သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရေသ့ေတာင္ၿမိဳ႕နယ္တြင္း စစ္ေရးတင္းမာမႈ အေျခအေန ကုလစုိးရိမ္


ရခုိင္ျပည္နယ္တြင္း ကင္းလွည့္ေနတဲ့ ျမန္မာ့တပ္မေတာ္သားတခ်ိဳ႕။ (ေအာက္တိုဘာ ၂၁၊ ၂၀၁၆)

(Zawgyi / Unicode)

ရခုိင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းေက်းရြာအုပ္စု အနီးတ၀ုိက္မွာ စစ္ေရးတင္းမာမႈေတြ ႀကီးထြားလာေနတဲ့အေပၚ စုိးရိမ္ေၾကာင္း ကုလသမဂၢက ဒီကေန႔ပဲ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆုိလုိက္ပါတယ္။

လူဦးေရ ၁၀,၀၀၀ ေက်ာ္ရွိတဲ့ ေဒသကေန ထြက္ေျပးတိမ္းေရွာင္ေနၾကတဲ့ သတင္းေတြေၾကာင့္ စုိးရိမ္တဲ့အေၾကာင္း ျမန္မာႏုိင္ငံမွာရွိတဲ့ ကုလသမဂၢ႐ုံးက ဒီကေန႔ရက္စဲြနဲ႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပခဲ့တာပါ။

ေက်ာက္တန္းေက်းရြာအုပ္စုမွာ နယ္ေျမရွင္းလင္းေရးလုပ္ဖုိ႔ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ ညႊန္ၾကားခ်က္ ထြက္ေပၚခဲ့ၿပီးေနာက္ ေဒသခံေတြ ထြက္ေျပးေနၾကတာ ျဖစ္ပါတယ္။

ညႊန္ၾကားခ်က္ကုိေတာ့ ျပန္လည္႐ုပ္သိမ္းလုိက္ေၾကာင္း ရခုိင္ျပည္နယ္အစုိးရ တာ၀န္ရွိသူတဦးက ဒီကေန႔ပဲ ဗြီအိုေအကို အတည္ျပဳခဲ့တာပါ။ ညႊန္ၾကားခ်က္နဲ႔ ပတ္သက္လုိ႔ နားလည္မႈ လဲြခဲ့တဲ့အတြက္ ျပန္လည္႐ုပ္သိမ္းလုိက္တာ ျဖစ္ေၾကာင္းလည္း ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးမင္းသန္းက ေျပာပါတယ္။

ျမန္မာႏုိင္ငံအေျခစုိက္ အေမရိကန္၊ ကေနဒါ၊ ယူေကနဲ႔ ၾသစေၾတးလ် သံ႐ုံးေတြကလည္း ေက်ာက္တန္းေက်းရြာအုပ္စုမွာ တပ္မေတာ္က နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြ လုပ္မယ့္အေပၚ စုိးရိမ္ေၾကာင္း မေန႔တုန္းကပဲ ပူးတဲြေၾကညာခ်က္ ထုတ္ျပန္ေျပာဆုိခဲ့တာပါ။

ဒီကေန႔ထုတ္ျပန္တဲ့ ကုလသမဂၢရဲ႕ ေၾကညာခ်က္မွာေတာ့ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ ရခုိင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္မွာ စာနာမႈဆုိင္ရာ အက်ပ္အတည္းေတြ ႀကံဳေနရခ်ိန္မွာ သက္ဆုိင္ရာ အဖဲြ႔အစည္းေတြအေနနဲ႔ ႏုိင္ငံတကာ လူသားခ်င္း စာနာမႈဆုိင္ရာ ဥပေဒေတြကုိ ေလးစားလုိက္နာဖုိ႔လည္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

ရသေ့တောင်မြို့နယ်တွင်း စစ်ရေးတင်းမာမှု အခြေအနေ ကုလစိုးရိမ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စု အနီးတဝိုက်မှာ စစ်ရေးတင်းမာမှုတွေ ကြီးထွားလာနေတဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂက ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

လူဦးရေ ၁၀,၀၀၀ ကျော်ရှိတဲ့ ဒေသကနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ သတင်းတွေကြောင့် စိုးရိမ်တဲ့အကြောင်း မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံးက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ကျောက်တန်းကျေးရွာအုပ်စုမှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ညွှန်ကြားချက် ထွက်ပေါ်ခဲ့ပြီးနောက် ဒေသခံတွေ ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

ညွှန်ကြားချက်ကိုတော့ ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတဦးက ဒီကနေ့ပဲ ဗွီအိုအေကို အတည်ပြုခဲ့တာပါ။ ညွှန်ကြားချက်နဲ့ ပတ်သက်လို့ နားလည်မှု လွဲခဲ့တဲ့အတွက် ပြန်လည်ရုပ်သိမ်းလိုက်တာ ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောပါတယ်။

မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျ သံရုံးတွေကလည်း ကျောက်တန်းကျေးရွာအုပ်စုမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ လုပ်မယ့်အပေါ် စိုးရိမ်ကြောင်း မနေ့တုန်းကပဲ ပူးတွဲကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။

ဒီကနေ့ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ ကြေညာချက်မှာတော့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ စာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ကြုံနေရချိန်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာဖို့လည်း သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG