင်ပြည်နယ်အစိုးရကိုလည်း ညွှန်ကြားထားပါတယ်။ အခုအချိန်မှာ လူနေအိမ်စုစုပေါင်း ၁၂၅၅ လုံးနဲ့ ဈေးဆိုင်တန်း ၇၄ ခန်း ကျူးကျော်ထားတယ်လို့ သိရတော့ ဒီအပေါ်မှာ အုပ်ချုပ်ရေးမှူးက ကြေညာချက် နို့တစ်ထုတ်ထားတယ်။

“အဲ့တော့ ဒီဟာနဲ့ပတ်သက်လို့ ကျနော်တို့ ပြည်ထောင်စုက ညွှန်ကြားထားတာ ဖြစ်ပါတယ်။ ကျူးကျော်တွေကို ဘယ်လို စီမံဆောင်ရွက်မလဲ ဆိုတာကိုလည်း ရခိုင်ပြည်နယ် အစိုးရကို ပြန်လည်တင်ပြဖို့ ညွှန်ကြားထားပါတယ်။ အဓိကကတော့ သူတို့မပိုင်တဲ့ ဒီနယ်မြေကနေ ရွှေ့ပြောင်းပေးရမှာ ဖြစ်ပါတယ်။ ဒီကျူးကျော်တွေဟာ တကယ် နေစရာမရှိတာလား၊ နေစရာရှိလျက်နဲ့ ကမန်လူမျိုးတွေ မရှိတော့တဲ့အချိန်မှာ အပိုင်စီးလိုတဲ့စိတ်နဲ့ ဝင်လုပ်တာလား၊ အဲ့တော့ နေစရာမရှိတဲ့ ကျူးကျော်တွေဆိုရင် တမျိုးဆောင်ရွက်ပေးမယ်။ နေစရာရှိလျက်နဲ့ အတင်းအဓမ္မ ဝင်လုပ်တဲ့အဖွဲ့တွေ ဆိုရင်တော့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ရှိပါတယ်။ ဒီအစီအမံတွေကို အသေးစိတ် ဆောင်ရွက်ဖို့ ရခိုင်ပြည်နယ် အစိုးရကို တင်ပြထားတာ ရှိပါတယ်။”

ကမန်လူမျိုးတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေနဲ့ ပတ်သက်လို့ တောင်းဆိုချက်တွေကို ကမန်အမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးတင်ငွေက ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

"ကျနော်တို့ ကမန်တိုင်းရင်းသားတွေ ပိုင်ဆိုင်တဲ့ မြေနေရာတွေနဲ့ ပတ်သက်လို့ပြန်လည်တောင်းဆိုထားတာပဲ ရှိပါသေးတယ်။ ဒီမှာ ပြန်လည်နေရာချထားပေးဖို့တို့ ဘာတို့ ညာတို့ အစီအစဉ်တွေ မေးမြန်းတာ၊ ခေါ်ယူဆွေးနွေးတာတွေ၊ စစ်တွေနဲ့ ပတ်သက်ပြီးတော့ လောလောဆယ် အနေအထားမှာတော့ မတွေ့ရသေးဘူး။ ကျနော်တို့ဆီကနေ ပျက်စီးသွားတဲ့ စာရင်းဇယားတွေ တောင်းခံထားတာတော့ ရှိပါတယ်။ ကျနော်တို့အကုန်လုံး စစ်တွေဘက်က ဆိုက်ကလည်း တင်ပြထားပြီးပါပြီ။ ကျနော်တို့ရဲ့ မူလနေရာမှာပဲ နေခဲ့တဲ့ မြေနေရာတွေကို ပြန်လည်တောင်းဆိုထားတာပါ။

