သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာက္ျဖဴၿမိဳ႕ေပၚက မူရင္းေနရာေတြ ျပန္ေပးဖို႔ ဒုကၡသည္ေတြ ေတာင္းဆို


ရခုိင္ျပည္နယ္တြင္း ပဋိပကၡေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ေဒသခံတခ်ဳိ႕။ (ၾသဂုတ္ ၂၈၊ ၂၀၁၇)

(Zawgyi / Unicode)

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕က ေက်ာက္တလုံး ဒုကၡသည္စခန္း ျပန္လည္ေနရာခ်ထားေရး အစိုးရအစီအမံအေပၚ ဒုကၡသည္ေတြရဲ႕ သေဘာထားနဲ႔ လိုလားခ်က္ေတြကို မဆုမြန္က စုစည္းတင္ျပထားပါတယ္။

ရခိုင္ျပည္နယ္မွာ လြန္ခဲ့တဲ့ ၈ ႏွစ္ ၂၀၁၂ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ လူမ်ိဳးေရး ဘာသာေရး အသြင္ေဆာင္ အၾကမ္းဖက္ ပဋိပကၡေတြၾကား ေနအိမ္ေတြမီး႐ႈိ႕၊ အုပ္စုလိုက္ တိုက္ခိုက္မႈေတြေၾကာင့္ ေဒသခံ ရခိုင္ျပည္သူေတြေရာ မြတ္စလင္ေတြပါ အသက္ေဘးလြတ္ရာကို အိုးအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ၾကရၿပီး ဒုကၡသည္စခန္းေတြထဲမွာ ေနထိုင္ေနၾကရတဲ့အထဲ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္ ေက်ာက္တလုံး ဒုကၡသည္စခန္းထဲက ဒုကၡသည္ေတြလည္း အပါအဝင္ ျဖစ္ပါတယ္။

အဲဒီက ဒုကၡသည္ေတြဟာ ေက်ာက္ျဖဴၿမိဳ႕ေပၚမွာ ကိုယ့္အိုးကိုယ့္အိမ္ ကိုယ့္စီးပြားေရး လုပ္ငန္းေတြနဲ႔ ႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ့ၾကတဲ့ ေဒသခံေတြျဖစ္ၿပီး သူတို႔ မူရင္းေနရာေတြမွာ ျပန္ေနထိုင္ခြင့္ရဖို႔ တာဝန္ရွိသူေတြနဲ႔ အႀကိမ္ႀကိမ္ ေဆြးေႏြးခဲ့ေပမယ့္လည္း ခုခ်ိန္ထိေတာ့ မေျပလည္ေသးပါဘူး။

အခ်င္းခ်င္းၾကားမွာ ဘာပဋိပကၡမွမရွိဘဲ ၿမိဳ႕ေပၚမွာ အတူတူ ယွဥ္တြဲေနထိုင္ခဲ့ၾကရာကေန ႐ုန္းရင္းဆန္ခတ္ အေျခအေနေတြ ျဖစ္ခ်ိန္မွာ ဒုကၡသည္စခန္းထဲ ဘယ္လိုေရာက္သြားရတယ္ဆိုတာကို စေနေန႔က အြန္လိုင္းကေနလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ဒုကၡသည္တဦးျဖစ္သူ ဦးခင္ေရႊက ေျပာျပပါတယ္။

“၂၀၁၂ မတိုင္ခင္ က်ေနာ္တို႔ဟာ ၿမိဳ႕ေပၚရပ္ကြက္ေတြမွာ က်ေနာ္တို႔ ဘိုးဘြားမ်ားနဲ႔ ေက်ာက္ျဖဴၿမိဳ႕ေပၚမွာ အတူတကြ ေရာင္းဝယ္ေဖာက္ကားၿပီး အတူတကြ ေနခဲ့ၾကတယ္။ ဘာမွ ျပႆနာျဖစ္ခဲ့ျခင္းလည္း မရွိပါဘူး။ က်ေနာ္တို႔ ဘယ္ေလာက္အထိ ခ်စ္ခ်စ္ခင္ခင္ ေနခဲ့ၾကသလဲဆိုရင္ က်ေနာ္တို႔ေဘးမွာ ဗုဒၶဘာသာရွိတယ္၊ မရမာႀကီးေတြရွိတယ္၊ ဟိႏၵဴေတြရွိတယ္၊ တအိမ္နဲ႔တအိမ္ အားလုံး အတူတူေနခဲ့ၾကတယ္။ ေစ်းမွာဆိုလည္း အတူတူေစ်းေရာင္းတယ္၊ တေယာက္ပြဲေတာ္ကို တေယာက္သြားၿပီးေတာ့ အကူအညီေပးတယ္၊ ပါဝင္ၾကတယ္၊ ေပ်ာ္ရႊင္ၾကတယ္ က်ေနာ္တို႔။

“အဲဒီလို အတူတကြ ေနထိုင္ရင္းနဲ႔ ၂၀၁၂ ပဋိပကၡကို အေျခခံၿပီး ႐ုန္းရင္းဆန္ခတ္ေတြ ျဖစ္လာတယ္။ ၿမိဳ႕မိၿဖိဳ႕ဖေတြ ေရာက္လာၿပီး သူစိမ္းေတြေရာက္ေနတယ္၊ သံုးရက္တာ ခဏေလး ေရွာင္ေပးပါဆိုၿပီး ခင္ဗ်ားတို႔အေဆာက္အဦေတြ၊ အိုးအိမ္ေတြ ဘာမွမျဖစ္ေစရဘူး ဆိုၿပီး က်ေနာ္တို႔တာဝန္ယူတယ္၊ ခဏေလးေရွာင္ေပးပါဆိုတဲ့ ကတိကဝတ္ေတြနဲ႔ သူတို႔ကပဲ ကားေတြစီစဥ္ေပးၿပီး က်ေနာ္တို႔ ကေလးေတြ သက္ႀကီးရြယ္အိုေတြနဲ႔ အခုလက္ရွိေနတဲ့ ေက်ာက္တလုံးစခန္းမွာ က်ေနာ္တို႔ကို လာထားခဲ့တာပါ။”

ေနာက္ ဒုကၡသည္တဦးျဖစ္သူ မခင္နီလာဝင္းကလည္း ဒုကၡသည္စခန္းထဲမွာ အခက္အခဲေတြနဲ႔ ေနထိုင္ေနရတဲ့အေၾကာင္း ေျပာျပပါတယ္။

“အရင္က က်မတို႔ ေရလုပ္ငန္းေတြလုပ္တယ္၊ တံငါလုပ္ငန္းေတြလုပ္တယ္။ ၿမိဳ႕ေပၚရပ္ကြက္မွာဆို ေမာ္ေတာ္ယာဥ္လုပ္ငန္းေတြ ကုန္စုံဆိုင္ေတြ လုပ္ကိုင္ေတာ့ က်မတို႔ အဆင္ေျပေခ်ာေမြ႔ စားဝတ္ေနေရးလည္း အဆင္ေျပခဲ့ပါတယ္။ အခု ၂၀၁၂ ေနာက္ပိုင္းမွာဆိုရင္ စားဝတ္ေနေရးဟာ လုံးဝ က်ပ္က်ပ္တည္းတည္းနဲ႔ အခက္အခဲမ်ားစြာ ရင္ဆိုင္ရတယ္။ က်န္းမာေရးနဲ႔ ပတ္သက္လို႔ရွိရင္လည္း ဒီထဲေရာက္တဲ့ အခ်ိန္က်ေတာ့ လူဦးေရက ၁,၅၀၀ ေက်ာ္ေလာက္ရွိပါတယ္။ ၁,၅၀၀ ေက်ာ္ေလာက္မွာ ၁၂၀ နီးပါး အသက္ဆုံး႐ႈံးရတယ္။ က်န္းမာေရးဝန္ထမ္းဆိုတာ မရွိပါ။ ဒီေနရာမွာေနဖို႔ဆိုတာ က်မတို႔အတြက္ လုံးဝ မသင့္ေတာ္ပါ။ က်မ အေမတေယာက္အေနနဲ႔ ေျပာရမယ္ဆိုရင္ ကေလးေတြရဲ႕ စားဝတ္ေနေရး၊ က်န္းမာေရး၊ ပညာေရး အကုန္ဆံုး႐ံႈးရပါတယ္။ အခက္အခဲေတြ အမ်ားႀကီးနဲ႔ ႀကဳံေတြ႔ေနရပါတယ္။”

ျပည္ေထာင္စုအစိုးရ တာဝန္ရိွသူေတြနဲ႔ ဒုကၡသည္ေတြၾကား အႀကိမ္ႀကိမ္ ေတြ႔ဆံုေဆြးေႏြးခဲ့ၿပီး သူတို႔ဘက္က လုိလားခ်က္ေတြကို တင္ျပထားၿပီးျဖစ္တယ္လုိ႔ ေက်ာက္တလုံး ဒုကၡသည္စခန္း စီမံခန္႔ခြဲေရးေကာ္မတီ ဥကၠ႒ ကိုျဖဴေခ်က ေျပာပါတယ္။

“အစိုးရဌာနဆိုင္ရာ အႀကီးအကဲေတြ ၂၀၁၇ ခုႏွစ္က ေဒါက္တာဝင္းျမတ္ေအး ဦးေဆာင္တဲ့အဖြဲ႔ ျပည္ေထာင္စုဝန္ႀကီး ၆ ပါးပါတယ္၊ ကာကြယ္ေရးဝန္ႀကီးပါတယ္၊ က်န္းမာေရးဝန္ႀကီးပါတယ္၊ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီး ပါတယ္၊ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔ဝင္ေတြ ပါတယ္၊ ရခုိင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္နဲ႔ က်ေနာ္တို႔ IDP စခန္းကိုလာပါတယ္။ က်ေနာ္တို႔နဲ႔ အေခ်အတင္ ေဆြးေႏြးပါတယ္။ ျပန္လည္ေနရာခ်ထားေရးေတြကို။ ေဆြးေႏြးတဲ့အခါ က်ေနာ္တို႔ရဲ႕ ျပန္လည္ေနရာခ်ထားေရးသည္ က်ေနာ္တို႔ရဲ႕ ၿမိဳ႕ရြာျဖစ္တဲ့ အရာရွိရပ္ကြက္ ရပ္ကြက္ၿမိဳ႕ေပၚမွာပဲ ျပန္လည္ေနရာခ်ထားေပးဖို႔ပါလို႔ လူႀကီးေတြေရွ႕မွာ ကြက္ကြက္ကြင္းကြင္း ေျပာဆိုခဲ့ပါတယ္။ အခုေနာက္ဆုံး Plan ျဖစ္တဲ့ ၂၀၂၀ မတ္လ ၈ ရက္ေန႔မွာ ႏိုင္ငံေတာ္သမၼတကို လိပ္မူၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံကို ပို႔ၿပီး မိမိရဲ႕ ေနရာေဒသကို ျပန္ေရႊ႕ေပးဖို႔ အခု က်ေနာ္တို႔ IDP တည္ရွိေနတဲ့ ၂ ဖာလုံအကြာမွာ တာပတ္ၿပီး ျပန္လည္ေနရာခ်ထားေပးတာကို မေဆာင္ရြက္ဖို႔အတြက္နဲ႔ က်ေနာ္တို႔ကို ကိုယ့္ေနရာ ကိုယ့္ေဒသကိုပဲ ပို႔ေပးပါလို႔ က်ေနာ္တို႔လူထုေတြ IDP စခန္း ရပ္မိရပ္ဖေတြ၊ ေကာ္မတီေတြက စာတင္ၿပီးျဖစ္ပါတယ္။”

ဒုကၡသည္ေတြက သူတို႔ရဲ႕ မူရင္းေနရာေတြမွာ ျပန္ၿပီး ေနထိုင္လုပ္ကိုင္ၾကခ်င္ေပမယ့္လည္း အဲဒီလို ျဖစ္လာႏုိင္ေျခ ရွိတယ္လုိ႔ တာဝန္ရွိသူေတြက ျမင္မထားဘူးဆိုတာ ေမလ ၃၀ ရက္၊ စေနေန႔ကလုပ္တဲ့ အြန္လိုင္း သတင္းစာရွင္းလင္းပြဲအတြင္း သမၼတ႐ုံးေျပာခြင့္ရ ဦးေဇာ္ေဌး ေျပာသြားတာကေန သိႏိုင္ပါတယ္။

“တခ်ိဳ႕ကလည္း မူလေနရာကို ျပန္ခ်င္တာရွိတယ္။ မွန္တယ္ ျဖစ္ႏိုင္ရင္ေတာ့ မူလေနရာကို ျပန္ထားရင္ေတာ့ ေကာင္းတာေပါ့။ သို႔ေသာ္ ရခိုင္ျပည္နယ္ အေျခအေန ေက်ာက္ျဖဴ ေက်ာက္တလုံးလို အေနအထားက သိပါလိမ့္မယ္၊ မူလေနရပ္ေနရာေတြမွာ ျပန္ေနထိုင္ဖို႔ သဟဇာတ ျဖစ္မျဖစ္ေပါ့၊ ဒါေတြကိုလည္း ၾကည့္ရပါတယ္။ အခုေတာ့ လက္ရွိကမ့္ပ္မွာထက္ ပိုၿပီးအဆင္ေျပေအာင္ အိမ္ေတြေဆာက္ေပးၿပီး ေနဖို႔ စီစဥ္ပါတယ္။ နယ္စပ္ေရးရာ ဝန္ႀကီးဌာနကလည္း ဘယ္ေလာက္ ဘယ္ေလာက္ သုံးမယ္ဆိုၿပီး လႊတ္ေတာ္မွာကို တင္ျပထားတာပါ။ အဲ့ဒါကို လုပ္ေနတဲ့အခ်ိန္မွာ DIP ကမ့္ပ္ထဲကသူေတြက အထင္လြဲတယ္။ ဒါႀကီးကို ဇြတ္အတင္းေဆာက္ၿပီး သူတို႔ကို အတင္းအဓမၼ ေရႊ႕ပါတယ္ဆိုၿပီး စိုးရိမ္တယ္။ မျဖစ္ပါဘူး၊ က်ေနာ္တို႔ အတင္းအက်ပ္ သြားဆိုတဲ့ပံုစံမ်ိဳး မလုပ္ပါဘူး။ အဲ့ဒါကို လူကယ္ျပန္နဲ႔ ရခိုင္ျပည္နယ္အစိုးရက သူတို႔နဲ႔ေတြ႕ၿပီး Consultation ထပ္လုပ္မွာျဖစ္ပါတယ္။ သူတို႔လိုအပ္ခ်က္ေတြ ဘာရွိလဲ၊ သူတို႔စိုးရိမ္ခ်က္ေတြ ဘာရွိလဲ ေမးၿပီး ဒါေတြထပ္လုပ္မွာ ျဖစ္ပါတယ္။”

အစိုးရရဲ႕ ျပန္လည္ေနရာခ်ထားေရး အစီအစဥ္ကို ႀကိဳဆိုေပမယ့္ လက္ရွိ ေက်ာက္တလုံး ဒုကၡသည္စခန္းကေန ေရႊ႕ေပးမယ္ဆိုတဲ့ ေနရာဟာ ဆားငန္ဒီေရေတာကို တာပတ္ၿပီး စခန္းျပန္လည္ေနရာခ်ထားမွာျဖစ္လို႔ လူ႔အသိုက္အဝန္းတခု ေနသင့္ေနအပ္တဲ့ ေနရာေဒသ မဟုတ္တဲ့အတြက္ ဒုကၡသည္ေတြဘက္က လက္မခံဘဲ မေနလိုၾကတာျဖစ္တယ္ ဆုိတာကိုလည္း ဒုကၡသည္ေတြဘက္က ရွင္းလင္းပါတယ္။

ဒုကၡသည္ေတြဘက္က သူတို႔ အရင္ေနထိုင္ခဲ့တဲ့ ၿမိဳ႕ေပၚက ေနရာေတြမွာပဲ ဂုဏ္သိကၡာရွိစြာ ျပန္လည္ေနရာခ်ထားေပးဖို႔၊ ေငြေၾကးအခက္အခဲေၾကာင့္ အိမ္ယာ ေရာင္းခ်ခဲ့ရသူေတြကိုလည္း ေဒသခံေတြနဲ႔အတူ ေနရာခ်ေပးဖို႔၊ အမွီအခိုကင္းစြာနဲ႔ ေနထိုင္စားေသာက္ေရး ေဘးကင္းလုံၿခဳံမႈရွိေစဖို႔ ေတာင္းဆိုထားၾကတာပါ။

ဒုကၡသည္ေတြကို လူသူကင္းေဝးတဲ့ ေဝးလံေခါင္သီတဲ့ ေနရာေတြမွာ ေနရာခ်ေပးဖို႔ စီစဥ္တာဟာ သူတို႔ကို လူမႈအသိုင္းအဝိုင္းကေန သီးျခားဖယ္ထုတ္လိုတဲ့ သေဘာျဖစ္ၿပီး မတူကြဲျပားတဲ့ လူမႈပတ္ဝန္းက်င္ အသိုင္းအဝိုင္းထဲ ေပါင္းစည္းေနထိုင္ေရးကို အခက္အခဲျဖစ္ေစတဲ့ အစီအမံသာ ျဖစ္တယ္လို႔ ဒုကၡသည္ေတြက ေထာက္ျပၾကပါတယ္။

ကုလအတြင္းေရးမွဴးခ်ဳပ္ေဟာင္း ကိုဖီအာနန္ ဦးေဆာင္ခဲ့တဲ့ အႀကံေပးေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ေတြထဲမွာေတာ့ IDP ေတြကို သူတို႔ မူလေနထိုင္ေနတဲ့ေနရာ ဒါမွမဟုတ္ တျခားေနရာသစ္ကို ျပန္လည္ေရႊ႕ေျပာင္းေပးမယ္ဆိုရင္ သူတို႔ရဲ႕ သေဘာဆႏၵအရသာ ေဆာင္ရြက္ေပးရမယ္၊ လုံၿခဳံမႈရွိရမယ္၊ ဒါ့အျပင္ ဂုဏ္သိကၡာနဲ႔ အညီ ေျပာင္းေရႊ႕ႏိုင္ရမယ္ဆိုတဲ့ အခ်က္လည္း ပါဝင္ပါတယ္။ ဒါ့အျပင္ သူတို႔ မူလေနထိုင္ရာ ေဒသေတြမွာ ျပန္လည္ေနထိုင္ႏိုင္ဖို႔ ဦးစားေပး ေဆာင္ရြက္ရမွာျဖစ္ၿပီး အဲဒီလို မလုပ္ႏိုင္ဘူးဆိုရင္ IDP ေတြ ေျပာင္းေရႊ႕လိုတဲ့ ေနရာသစ္ကို ေျပာင္းေရႊ႕ႏိုင္ဖို႔ ေဆာင္ရြက္ေပးရမယ္လို႔လည္း အႀကံေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ကျောက်ဖြူမြို့ပေါ်က မူရင်းနေရာတွေ ပြန်ပေးဖို့ ဒုက္ခသည်တွေ တောင်းဆို

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ကျောက်တလုံး ဒုက္ခသည်စခန်း ပြန်လည်နေရာချထားရေး အစိုးရအစီအမံအပေါ် ဒုက္ခသည်တွေရဲ့ သဘောထားနဲ့ လိုလားချက်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၈ နှစ် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေး အသွင်ဆောင် အကြမ်းဖက် ပဋိပက္ခတွေကြား နေအိမ်တွေမီးရှို့၊ အုပ်စုလိုက် တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ရခိုင်ပြည်သူတွေရော မွတ်စလင်တွေပါ အသက်ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေကြရတဲ့အထဲ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်တလုံး ဒုက္ခသည်စခန်းထဲက ဒုက္ခသည်တွေလည်း အပါအဝင် ဖြစ်ပါတယ်။

အဲဒီက ဒုက္ခသည်တွေဟာ ကျောက်ဖြူမြို့ပေါ်မှာ ကိုယ့်အိုးကိုယ့်အိမ် ကိုယ့်စီးပွားရေး လုပ်ငန်းတွေနဲ့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြတဲ့ ဒေသခံတွေဖြစ်ပြီး သူတို့ မူရင်းနေရာတွေမှာ ပြန်နေထိုင်ခွင့်ရဖို့ တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပေမယ့်လည်း ခုချိန်ထိတော့ မပြေလည်သေးပါဘူး။

အချင်းချင်းကြားမှာ ဘာပဋိပက္ခမှမရှိဘဲ မြို့ပေါ်မှာ အတူတူ ယှဉ်တွဲနေထိုင်ခဲ့ကြရာကနေ ရုန်းရင်းဆန်ခတ် အခြေအနေတွေ ဖြစ်ချိန်မှာ ဒုက္ခသည်စခန်းထဲ ဘယ်လိုရောက်သွားရတယ်ဆိုတာကို စနေနေ့က အွန်လိုင်းကနေလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒုက္ခသည်တဦးဖြစ်သူ ဦးခင်ရွှေက ပြောပြပါတယ်။

