သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယ္ေျမရွင္းလင္းေရးၫႊန္ၾကားခ်က္႐ုပ္ေပမဲ့ ရခိုင္တိုက္ပဲြဆက္ျဖစ္ေန


ရခိုင္ျပည္နယ္တြင္းျဖစ္ပြားခဲ့ေသာ စစ္ပဲြမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ခဲ့ရေသာ ရခိုင္ဒုကၡသည္ မိသားစု။ (ဇန္န၀ါရီ ၂၅၊ ၂၀၁၉)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္အစိုးရကေန ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းေက်း႐ြာအနီးတဝိုက္မွာ နယ္ေျမရွင္းလင္းေရး ၫႊန္ၾကားခ်က္ကို ျပန္လည္႐ုပ္သိမ္းလိုက္တယ္ဆိုေပမဲ့ တိုက္ပြဲျဖစ္ပြားေနဆဲ အေျခအေနကို တင္ဆက္ေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္က ေက်ာက္တန္း ေက်းရြာအုပ္စုအနီး တပ္မေတာ္က စစ္ဆင္ေရးေတြ ဆင္ႏႊဲဖုိ႔ ရွိတဲ့အတြက္ ေဒသခံေတြ တိမ္းေရွာင္ဖုိ႔ ညႊန္ၾကားခ်က္ကုိ ျပန္လည္႐ုပ္သိမ္းလုိက္ေပမဲ့လည္း တုိက္ပဲြေတြ ဆက္လက္ ျဖစ္ပြားေနတယ္လုိ႔ ေဒသခံေတြနဲ႔ သက္ဆုိင္ရာ အဖဲြ႔အစည္းေတြက ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းေက်း႐ြာအနီး ေအာင္သာစည္ေက်းရြာဘက္မွာ ဒီကေန႔လည္း တုိက္ပဲြေတြ ျဖစ္ပြားေနတယ္လုိ႔ ေဒသခံ ရြာသားတေယာက္က ေျပာပါတယ္။

“တိုက္ပြဲက ခုဏကျဖစ္တယ္။ ေနာက္ထီးစြဲေနာက္ကို ျပန္ဆုတ္သြားတယ္ ျမန္မာတပ္မေတာ္က။ AA ဘက္က အဲဒီေအာင္ သာစည္မွာ။ ရြာထဲမဟုတ္ဘူး ရြာနားအနီးေတာင္ကုန္းေပၚမွာ။ တိုက္ပြဲျဖစ္ေနတာ ၁၁ ရက္ေန႔ကေန ဒီေန႔အထိ ဆိုေတာ့ ရက္ေပါင္း ၂၀ ေက်ာ္ျပီးေပါ့။ ေအာင္သာစည္ဘက္က အခုထိအေလာင္းေတြ မေကာက္ေသးဘူး ေတြ႔ပါတယ္။”

ဒီျဖစ္ပြားတဲ့တိုက္ပြဲေၾကာင့္ ေက်းရြာက အိမ္တခ်ိဳ႕နဲ႕ အိမ္ေမြးတိရိစာၦန္ေတြ မီးေလာင္ပ်က္စီးမႈ ရွိခဲ့တယ္လို႔ သူကဆက္ေျပာပါတယ္။

“ေအာင္သာစည္ရြာမွာ အိမ္ ႏွစ္ လုံးမီးေလာင္တယ္။ ေက်ာက္တန္းမွာႏြား ေျခာက္ ေကာင္လက္နက္ၾကီး မွန္တယ္။ ေက်ာက္တန္းမွာ အိမ္တလုံးထပ္ျပီးမီးေလာင္တယ္။ ေက်ာက္တန္းမွာေတာ့ လူအနည္းအက်ဥ္း ရွိေနၾကတယ္။ လယ္ထြန္ေနၾကတယ္။ ေအာင္သာစည္ရြာမွာေတာ့ မရွိဘူးေပါ့။”

