[Zawgyi/Unicode]
ကိုယ့္ေနရပ္ကို စြန႔္ခြာၿပီး နယ္စပ္ျဖတ္ေက်ာ္ ထြက္ေျပးသြားခဲ့ၾကရတဲ့ တကမာၻလုံးက ဒုကၡသည္အေရအတြက္ရဲ႕ သုံးပုံႏွစ္ပုံဟာ ျမန္မာအပါအဝင္ ႏိုင္ငံ ၅ ႏိုင္ငံကျဖစ္ၾကတယ္လို႔ ကုလသမဂၢကေျပာလိုက္ပါတယ္။
ဇြန္လ ၂၀ ရက္ေန႔မွာ က်ေရာက္တဲ့ ကမာၻ႔ဒုကၡသည္မ်ားေန႔ မတိုင္ခင္ ႏွစ္ရက္အလို ဒီကေန႔မွာ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢအဖြဲ႕ UNHCR က ထုတ္ျပန္တဲ့ ကမာၻ႔ဒုကၡသည္အေျခအေနဆိုင္ရာ အစီရင္ခံစာထဲမွာ အဲဒီလို ေဖာ္ျပထားတာပါ။
UNHCR မဟာမင္းႀကီး Filippo Grandi ကလည္း ကမာၻ႔လူဦးေရရဲ႕ ၁ ရာခိုင္ႏႈန္းဟာ အိုးအိမ္စြန႔္ခြာ ထြက္ေျပးရသူ ဒုကၡသည္ေတြ ျဖစ္တယ္လို႔ေျပာပါတယ္။
"ဒုကၡသည္အေရအတြက္ဟာ ကမာၻ႔လူဦးေရရဲ႕ ၁ ရာခိုင္ႏႈန္း ဝန္းက်င္ျဖစ္ၿပီး ဒီေလာက္ အေရအတြက္ ျမင့္မားလာတာကို UNHCR အေနနဲ႔ တစ္ခါမွ မေတြ႔ဖူးပါဘူး။ စုစုေပါင္း သန္း ၈၀ နီးပါးရွိလို႔ UNHCR က စာရင္း စနစ္တက် ေကာက္ခံ တဲ့ သက္တမ္းအတြင္း အျမင့္မားဆုံး ျဖစ္ၿပီး အထူးစိုးရိမ္ဖြယ္ရာ အေျခအေနျဖစ္ပါတယ္။" လို႔ ကမာၻ႔ဒုကၡသည္ အေျခအေနဆုိင္ရာ UNHCR ရဲ႕ အစီရင္ခံစာနဲ႔ပတ္သက္ၿပီး ဒီကေန႔ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲအတြင္း UNHCR မဟာမင္းႀကီး Filippo Grandi က ေျပာသြားပါတယ္။
ဒုကၡသည္ေတြထဲ ေနရပ္ျပန္ႏိုင္သူ ပိုၿပီးနည္းပါးလာတဲ့အတြက္ ဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရး ကမာၻ႔ႏိုင္ငံေတြ အေနနဲ႔ ပိုမို ႀကိဳးပမ္းေပးဖို႔လည္း UNHCR က ေတာင္းဆိုထားပါတယ္။
၂၀၁၉ ခုႏွစ္ကုန္အထိ ကမာၻတစ္ဝန္း အိုးအိမ္ စြန္႔ခြာ ထြက္ေျပးရသူေပါင္း ၇၉.၅ သန္း ရွိတာေၾကာင့္ ၂၀၁၀ ခုႏွစ္က အေရအတြက္ ၄၁ သန္းနဲ႔ ႏႈိင္းစာရင္ ၂ ဆ ျမင့္တက္လာေၾကာင္း၊ ၁၉၉၀ ျပည့္ႏွစ္ေတြတုန္းက ေနရပ္ျပန္ႏိုင္တဲ့ ဒုကၡသည္ ဦးေရ ၁.၅ သန္း ရွိခဲ့ေပမဲ့ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္း ေနရပ္ျပန္ႏိုင္တဲ့ ဒုကၡ သည္ ၃၈၅,၀၀၀ ပဲ ရွိေၾကာင္း UNHCR က အစီရင္ခံထားပါတယ္။
[Unicode Version]
ကမ္ဘာ့ဒုက္ခသည်အရေအတွက် သုံးပုံနှစ်ပုံရှိ ၅ နိုင်ငံထဲ မြန်မာပါဝင်
ကိုယ့်နေရပ်ကို စွန့်ခွာပြီး နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားခဲ့ကြရတဲ့ တကမ္ဘာလုံးက ဒုက္ခသည်အရေအတွက်ရဲ့ သုံးပုံနှစ်ပုံဟာ မြန်မာအပါအဝင် နိုင်ငံ ၅ နိုင်ငံကဖြစ်ကြတယ်လို့ ကုလသမဂ္ဂကပြောလိုက်ပါတယ်။
ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ မတိုင်ခင် နှစ်ရက်အလို ဒီကနေ့မှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ UNHCR က ထုတ်ပြန်တဲ့ ကမ္ဘာ့ဒုက္ခသည်အခြေအနေဆိုင်ရာ အစီရင်ခံစာထဲမှာ အဲဒီလို ဖော်ပြထားတာပါ။
UNHCR မဟာမင်းကြီး Filippo Grandi ကလည်း ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ဒုက္ခသည်တွေ ဖြစ်တယ်လို့ပြောပါတယ်။
"ဒုက္ခသည်အရေအတွက်ဟာ ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်း ဝန်းကျင်ဖြစ်ပြီး ဒီလောက် အရေအတွက် မြင့်မားလာတာကို UNHCR အနေနဲ့ တစ်ခါမှ မတွေ့ဖူးပါဘူး။ စုစုပေါင်း သန်း ၈၀ နီးပါးရှိလို့ UNHCR က စာရင်း စနစ်တကျ ကောက်ခံ တဲ့ သက်တမ်းအတွင်း အမြင့်မားဆုံး ဖြစ်ပြီး အထူးစိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်ပါတယ်။" လို့ ကမ္ဘာ့ဒုက္ခသည် အခြေအနေဆိုင်ရာ UNHCR ရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ဒီကနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း UNHCR မဟာမင်းကြီး Filippo Grandi က ပြောသွားပါတယ်။
ဒုက္ခသည်တွေထဲ နေရပ်ပြန်နိုင်သူ ပိုပြီးနည်းပါးလာတဲ့အတွက် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ ပိုမို ကြိုးပမ်းပေးဖို့လည်း UNHCR က တောင်းဆိုထားပါတယ်။
၂၀၁၉ ခုနှစ်ကုန်အထိ ကမ္ဘာတစ်ဝန်း အိုးအိမ် စွန့်ခွာ ထွက်ပြေးရသူပေါင်း ၇၉.၅ သန်း ရှိတာကြောင့် ၂၀၁၀ ခုနှစ်က အရေအတွက် ၄၁ သန်းနဲ့ နှိုင်းစာရင် ၂ ဆ မြင့်တက်လာကြောင်း၊ ၁၉၉၀ ပြည့်နှစ်တွေတုန်းက နေရပ်ပြန်နိုင်တဲ့ ဒုက္ခသည် ဦးရေ ၁.၅ သန်း ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း နေရပ်ပြန်နိုင်တဲ့ ဒုက္ခ သည် ၃၈၅,၀၀၀ ပဲ ရှိကြောင်း UNHCR က အစီရင်ခံထားပါတယ်။