“အလားတူ စစ်တွေမှာ တောင်းဆိုထားသလို ရမ်းဗြဲမှာလည်းပဲ အိမ်ခြေ ၁၀၀ ဝန်းကျင်လောက် ဆုံးရှုံးခဲ့တာ ရှိပါတယ်။ မူလနေရာတွေမှာ ပြန်လည်တည်ဆောက်ခွင့်ကို ကန့်ကွက်တဲ့အတွက် ကျနော်တို့တွေ ပြန်ဆောက်ခွင့်လည်း မရရှိခဲ့ပါဘူး။ ဒီနေရာမှာ လူကယ်ပြန်ဝန်ကြီးကလည်း ဆောက်ပေးမယ် ပြောထားပြီးပေမယ့် ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် ပြန်လည်တည်ဆောက်ခွင့် မရခဲ့တာပါ။ မြေယာပိုင်ဆိုင်ခွင့်ရှိတယ်၊ နှစ်ပေါင်းရာချီနေခဲ့တဲ့ ကိုယ့်ဘိုးဘွားပိုင်မြေတွေမို့လို့ မူလနေရာတွေကိုပဲ ကျနော်တို့က ပြန်လည်တောင်းဆိုခဲ့တာပါ။ ဒီမြေယာတွေ ပြန်လည်ရရှိအောင် ကျနော်တို့က ထပ်ပြီး ကြိုးစားသွားပါမယ်။ စစ်တွေဆိုလည်း မူလနေရာတွေမှာပဲ ကျနော်တို့ ပြန်လိုချင်တာပါ။ ဒါကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့တွေရော ဝန်ကြီးဌာနတွေရော တောင်းဆိုထားတာတွေလည်း ရှိပါတယ်။"

အိုးအိမ်စွန့် ထွက်ပြေးခဲ့ရသူတွေထဲက စစ်တွေမြို့ သက္ကယ်ပြင်စခန်းမှာ နေထိုင်နေရတဲ့ ဒုက္ခသည်တွေအနေနဲ့ အစစအရာရာ အခက်အခဲ တွေ့နေရဆဲ ဖြစ်တဲ့အကြောင်း သက္ကယ်ပြင် ဒုက္ခသည်စခန်းနေ မွတ်စလင်ခေါင်းဆောင် ဦးကျော်လှအောင်က ဗွီအိုအေကို ပြောပြပါတယ်။

"အခက်အခဲတွေက အများကြီးရှိပါတယ်။ ကျနော်တို့က အခုIDP စခန်းမှာ နေရတာလေ။ ၂၀၁၂ ကတည်းက ဒီကိုချပေးထားတာ၊ ၂၀၁၂ ကတည်းက ဒီမှာရောက်နေတာ၊ ဒီစခန်းမှာ ဘာမှမထူးဘူး။ ဒီမှာ ဒီအတိုင်းပဲ ဒုက္ခသည်စခန်းတွေ Shelter တွေမှာ နေရတယ်။ ၁၀ ပေပတ်လည် ၈ ခန်း အဆောင်တဆောင်မှာ ၈ ခန်း၊ အဲ့လိုအခန်းလေးတွေနဲ့ပဲ နေနေရတယ်။ အိမ်သာလည်းဝေးတယ်၊ ရေကလည်း လေးငါးရှစ်ယောက် တုံကင်ကို အကုန်တွဲသုံးရတယ်။ အခုထိ နေထိုင်မှု ဘာမှကို မထူးသေးဘူး။ ပြောင်းဖို့ ရွှေ့ဖို့ ဘာမှကို အစီအစဉ်မရှိဘူး။ ဘာမှကို လုပ်မပေးပါဘူး။ လမ်းတွေလည်း ဘာမှကိုမကောင်းဘူး။ ဒီလမ်းတွေဆို NGO ကားတွေလည်း အများကြီး သွားလာနေတာ သူတို့လည်း ဘာမှ လုပ်လို့မရဘူး။ အခု မိုးတွင်းဆို အခက်အခဲတွေက အများကြီးကို ရှိပါတယ်။ ခေါင်မိုးတွေက အကုန်ပေါက်ပြဲ လေပြင်းတွေတိုက်ရင်လည်း အကုန်လန်ထွက်။ ကိုယ့်ဘာသာလုပ်ပဲ။ ကလေးတွေအတွက်လည်း ကျောင်းမရှိဘူး၊ ကျောင်းဆရာလည်း မလာဘူး။ ကိုယ်ထူကိုယ်ထကျောင်းတွေ ဖွင့်ပြီးပဲ စာသင်နေရတာ။"

ရခိုင်ပြည်နယ်တွင်းမှာ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေးနဲ့ လူနေမှုဘဝ ပြန်လည်ထူထောင်ရေးတွေကို အမျိုးသားအဆင့် ရှေ့ပြေးစီမံချက်တွေနဲ့ ဆောင်ရွက်နေဆဲ အခြေအနေ၊ စိန်ခေါ်မှု အခက်အခဲတွေကိုလည်း ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောပါတယ်။

