သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ေျမာက္ပုိင္းမွာ ဖမ္းခံထားရတဲ့ အရပ္သားေတြ တလၾကတဲ့အထိ အဆက္အသြယ္မရေသး


ဘူးသီးေတာင္ၿမိဳ႕နယ္ အနီးတြင္ ျဖစ္ပြားခဲ့ေသာ တိုုက္ပြဲမ်ားေၾကာင့္ တိမ္းေရွာင္ထြက္ေျပးလာခဲ့ၾကေသာ စစ္ေရွာင္မ်ား (photo-Rakhine Ethnics Congress)

[Zawgyi/Unicode]

ရခိုင္ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ကတင္းမေက်းရြာက ဖမ္းဆီးခံထားရသူေတြ အခုအခ်ိန္ထိ အဆက္အသြယ္မရေသးသလို ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ဘက္မွာလည္း အခုရက္ပိုင္း ဖမ္းဆီးမႈေတြ ရွိေနတဲ့ အေျခအေနကို ဗီြအိုေအျမန္မာပုိင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပခ်င္ေပးပါမယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမေက်းရြာက ေဒသခံ ၁၈ ဦးဟာ ၿပီးခဲ့ မတ္လကတည္းက ဖမ္းဆီးခံခဲ့ရတာ ျဖစ္ၿပီး အခုအခ်ိန္ထိ သူတို႔နဲ႔ ပတ္သတ္တဲ့ သတင္းအစအနေလးေတာင္မရဘူးလို႔ ဖမ္းဆီးခံရသူေတြရဲ႕ မိသားစုဝင္ေတြက ေျပာဆိုၾကပါတယ္။

တင္းမေဒသခံေတြကုိ တပ္မေတာ္ကေခၚေဆာင္သြားတာျဖစ္ၿပီး ေခၚေဆာင္သြားၿပီး ေနာက္ပိုင္းမွာ တင္းမေက်းရြာ အနီးအနားက ေမ်ာက္ေတာင္ေက်းရြာအနီးမွာ အေလာင္းႏွစ္ေလာင္းကိုေတြ႔တယ္လို႔လည္း တင္းမေက်းရြာသားတစ္ဦးက ေျပာပါတယ္။

"အခု လူ ၁၈ ေယာက္အေၾကာင္းလည္း ဘာမွမသိရဘူး။ က်ေနာ္တို႔ မိသားစုဝင္ေတြ တူေတြ၊ သားေတြဝ ညီေတြ အကုန္လံုးပါသြားတာေပါ့။ ဘယ္မွအစအနေတာင္မသိရဘူး။ အခုထက္ထိပဲ။ အေလာင္းႏွစ္ေလာင္းရတာကေတာ့ ေမ်ာက္ေတာင္းေက်းရြာရဲ႕ ရြာေအာက္က ျမစ္ျပင္က ေက်ာက္ျဖာေပၚမွာ တင္ၿပီးေတာ့ရတာ တစ္ေယာက္ကေတာ့ ဦးေခါင္းမပါေတာ့ဘူး တစ္ေယာက္ကေတာ့ ဦးေခါင္းပါတယ္။"

လက္ရွိအခ်ိန္မွာ တင္းမေက်းရြာဟာ မီးရိႈ႕ခံထားရတာေၾကာင့္ ေနအိမ္ေတြ မရွိေတာ့သလို တင္းမေက်းရြာမွာ ေနထိုင္သူေတြဟာလည္း တျခားၿမိဳ႕နယ္ေက်းရြာေတြမွာရွိတဲ့ စစ္ေရွာင္စခန္းေတြမွာ ေနထိုင္ေနၾကတာလည္း ျဖစ္ပါတယ္။

တင္းမေက်းရြာက ေဒသခံ ၁၈ ေယာက္ကို တပ္မေတာ္က ဖမ္းဆီးသြားတာျဖစ္တယ္လို႔ ေဒသခံေတြကေျပာဆိုၾကၿပီး တပ္မေတာ္ဘက္ကေတာ့ ဒီကိစၥနဲ႔ ပတ္သတ္ၿပီး သူတို႔အေနနဲ႔ သိပ္မသိတာေၾကာင့္ မိသားစုဝင္ေတြအေနနဲ႔ တိတိက်က်သိခ်င္ရင္ ေျမျပင္က တပ္ဖြဲ႔ေတြဆီမွာ သြားေမးသင့္တယ္လို႔ တပ္မေတာ္သတင္း မွန္ျပန္ၾကားေရးအဖြဲ႔ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီကေျပာပါတယ္။