ေက်ာက္တန္းေက်း႐ြာ အနီးတဝိုက္မွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ ၀င္ေရာက္လႈပ္ရွားေနလို႔ တပ္မေတာ္နဲ႔ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ဒီေန႔ အေျခအေနေတာ့ က်ေနာ္လည္း မသိဘူး။ ေက်ာက္တန္းဘက္မွာေတာ့ က်ေနာ္တို႔ ႏွစ္ရက္ရွိျပီး။ တိုက္ပြဲျဖစ္ပြားခဲ့တာ ရွိတယ္။ ႏွစ္ေနရာမွာ ျဖစ္ပြားခဲ့တာ ရွိတယ္။ ၂၅ ရက္ေန႔က တၾကိမ္ ၂၇ ရက္ေန႔ကျဖစ္ခဲ့တာ ရွိတယ္။ AA ဘက္ ကေတာ့ နည္းနည္း အင္အားမ်ားတယ္လို႔ က်ေနာ္တို႔ သိရွိရပါတယ္။ က်ေနာ္တို႔ဘက္ကလည္း ထိခိုက္က်ဆုံးမႈေတြ ရွိပါ တယ္ခင္ဗ်။ ထြန္းရေ၀ရြာသစ္နားေလးမွာ ျဖစ္ပြားခဲ့တာရွိတယ္။ အဲဒီကေနမိုင္းေထာင္မိုင္းဆြဲတိုက္ခိုက္ခဲ့တာ ရွိတယ္။”

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရခိုင္သုခကေတာ့ ေက်ာက္တန္းေက်း႐ြာအနီးတဝိုက္တိုက္ပြဲျဖစ္ပြားတာရွိေပမဲ့ အေသးစိတ္ အေျခအေနကို မသိရွိေသးဘူးလို႕ဆိုပါတယ္။

ဒီရက္ပိုင္းအတြင္း တိုက္ပြဲျဖစ္ပြားတာနဲ႔အတူ ဗံုးေပါက္ကြဲမႈ ျဖစ္စဥ္ေတြလည္း ရွိခဲ့တာပါ။

ျပီးခဲ့တဲ့ရက္ပိုင္းက စစ္ေတြၿမိဳ႕ ေရခ်မ္းျပင္ရြာအနီးမွာ ဗုံးတလုံးေပါက္ကြဲခဲ့သလို မေပါက္ကြဲေသးတဲ့ဗုံး ၅ လုံးကို တပ္မေတာ္မိုင္းရွင္းလင္းေရးအဖြဲ႕ကေန သက္မဲ့ျပဳလုပ္ခဲ့တယ္လို႔ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

မေန႔ကမနက္ပိုင္းမွာ ေက်ာက္ေတာ္ၿမိဳ႕နယ္ ကန္ေစာက္စစ္ေဆးေရးဂိတ္မွာ AA ရခိုင္လက္နက္ကိုင္အမာခံတဦးကို စိစစ္ဖမ္းဆီးရမိတယ္လို႔ တပ္မေတာ္ေျပာခြင့္ရဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

“ကန္ေစာက္ဘက္မွာ စစ္ေဆးေရးဂိတ္မွာ ယာဥ္ေမာင္းတေယာက္နဲ႔ ပါလာတဲ့ယာဥ္ကို ေလးဦးထဲမွာမွ တဦးကေတာ့ က်ေနာ္တို႔ အေပါက္၀ေက်းရြာမွာေနတဲ့ လူတေယာက္ကေတာ့ AA အမာခံတဦးျဖစ္ပါတယ္။ အဲဒါကိုေတာ့ က်ေနာ္တို႔ စစ္ေဆးေနဆဲျဖစ္ပါတယ္။”

AA အမာခံလို႕ယူဆရတဲ့သူကို စစ္ေဆးရာမွာ ၄င္းကိုင္ေဆာင္တဲ့ဖုန္းအတြင္း ေဖာက္ခြဲေရးမိုင္း ျပဳလုပ္ထားတဲ့ မွတ္တမ္းဓာတ္ပုံ ၎ကိုယ္တိုင္ ေဖာက္ခြဲေရးရီမု ကိုင္ေဆာင္ထားတဲ့ မွတ္တမ္းဓာတ္ပုံေတြ အေပါက္ဝေက်းရြာအနီး ေထာင္ထားတဲ့မိုင္းႏွင့္ မိုင္းေထာင္ေနရာၿပ GPS ေျမပုံညႊန္း Screenshot မွတ္တမ္းဓာတ္ပုံေတြကို စစ္ေဆး ေတြ႔ရွိခဲ့လို႔ ၄င္းကိုဆက္လက္စစ္ေဆးေနဆဲလို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ကန္ေစာက္စစ္ေဆးေရးဂိတ္မွာ ဖမ္းဆီးရမိတယ္ဆိုတဲ့သူဟာ AA အဖြဲ႔၀င္ မဟုတ္နိုင္ဘူးလို႔ AA ေျပာခြင့္ရခိုင္သုခက ေျပာပါတယ္။

“ျမန္မာစစ္တပ္ကေတာ့ သူတို႕ဒီသာမန္အရပ္သားေတြကို ဖမ္းဆီးျပီးေတာ့မွသာ AA အမာခံဆိုျပီးေတာ့တာ အျမဲစြပ္စြဲေလ့ရွိတဲ့ ကိစၥျဖစ္တယ္ဗ်။ ဒါေၾကာင့္မို႔လို႔ အဲဒီမွာ ဖမ္းမိတယ္ဆိုတာလည္းပဲ က်ေနာ္တို႔ လူ လုံး၀မျဖစ္နိုင္ဘူးလို႔ က်ေနာ္ကေတာ့ အဲဒီလိုပဲ ထင္တယ္။”

ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားေနဆဲအေျခအေနမွာ ရေသ့ေတာင္ၿမိဳ႕နယ္ေက်ာက္တန္းေက်း႐ြာ အနီးတဝိုက္ကို တပ္မေတာ္က နယ္ေျမရွင္းလင္းေရးျပဳလုပ္မွာမို႔ ေဒသခံျပည္သူေတြ တိမ္းေရွာင္ၾကဖို႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ကေန ဇြန္လ၂၃ ရက္ေန႔မွာထုတ္ျပန္ခဲ့ေပမဲ့ ၂၆ ရက္ေန႔စြဲမွာ ဒီညႊန္ၾကားခ်က္ကို ျပန္လည္ရုပ္သိမ္းခဲ့ပါတယ္။

ၫႊန္ၾကားခ်က္ကို ျပန္လည္႐ုပ္သိမ္းလိုက္တယ္ဆိုေပမဲ့ ရေသ့ေတာင္ျမိဳ႕နယ္ ေက်ာက္တန္းရြာ ပတ္၀န္းက်င္က ရြာေတြ၊ ရေသ့ေတာင္ျမိဳ႕နယ္ အေရွ႕ျခမ္း၊ ျပင္ေခါင္၊ ရြာေဟာင္း၊ ေပါက္ေတာၾကီး၊ ထြန္းရေ၀ရြာသစ္၊ ထြန္းရေ၀ရြာေဟာင္း၊ ၾကိမ္သာစတဲ့ရြာက ရြာသားေတြဟာ ရေသ့ေတာင္ျမိဳ႕ စစ္ေတြျမိဳ႕နဲ႕ အနီး၀န္းက်င္ရြာေတြမွာ စစ္ေဘးတိမ္းေရွာင္ေနရဆဲျဖစ္ပါတယ္။

တပ္မေတာ္က နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြ ဆင္ႏႊဲမယ့္ အစီအစဥ္အေပၚ စုိးရိမ္ေၾကာင္း ျမန္မာႏုိင္ငံအေျခစုိက္ အေမရိကန္၊ ကေနဒါ၊ ယူေကနဲ႔ ၾသစေၾတးလ် ႏုိင္ငံသံ႐ုံးေတြကလည္း ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ၾကတာပါ။

အေမရိကန္ အေျခစုိက္ ႏုိင္ငံတကာ ဒုကၡသည္အေရး လႈပ္ရွားမႈအဖဲြ႔ Refugees International ကလည္း နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြလုပ္ဖုိ႔ ၿခိမ္းေျခာက္တဲ့ လုပ္ရပ္အတြက္ စိတ္အေႏွာက္အယွက္ ျဖစ္ရေၾကာင္း ဒီကေန႔ပဲ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆုိခဲ့ပါတယ္။ ၿခိမ္းေျခာက္မႈေၾကာင့္ ရခုိင္တုိင္းရင္းသား အမ်ားစုျဖစ္တဲ့ ေထာင္ေသာင္းခ်ီတဲ့ ေဒသခံေတြ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရသလုိ တာ၀န္ခံမႈရွိေအာင္ ႏုိင္ငံတကာ အသုိင္းအ၀န္းက ေတာင္းဆုိဖုိ႔ ပ်က္ကြက္မယ္ဆုိရင္ ေနာက္ထပ္လည္း ေနရပ္စြန္႔ခြာၾကရဦးမွာျဖစ္ေၾကာင္း သတိေပးထားပါတယ္။ ျမန္မာႏုိင္ငံ အေျခစုိက္ ကုလသမဂၢ႐ုံးကလည္း ရခုိင္ျပည္နယ္မွာ တုိက္ပဲြေတြ ျပင္းထန္လာေနတဲ့အေပၚ စုိးရိမ္ေၾကာင္းနဲ႔ အရပ္သားေတြ မထိခုိက္ေအာင္ အေရးတႀကီး စီစဥ္ဖုိ႔လည္း မေန႔တုန္းကပဲ ေၾကညာခ်က္ထုတ္ျပန္ တုိက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နယ်မြေရှင်းလင်းရေးညွှန်ကြားချက်ရုပ်ပေမဲ့ ရခိုင်တိုက်ပွဲဆက်ဖြစ်နေ

ရခိုင်ပြည်နယ်အစိုးရကနေ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတဝိုက်မှာ နယ်မြေရှင်းလင်းရေး ညွှန်ကြားချက်ကို ပြန်လည်ရုပ်သိမ်းလိုက်တယ်ဆိုပေမဲ့ တိုက်ပွဲဖြစ်ပွားနေဆဲ အခြေအနေကို တင်ဆက်ပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ကျောက်တန်း ကျေးရွာအုပ်စုအနီး တပ်မတော်က စစ်ဆင်ရေးတွေ ဆင်နွှဲဖို့ ရှိတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်ဖို့ ညွှန်ကြားချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပေမဲ့လည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီး အောင်သာစည်ကျေးရွာဘက်မှာ ဒီကနေ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံ ရွာသားတယောက်က ပြောပါတယ်။

“တိုက်ပွဲက ခုဏကဖြစ်တယ်။ နောက်ထီးစွဲနောက်ကို ပြန်ဆုတ်သွားတယ် မြန်မာတပ်မတော်က။ AA ဘက်က အဲဒီအောင် သာစည်မှာ။ ရွာထဲမဟုတ်ဘူး ရွာနားအနီးတောင်ကုန်းပေါ်မှာ။ တိုက်ပွဲဖြစ်နေတာ ၁၁ ရက်နေ့ကနေ ဒီနေ့အထိ ဆိုတော့ ရက်ပေါင်း ၂၀ ကျော်ပြီးပေါ့။ အောင်သာစည်ဘက်က အခုထိအလောင်းတွေ မကောက်သေးဘူး တွေ့ပါတယ်။”

ဒီဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ကျေးရွာက အိမ်တချို့နဲ့ အိမ်မွေးတိရိစ္ဆာန်တွေ မီးလောင်ပျက်စီးမှု ရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

“အောင်သာစည်ရွာမှာ အိမ် နှစ် လုံးမီးလောင်တယ်။ ကျောက်တန်းမှာနွား ခြောက် ကောင်လက်နက်ကြီး မှန်တယ်။ ကျောက်တန်းမှာ အိမ်တလုံးထပ်ပြီးမီးလောင်တယ်။ ကျောက်တန်းမှာတော့ လူအနည်းအကျဉ်း ရှိနေကြတယ်။ လယ်ထွန်နေကြတယ်။ အောင်သာစည်ရွာမှာတော့ မရှိဘူးပေါ့။”

ကျောက်တန်းကျေးရွာ အနီးတဝိုက်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ဝင်ရောက်လှုပ်ရှားနေလို့ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဒီနေ့ အခြေအနေတော့ ကျနော်လည်း မသိဘူး။ ကျောက်တန်းဘက်မှာတော့ ကျနော်တို့ နှစ်ရက်ရှိပြီး။ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ နှစ်နေရာမှာ ဖြစ်ပွားခဲ့တာ ရှိတယ်။ ၂၅ ရက်နေ့က တကြိမ် ၂၇ ရက်နေ့ကဖြစ်ခဲ့တာ ရှိတယ်။ AA ဘက် ကတော့ နည်းနည်း အင်အားများတယ်လို့ ကျနော်တို့ သိရှိရပါတယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေ ရှိပါ တယ်ခင်ဗျ။ ထွန်းရဝေရွာသစ်နားလေးမှာ ဖြစ်ပွားခဲ့တာရှိတယ်။ အဲဒီကနေမိုင်းထောင်မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ရှိတယ်။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရခိုင်သုခကတော့ ကျောက်တန်းကျေးရွာအနီးတဝိုက်တိုက်ပွဲဖြစ်ပွားတာရှိပေမဲ့ အသေးစိတ် အခြေအနေကို မသိရှိသေးဘူးလို့ဆိုပါတယ်။

ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားတာနဲ့အတူ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေလည်း ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တွေမြို့ ရေချမ်းပြင်ရွာအနီးမှာ ဗုံးတလုံးပေါက်ကွဲခဲ့သလို မပေါက်ကွဲသေးတဲ့ဗုံး ၅ လုံးကို တပ်မတော်မိုင်းရှင်းလင်းရေးအဖွဲ့ကနေ သက်မဲ့ပြုလုပ်ခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

မနေ့ကမနက်ပိုင်းမှာ ကျောက်တော်မြို့နယ် ကန်စောက်စစ်ဆေးရေးဂိတ်မှာ AA ရခိုင်လက်နက်ကိုင်အမာခံတဦးကို စိစစ်ဖမ်းဆီးရမိတယ်လို့ တပ်မတော်ပြောခွင့်ရဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“ကန်စောက်ဘက်မှာ စစ်ဆေးရေးဂိတ်မှာ ယာဉ်မောင်းတယောက်နဲ့ ပါလာတဲ့ယာဉ်ကို လေးဦးထဲမှာမှ တဦးကတော့ ကျနော်တို့ အပေါက်ဝကျေးရွာမှာနေတဲ့ လူတယောက်ကတော့ AA အမာခံတဦးဖြစ်ပါတယ်။ အဲဒါကိုတော့ ကျနော်တို့ စစ်ဆေးနေဆဲဖြစ်ပါတယ်။”

AA အမာခံလို့ယူဆရတဲ့သူကို စစ်ဆေးရာမှာ ၎င်းကိုင်ဆောင်တဲ့ဖုန်းအတွင်း ဖောက်ခွဲရေးမိုင်း ပြုလုပ်ထားတဲ့ မှတ်တမ်းဓာတ်ပုံ ၎င်းကိုယ်တိုင် ဖောက်ခွဲရေးရီမု ကိုင်ဆောင်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေ အပေါက်ဝကျေးရွာအနီး ထောင်ထားတဲ့မိုင်းနှင့် မိုင်းထောင်နေရာပြ GPS မြေပုံညွှန်း Screenshot မှတ်တမ်းဓာတ်ပုံတွေကို စစ်ဆေး တွေ့ရှိခဲ့လို့ ၎င်းကိုဆက်လက်စစ်ဆေးနေဆဲလို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ကန်စောက်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိတယ်ဆိုတဲ့သူဟာ AA အဖွဲ့ဝင် မဟုတ်နိုင်ဘူးလို့ AA ပြောခွင့်ရခိုင်သုခက ပြောပါတယ်။

“မြန်မာစစ်တပ်ကတော့ သူတို့ဒီသာမန်အရပ်သားတွေကို ဖမ်းဆီးပြီးတော့မှသာ AA အမာခံဆိုပြီးတော့တာ အမြဲစွပ်စွဲလေ့ရှိတဲ့ ကိစ္စဖြစ်တယ်ဗျ။ ဒါကြောင့်မို့လို့ အဲဒီမှာ ဖမ်းမိတယ်ဆိုတာလည်းပဲ ကျနော်တို့ လူ လုံးဝမဖြစ်နိုင်ဘူးလို့ ကျနော်ကတော့ အဲဒီလိုပဲ ထင်တယ်။”

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေဆဲအခြေအနေမှာ ရသေ့တောင်မြို့နယ်ကျောက်တန်းကျေးရွာ အနီးတဝိုက်ကို တပ်မတော်က နယ်မြေရှင်းလင်းရေးပြုလုပ်မှာမို့ ဒေသခံပြည်သူတွေ တိမ်းရှောင်ကြဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကနေ ဇွန်လ၂၃ ရက်နေ့မှာထုတ်ပြန်ခဲ့ပေမဲ့ ၂၆ ရက်နေ့စွဲမှာ ဒီညွှန်ကြားချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

ညွှန်ကြားချက်ကို ပြန်လည်ရုပ်သိမ်းလိုက်တယ်ဆိုပေမဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ ပတ်ဝန်းကျင်က ရွာတွေ၊ ရသေ့တောင်မြို့နယ် အရှေ့ခြမ်း၊ ပြင်ခေါင်၊ ရွာဟောင်း၊ ပေါက်တောကြီး၊ ထွန်းရဝေရွာသစ်၊ ထွန်းရဝေရွာဟောင်း၊ ကြိမ်သာစတဲ့ရွာက ရွာသားတွေဟာ ရသေ့တောင်မြို့ စစ်တွေမြို့နဲ့ အနီးဝန်းကျင်ရွာတွေမှာ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ ဆင်နွှဲမယ့် အစီအစဉ်အပေါ် စိုးရိမ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျ နိုင်ငံသံရုံးတွေကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့ကြတာပါ။

အမေရိကန် အခြေစိုက် နိုင်ငံတကာ ဒုက္ခသည်အရေး လှုပ်ရှားမှုအဖွဲ့ Refugees International ကလည်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေလုပ်ဖို့ ခြိမ်းခြောက်တဲ့ လုပ်ရပ်အတွက် စိတ်အနှောက်အယှက် ဖြစ်ရကြောင်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ခြိမ်းခြောက်မှုကြောင့် ရခိုင်တိုင်းရင်းသား အများစုဖြစ်တဲ့ ထောင်သောင်းချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသလို တာဝန်ခံမှုရှိအောင် နိုင်ငံတကာ အသိုင်းအဝန်းက တောင်းဆိုဖို့ ပျက်ကွက်မယ်ဆိုရင် နောက်ထပ်လည်း နေရပ်စွန့်ခွာကြရဦးမှာဖြစ်ကြောင်း သတိပေးထားပါတယ်။ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂရုံးကလည်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ အရပ်သားတွေ မထိခိုက်အောင် အရေးတကြီး စီစဉ်ဖို့လည်း မနေ့တုန်းကပဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

XS
SM
MD
LG