"ကျနော်တို့ ကျန်တဲ့ ကမ့်ပ်တွေပေါ့နော်၊ ၂၀၁၂ ကတည်းကဆို အများကြီးရှိတယ်။ စစ်တွေမြို့ပေါ်မှာဆို အားလုံးပေါင်း ၁၀ ခုကျော်လောက်ရှိတယ်။ ၁၂ ခု၊ ၁၃ ခုလောက် ရှိပါတယ်။ အဲ့ဒီ့ကမ့်ပ်တွေကို ပြန်လည်နေရာချထားဖို့ဆိုရင် တော်တော်လေးလည်း အချိန်ယူရမှာ ဖြစ်ပါတယ်။ အခုဆို ၂၀၂၀ ရောက်လာပြီ။ ၂၀၁၂ ပဋိပက္ခကတည်းကဆို အဲ့မှာ အတော်ကိုကြာနေပြီ။ အဲဒီက Community တွေနဲ့ တွေ့ပါတယ်။ တွေ့ပြီး သူတို့ပြောတာ ကျနော်တို့ နားထောင်ပါတယ်။ တချို့ ကလေးတွေမွေးထားတယ်၊ မွေးစာရင်းမရှိဘူး။ အဲ့ကလေးတွေအတွက် မိုဘိုင်းလ် Team ကနေ လုပ်ခိုင်းထားတယ်။

“နောက် နိုင်ငံသားကိစ္စ လက်ဗွေတွေ ယူတာရှိတယ်။ သုံးခေါက်ချိုးရှိတဲ့သူတွေ ရှိတယ်။ အဲ့ဒါတွေကို မိုဘိုင်းလ် Team နဲ့လုပ်တယ်။ အချိန်တိုတိုအတွင်းမှာ တော်တော်လေး အောင်မြင်နေတဲ့ အချိန်မှာပဲ အခုလို COVID-19 ဖြစ်လာတော့ ကျနော်တို့ ရပ်လိုက်ရတာ။ COVID-19 နည်းနည်းလေး ဖြေလျော့သွားတဲ့အချိန်စစ်တွေမှာတော့ တော်တော်လေး နှံ့သွားပြီ။ ပြီးရင် ကျနော်တို့ ကျန်တဲ့ဒေသတွေမှာ ဆက်လုပ်မှာဖြစ်ပါတယ်။ သူတို့ မူလနေရာတွေ ပြန်ရရင်တော့ အကောင်းဆုံးပေါ့။ သို့သော် လက်တွေ့ မြေပြင်အနေအထားက တော်တော်လေး ခက်ခဲပါတယ်။ အဲဒီတုန်းက ဖြစ်ခဲ့သူတွေ သိပါတယ်။ ဒီကြားမှာ သူတို့ နေလို့ကိုမရဘူး၊ နေလည်းမနေရဲဘူး။ ဟိုဘက်ကလည်း အနေမခံဘူး၊ ပြန်အလာမခံဘူးပေါ့နော်။ ဒါကြောင့် လက်တွေ့မှာတော့ ကျနော်တို့ အတော်လေးကို ခက်ခဲတဲ့အနေအထား ဖြစ်ပါတယ်။"

ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ခဲ့တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာတော့ IDP တွေကို သူတို့ မူလနေထိုင်နေတဲ့နေရာ ဒါမှမဟုတ် တခြားနေရာသစ်ကို ပြန်လည်ရွှေ့ပြောင်းပေးမယ်ဆိုရင် သူတို့ရဲ့ သဘောဆန္ဒအရသာ ဆောင်ရွက်ပေးရမယ်၊ လုံခြုံမှုရှိရမယ်၊ ဒါ့အပြင် ဂုဏ်သိက္ခာနဲ့ အညီ ပြောင်းရွှေ့နိုင်ရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် သူတို့ မူလနေထိုင်ရာ ဒေသတွေမှာ ပြန်လည်နေထိုင်နိုင်ဖို့ ဦးစားပေး ဆောင်ရွက်ရမှာဖြစ်ပြီး အဲဒီလို မလုပ်နိုင်ဘူးဆိုရင် IDP တွေ ပြောင်းရွှေ့လိုတဲ့ နေရာသစ်ကို ပြောင်းရွှေ့နိုင်ဖို့ ဆောင်ရွက်ပေးရမယ်လို့လည်း အကြံပေးထားပါတယ်။

XS
SM
MD
LG