"က်ေနာ္တို႔က တိတိက်က်သိခ်င္လို႔ရွိရင္ ဒီမိသားစုေတြအတြက္ တိတိက်က်သိဖို႔ေမးပါသြားၿပီးေတာ့ နီးစပ္ရာ တပ္ဖြဲ႔ေတြကို ေမးပါ။ သူတို႔ကတိတိက်က်မသိ ေလွ်ာက္ေျပာေနရင္း က်ေနာ္တို႔က ဒါေတြကို လိုက္ၿပီးေျဖရွင္းေနရင္ က်ေနာ္တို႔လည္း ဒီေျမျပင္အေနအထားကို ေသခ်ာမသိဘူး။ ဟုတ္ခ်င္လည္း ဟုတ္မယ္၊ မဟုတ္ခ်င္လည္း မဟုတ္ဘူး။ တိတိိက်က်သိဖို႔အတြက္က ေျမျပင္မွာ ရွိေနတဲ့ တကယ္အလုပ္လုပ္ေနတဲ့ လူေတြကို ေသခ်ာသြား ေမးတာပိုေကာင္းတာေပါ့ေနာ္။ သူတို႔ေၾကာက္စရာ မရွိပါဘူး သြားေမးလို႔လည္းရတယ္။"

တိုက္ပြဲေတြအတြင္းမွာ ဖမ္းဆီးခံေနရတာေတြဟာ ရခိုင္တစ္ခုတည္းမဟုတ္သလို ရခိုင္ျပည္နယ္ နယ္စပ္ ပလက္ဝၿမိဳ႕နယ္ဘက္မွာ အခုလပိုင္းအတြင္း ဖမ္းဆီးခံထားရသူေတြ ရိုက္နက္ခံရသူေတြ ရွိတယ္ေနတယ္လို႔ ပလက္ဝေဒသခံေတြက ေျပာဆိုၾကပါတယ္။

မေန႔ကလည္း ပလက္ဝၿမိဳ႕နယ္ ေျမစာရင္းဌာနက အငယ္တန္းစာေရး တစ္ေယာက္ကို လံုၿခံဳေရး တပ္ဖြဲ႔ဝင္ေတြက ရိုက္ႏွက္တာေၾကာင့္ ပလက္ဝေဆးရံုကို ပို႔ထားရတယ္လို႔ ခမီးလူငယ္အဖြဲ႕က ကိုအဂၤါဦးက ေျပာပါတယ္။

"အခုပလက္ဝဘက္မွာ ရခိုင္လူငယ္ သံုးေယာက္ ဒီဇြန္လအတြင္းမွာပဲ ဖမ္းဆီးခံထားရတာ သူတို႔ကိုျပန္လြတ္ေပးတာလည္း မရွိေသးဘူး။ ျပီးေတာ့ ထပ္ၿပီးေတာ့ မေန႔ညကလည္း ေျမစာရင္းဌာနက အငယ္တန္း စာေရးေလး တစ္ေယာက္ကို ဦးညီေဇာ္ေဇာ္ အသက္ (၂၈ ႏွစ္ ) အေမနာမည္က ေဒၚလွလွရီ သူ႕ကိုလည္း ရဲေတြနဲ႔ စစ္တပ္နဲ႔ ေပါင္းရိုက္လို႔ အခု ပလက္ဝျပည္သူ႔ေဆးရံုမွာ တင္ထားရတယ္။ အသည္းအသန္ အေျခအေနေေတာ့ ရွိတယ္။ က်ေနာ္တို႔ ခမီးလူ ငယ္အဖြဲ႔ကသြားၾကည့္ေတာ့ အသည္းအသန္ အာဆီဂ်င္ ခ်ိတ္ၿပီးေတာ့ ျမင္ခဲ့ရတယ္။"

တပ္မေတာ္ဘက္ကေတာ့ ရခိုင္နဲ႔ ခ်င္းဘက္က ဖမ္းဆီးခံရသူေတြနဲ႔ ပတ္သတ္ၿပီး ဥပေဒနဲ႔အညီ လုပ္ထံုးလုပ္နည္းအတိုင္း ေဆာင္ရြက္ေနတာျဖစ္တယ္လို႔ တပ္မေတာ္သတင္း မွန္ျပန္ၾကားေရးအဖြဲ႔ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ထြန္းထြန္း ညီကေျပာပါတယ္။

"က်ေနာ္တို႔က မသကၤာလို႔ ေခၚထားတဲ့သူေတြဆိုရင္ လုပ္ထံုးလုပ္နည္းနဲ႔ ရဲတပ္ဖြဲ႔ကို အပ္တယ္။ စစ္ေဆးတာေတြလုပ္တာ လုပ္ထံုးလုပ္နည္းနဲ႔ လုပ္တာရွိေတာ့ ရဲတပ္ဖြဲ႔ကလည္း သိတယ္။ လူမသိသူမသိ ေခၚသြားတာတို႔ ဟိုလူ ေပ်ာက္သြားျပန္ၿပီ ဒီလူေပ်ာက္သြားျပန္ၿပီတို႔က်ေနာ္တို႔ ဥပေဒနဲ႔အညီလုပ္တဲ့ အဖြဲ႔အစည္းေတြက ဒါမ်ိဳးေတာ့ မလုပ္ဘူးဗ်ာ။ "

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ နဲ႔ အစိုးရတပ္တို႔ တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ လက္ရွိအခ်ိန္ထိ အရပ္သားေတြကို ဖမ္းဆီးစစ္ေဆးတာေတြ ေပ်ာက္ဆံုးတာေတြ ရွိေနေသးသလို ရခိုင္ဘက္မွာလည္း အၾကမ္းဖက္ ပုဒ္မေတြနဲ႔ တရားစြဲဆိုခံထားရသူေတြ အမ်ားအျပား ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ရခိုင်မြောက်ပိုင်းမှာ ဖမ်းခံထားရတဲ့ အရပ်သားတွေ တလကြတဲ့အထိ အဆက်အသွယ်မရသေး

[Unicode Version]

ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ် ကတင်းမကျေးရွာက ဖမ်းဆီးခံထားရသူတွေ အခုအချိန်ထိ အဆက်အသွယ်မရသေးသလို ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာလည်း အခုရက်ပိုင်း ဖမ်းဆီးမှုတွေ ရှိနေတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြချင်ပေးပါမယ်။

ကျောက်တော်မြို့နယ် တင်းမကျေးရွာက ဒေသခံ ၁၈ ဦးဟာ ပြီးခဲ့ မတ်လကတည်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး အခုအချိန်ထိ သူတို့နဲ့ ပတ်သတ်တဲ့ သတင်းအစအနလေးတောင်မရဘူးလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောဆိုကြပါတယ်။

တင်းမဒေသခံတွေကို တပ်မတော်ကခေါ်ဆောင်သွားတာဖြစ်ပြီး ခေါ်ဆောင်သွားပြီး နောက်ပိုင်းမှာ တင်းမကျေးရွာ အနီးအနားက မျောက်တောင်ကျေးရွာအနီးမှာ အလောင်းနှစ်လောင်းကိုတွေ့တယ်လို့လည်း တင်းမကျေးရွာသားတစ်ဦးက ပြောပါတယ်။

"အခု လူ ၁၈ ယောက်အကြောင်းလည်း ဘာမှမသိရဘူး။ ကျနော်တို့ မိသားစုဝင်တွေ တူတွေ၊ သားတွေဝ ညီတွေ အကုန်လုံးပါသွားတာပေါ့။ ဘယ်မှအစအနတောင်မသိရဘူး။ အခုထက်ထိပဲ။ အလောင်းနှစ်လောင်းရတာကတော့ မျောက်တောင်းကျေးရွာရဲ့ ရွာအောက်က မြစ်ပြင်က ကျောက်ဖြာပေါ်မှာ တင်ပြီးတော့ရတာ တစ်ယောက်ကတော့ ဦးခေါင်းမပါတော့ဘူး တစ်ယောက်ကတော့ ဦးခေါင်းပါတယ်။"

လက်ရှိအချိန်မှာ တင်းမကျေးရွာဟာ မီးရှို့ခံထားရတာကြောင့် နေအိမ်တွေ မရှိတော့သလို တင်းမကျေးရွာမှာ နေထိုင်သူတွေဟာလည်း တခြားမြို့နယ်ကျေးရွာတွေမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြတာလည်း ဖြစ်ပါတယ်။

တင်းမကျေးရွာက ဒေသခံ ၁၈ ယောက်ကို တပ်မတော်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုကြပြီး တပ်မတော်ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူတို့အနေနဲ့ သိပ်မသိတာကြောင့် မိသားစုဝင်တွေအနေနဲ့ တိတိကျကျသိချင်ရင် မြေပြင်က တပ်ဖွဲ့တွေဆီမှာ သွားမေးသင့်တယ်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ပြောခွင့်ရ ဗိုလ်ချုပ် ထွန်းထွန်းညီကပြောပါတယ်။

"ကျနော်တို့က တိတိကျကျသိချင်လို့ရှိရင် ဒီမိသားစုတွေအတွက် တိတိကျကျသိဖို့မေးပါသွားပြီးတော့ နီးစပ်ရာ တပ်ဖွဲ့တွေကို မေးပါ။ သူတို့ကတိတိကျကျမသိ လျှောက်ပြောနေရင်း ကျနော်တို့က ဒါတွေကို လိုက်ပြီးဖြေရှင်းနေရင် ကျနော်တို့လည်း ဒီမြေပြင်အနေအထားကို သေချာမသိဘူး။ ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး။ တိတိကျကျသိဖို့အတွက်က မြေပြင်မှာ ရှိနေတဲ့ တကယ်အလုပ်လုပ်နေတဲ့ လူတွေကို သေချာသွား မေးတာပိုကောင်းတာပေါ့နော်။ သူတို့ကြောက်စရာ မရှိပါဘူး သွားမေးလို့လည်းရတယ်။"

တိုက်ပွဲတွေအတွင်းမှာ ဖမ်းဆီးခံနေရတာတွေဟာ ရခိုင်တစ်ခုတည်းမဟုတ်သလို ရခိုင်ပြည်နယ် နယ်စပ် ပလက်ဝမြို့နယ်ဘက်မှာ အခုလပိုင်းအတွင်း ဖမ်းဆီးခံထားရသူတွေ ရိုက်နက်ခံရသူတွေ ရှိတယ်နေတယ်လို့ ပလက်ဝဒေသခံတွေက ပြောဆိုကြပါတယ်။

မနေ့ကလည်း ပလက်ဝမြို့နယ် မြေစာရင်းဌာနက အငယ်တန်းစာရေး တစ်ယောက်ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရိုက်နှက်တာကြောင့် ပလက်ဝဆေးရုံကို ပို့ထားရတယ်လို့ ခမီးလူငယ်အဖွဲ့က ကိုအင်္ဂါဦးက ပြောပါတယ်။

"အခုပလက်ဝဘက်မှာ ရခိုင်လူငယ်သုံးယောက် ဒီဇွန်လအတွင်းမှာပဲ ဖမ်းဆီးခံထားရတာ သူတို့ကိုပြန်လွတ်ပေးတာလည်း မရှိသေးဘူး။ ပြီးတော့ ထပ်ပြီးတော့ မနေ့ညကလည်း မြေစာရင်းဌာနက အငယ်တန်း စာရေးလေး တစ်ယောက်ကို ဦးညီဇော်ဇော် အသက် ၂၈ နှစ် အမေနာမည်က ဒေါ်လှလှရီ သူ့ကိုလည်း ရဲတွေနဲ့ စစ်တပ်နဲ့ ပေါင်းရိုက်လို့ အခုပလက်ဝပြည်သူ့ဆေးရုံမှာ တင်ထားရတယ်။ အသည်းအသန်တော့ ရှိတယ်။ ကျနော်တို့ ခမီးလူ ငယ်အဖွဲ့ကသွားကြည့်တော့ အသည်းအသန် အာဆီဂျင် ချိတ်ပြီးတော့ မြင်ခဲ့ရတယ်။"

တပ်မတော်ဘက်ကတော့ ရခိုင်နဲ့ ချင်းဘက်က ဖမ်းဆီးခံရသူတွေနဲ့ ပတ်သတ်ပြီး ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နေတာဖြစ်တယ်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ပြောခွင့်ရ ဗိုလ်ချုပ် ထွန်းထွန်း ညီကပြောပါတယ်။

"ကျနော်တို့က မသင်္ကာလို့ ခေါ်ထားတဲ့သူတွေဆိုရင် လုပ်ထုံးလုပ်နည်းနဲ့ ရဲတပ်ဖွဲ့ကို အပ်တယ်။ စစ်ဆေးတာတွေလုပ်တာ လုပ်ထုံးလုပ်နည်းနဲ့ လုပ်တာရှိတော့ ရဲတပ်ဖွဲ့ကလည်း သိတယ်။ လူမသိသူမသိ ခေါ်သွားတာတို့ ဟိုလူ ပျောက်သွားပြန်ပြီ ဒီလူပျောက်သွားပြန်ပြီတို့ကျနော်တို့ ဥပဒေနဲ့အညီလုပ်တဲ့ အဖွဲ့အစည်းတွေက ဒါမျိုးတော့ မလုပ်ဘူးဗျာ။ "

ရခိုင်လက်နက်ကိုင် AA အဖွဲ့ နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ လက်ရှိအချိန်ထိ အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပျောက်ဆုံးတာတွေ ရှိနေသေးသလို ရခိုင်ဘက်မှာလည်း အကြမ်းဖက် ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရသူတွေ အများအပြား ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG