သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္စစ္ေဘးဒုကၡသည္ေတြ စားနပ္ရိကၡာ ျပတ္လတ္ေန


ရခိုင္စစ္ေဘးဒုကၡသည္မ်ား (ဓါတ္ပံု- Rakhine Ethnics Congress)

(Zawgyi/Unicode)

တိုက္ပြဲေတြျပင္းထန္ေနတ့ဲ ရခိုင္ျပည္နယ္ထဲက သိန္းနဲ႔ခ်ီတဲ့ စစ္ေရွာင္ဒုကၡသည္ေတြ လံုျခံဳေရးနဲ႔ အေရးေပၚအကူအညီ လိုအပ္ခ်က္ေတြ ရွိေနတဲ့အေၾကာင္း မဆုမြန္ ေျပာျပေပးမွာပါ။

ဒီရက္ပိုင္းထဲမွာ နယ္ျခားေစာင့္ ရဲတပ္ဖဲြ႔၀င္တခ်ဳိ႕ ထိခုိက္ေသဆုံးတဲ့အထိ ရခိုင္လက္နက္ကိုင္တပ္ AAနဲ႔ ျမန္မာလုံၿခံဳေရး တပ္ဖြဲ႔ေတြၾကား တုိက္ပဲြေတြ ျဖစ္ပြားေနတဲ့အတြက္ ရခုိင္ျပည္နယ္ထဲမွာ ေနရပ္စြန္႔ခြာ ထြက္ေျပးသူေတြ တုိးလာေနပါတယ္။ စစ္ေရး တင္းမာမႈေတြေၾကာင့္ လတ္တေလာ ခန္႔မွန္းေခ် ဒုကၡသည္ တသိန္းေျခာက္ေထာင့္ေလးရာေက်ာ္ ရွိေနရာကေန ေနာက္ထပ္ တုိးလာႏုိင္တယ္ လုိ႔လည္း ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ံုး REC အတြင္းေရးမွဴး ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။ တုိက္ပဲြေတြေၾကာင့္ ဒုကၡသည္ေတြ လုံၿခံဳေရး စုိးရိမ္ေနၾကရသလုိ ကုိ႐ုိနာဗုိင္းရပ္စ္ ကပ္ေဘးကာလမွာ အေရးေပၚ အကူအညီေတြ လုိအပ္ေနတယ္လုိ႔လည္း ေျပာပါတယ္။

“အခု ေနာက္ထပ္တုိက္ပြဲေတြေၾကာင့္ ထြက္ေျပးေနၾကရတဲ့ျပည္သူေတြလည္း ရွိေသးတာေၾကာင့္ အေျပာင္းအလဲေတြကို ရွိလာတာေသခ်ာတယ္ ဘာေၾကာင့္လဲဆိုေတာ့ ဒီရက္ပိုင္းေတြမွာကို တိုက္ပြဲေတြေၾကာင့္မို႔ ထြက္ေျပး တိမ္းေရွာင္ေနၾကရတဲ့ သူေတြရွိတယ္။ ရခုိင္ျပည္နယ္အစိုးရဘက္က ကိုဗစ္ျဖစ္လာၿပီးေနာက္ပိုင္းမွာ ေထာက္ပံ့မႈေတြ ေတာ္ေတာ္မ်ားမ်ားေလ်ာ့က် သြားတာေတြ႔ရတယ္ အရင္တုန္းက သူတို႔ေထာက္ပံ့ေနက် စခန္းေတြကိုေတာင္ တလတခါ ဆန္ေထာက္ပံ့တာေတြေတာင္ မေရာက္လာတာရွိတယ္။ အစိုးရဘက္က ေထာက္ပံ့မႈေတြက အရမ္းကိုနည္းပါးသြားတယ္။ အခုေလာေလာဆယ္ကေတာ့ စားနပ္ရိကၡာပိုင္း အရမ္းကို အခက္အခဲေတြ႔ေနၾကတဲ့ေနရာေတြမွာေတာ့ တႏိုင္တပိုင္ေပါ့ေနာ္ ေလာေလာဆယ္ ယာယီစားေသာက္ႏုိင္ဖို႔ အရပ္ဖက္အဖြဲ႔အစည္းေတြနဲ႔ ေဒသခံေတြ အလွဴရွင္ေတြက ကူေပးေနၾကတာရွိတယ္။ ဒါကလည္း လတ္တေလာအခက္အခဲကိုပဲ ျဖည့္စည္းႏုိင္မွာေပါ့။ လနဲ႔ခ်ီ ေကၽြးထားရမယ့္အေျခအေနဆိုရင္ေတာ့ ေဒသခံေတြမွာလည္း မႏိုင္မနင္းျဖစ္လာမယ့္ အေျခအေနမွာရွိတယ္။”

ဒီရက္ပိုင္း တုိက္ပြဲေတြေၾကာင့္ ဒုကၡသည္ေတြ ပိုတိုးလာသလို တခ်ိဳ႕ယာယီခိုလံႈေရးစခန္းေတြမွာ စားနပ္ရိကၡာ ျပတ္လပ္လာေနတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝကလည္း ေျပာျပပါတယ္။

“ ေလာေလာဆယ္ မွာ က်မတို႔ ရေသ့ေတာင္ဘက္မွာ ေတာ္ေတာ္မ်ားမ်ားေတာ့ သူတို႔ အမိုးအကာလံုျခံဳမႈေအာက္ ေရာက္သြားၾကၿပီ။ ဒါေပမဲ့ တခ်ိဳ႕ေတာ့ အခုေလာေလာဆယ္ တုိက္ပြဲကိုေရွာင္ၿပီးေျပးလာတဲ့သူေတြမွာ ေနရာမရွိေသးတာေတြရွိတယ္။အခုဆိုရင္ အားကစားခန္းမေတြထဲ ထားတယ္။ ဒါေပမဲ့ က်မတို႔ရခုိင္ျပည္နယ္သည္မိုးအရမ္းမ်ားတဲ့အတြက္ ေနထိုင္ေရးက အေတာ္ေလးကို အခက္ခဲရွိပါတယ္။ဥပမာ-တခ်ိဳ႕က တိုက္ပြဲေတြမျဖစ္ေတာ့ဘူးဆို သူတို႔အိမ္ကိုျပန္ေျပးၾကတယ္ ေနာက္တခါ တုိက္ပြဲေတြျဖစ္ျပန္ၿပီဆို အစုလုိက္ေပါ့ေနာ္ ျပန္ေျပးလာၾကတယ္ အုပ္စုလုိက္ကို ။ အခုတေလာ ဒီတရက္ ၂ရက္မွာကို ေက်ာက္တန္းတိုက္နယ္မွာ ေက်ာက္ခက္တို႔ ထိေစြ႔တို႔မွာ တပ္မေတာ္ကက ေနရာဝင္ယူထားေတာ့တဘက္နဲ႔တဘက္ တိုက္ပြဲျဖစ္မွာေၾကာက္လို႔ အဲ့ကရြာသားေတြေတာ္ေတာ္မ်ားမ်ား ရေသ့ေတာင္ဘက္ကို ေရာက္ရွိလာေနၾကတယ္။ အမ္း ဘက္မွာဆို အခက္အခဲေတာ္ေတာ္မ်ားမ်ားရွိလာတယ္ သူတို႔မွာ စားစရာ ဆန္ေတြေတာင္ မရွိဘူးဆိုတာ သိရပါတယ္။ အ့ဲဒီ့အတြက္ေၾကာင့္ က်မတို႔ က ဒီလကုန္ေလာက္ အမ္းဘက္လိုေဒသေတြကို ခရီးသြားခြင့္ရမယ္ အေျခအေနေကာင္းမယ္ဆိုရင္ တိုက္ပြဲအေျခအေနက လံုးဝမရွိဘူး စိုးရိမ္စရာမရွိဘူးဆိုရင္ေတာ့ ဆန္တို႔စားစရာတို႔ ယူၿပီး သြားကူဖို႔ အစီအစဥ္ က်မတို႔ လုပ္ထားပါတယ္ရွင့္။ အစိုးရဘက္ကလည္း သူတို႔ဘာလိုအပ္ေနလဲဆိုတာကို ေသခ်ာေလ့လာၿပီးေတာ့ လုပ္ေပးသင့္တယ္လို႔ျမင္ပါတယ္။”

ရခိုင္ျပည္နယ္မွာ ဒုကၡသည္ေတြ လုံၿခံဳေရး၊ ကပ္ေဘးအႏၱရာယ္သာမက မုိးတြင္းကာလ ရာသီဥတုဒဏ္နဲ႔လည္း ရင္ဆုိင္ေနၾကရတာပါ။ ဒီအတြက္လည္း တာ၀န္ရွိတဲ့ အစုိးရ အေနနဲ႔ ထိထိေရာက္ေရာက္ အကူအညီေပးေစခ်င္တယ္လုိ႔ ရခိုင္အမ်ိဴးသားပါတီ ANP ရဲ႕ အတြင္းေရးမွဴး(၁) ဦးေအာင္ျမတ္ေက်ာ္က ေျပာပါတယ္။

“ အခက္အခဲေတြကေတာ့ မ်ိဳးစံုၾကံဳေနၾကရတာပဲ။ အစိုးရအဖြဲ႔က သူတို႔ကိုယ္တိုင္လည္း မလုပ္။ လုပ္မယ့္သူေတြ NGO အဖြဲ႔ေတြ က်ေနာ္တို႔ ေစတနာဝန္ထမ္းအဖြဲ႔ေတြက လုပ္ေပးမယ့္သူေတြ လုပ္ခ်င္ပါတယ္ဆိုတဲ့ အဖြဲ႔ေတြကိုလည္း လုပ္ပါ့မယ္ဆိုတာ သူတို႔ကို တားတယ္။ အဲ့လိုဆိုေတာ့ ဒုကၡသည္ေတြရဲ႕ ဒုကၡေတြက ေျပာမျပတတ္ေအာင္ကို ေတာ္ေတာ္ေလးကို ဒုကၡေရာက္ေနၾကတယ္ သူတို႔မွာက။ ရခိုင္မွာက သိတဲ့အတိုင္းပဲ မိုးမ်ားေတာ့ ေရၾကီးေရလွွ်ံျဖစ္တယ္ ေနာက္ဆက္တြဲ က်မ္းမာေရးပိုင္း ဝမ္းေလွ်ာ ဝမ္းပ်က္ျဖစ္ၾကတယ္ ေနာက္ စားဝတ္ေနေရး ခ်က္ျပဳတ္ဖို႔ဆို ထင္းေတြလည္း အဆင္မေျပဘူး။ေတာ္ေတာ္ဒုကၡေရာက္တယ္။ အမိုးအကာလည္း လံုးဝ လံုလံုေလာက္ေလာက္ မရွိဘူး အမိုးအကာလံုေလာက္ေအာင္ ေစတနာရွင္ေတြက လုပ္ေပးမယ္ဆိုလည္း အစိုးရက အဲ့တာေတြကို ေဆာက္ခြင့္မေပးဘူး ဟိုဟာျဖစ္တယ္ ဒီဟာျဖစ္တယ္နဲ႔။ လုပ္ေနတဲ့သူေတြကိုလည္း ပိတ္ပင္တားဆီးတာေတြ ရွိတယ္ ေျပာမယ္ဆိုရင္ ဒုကၡသည္ေတြကို ပိုဒုကၡေရာက္ေအာင္ တမင္ဖန္တီးေနသလား က်ေနာ္တို႔က အဲ့လိုမ်ိဳးပဲ ျမင္တယ္။ အစိုးရပို္င္းက လုပ္ေနတာေတြက။ သူတို႔ကိုေျပာခ်င္တာက အဓိက ကိုယ္လည္း မလွဴ မစြမ္းေဆာင္ႏိုင္ဘူးဆိုရင္စြမ္းေဆာင္ေပးမယ့္ အလွဴရွင္ေတြကို ခြင့္ျပဳေပးဖို႔အတြက္ပဲ က်ေနာ္တို႔က တိုက္တြန္းခ်င္ပါတယ္။”

ကပ္ေရာဂါႀကံဳရတဲ့အခ်ိန္ကစလုိ႔ ရခိုင္ျပည္နယ္မွာ စစ္ေဘးေရွာင္ ဒုကၡသည္ေတြအတြက္ ပံုမွန္ေထာက္ပံ့ေပးေနတဲ့ အစီအစဥ္ေတြ အပါအဝင္ အလွဴရွင္ေတြဆီက ကူညီေထာက္ပံ့မႈ ရပ္တန္႔သေလာက္ျဖစ္ေနတယ္လုိ႔လည္း ေဒသခံႏိုိင္ငံေရး အသုိင္းအ၀န္းနဲ႔ အကူအညီေပးသူေတြက ေျပာပါတယ္။ အထူးသျဖင့္ အခုအခ်ိန္မွာ သက္ၾကီးရြယ္အိုေတြနဲ႔ ကေလးငယ္ေတြအတြက္ အကူအညီေတြ အေရးတႀကီး လုိအပ္ေနတယ္လုိ႔လည္း REC အဖဲြ႔က ကိုေဇာ္ေဇာ္ထြန္းက ေျပာျပပါတယ္။

“ အခု စစ္ေရွာင္ျပည္သူေတြရင္ဆိုင္ေနရတဲ့ အဓိက အခက္အခဲ ၃ခုရွိေနပါတယ္။ Shelter ေတြက မိုးေတြေလေတြ အရမ္းရြာလို႔ ဒုကၡေရာက္တာေတြရွိတယ္ ေနာက္ စာသင္ေက်ာင္းေတြမွာခိုလံႈေနၾကတာ ေက်ာင္းျပန္ဖြင့္မယ္ဆို တျခားေနရာကိုေရႊ႕ရမယ္။ တခ်ိဳ႕ေနရာေတြမွာက အရပ္ဖက္အဖြဲ႔အစည္းေတြနဲ႔ ေဒသခံေတြစုေပါင္းၿပီး ယာယီေနႏိုင္ေအာင္ စီစဥ္ေပးတယ္ အဲ့တာလည္း အဆင္မေျပဘူး ေလာေလာဆယ္မွာက Shelter ေတြမွာ အရမ္းအခက္အခဲျဖစ္တာက စားနပ္ရိကၡာပိုင္းပါ။ ကိုဗစ္ျဖစ္လာၿပီးေနာက္ပိုင္း ဧၿပီလကစၿပီး ေထာက္ပံ့မႈေတြရပ္သြားတယ္။ ၿမိဳ႕နဲ႔အလွမ္းေဝးတာေတြ ေရၾကီးၿပီးေတာ့ သြားလာေရးခက္ခဲတဲ့ေနရာေတြဆို အစိုးရဘက္က အေထာက္အပံ့ေတြ မရတာ သံုးလေလာက္ေတာင္ရွိၿပီ။ စားနပ္ရိကၡာမလံုေလာက္ပဲ အေျခခံ စားေသာက္ကုန္ေတြ ျပတ္လပ္ရွားပါးေနတဲ့ စခန္းေတြလည္းရွိတယ္။ ရာသီဥတုအေျပာင္းအလဲမွာ နာမက်န္းျဖစ္လာတဲ့သူေတြလည္း ေတာ္ေတာ္မ်ားလာတယ္။ ဘူးသီးေတာင္ၿမိဳ႕နယ္ထဲက စခန္းတခုမွာဆို ကေလးငယ္ေလးေတြ အေတာ္မ်ားမ်ား ဖ်ားနာေခ်ာင္းဆိုးတာ အေအးမိတာေတြျဖစ္ေနၾကတယ္။”

ကုလသမဂၢ စာနာမႈအကူအညီေပးေရးဆုိင္ရာ ညွိႏိႈင္းေဆာင္ရြက္ေရး႐ုံး (UNOCHA) ရဲ႕ ဇြန္လ ၂၃ ရက္ေန႔ ထုတ္ျပန္ခ်က္အရ ရခုိင္ျပည္နယ္က စစ္ေဘးေရွာင္ ဒုကၡသည္စခန္းေတြနဲ႔ ၿမိဳ႕နယ္ေပါင္း ၁၄ ခုထက္ မနည္းမွာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကစလုိ႔ ေရႀကီးမႈေတြ ႀကံဳေနရတယ္လုိ႔ ေဖာ္ျပထားပါတယ္။ ေျမပုံ၊ ေက်ာက္ေတာနဲ႔ ေျမာက္ဦးၿမိဳ႕နယ္ေတြက စစ္ေရွာင္စခန္းေတြမွာ ေရႀကီးမႈေတြေၾကာင့္ သက္ႀကီးရြယ္အုိေတြ၊ ကေလးငယ္ေတြနဲ႔ ကုိယ္၀န္ေဆာင္ေတြကုိ ေဘးလြတ္ရာ ေျပာင္းေရႊ႕ေပးခဲ့ရေၾကာင္းနဲ႔ အကူအညီေပးေရး အဖဲြ႔ေတြက အေရးေပၚ ကူညီႏုိင္ေအာင္ ျပင္ဆင္ေနေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ရခိုင်စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လတ်နေ
(Unicode)

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲက သိန်းနဲ့ချီတဲ့ စစ်ရှောင်ဒုက္ခသည်တွေ လုံခြုံရေးနဲ့ အရေးပေါ်အကူအညီ လိုအပ်ချက်တွေ ရှိနေတဲ့အကြောင်း မဆုမွန် ပြောပြပေးမှာပါ။

ဒီရက်ပိုင်းထဲမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတဲ့အထိ ရခိုင်လက်နက်ကိုင်တပ် AAနဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ရခိုင်ပြည်နယ်ထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေ တိုးလာနေပါတယ်။ စစ်ရေး တင်းမာမှုတွေကြောင့် လတ်တလော ခန့်မှန်းချေ ဒုက္ခသည် တသိန်းခြောက်ထောင့်လေးရာကျော် ရှိနေရာကနေ နောက်ထပ် တိုးလာနိုင်တယ် လို့လည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ လုံခြုံရေး စိုးရိမ်နေကြရသလို ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလမှာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

“အခု နောက်ထပ်တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ပြည်သူတွေလည်း ရှိသေးတာကြောင့် အပြောင်းအလဲတွေကို ရှိလာတာသေချာတယ် ဘာကြောင့်လဲဆိုတော့ ဒီရက်ပိုင်းတွေမှာကို တိုက်ပွဲတွေကြောင့်မို့ ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ သူတွေရှိတယ်။ ရခိုင်ပြည်နယ်အစိုးရဘက်က ကိုဗစ်ဖြစ်လာပြီးနောက်ပိုင်းမှာ ထောက်ပံ့မှုတွေ တော်တော်များများလျော့ကျ သွားတာတွေ့ရတယ် အရင်တုန်းက သူတို့ထောက်ပံ့နေကျ စခန်းတွေကိုတောင် တလတခါ ဆန်ထောက်ပံ့တာတွေတောင် မရောက်လာတာရှိတယ်။ အစိုးရဘက်က ထောက်ပံ့မှုတွေက အရမ်းကိုနည်းပါးသွားတယ်။ အခုလောလောဆယ်ကတော့ စားနပ်ရိက္ခာပိုင်း အရမ်းကို အခက်အခဲတွေ့နေကြတဲ့နေရာတွေမှာတော့ တနိုင်တပိုင်ပေါ့နော် လောလောဆယ် ယာယီစားသောက်နိုင်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ အလှူရှင်တွေက ကူပေးနေကြတာရှိတယ်။ ဒါကလည်း လတ်တလောအခက်အခဲကိုပဲ ဖြည့်စည်းနိုင်မှာပေါ့။ လနဲ့ချီ ကျွေးထားရမယ့်အခြေအနေဆိုရင်တော့ ဒေသခံတွေမှာလည်း မနိုင်မနင်းဖြစ်လာမယ့် အခြေအနေမှာရှိတယ်။”

ဒီရက်ပိုင်း တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ ပိုတိုးလာသလို တချို့ယာယီခိုလှုံရေးစခန်းတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်လာနေတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ပြောပြပါတယ်။

“ လောလောဆယ် မှာ ကျမတို့ ရသေ့တောင်ဘက်မှာ တော်တော်များများတော့ သူတို့ အမိုးအကာလုံခြုံမှုအောက် ရောက်သွားကြပြီ။ ဒါပေမဲ့ တချို့တော့ အခုလောလောဆယ် တိုက်ပွဲကိုရှောင်ပြီးပြေးလာတဲ့သူတွေမှာ နေရာမရှိသေးတာတွေရှိတယ်။အခုဆိုရင် အားကစားခန်းမတွေထဲ ထားတယ်။ ဒါပေမဲ့ ကျမတို့ရခိုင်ပြည်နယ်သည်မိုးအရမ်းများတဲ့အတွက် နေထိုင်ရေးက အတော်လေးကို အခက်ခဲရှိပါတယ်။ဥပမာ-တချို့က တိုက်ပွဲတွေမဖြစ်တော့ဘူးဆို သူတို့အိမ်ကိုပြန်ပြေးကြတယ် နောက်တခါ တိုက်ပွဲတွေဖြစ်ပြန်ပြီဆို အစုလိုက်ပေါ့နော် ပြန်ပြေးလာကြတယ် အုပ်စုလိုက်ကို ။ အခုတလော ဒီတရက် ၂ရက်မှာကို ကျောက်တန်းတိုက်နယ်မှာ ကျောက်ခက်တို့ ထိစွေ့တို့မှာ တပ်မတော်ကက နေရာဝင်ယူထားတော့တဘက်နဲ့တဘက် တိုက်ပွဲဖြစ်မှာကြောက်လို့ အဲ့ကရွာသားတွေတော်တော်များများ ရသေ့တောင်ဘက်ကို ရောက်ရှိလာနေကြတယ်။ အမ်း ဘက်မှာဆို အခက်အခဲတော်တော်များများရှိလာတယ် သူတို့မှာ စားစရာ ဆန်တွေတောင် မရှိဘူးဆိုတာ သိရပါတယ်။ အဲ့ဒီ့အတွက်ကြောင့် ကျမတို့ က ဒီလကုန်လောက် အမ်းဘက်လိုဒေသတွေကို ခရီးသွားခွင့်ရမယ် အခြေအနေကောင်းမယ်ဆိုရင် တိုက်ပွဲအခြေအနေက လုံးဝမရှိဘူး စိုးရိမ်စရာမရှိဘူးဆိုရင်တော့ ဆန်တို့စားစရာတို့ ယူပြီး သွားကူဖို့ အစီအစဉ် ကျမတို့ လုပ်ထားပါတယ်ရှင့်။ အစိုးရဘက်ကလည်း သူတို့ဘာလိုအပ်နေလဲဆိုတာကို သေချာလေ့လာပြီးတော့ လုပ်ပေးသင့်တယ်လို့မြင်ပါတယ်။”

ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေ လုံခြုံရေး၊ ကပ်ဘေးအန္တရာယ်သာမက မိုးတွင်းကာလ ရာသီဥတုဒဏ်နဲ့လည်း ရင်ဆိုင်နေကြရတာပါ။ ဒီအတွက်လည်း တာဝန်ရှိတဲ့ အစိုးရ အနေနဲ့ ထိထိရောက်ရောက် အကူအညီပေးစေချင်တယ်လို့ ရခိုင်အမျိူးသားပါတီ ANP ရဲ့ အတွင်းရေးမှူး(၁) ဦးအောင်မြတ်ကျော်က ပြောပါတယ်။

“ အခက်အခဲတွေကတော့ မျိုးစုံကြုံနေကြရတာပဲ။ အစိုးရအဖွဲ့က သူတို့ကိုယ်တိုင်လည်း မလုပ်။ လုပ်မယ့်သူတွေ NGO အဖွဲ့တွေ ကျနော်တို့ စေတနာဝန်ထမ်းအဖွဲ့တွေက လုပ်ပေးမယ့်သူတွေ လုပ်ချင်ပါတယ်ဆိုတဲ့ အဖွဲ့တွေကိုလည်း လုပ်ပါ့မယ်ဆိုတာ သူတို့ကို တားတယ်။ အဲ့လိုဆိုတော့ ဒုက္ခသည်တွေရဲ့ ဒုက္ခတွေက ပြောမပြတတ်အောင်ကို တော်တော်လေးကို ဒုက္ခရောက်နေကြတယ် သူတို့မှာက။ ရခိုင်မှာက သိတဲ့အတိုင်းပဲ မိုးများတော့ ရေကြီးရေလျှံဖြစ်တယ် နောက်ဆက်တွဲ ကျမ်းမာရေးပိုင်း ဝမ်းလျှော ဝမ်းပျက်ဖြစ်ကြတယ် နောက် စားဝတ်နေရေး ချက်ပြုတ်ဖို့ဆို ထင်းတွေလည်း အဆင်မပြေဘူး။တော်တော်ဒုက္ခရောက်တယ်။ အမိုးအကာလည်း လုံးဝ လုံလုံလောက်လောက် မရှိဘူး အမိုးအကာလုံလောက်အောင် စေတနာရှင်တွေက လုပ်ပေးမယ်ဆိုလည်း အစိုးရက အဲ့တာတွေကို ဆောက်ခွင့်မပေးဘူး ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ်နဲ့။ လုပ်နေတဲ့သူတွေကိုလည်း ပိတ်ပင်တားဆီးတာတွေ ရှိတယ် ပြောမယ်ဆိုရင် ဒုက္ခသည်တွေကို ပိုဒုက္ခရောက်အောင် တမင်ဖန်တီးနေသလား ကျနော်တို့က အဲ့လိုမျိုးပဲ မြင်တယ်။ အစိုးရပိုင်းက လုပ်နေတာတွေက။ သူတို့ကိုပြောချင်တာက အဓိက ကိုယ်လည်း မလှူ မစွမ်းဆောင်နိုင်ဘူးဆိုရင်စွမ်းဆောင်ပေးမယ့် အလှူရှင်တွေကို ခွင့်ပြုပေးဖို့အတွက်ပဲ ကျနော်တို့က တိုက်တွန်းချင်ပါတယ်။”

ကပ်ရောဂါကြုံရတဲ့အချိန်ကစလို့ ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ပုံမှန်ထောက်ပံ့ပေးနေတဲ့ အစီအစဉ်တွေ အပါအဝင် အလှူရှင်တွေဆီက ကူညီထောက်ပံ့မှု ရပ်တန့်သလောက်ဖြစ်နေတယ်လို့လည်း ဒေသခံနိုင်ငံရေး အသိုင်းအဝန်းနဲ့ အကူအညီပေးသူတွေက ပြောပါတယ်။ အထူးသဖြင့် အခုအချိန်မှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတွက် အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း REC အဖွဲ့က ကိုဇော်ဇော်ထွန်းက ပြောပြပါတယ်။

“ အခု စစ်ရှောင်ပြည်သူတွေရင်ဆိုင်နေရတဲ့ အဓိက အခက်အခဲ ၃ခုရှိနေပါတယ်။ Shelter တွေက မိုးတွေလေတွေ အရမ်းရွာလို့ ဒုက္ခရောက်တာတွေရှိတယ် နောက် စာသင်ကျောင်းတွေမှာခိုလှုံနေကြတာ ကျောင်းပြန်ဖွင့်မယ်ဆို တခြားနေရာကိုရွှေ့ရမယ်။ တချို့နေရာတွေမှာက အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေစုပေါင်းပြီး ယာယီနေနိုင်အောင် စီစဉ်ပေးတယ် အဲ့တာလည်း အဆင်မပြေဘူး လောလောဆယ်မှာက Shelter တွေမှာ အရမ်းအခက်အခဲဖြစ်တာက စားနပ်ရိက္ခာပိုင်းပါ။ ကိုဗစ်ဖြစ်လာပြီးနောက်ပိုင်း ဧပြီလကစပြီး ထောက်ပံ့မှုတွေရပ်သွားတယ်။ မြို့နဲ့အလှမ်းဝေးတာတွေ ရေကြီးပြီးတော့ သွားလာရေးခက်ခဲတဲ့နေရာတွေဆို အစိုးရဘက်က အထောက်အပံ့တွေ မရတာ သုံးလလောက်တောင်ရှိပြီ။ စားနပ်ရိက္ခာမလုံလောက်ပဲ အခြေခံ စားသောက်ကုန်တွေ ပြတ်လပ်ရှားပါးနေတဲ့ စခန်းတွေလည်းရှိတယ်။ ရာသီဥတုအပြောင်းအလဲမှာ နာမကျန်းဖြစ်လာတဲ့သူတွေလည်း တော်တော်များလာတယ်။ ဘူးသီးတောင်မြို့နယ်ထဲက စခန်းတခုမှာဆို ကလေးငယ်လေးတွေ အတော်များများ ဖျားနာချောင်းဆိုးတာ အအေးမိတာတွေဖြစ်နေကြတယ်။”

ကုလသမဂ္ဂ စာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) ရဲ့ ဇွန်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေနဲ့ မြို့နယ်ပေါင်း ၁၄ ခုထက် မနည်းမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစလို့ ရေကြီးမှုတွေ ကြုံနေရတယ်လို့ ဖော်ပြထားပါတယ်။ မြေပုံ၊ ကျောက်တောနဲ့ မြောက်ဦးမြို့နယ်တွေက စစ်ရှောင်စခန်းတွေမှာ ရေကြီးမှုတွေကြောင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရကြောင်းနဲ့ အကူအညီပေးရေး အဖွဲ့တွေက အရေးပေါ် ကူညီနိုင်အောင် ပြင်ဆင်နေကြောင်းလည်း ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

XS
SM
MD
LG