သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရေသ့ေတာင္ၿမိဳ႕နယ္ တုိက္ပဲြအတြင္း နယ္ျခားေစာင့္ရဲ ၃ ဦးေသ


ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္အနီးမွာ ေစာင့္က်ပ္ေနတဲ့ နယ္စပ္လံုျခံဳေရးတပ္ဖြဲ႔ဝင္ႏွစ္ဦး။ (ႏို၀င္ဘာ ၁၂၊ ၂၀၁၇)

[Zawgyi/Unicode]

ရခိုင္ေျမာက္ပိုင္းက ရေသ့ေတာင္ၿမိဳ႕နယ္ ဒံုးပိုက္ေက်းရြာအနီးမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး နယ္ျခားေစာင့္ ရဲတပ္ဖြဲ႔ဝင္ သံုး ဦး ေသဆံုးၿပီး ရဲတပ္ဖြဲ႔ဝင္ ေလး ဦး ဒဏ္ရာရရွိခဲ့တဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးပါမယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ကိုးတန္ေကာက္ေက်းရြာနဲ႔ ေမာင္ေတာၿမိဳ႕နယ္ အင္းဒင္ေက်းရြာၾကားမွာ မေန႔က ညေနပိုင္းက နယ္ျခားေစာင့္ရဲတပ္ဖြဲ႔ယာဥ္တန္းကို ရခိုင္လက္နက္ကိုင္ AAအဖြဲ႔က တိုက္ခိုက္ခဲ့တာေၾကာင့္ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႔ဝင္ သံုး ဦး ေသဆံုးၿပီး ရဲတပ္ဖြဲ႔ဝင္ ေလး ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

အဲဒီတိုက္ပြဲအတြင္းမွာ ယာဥ္ေမာင္းအရပ္သား တစ္ဦးလည္း ေသဆံုးခဲ့သလို ယာဥ္ေနာက္လိုက္ အရပ္သား တစ္ဦးလည္း ဒဏ္ရာရရွိခဲ့တယ္လို႔ တပ္ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔အေနနဲ႔ တရားဥပေဒစိုးမိုးေရးနဲ႔ နည္ေျမတည္ၿငိမ္ေအးခ်မ္းေရး ေဆာင္ရြက္ေနတဲ့ ရဲတပ္ဖြဲ႔ဝင္ေတြကို လာေရာက္တိုက္ေနတာေတြ ရွိတယ္လို႔ ဒီကေန႔ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာဆိုသြားတာျဖစ္ပါတယ္။

"မေန႔က တိုက္ခိုက္ခံရတာက ယခင္အပတ္ေလာက္က ျဖစ္ပြားသြားတဲ့ ဒံုးပိုက္ရဲစခန္းအနားမွာ လာပစ္တယ္။ ဒံုးပိုက္ရဲစခန္းကေန က်ေနာ္တို႔ ဒီဘက္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔က ခုခံတဲ့ အတြက္ သူတို႔ျပန္ဆုတ္သြားတယ္။ အဲဒီရဲ ကင္းစခန္းနားေလးမွာပဲ သူတို႔ AA သတင္းေပၚတဲ့ အတြက္ေၾကာင့္မို႔ က်ေနာ္တို႔ အေပၚဘက္မွာ ရွိတဲ့ ရဲကင္း စခန္း ကေနၿပီးေတာ့ က်ေနာ္တို႔ လိုက္လာတာျဖစ္တယ္။ လိုက္လာတဲ့ ရဲကားေတြကို ကားလမ္းရဲ အေရွ႕ဘက္ကေန ပစ္ခတ္ တိုက္ခိုက္ခဲ့တာျဖစ္တယ္။"

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔အေနနဲ႔ ဒီဇြန္လအတြင္းမွာပဲ ရေသ့ေတာင္ၿမိဳ႕နယ္ ဒံုးပိုက္ရဲစခန္းနဲ႔ သဇင္ၿပိဳင္ရဲစခန္းတို႔ကို ဝင္တိုက္ခဲ့ၿပီး ရဲတပ္ဖြဲ႔ဝင္ေတြကို ဖမ္းဆီးေခၚေဆာင္ထားတာေတြလည္း ရွိပါတယ္။ AA အဖြဲ႔အေနနဲ႔ ရဲစခန္းေတြကို တိုက္ခိုက္ရတာဟာ ရဲစခန္းေတြမွာ ရဲအေယာင္ေဆာင္ တပ္မေတာ္သားေတြ ေနထိုင္ေနတာေၾကာင့္ ျဖစ္တယ္လို႔ ေျပာဆိုထားတာေတြလည္းရွိပါတယ္။

ရခိုင္ေဒသမွာ တပ္မေတာ္ဘက္က AA ရွိတဲ့ေနရာေတြကို လာေရာက္တိုက္ခိုက္ေနတာေၾကာင့္ ျပန္လည္ခုခံရတာျဖစ္ၿပီး တပ္မေတာ္ဘက္က ထိုးစစ္ေတြ ရပ္လိုက္မယ္ဆိုရင္ ရခိုင္တိုက္ပြဲေတြလည္း ရပ္သြားႏိုင္တယ္လို႔ AA အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

"ရေသ့ေတာင္ဘက္မွာ မေန႔က ျဖစ္တဲ့ တိုက္ပြဲေတြေရာ တျခားရခိုင္ေဒသအႏွံ႔မွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြက ျမန္မာစစ္တပ္ဘက္က က်ေနာ္တို႔ရွိတဲ့ေနရာေတြကို လာေရာက္ၿပီးေတာ့ ထိုးစစ္ဆင္ တိုက္ခိုက္ေနတဲ့ အတြက္မို႔လို႔ တိုက္ပြဲေတြက ဆက္ၿပီးေတာ့ ျဖစ္ေနတာခင္မ်ာ။ တကယ္လို႔ ျမန္မာစစ္တပ္ဘက္ကသာ သူတို႔ရဲ႕ ထိုးစစ္ေတြကို ရပ္လိုက္မယ္ဆိုလို႔ရွိရင္ေတာ့ အခုလက္ရွိျဖစ္ေနတဲ့ တိုက္ပြဲေတြက ရပ္သြားနိုင္တဲ့ အေနအထားရွိတယ္။ ဒါေပမ့ဲလည္း ျမန္မာစစ္တပ္ဘက္က ေန႔စဥ္နဲ႔အမွ် ထိုးစစ္ဆင္ေနတာေတြေၾကာင့္ က်ေနာ္တို႔ဘက္ကလည္း ခုခံတိုက္ခိုက္ရံုမွအပ တျခားနည္းလမ္း မရွိဘူးျဖစ္ေနတယ္။ ဒါေၾကာင့္ ရခိုင္ေဒသမွာ တိုက္ပြဲေတြက ဆက္ၿပီး ေတာ့ ျဖစ္ေနတာဗ်ာ။"

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ဘက္လည္း အၾကမ္းဖက္ လုပ္ရပ္ေတြ ပိုလုပ္လာတာေတြရွိတာေၾကာင့္ ရခိုင္ေဒသမွာ ထိေရာက္တဲ့ အၾကမ္းဖက္မႈႏွိမ္နင္းမယ့္ စစ္ဆင္ေရးကို ဆက္လက္လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ ဒီကေန႔ တပ္မေတာ္သတင္းစာရွင္းလင္းပြဲမွာ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာဆိုသြားတာျဖစ္ပါတယ္။

ရခိုင္ေဒသမွာ လက္ရွိအခ်ိိန္ထိ တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနေသးသလို ဒီကေန႔ မနက္ပိုင္းမွာလည္း ရခိုင္ေျမာက္ပိုင္းက ရေသ့ေတာင္ ပုဏၰားကြ်န္း ေျမာက္ဦးဘက္ေတြမွာပစ္ခတ္မႈေတြ ဆက္လက္ရွိေနတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရသေ့တောင်မြို့နယ် တိုက်ပွဲအတွင်း နယ်ခြားစောင့်ရဲ ၃ ဦးသေ

ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာအနီးမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် သုံး ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် လေး ဦး ဒဏ်ရာရရှိခဲ့တဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ရခိုင္ေျမာက္ပိုင္း ရေသ့ေတာင္ၿမိဳ႕နယ္။ (ဓာတ္ပံု - တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး - ဇြန္ ၂၂ - ၂၀၂၀)
ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ရခိုင္ေျမာက္ပိုင္း ရေသ့ေတာင္ၿမိဳ႕နယ္။ (ဓာတ္ပံု - တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး - ဇြန္ ၂၂ - ၂၀၂၀)

ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာနဲ့ မောင်တောမြို့နယ် အင်းဒင်ကျေးရွာကြားမှာ မနေ့က ညနေပိုင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ယာဉ်တန်းကို ရခိုင်လက်နက်ကိုင် AAအဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် သုံး ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် လေး ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ ယာဉ်မောင်းအရပ်သား တစ်ဦးလည်း သေဆုံးခဲ့သလို ယာဉ်နောက်လိုက် အရပ်သား တစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ တပ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ နည်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လာရောက်တိုက်နေတာတွေ ရှိတယ်လို့ ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသွားတာဖြစ်ပါတယ်။

"မနေ့က တိုက်ခိုက်ခံရတာက ယခင်အပတ်လောက်က ဖြစ်ပွားသွားတဲ့ ဒုံးပိုက်ရဲစခန်းအနားမှာ လာပစ်တယ်။ ဒုံးပိုက်ရဲစခန်းကနေ ကျနော်တို့ ဒီဘက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ခုခံတဲ့ အတွက် သူတို့ပြန်ဆုတ်သွားတယ်။ အဲဒီရဲ ကင်းစခန်းနားလေးမှာပဲ သူတို့ AA သတင်းပေါ်တဲ့ အတွက်ကြောင့်မို့ ကျနော်တို့ အပေါ်ဘက်မှာ ရှိတဲ့ ရဲကင်း စခန်း ကနေပြီးတော့ ကျနော်တို့ လိုက်လာတာဖြစ်တယ်။ လိုက်လာတဲ့ ရဲကားတွေကို ကားလမ်းရဲ အရှေ့ဘက်ကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်တယ်။"

ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ ဒီဇွန်လအတွင်းမှာပဲ ရသေ့တောင်မြို့နယ် ဒုံးပိုက်ရဲစခန်းနဲ့ သဇင်ပြိုင်ရဲစခန်းတို့ကို ဝင်တိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးခေါ်ဆောင်ထားတာတွေလည်း ရှိပါတယ်။ AA အဖွဲ့အနေနဲ့ ရဲစခန်းတွေကို တိုက်ခိုက်ရတာဟာ ရဲစခန်းတွေမှာ ရဲအယောင်ဆောင် တပ်မတော်သားတွေ နေထိုင်နေတာကြောင့် ဖြစ်တယ်လို့ ပြောဆိုထားတာတွေလည်းရှိပါတယ်။

ရခိုင်ဒေသမှာ တပ်မတော်ဘက်က AA ရှိတဲ့နေရာတွေကို လာရောက်တိုက်ခိုက်နေတာကြောင့် ပြန်လည်ခုခံရတာဖြစ်ပြီး တပ်မတော်ဘက်က ထိုးစစ်တွေ ရပ်လိုက်မယ်ဆိုရင် ရခိုင်တိုက်ပွဲတွေလည်း ရပ်သွားနိုင်တယ်လို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"ရသေ့တောင်ဘက်မှာ မနေ့က ဖြစ်တဲ့ တိုက်ပွဲတွေရော တခြားရခိုင်ဒေသအနှံ့မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေက မြန်မာစစ်တပ်ဘက်က ကျနော်တို့ရှိတဲ့နေရာတွေကို လာရောက်ပြီးတော့ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ အတွက်မို့လို့ တိုက်ပွဲတွေက ဆက်ပြီးတော့ ဖြစ်နေတာခင်မျာ။ တကယ်လို့ မြန်မာစစ်တပ်ဘက်ကသာ သူတို့ရဲ့ ထိုးစစ်တွေကို ရပ်လိုက်မယ်ဆိုလို့ရှိရင်တော့ အခုလက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေက ရပ်သွားနိုင်တဲ့ အနေအထားရှိတယ်။ ဒါပေမဲ့လည်း မြန်မာစစ်တပ်ဘက်က နေ့စဉ်နဲ့အမျှ ထိုးစစ်ဆင်နေတာတွေကြောင့် ကျနော်တို့ဘက်ကလည်း ခုခံတိုက်ခိုက်ရုံမှအပ တခြားနည်းလမ်း မရှိဘူးဖြစ်နေတယ်။ ဒါကြောင့် ရခိုင်ဒေသမှာ တိုက်ပွဲတွေက ဆက်ပြီး တော့ ဖြစ်နေတာဗျာ။"

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်လည်း အကြမ်းဖက် လုပ်ရပ်တွေ ပိုလုပ်လာတာတွေရှိတာကြောင့် ရခိုင်ဒေသမှာ ထိရောက်တဲ့ အကြမ်းဖက်မှုနှိမ်နင်းမယ့် စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဒီကနေ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသွားတာဖြစ်ပါတယ်။

ရခိုင်ဒေသမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသေးသလို ဒီကနေ့ မနက်ပိုင်းမှာလည်း ရခိုင်မြောက်ပိုင်းက ရသေ့တောင် ပုဏ္ဏားကျွန်း မြောက်ဦးဘက်တွေမှာပစ်ခတ်မှုတွေ ဆက်လက်ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG