သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယ္ေျမရွင္းလင္းေရး ညႊန္ၾကားခ်က္ ႐ုပ္သိမ္းလုိက္တဲ့အေပၚ တုံ႔ျပန္ခ်က္


ရခုိင္ျပည္နယ္အတြင္း တုိက္ပြဲမ်ားေၾကာင့္ ဘူးသီးေတာင္ၿမိဳ႕ေပၚရွိ ဘုန္းႀကီးေက်ာင္းကို ထြက္ေျပးတိမ္းေရွာင္လာတဲ့ ေဒသခံမ်ား။ (ၾသဂုတ္ ၂၈၊ ၂၀၁၇)

(Zawgyi / Unicode)

ရခုိင္ျပည္နယ္မွာ နယ္ေျမရွင္းလင္းေရး ညႊန္ၾကားခ်က္ ထုတ္ျပန္ခဲ့တာကုိ ျပန္႐ုပ္သိမ္းလုိက္တဲ့အေပၚ ေဒသခံ ႏုိင္ငံေရးအသုိင္းအ၀န္းနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြရဲ႕ တုံ႔ျပန္ခ်က္ေတြကုိ မဆုမြန္ စုစည္းတင္ျပေပးထားပါတယ္။

ရခိုင္လက္နက္ကိုင္တပ္ဖဲြ႔ AA နဲ႔ တပ္မေတာ္ၾကား တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္ထဲမွာ နယ္ေျမရွင္းလင္းေရးလုပ္ဖုိ႔ ညႊန္ၾကားခ်က္ ထုတ္ျပန္ခဲ့တဲ့အတြက္ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ တိမ္းေရွာင္ခဲ့ၾကရသလုိ ႏုိင္ငံတကာ သံ႐ုံးေတြကလည္း သတိေပးခ်က္ေတြ ထြက္ေပၚခဲ့ၿပီးေနာက္ ထုတ္ျပန္ခ်က္ကုိ ျပန္လည္႐ုပ္သိမ္းလုိက္တာပါ။

ရခုိင္ျပည္နယ္မွာ နယ္ေျမရွင္းလင္းေရးလုပ္မယ့္ ညႊန္ၾကားခ်က္ကုိ ျပန္႐ုပ္သိမ္းလုိက္တဲ့ ထုတ္ျပန္ခ်က္။
ရခုိင္ျပည္နယ္မွာ နယ္ေျမရွင္းလင္းေရးလုပ္မယ့္ ညႊန္ၾကားခ်က္ကုိ ျပန္႐ုပ္သိမ္းလုိက္တဲ့ ထုတ္ျပန္ခ်က္။


ဒီညႊန္ၾကားခ်က္ ႐ုပ္သိမ္းလုိက္တာေၾကာင့္ ေဒသခံေတြ ႀကံဳေနရတဲ့ အခက္အခဲေတြ ေလ်ာ့ပါးသြားႏုိင္ေပမယ့္ တုိက္ခုိက္မႈေတြ အဆုံးသတ္ႏုိင္ဖို႔ အေရးႀကီးတယ္လုိ႔လည္း စစ္ေရွာင္ဒုကၡသည္ေတြကုိ ကြင္းဆင္းၿပီး အကူအညီ ေပးေနတဲ့ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက ေျပာပါတယ္။

“နယ္ေျမရွင္းလင္းေရး ျပန္႐ုပ္လိုက္တဲ့အတြက္ေတာ့ ဘာပဲျဖစ္ျဖစ္ အခက္အခဲျဖစ္ေနတဲ့ ျပည္သူေတြအတြက္ ေကာင္းတယ္လို႔ က်မျမင္ပါတယ္။ ဒါေပမယ့္လည္း ဒီလို႐ုပ္ၿပီးေတာ့မွ တုိက္ပြဲေတြ ဆက္ျဖစ္ေနတယ္ ဆုိရင္ေတာ့လည္း ဒီလို႐ုပ္သိမ္းတာဟာ ဘာမွ သက္ေရာက္မႈရွိမယ္ မဟုတ္ဘူးလို႔ က်မေျပာခ်င္ပါတယ္။ ဒါ နားလည္မႈလြဲသြားတယ္ဆိုၿပီး သူတို႔ ထုတ္ျပန္ထားတာေတာ့ ရွိတယ္။ ဒါက တကယ္ေျပာတာလား၊ လုပ္ေျပာတာလားေတာ့ က်မတို႔အေနနဲ႔ မေျပာလိုဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ပါ အဲဒီလို ထုတ္ျပန္လိုက္တဲ့အတြက္ေတာ့ က်မတို႔ဆီက ထြက္ေျပးေနၾကရတဲ့ ေက်းရြာသူ ေက်းရြာသားေတြကေတာ့ေပါ့ေနာ္ ေတာ္ေတာ္မ်ားမ်ားေတာ့ အခက္အခဲေတြ နည္းနည္းေလ်ာ့သြားမယ္။

“ဒါေပမယ့္ ထြက္ေျပးေနၾကတာေတြကေတာ့ ႐ုပ္တာေလာက္နဲ႔ေတာ့ မေလ်ာ့ပါဘူး။ တိုက္ပြဲေတြ မရွိဖို႔ေတာ့ အေရးႀကီးပါတယ္ အဓိကကေတာ့ေလ။ တုိက္ပြဲေတြ ဆက္ျဖစ္ေနမယ္ဆိုရင္ေတာ့ ျပည္သူေတြရဲ႕ အေၾကာက္တရားက ပိုၿပီးေတာ့ ရွိလာမွာပါ။ အဲ့ေတာ့ အဲဒီေတြမွာပဲ မေနရဲဘဲ အကုန္လံုး ထြက္ေျပးလာၾကတယ္ ဆုိရင္ေတာ့ က်မတို႔ ေဒသခံျပည္သူေတြမွာ ဒီလို COVID-19 လည္း ျဖစ္ေနတဲ့အခ်ိန္မွာ မိုးထဲေလထဲေတြမွာ အခက္အခဲေတြ အမ်ားႀကီးနဲ႔ ႀကံဳေနၾကရဦးမွာပါ။ အဲဒီအတြက္ေၾကာင့္ တုိက္ပြဲေတြ မရွိဖို႔ေတာ့ လိုပါတယ္။”

COVID-19 ကပ္ေရာဂါနဲ႔ လက္နက္ကုိင္ ပဋိပကၡေတြၾကား အခက္ႀကံဳေနရခ်ိန္မွာ စစ္ဆင္ေရးေတြ အရွိန္ျမႇင့္ဖုိ႔ စီစဥ္ေနတဲ့အေပၚ ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြကလည္း သတိေပးေနၾကတာပါ။ လူ႔အခြင့္အေရးလႈပ္ရွားသူ ညီမွ်ျခင္းျမန္မာရဲ႕ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းကေတာ့ ျပန္႐ုပ္သိမ္းလုိက္တဲ့ ညႊန္ၾကားခ်က္ဟာ နဂုိကတည္းက မထုတ္သင့္တဲ့ ညႊန္ၾကားခ်က္အျဖစ္ ျမင္ပါတယ္။

“ဒီလိုမ်ိဳး ထုတ္ျပန္ထားတဲ့အမိန္႔ကို ျပန္႐ုပ္တယ္ဆိုတာ ေတာ္ေတာ္ေတာ့ ရွားပါးပါတယ္။ သူတို႔လုပ္ေဆာင္ဖို႔အတြက္ စီစဥ္ထားတဲ့ စီမံခ်က္တခုကို ျပန္လည္႐ုပ္သိမ္းတာ ထူးထူးျခားျခား ျဖစ္ရပ္တခု ျဖစ္ပါတယ္။ ဘာေၾကာင့္႐ုပ္တယ္ဆိုတာ မသိေပမယ့္ အမွန္ေတာ့ အေစာႀကီးကတည္းက ဒါကို မလုပ္သင့္ေသာအရာ ျဖစ္ပါတယ္။ ပထမဦးဆံုးကေတာ့ လူသားဆန္ေသာ အေတြးအေခၚအရ ဆိုရင္ေတာ့ အခုလိုမ်ိဳး ကိုဗစ္ေတြလည္း ျဖစ္ေနတယ္၊ ရာသီဥတုကလည္း ဆိုးဝါးေနတဲ့အခ်ိန္မွာ လူေပါင္း ေထာင္ေပါင္းမ်ားစြာကို ဒီနယ္ေျမအတြင္းမွာ မေနရဘူးဆိုၿပီး တိမ္းေရွာင္ခိုင္းကတည္းကိုက ပထမဆံုး မျဖစ္သင့္တဲ့အရာပါ။ ဒါက လူသားခ်င္းစာနာမႈ အေနအထားအရပါ။

“ေနာက္တခုကေတာ့ စစ္ပြဲျဖစ္ခ်ိန္ အၿမဲတမ္း ရြာေတြမွာ မသကၤာရင္ ပစ္ခတ္မႈ သတ္ျဖတ္မႈေတြ ရွိတယ္။ တခ်ိန္တည္းမွာတင္ လုယက္မႈ၊ ဖ်က္ဆီးမႈေတြ ရွိတဲ့အတြက္ေၾကာင့္ ဒီကိစၥဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈလည္း ျဖစ္ႏုိင္တယ္။ ဒါေၾကာင့္ ဒါမ်ိဳးက အေစာႀကီးကတည္းက ဆင္ဆင္ျခင္ျခင္နဲ႔ စဥ္းစားၿပီးေတာ့ လုပ္ေဆာင္သင့္တယ္။ ဒါမ်ိဳး အခုလိုမ်ိဳး အမိန္႔ေတြထုတ္ၿပီးကာမွ ျပန္လည္႐ုပ္သိမ္းတာမ်ိဳး မဟုတ္ဘဲနဲ႔ အေစာႀကီးကတည္းက မလုပ္သင့္ေသာအရာ ျဖစ္ပါတယ္။”

ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းေက်းရြာအုပ္စုမွာ တပ္မေတာ္က နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြအေပၚ စုိးရိမ္ေၾကာင္း ျမန္မာႏုိင္ငံအေျခစုိက္ အေမရိကန္၊ ကေနဒါ၊ ယူေကနဲ႔ ၾသစေၾတးလ်ႏုိင္ငံ သံ႐ုံးေတြကလည္း မေန႔တုန္းကပဲ ပူးတဲြေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက ရခုိင္ျပည္နယ္မွာ လုုံၿခံဳေရးကင္းစခန္းေတြကုိ စီးနင္းတုိက္ခုိက္ခဲ့တဲ့ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အုပ္စုကုိ တုံ႔ျပန္တဲ့ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြအတြင္း လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ အႀကီးအက်ယ္ ရွိခဲ့တယ္ဆုိတဲ့ စြပ္စဲြခ်က္နဲ႔ ICJ ႏုိင္ငံတကာတရား႐ုံးမွာ ျမန္မာႏုိင္ငံ အမႈရင္ဆုိင္ေနတာပါ။ ဒီလုိ ႏုိင္ငံတကာဖိအားေတြ ေနာက္ထပ္ တုိးလာမွာကုိ စုိးရိမ္တာေၾကာင့္ အခုလုိ ညႊန္ၾကားခ်က္ ထုတ္ျပန္ၿပီးမွ ျပန္႐ုပ္သိမ္းတာ ျဖစ္ႏုိင္တယ္လုိ႔လည္း ဦးေအာင္မ်ိဳးမင္းက ျမင္ပါတယ္။

“က်ေနာ္ကေတာ့ ႏုိင္ငံတကာ ဖိအားေၾကာင့္ေပါ့ေနာ္။ အခုလက္ရွိ ႏုိင္ငံတကာမွာ ရင္ဆိုင္ေနရတဲ့ ICJ International Court of Justice တရား႐ုံးမွာ ျမန္မာလုိက္နာဖို႔အတြက္ ျပ႒ာန္းထားတဲ့ ယာယီအစီအမံနဲ႔ ပတ္သက္ၿပီးေတာ့ ဒီလိုလုပ္ေဆာင္ခ်က္ဟာ ဒီ ICJ ရဲ႕ ယာယီအဆံုးအျဖတ္ကို မေလးစားပါဘူး၊ မလိုက္နာပါဘူးဆိုတဲ့ ေထာက္ျပစရာသက္ေသ ျဖစ္သြားႏုိင္တယ္။ နဂိုကမွ သက္ေသအေထာက္အထားေတြ ျပစရာမရွိရတဲ့အထဲ ဒါကို စြပ္စြဲႏုိင္ေသာ သက္ေသကို ေပၚေအာင္ ထပ္လုပ္ေဆာင္တဲ့ သေဘာျဖစ္မွာ အဲဒါကို စိုးရိမ္စိတ္ သို႔မဟုတ္ ႏုိင္ငံတကာမွာ ရင္ဆိုင္ရမယ့္ ျပႆနာကို မျဖစ္ဖို႔ တားဆီးတဲ့သေဘာမ်ိဳးလို႔ က်ေနာ္ယံုၾကည္တယ္။

“ျပည္သူျပည္သားေတြ အတြက္ကေတာ့ သိပ္ေတာ့မထူးဘူးဗ်။ ဘာေၾကာင့္လဲဆိုေတာ့ ဒီအမိန္႔ မထုတ္ခင္ကတည္းကလည္း လူ႔အခြင့္အေရးေတြ ခ်ိဳးေဖာက္ခံေနရတာပဲ၊ အသတ္ျဖတ္ခံေနၾကရတာပဲ။ ပိုင္ရွင္မဲ့တဲ့က်ည္ဆန္ေတြ ျပည္သူေတြအေပၚ က်ေနတာပဲ။ ဒီအမိန္႔နဲ႔ဆို ပိုဆိုးဝါးသြားမွာေပါ့။ ဒီလိုျပန္႐ုပ္တာက ျပည္သူလူထုအတြက္ ရည္ရြယ္ၿပီးေတာ့ လုပ္ေဆာင္တယ္ဆိုတဲ့အခ်က္ က်ေနာ္တို႔ မေတြ႔ရပါဘူး။”

နယ္ေျမရွင္းလင္းေရး ညႊန္ၾကားခ်က္ ထုတ္ျပန္လုိက္ၿပီး ေနာက္ထပ္ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြလည္း စစ္ေတြၿမိဳ႕ အပါအ၀င္ ေဘးလြတ္ရာ ေနရာေတြကုိ တိမ္းေရွာင္ခဲ့ၾကတာပါ။ ဒီမတုိင္ခင္ ဇြန္လအေစာပိုင္းအထိ ဆုိရင္လည္း ရခုိင္ျပည္နယ္မွာ စစ္ေရွာင္ဒုကၡသည္ ၁၀၆,၄၀၀ ေက်ာ္အထိ ရွိေနၿပီး အေရးေပၚ စား၀တ္ေနေရးနဲ႔ က်န္းမာေရး အကူအညီေတြ လုိအပ္ေနတယ္လု႔ိလည္း ေဒသခံအမတ္ေတြနဲ႔ ကူညီကယ္ဆယ္ေရး ေဆာင္ရြက္ေနသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

နယ်မြေရှင်းလင်းရေး ညွှန်ကြားချက် ရုပ်သိမ်းလိုက်တဲ့အပေါ် တုံ့ပြန်ချက်

ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေး ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာကို ပြန်ရုပ်သိမ်းလိုက်တဲ့အပေါ် ဒေသခံ နိုင်ငံရေးအသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ တုံ့ပြန်ချက်တွေကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ထဲမှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်ခဲ့ကြရသလို နိုင်ငံတကာ သံရုံးတွေကလည်း သတိပေးချက်တွေ ထွက်ပေါ်ခဲ့ပြီးနောက် ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းလိုက်တာပါ။

ဒီညွှန်ကြားချက် ရုပ်သိမ်းလိုက်တာကြောင့် ဒေသခံတွေ ကြုံနေရတဲ့ အခက်အခဲတွေ လျော့ပါးသွားနိုင်ပေမယ့် တိုက်ခိုက်မှုတွေ အဆုံးသတ်နိုင်ဖို့ အရေးကြီးတယ်လို့လည်း စစ်ရှောင်ဒုက္ခသည်တွေကို ကွင်းဆင်းပြီး အကူအညီ ပေးနေတဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

“နယ်မြေရှင်းလင်းရေး ပြန်ရုပ်လိုက်တဲ့အတွက်တော့ ဘာပဲဖြစ်ဖြစ် အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် ကောင်းတယ်လို့ ကျမမြင်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုရုပ်ပြီးတော့မှ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ် ဆိုရင်တော့လည်း ဒီလိုရုပ်သိမ်းတာဟာ ဘာမှ သက်ရောက်မှုရှိမယ် မဟုတ်ဘူးလို့ ကျမပြောချင်ပါတယ်။ ဒါ နားလည်မှုလွဲသွားတယ်ဆိုပြီး သူတို့ ထုတ်ပြန်ထားတာတော့ ရှိတယ်။ ဒါက တကယ်ပြောတာလား၊ လုပ်ပြောတာလားတော့ ကျမတို့အနေနဲ့ မပြောလိုဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ အဲဒီလို ထုတ်ပြန်လိုက်တဲ့အတွက်တော့ ကျမတို့ဆီက ထွက်ပြေးနေကြရတဲ့ ကျေးရွာသူ ကျေးရွာသားတွေကတော့ပေါ့နော် တော်တော်များများတော့ အခက်အခဲတွေ နည်းနည်းလျော့သွားမယ်။

“ဒါပေမယ့် ထွက်ပြေးနေကြတာတွေကတော့ရုပ်တာလောက်နဲ့တော့ မလျော့ပါဘူး။ တိုက်ပွဲတွေ မရှိဖို့တော့ အရေးကြီးပါတယ် အဓိကကတော့လေ။ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ပြည်သူတွေရဲ့ အကြောက်တရားက ပိုပြီးတော့ ရှိလာမှာပါ။ အဲ့တော့ အဲဒီတွေမှာပဲ မနေရဲဘဲ အကုန်လုံး ထွက်ပြေးလာကြတယ် ဆိုရင်တော့ ကျမတို့ ဒေသခံပြည်သူတွေမှာ ဒီလို COVID-19 လည်း ဖြစ်နေတဲ့အချိန်မှာ မိုးထဲလေထဲတွေမှာ အခက်အခဲတွေ အများကြီးနဲ့ ကြုံနေကြရဦးမှာပါ။ အဲဒီအတွက်ကြောင့် တိုက်ပွဲတွေ မရှိဖို့တော့ လိုပါတယ်။”

COVID-19 ကပ်ရောဂါနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား အခက်ကြုံနေရချိန်မှာ စစ်ဆင်ရေးတွေ အရှိန်မြှင့်ဖို့ စီစဉ်နေတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း သတိပေးနေကြတာပါ။ လူ့အခွင့်အရေးလှုပ်ရှားသူ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ ပြန်ရုပ်သိမ်းလိုက်တဲ့ ညွှန်ကြားချက်ဟာ နဂိုကတည်းက မထုတ်သင့်တဲ့ ညွှန်ကြားချက်အဖြစ် မြင်ပါတယ်။

“ဒီလိုမျိုး ထုတ်ပြန်ထားတဲ့အမိန့်ကို ပြန်ရုပ်တယ်ဆိုတာ တော်တော်တော့ ရှားပါးပါတယ်။ သူတို့လုပ်ဆောင်ဖို့အတွက် စီစဉ်ထားတဲ့ စီမံချက်တခုကို ပြန်လည်ရုပ်သိမ်းတာ ထူးထူးခြားခြား ဖြစ်ရပ်တခု ဖြစ်ပါတယ်။ ဘာကြောင့်ရုပ်တယ်ဆိုတာ မသိပေမယ့် အမှန်တော့ အစောကြီးကတည်းက ဒါကို မလုပ်သင့်သောအရာ ဖြစ်ပါတယ်။ ပထမဦးဆုံးကတော့ လူသားဆန်သော အတွေးအခေါ်အရ ဆိုရင်တော့ အခုလိုမျိုး ကိုဗစ်တွေလည်း ဖြစ်နေတယ်၊ ရာသီဥတုကလည်း ဆိုးဝါးနေတဲ့အချိန်မှာ လူပေါင်း ထောင်ပေါင်းများစွာကို ဒီနယ်မြေအတွင်းမှာ မနေရဘူးဆိုပြီး တိမ်းရှောင်ခိုင်းကတည်းကိုက ပထမဆုံး မဖြစ်သင့်တဲ့အရာပါ။ ဒါက လူသားချင်းစာနာမှု အနေအထားအရပါ။

“နောက်တခုကတော့ စစ်ပွဲဖြစ်ချိန် အမြဲတမ်း ရွာတွေမှာ မသင်္ကာရင် ပစ်ခတ်မှု သတ်ဖြတ်မှုတွေ ရှိတယ်။ တချိန်တည်းမှာတင် လုယက်မှု၊ ဖျက်ဆီးမှုတွေ ရှိတဲ့အတွက်ကြောင့် ဒီကိစ္စဟာ လူ့အခွင့်အရေး ချိုးဖောက်မှုလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ဒါမျိုးက အစောကြီးကတည်းက ဆင်ဆင်ခြင်ခြင်နဲ့ စဉ်းစားပြီးတော့ လုပ်ဆောင်သင့်တယ်။ ဒါမျိုး အခုလိုမျိုး အမိန့်တွေထုတ်ပြီးကာမှ ပြန်လည်ရုပ်သိမ်းတာမျိုး မဟုတ်ဘဲနဲ့ အစောကြီးကတည်းက မလုပ်သင့်သောအရာ ဖြစ်ပါတယ်။”

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စုမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအပေါ် စိုးရိမ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျနိုင်ငံ သံရုံးတွေကလည်း မနေ့တုန်းကပဲ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို တုံ့ပြန်တဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံ အမှုရင်ဆိုင်နေတာပါ။ ဒီလို နိုင်ငံတကာဖိအားတွေ နောက်ထပ် တိုးလာမှာကို စိုးရိမ်တာကြောင့် အခုလို ညွှန်ကြားချက် ထုတ်ပြန်ပြီးမှ ပြန်ရုပ်သိမ်းတာ ဖြစ်နိုင်တယ်လို့လည်း ဦးအောင်မျိုးမင်းက မြင်ပါတယ်။

“ကျနော်ကတော့ နိုင်ငံတကာ ဖိအားကြောင့်ပေါ့နော်။ အခုလက်ရှိ နိုင်ငံတကာမှာ ရင်ဆိုင်နေရတဲ့ ICJ International Court of Justice တရားရုံးမှာ မြန်မာလိုက်နာဖို့အတွက် ပြဋ္ဌာန်းထားတဲ့ ယာယီအစီအမံနဲ့ ပတ်သက်ပြီးတော့ ဒီလိုလုပ်ဆောင်ချက်ဟာ ဒီ ICJ ရဲ့ ယာယီအဆုံးအဖြတ်ကို မလေးစားပါဘူး၊ မလိုက်နာပါဘူးဆိုတဲ့ ထောက်ပြစရာသက်သေ ဖြစ်သွားနိုင်တယ်။ နဂိုကမှ သက်သေအထောက်အထားတွေ ပြစရာမရှိရတဲ့အထဲ ဒါကို စွပ်စွဲနိုင်သော သက်သေကို ပေါ်အောင် ထပ်လုပ်ဆောင်တဲ့ သဘောဖြစ်မှာ အဲဒါကို စိုးရိမ်စိတ် သို့မဟုတ် နိုင်ငံတကာမှာ ရင်ဆိုင်ရမယ့် ပြဿနာကို မဖြစ်ဖို့ တားဆီးတဲ့သဘောမျိုးလို့ ကျနော်ယုံကြည်တယ်။

“ပြည်သူပြည်သားတွေ အတွက်ကတော့ သိပ်တော့မထူးဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ဒီအမိန့် မထုတ်ခင်ကတည်းကလည်း လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာပဲ၊ အသတ်ဖြတ်ခံနေကြရတာပဲ။ ပိုင်ရှင်မဲ့တဲ့ကျည်ဆန်တွေ ပြည်သူတွေအပေါ် ကျနေတာပဲ။ ဒီအမိန့်နဲ့ဆို ပိုဆိုးဝါးသွားမှာပေါ့။ ဒီလိုပြန်ရုပ်တာက ပြည်သူလူထုအတွက် ရည်ရွယ်ပြီးတော့ လုပ်ဆောင်တယ်ဆိုတဲ့အချက် ကျနော်တို့ မတွေ့ရပါဘူး။”

နယ်မြေရှင်းလင်းရေး ညွှန်ကြားချက် ထုတ်ပြန်လိုက်ပြီး နောက်ထပ် ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း စစ်တွေမြို့ အပါအဝင် ဘေးလွတ်ရာ နေရာတွေကို တိမ်းရှောင်ခဲ့ကြတာပါ။ ဒီမတိုင်ခင် ဇွန်လအစောပိုင်းအထိ ဆိုရင်လည်း ရခိုင်ပြည်နယ်မှာ စစ်ရှောင်ဒုက္ခသည် ၁၀၆,၄၀၀ ကျော်အထိ ရှိနေပြီး အရေးပေါ် စားဝတ်နေရေးနဲ့ ကျန်းမာရေး အကူအညီတွေ လိုအပ်နေတယ်လု့ိလည်း ဒေသခံအမတ်တွေနဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

XS
SM
MD
LG