“၂၀၁၂ မတိုင်ခင် ကျနော်တို့ဟာ မြို့ပေါ်ရပ်ကွက်တွေမှာ ကျနော်တို့ ဘိုးဘွားများနဲ့ ကျောက်ဖြူမြို့ပေါ်မှာ အတူတကွ ရောင်းဝယ်ဖောက်ကားပြီး အတူတကွ နေခဲ့ကြတယ်။ ဘာမှ ပြဿနာဖြစ်ခဲ့ခြင်းလည်း မရှိပါဘူး။ ကျနော်တို့ ဘယ်လောက်အထိ ချစ်ချစ်ခင်ခင် နေခဲ့ကြသလဲဆိုရင် ကျနော်တို့ဘေးမှာ ဗုဒ္ဓဘာသာရှိတယ်၊ မရမာကြီးတွေရှိတယ်၊ ဟိန္ဒူတွေရှိတယ်၊ တအိမ်နဲ့တအိမ် အားလုံး အတူတူနေခဲ့ကြတယ်။ ဈေးမှာဆိုလည်း အတူတူဈေးရောင်းတယ်၊ တယောက်ပွဲတော်ကို တယောက်သွားပြီးတော့ အကူအညီပေးတယ်၊ ပါဝင်ကြတယ်၊ ပျော်ရွှင်ကြတယ် ကျနော်တို့။

“အဲဒီလို အတူတကွ နေထိုင်ရင်းနဲ့ ၂၀၁၂ ပဋိပက္ခကို အခြေခံပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာတယ်။ မြို့မိဖြို့ဖတွေ ရောက်လာပြီး သူစိမ်းတွေရောက်နေတယ်၊ သုံးရက်တာ ခဏလေး ရှောင်ပေးပါဆိုပြီး ခင်ဗျားတို့အဆောက်အဦတွေ၊ အိုးအိမ်တွေ ဘာမှမဖြစ်စေရဘူး ဆိုပြီး ကျနော်တို့တာဝန်ယူတယ်၊ ခဏလေးရှောင်ပေးပါဆိုတဲ့ ကတိကဝတ်တွေနဲ့ သူတို့ကပဲ ကားတွေစီစဉ်ပေးပြီး ကျနော်တို့ ကလေးတွေ သက်ကြီးရွယ်အိုတွေနဲ့ အခုလက်ရှိနေတဲ့ ကျောက်တလုံးစခန်းမှာ ကျနော်တို့ကို လာထားခဲ့တာပါ။”

နောက် ဒုက္ခသည်တဦးဖြစ်သူ မခင်နီလာဝင်းကလည်း ဒုက္ခသည်စခန်းထဲမှာ အခက်အခဲတွေနဲ့ နေထိုင်နေရတဲ့အကြောင်း ပြောပြပါတယ်။

“အရင်က ကျမတို့ ရေလုပ်ငန်းတွေလုပ်တယ်၊ တံငါလုပ်ငန်းတွေလုပ်တယ်။ မြို့ပေါ်ရပ်ကွက်မှာဆို မော်တော်ယာဉ်လုပ်ငန်းတွေ ကုန်စုံဆိုင်တွေ လုပ်ကိုင်တော့ ကျမတို့ အဆင်ပြေချောမွေ့ စားဝတ်နေရေးလည်း အဆင်ပြေခဲ့ပါတယ်။ အခု ၂၀၁၂ နောက်ပိုင်းမှာဆိုရင် စားဝတ်နေရေးဟာ လုံးဝ ကျပ်ကျပ်တည်းတည်းနဲ့ အခက်အခဲများစွာ ရင်ဆိုင်ရတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ရှိရင်လည်း ဒီထဲရောက်တဲ့ အချိန်ကျတော့ လူဦးရေက ၁,၅၀၀ ကျော်လောက်ရှိပါတယ်။ ၁,၅၀၀ ကျော်လောက်မှာ ၁၂၀ နီးပါး အသက်ဆုံးရှုံးရတယ်။ ကျန်းမာရေးဝန်ထမ်းဆိုတာ မရှိပါ။ ဒီနေရာမှာနေဖို့ဆိုတာ ကျမတို့အတွက် လုံးဝ မသင့်တော်ပါ။ ကျမ အမေတယောက်အနေနဲ့ ပြောရမယ်ဆိုရင် ကလေးတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အကုန်ဆုံးရှုံးရပါတယ်။ အခက်အခဲတွေ အများကြီးနဲ့ ကြုံတွေ့နေရပါတယ်။”

ပြည်ထောင်စုအစိုးရ တာဝန်ရှိသူတွေနဲ့ ဒုက္ခသည်တွေကြား အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး သူတို့ဘက်က လိုလားချက်တွေကို တင်ပြထားပြီးဖြစ်တယ်လို့ ကျောက်တလုံး ဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ကိုဖြူချေက ပြောပါတယ်။

“အစိုးရဌာနဆိုင်ရာ အကြီးအကဲတွေ ၂၀၁၇ ခုနှစ်က ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့အဖွဲ့ ပြည်ထောင်စုဝန်ကြီး ၆ ပါးပါတယ်၊ ကာကွယ်ရေးဝန်ကြီးပါတယ်၊ ကျန်းမာရေးဝန်ကြီးပါတယ်၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ပါတယ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ ပါတယ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ကျနော်တို့ IDP စခန်းကိုလာပါတယ်။ ကျနော်တို့နဲ့ အချေအတင် ဆွေးနွေးပါတယ်။ ပြန်လည်နေရာချထားရေးတွေကို။ ဆွေးနွေးတဲ့အခါ ကျနော်တို့ရဲ့ ပြန်လည်နေရာချထားရေးသည် ကျနော်တို့ရဲ့ မြို့ရွာဖြစ်တဲ့ အရာရှိရပ်ကွက် ရပ်ကွက်မြို့ပေါ်မှာပဲ ပြန်လည်နေရာချထားပေးဖို့ပါလို့ လူကြီးတွေရှေ့မှာ ကွက်ကွက်ကွင်းကွင်း ပြောဆိုခဲ့ပါတယ်။ အခုနောက်ဆုံး Plan ဖြစ်တဲ့ ၂၀၂၀ မတ်လ ၈ ရက်နေ့မှာ နိုင်ငံတော်သမ္မတကို လိပ်မူပြီး နိုင်ငံတော်အတိုင်ပင်ခံကို ပို့ပြီး မိမိရဲ့ နေရာဒေသကို ပြန်ရွှေ့ပေးဖို့ အခု ကျနော်တို့ IDP တည်ရှိနေတဲ့ ၂ ဖာလုံအကွာမှာ တာပတ်ပြီး ပြန်လည်နေရာချထားပေးတာကို မဆောင်ရွက်ဖို့အတွက်နဲ့ ကျနော်တို့ကို ကိုယ့်နေရာ ကိုယ့်ဒေသကိုပဲ ပို့ပေးပါလို့ ကျနော်တို့လူထုတွေ IDP စခန်း ရပ်မိရပ်ဖတွေ၊ ကော်မတီတွေက စာတင်ပြီးဖြစ်ပါတယ်။”

ဒုက္ခသည်တွေက သူတို့ရဲ့ မူရင်းနေရာတွေမှာ ပြန်ပြီး နေထိုင်လုပ်ကိုင်ကြချင်ပေမယ့်လည်း အဲဒီလို ဖြစ်လာနိုင်ခြေ ရှိတယ်လို့ တာဝန်ရှိသူတွေက မြင်မထားဘူးဆိုတာ မေလ ၃၀ ရက်၊ စနေနေ့ကလုပ်တဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး ပြောသွားတာကနေ သိနိုင်ပါတယ်။

“တချို့ကလည်း မူလနေရာကို ပြန်ချင်တာရှိတယ်။ မှန်တယ် ဖြစ်နိုင်ရင်တော့ မူလနေရာကို ပြန်ထားရင်တော့ ကောင်းတာပေါ့။ သို့သော် ရခိုင်ပြည်နယ် အခြေအနေ ကျောက်ဖြူ ကျောက်တလုံးလို အနေအထားက သိပါလိမ့်မယ်၊ မူလနေရပ်နေရာတွေမှာ ပြန်နေထိုင်ဖို့ သဟဇာတ ဖြစ်မဖြစ်ပေါ့၊ ဒါတွေကိုလည်း ကြည့်ရပါတယ်။ အခုတော့ လက်ရှိကမ့်ပ်မှာထက် ပိုပြီးအဆင်ပြေအောင် အိမ်တွေဆောက်ပေးပြီး နေဖို့ စီစဉ်ပါတယ်။ နယ်စပ်ရေးရာ ဝန်ကြီးဌာနကလည်း ဘယ်လောက် ဘယ်လောက် သုံးမယ်ဆိုပြီး လွှတ်တော်မှာကို တင်ပြထားတာပါ။ အဲ့ဒါကို လုပ်နေတဲ့အချိန်မှာ DIP ကမ့်ပ်ထဲကသူတွေက အထင်လွဲတယ်။ ဒါကြီးကို ဇွတ်အတင်းဆောက်ပြီး သူတို့ကို အတင်းအဓမ္မ ရွှေ့ပါတယ်ဆိုပြီး စိုးရိမ်တယ်။ မဖြစ်ပါဘူး၊ ကျနော်တို့ အတင်းအကျပ် သွားဆိုတဲ့ပုံစံမျိုး မလုပ်ပါဘူး။ အဲ့ဒါကို လူကယ်ပြန်နဲ့ ရခိုင်ပြည်နယ်အစိုးရက သူတို့နဲ့တွေ့ပြီး Consultation ထပ်လုပ်မှာဖြစ်ပါတယ်။ သူတို့လိုအပ်ချက်တွေ ဘာရှိလဲ၊ သူတို့စိုးရိမ်ချက်တွေ ဘာရှိလဲ မေးပြီး ဒါတွေထပ်လုပ်မှာ ဖြစ်ပါတယ်။”

အစိုးရရဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်ကို ကြိုဆိုပေမယ့် လက်ရှိ ကျောက်တလုံး ဒုက္ခသည်စခန်းကနေ ရွှေ့ပေးမယ်ဆိုတဲ့ နေရာဟာ ဆားငန်ဒီရေတောကို တာပတ်ပြီး စခန်းပြန်လည်နေရာချထားမှာဖြစ်လို့ လူ့အသိုက်အဝန်းတခု နေသင့်နေအပ်တဲ့ နေရာဒေသ မဟုတ်တဲ့အတွက် ဒုက္ခသည်တွေဘက်က လက်မခံဘဲ မနေလိုကြတာဖြစ်တယ် ဆိုတာကိုလည်း ဒုက္ခသည်တွေဘက်က ရှင်းလင်းပါတယ်။

ဒုက္ခသည်တွေဘက်က သူတို့ အရင်နေထိုင်ခဲ့တဲ့ မြို့ပေါ်က နေရာတွေမှာပဲ ဂုဏ်သိက္ခာရှိစွာ ပြန်လည်နေရာချထားပေးဖို့၊ ငွေကြေးအခက်အခဲကြောင့် အိမ်ယာ ရောင်းချခဲ့ရသူတွေကိုလည်း ဒေသခံတွေနဲ့အတူ နေရာချပေးဖို့၊ အမှီအခိုကင်းစွာနဲ့ နေထိုင်စားသောက်ရေး ဘေးကင်းလုံခြုံမှုရှိစေဖို့ တောင်းဆိုထားကြတာပါ။

ဒုက္ခသည်တွေကို လူသူကင်းဝေးတဲ့ ဝေးလံခေါင်သီတဲ့ နေရာတွေမှာ နေရာချပေးဖို့ စီစဉ်တာဟာ သူတို့ကို လူမှုအသိုင်းအဝိုင်းကနေ သီးခြားဖယ်ထုတ်လိုတဲ့ သဘောဖြစ်ပြီး မတူကွဲပြားတဲ့ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲ ပေါင်းစည်းနေထိုင်ရေးကို အခက်အခဲဖြစ်စေတဲ့ အစီအမံသာ ဖြစ်တယ်လို့ ဒုက္ခသည်တွေက ထောက်ပြကြပါတယ်။

ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ခဲ့တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာတော့ IDP တွေကို သူတို့ မူလနေထိုင်နေတဲ့နေရာ ဒါမှမဟုတ် တခြားနေရာသစ်ကို ပြန်လည်ရွှေ့ပြောင်းပေးမယ်ဆိုရင် သူတို့ရဲ့ သဘောဆန္ဒအရသာ ဆောင်ရွက်ပေးရမယ်၊ လုံခြုံမှုရှိရမယ်၊ ဒါ့အပြင် ဂုဏ်သိက္ခာနဲ့ အညီ ပြောင်းရွှေ့နိုင်ရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် သူတို့ မူလနေထိုင်ရာ ဒေသတွေမှာ ပြန်လည်နေထိုင်နိုင်ဖို့ ဦးစားပေး ဆောင်ရွက်ရမှာဖြစ်ပြီး အဲဒီလို မလုပ်နိုင်ဘူးဆိုရင် IDP တွေ ပြောင်းရွှေ့လိုတဲ့ နေရာသစ်ကို ပြောင်းရွှေ့နိုင်ဖို့ ဆောင်ရွက်ပေးရမယ်လို့လည်း အကြံပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG