သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္နဲ႔ ခ်င္းျပည္နယ္မွာ အင္တာနက္ ျဖတ္ေတာက္မႈ အဆုံးသတ္ေရး ေတာင္းဆုိမႈေတြတုိး


ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ ရခုိင္ အင္တာနက္ ျပန္ဖြင့္ေပးေရး ေတာင္းဆုိဆႏၵျပပြဲ။ (ေဖေဖာ္ဝါရီ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

တုိက္ပဲြေတြျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္မွာ အင္တာနက္ ျဖတ္ေတာက္မႈေတြကုိ အဆုံးသတ္ဖုိ႔ ေတာင္းဆုိမႈေတြ တုိးလာေနပါတယ္။ အျပည္အစုံကို မဆုမြန္က ဆက္သြယ္ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

ရခိုင္လက္နက္ကိုင္တပ္ AA နဲ႔ ျမန္မာစစ္တပ္တို႔ၾကား တုိက္ပြဲေတြ ျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္က ၿမိဳ႕နယ္ ၇ ခုနဲ႔ ကပ္လ်က္ရွိေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ အင္တာနက္ ျဖတ္ေတာက္ခံထားရတာ တႏွစ္ရွိလာခ်ိန္မွာပဲ ကန္႔သတ္ခ်က္ေတြကုိ ဖယ္ရွားေပးဖုိ႔ ကုလသမဂၢနဲ႔ ႏုိင္ငံတကာ သံတမန္ေတြ၊ ႏုိင္ငံေရးသမားေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြရဲ႕ ေတာင္းဆုိသံေတြ က်ယ္က်ယ္ေလာင္ေလာင္ ၾကားလာေနရတာပါ။

လုံၿခံဳေရးအေၾကာင္းျပခ်က္နဲ႔ အင္တာနက္ ဆက္သြယ္မႈေတြ ျဖတ္ေတာက္ထားေပမယ့္ လက္ေတြ႔မွာ ေဒသခံလူထုအတြက္ အခက္အခဲေတြ ႀကံဳေနရတဲ့အတြက္ ျပန္ဖြင့္ေပးဖုိ႔ ဥေရာပသမဂၢ (EU) ကလည္း ဒီေန႔ပဲ ေၾကညာခ်က္ထုတ္ျပန္ တုိက္တြန္းထားပါတယ္။ အထူးသျဖင့္ COVID-19 ကပ္ေရာဂါနဲ႔ ရင္ဆုိင္ေနရသလုိ ျမန္မာႏုိင္ငံမွာ ဒီႏွစ္ထဲ ေရြးေကာက္ပဲြေတြ က်င္းပဖုိ႔ ရွိေနတဲ့အတြက္ ေဒသခံလူထုအတြက္ က်န္းမာေရး၊ ေဘးအႏၱရာယ္ကင္းရွင္းေရးနဲ႔ သတင္းအခ်က္အလက္ေတြ ရရွိေရးမွာ အင္တာနက္ ဆက္သြယ္မႈေတြဟာ အေရးႀကီးေၾကာင္းလည္း EU ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။

အင္တာနက္ျဖတ္ေတာက္မႈကုိ ကန္႔ကြက္တဲ့ ဒီကေန႔ အြန္လုိင္းလႈပ္ရွားမႈတခုမွာလည္း အရပ္ဖက္ လူမႈအဖြဲ႔အစည္းေတြနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူ ၁၇၀ ေက်ာ္ ပါ၀င္ခဲ့ၾကပါတယ္။

ဒီအြန္လုိင္းလႈပ္ရွားမႈကုိ ဦးေဆာင္သူတဦးျဖစ္တဲ့ ေမာင္ေဆာင္းခက “က်ေနာ္တို႔ ဒီေန႔ အြန္လိုင္းမွာ ပထမဆံုးလုပ္တဲ့ အြန္လိုင္းဆႏၵထုတ္ေဖာ္ပြဲက ျမန္မာျပည္အတြက္ေတာ့ ပထမဆံုးျဖစ္မယ္ ထင္ပါတယ္။ အားတက္သေရာ ပါဝင္ၾကတာ တေယာက္ခ်င္းစီကို ေက်းဇူးတင္တယ္။ ဒီ ကိုဗစ္ကာလၿပီးရင္လည္း ဆက္လက္ေတာင္းဆိုၾကပါမယ္။ က်ေနာ္တို႔ လုပ္ႏုိင္တဲ့ဘက္က တတ္ႏုိင္တဲ့ဘက္ကေနၿပီးေတာ့ အင္တာနက္ ျပန္လည္ရရွိေရးကို အေရးႀကီးတဲ့ လုပ္ငန္းတခုအေနနဲ႔ အတူတကြ လက္တြဲလုပ္ေဆာင္ၾကပါလို႔ က်ေနာ္ကေတာ့ ဒီေနရာကေန ထပ္မံတိုက္တြန္း ႏႈိးေဆာ္ခ်င္ပါတယ္။” လို႔ ေျပာပါတယ္။

အြန္လုိင္းလႈပ္ရွားမႈမွာ ပါဝင္သူတဦးျဖစ္တဲ့ မေဝၿဖိဳးျမင့္ကလည္း အခုလို ေဆြးေႏြးပါတယ္။

“က်မတို႔ ေရွ႕ဆက္ၿပီးေတာ့ ဒါက မၿပီးေသးပါဘူးေပါ့ေနာ္။ အေနအထားကေတာ့ အထူးသျဖင့္ကေတာ့ အင္တာနက္ အျပည့္အဝ ရရွိေရးအတြက္ အစိုးရကို စုစုစည္းစည္းနဲ႔ တိုက္တြန္းသြားဖို႔ ပူးေပါင္းၿပီး ဆက္လုပ္ေဆာင္သြားၾကမယ့္ အပိုင္းေတြ ရွိပါတယ္။ ေနာက္ က်မတို႔ အမ်ားျပည္သူဆီကေနလည္း ဆက္ဆႏၵခံယူသြားမွာ ျဖစ္ပါတယ္။”

အင္တာနက္ျဖတ္ေတာက္မႈကုိ ကန္႔ကြက္တဲ့ အြန္လုိင္းလႈပ္ရွားမႈမွာ ပါဝင္သူတခ်ဳိ႕။
အင္တာနက္ျဖတ္ေတာက္မႈကုိ ကန္႔ကြက္တဲ့ အြန္လုိင္းလႈပ္ရွားမႈမွာ ပါဝင္သူတခ်ဳိ႕။

အင္တာနက္ဖိႏွိပ္မႈ ခ်က္ခ်င္းရပ္၊ ၿမိဳ႕နယ္ ၈ ၿမိဳ႕နယ္ အင္တာနက္ ခ်က္ခ်င္းျပန္ဖြင့္၊ ခ်က္ခ်င္းျပန္ဖြင့္၊ အင္တာနက္ျဖတ္ေတာက္မႈ ခ်က္ခ်င္းရပ္၊ ခ်က္ခ်င္းရပ္ ဆုိတဲ့ စာသားေတြကိုလည္း သံၿပိဳင္ရြတ္ဆိုၾကပါတယ္။

သမၼတဦးဝင္းျမင့္နဲ႔ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို လိပ္မူၿပီးလည္း ရခိုင္ႏိုင္ငံေရးပါတီေတြ၊ အရပ္ဘက္ အဖြဲ႔အစည္းေတြနဲ႔ ရခုိင္သတင္းမီဒီယာေတြ စုေပါင္းပါဝင္ လက္မွတ္ေရးထိုးထားတဲ့ အိတ္ဖြင့္ေပးစာတေစာင္ ေပးပို႔ၿပီး အင္တာနက္ ျဖတ္ေတာက္မႈေတြကို အဆုံးသတ္ေပးဖုိ႔ ေတာင္းဆုိခဲ့ၾကပါတယ္။

အင္တာနက္ ျဖတ္ေတာက္မႈေတြ အဆုံးသတ္ေရး လႊတ္ေတာ္မွာ အဆုိတရပ္ကုိ ဦးေဆာင္တင္သြင္းခဲ့ဖူးတဲ့ အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚထုေမကေတာ့ ေကာင္းက်ဳိးထက္ ဆုိးက်ဳိးေတြသာ ေပးႏုိင္တာေၾကာင့္ အင္တာနက္ ကန္႔သတ္ထားတာေတြကုိ ဖယ္ရွားေပးဖုိ႔ တုိက္တြန္းလုိက္ပါတယ္။

“တုိက္ပြဲျဖစ္တဲ့ ေဒသေတြမွာ အမုန္းစကားေတြ ျဖစ္ေစတယ္၊ အမ်ားျပည္သူအက်ိဳးကို ကာကြယ္မယ္ဆိုတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ အင္တာနက္ကို ပိတ္ခဲ့တာပါ။ တကယ္တမ္းက်ေတာ့ အင္တာနက္ပိတ္ခဲ့လို႔သာ အမ်ားျပည္သူ အက်ိဳးစီးပြားကို ထိခိုက္ေစခဲ့တာပါ။ အစိုးရအေနနဲ႔ ရခုိင္ျပည္နယ္ အပါအဝင္ ခ်င္းျပည္နယ္ ပလက္ဝမွာ အင္တာနက္ပိတ္ထားျခင္းဟာ မူဝါဒ အလြဲအမွားသာ ျဖစ္တဲ့အတြက္ ဒါကို အျမန္ဆံုးဖြင့္ေပးဖို႔ က်မတို႔အေနနဲ႔ ေတာင္းဆိုလိုပါတယ္။ ဒီလိုျပန္ဖြင့္ေပးဖို႔ ဒီအေၾကာင္းအရာကို ၿပီးခဲ့တဲ့ ၂၀၁၉ ကတည္းက က်မကိုယ္တုိင္ အမ်ိဳးသားလႊတ္ေတာ္မွာ အင္တာနက္ ပိတ္ထားတာနဲ႔ ပတ္သက္ၿပီး ၾကယ္ပြင့္ေမးခြန္းတင္တယ္။ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒က ဒီေမးခြန္းကို ပယ္ခ်ခဲ့ပါတယ္။ ဒါဟာ ဘာကိုျပသလဲဆိုတာ ျပည္သူမ်ားရဲ႕ လြတ္လပ္စြာ အစိုးရအေနနဲ႔ တုိင္းရင္းသားေတြအားလံုးနဲ႔ အမ်ိဳးသားရင္ၾကားေစ့ေရး ေဆာင္ရြက္မယ္ဆိုတာ အမ်ားႀကီး ေဝးကြာသြားေစပါတယ္။ ဒီလိုလုပ္တာ မသင့္ေတာ္ပါဘူး။

“ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မယ္ဆိုရင္ ရခုိင္မွာ စစ္ျဖစ္ေနတယ္။ ရခိုင္မွာ အင္တာနက္ ပိတ္ထားျခင္းအားျဖင့္လည္း ဒီၿငိမ္းခ်မ္းေရးကို မေဖာ္ေဆာင္ႏုိင္သလို ဒီေဒသရဲ႕ ေကာင္းက်ိဳးအတြက္ ဆုိတာလည္း ဘယ္လိုမွ မျဖစ္ႏုိင္ဘူး။ ျပည္သူမ်ားရဲ႕ သတင္းအခ်က္အလက္ ရယူခြင့္၊ လြတ္လပ္စြာ ထုတ္ေဖာ္ခြင့္ေတြကိုလည္း ပိတ္ပင္တားဆီးသလို အခြင့္အေရးေတြကို ခ်ိဳးေဖာက္ရာလည္း ေရာက္ပါတယ္။ အစိုးရကိုယ္တိုင္က ဒီမိုကေရစီ ေဖာ္ေဆာင္ေရးကာလမွာ ျပည္သူမ်ားရဲ႕ အခြင့္အေရးကို ေဖာ္ေဆာင္ေပးရမယ့္အစား ဒါဟာ ဒီမိုကရက္တစ္ အစိုးရတရပ္ မျမည္ပါဘူး။ ဒါကို အျမန္ဆံုး ျပန္ဖြင့္ေပးဖို႔ အစိုးရကို က်မတို႔ ေတာင္းဆိုလိုပါတယ္။”

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕နယ္က ၿမိဳ႕မိၿဖိဳ႕ဖတဦးျဖစ္တဲ့ ဦးေမာင္သာစိန္ကေတာ့ လုံၿခံဳေရး၊ က်န္းမာေရး ျပႆနာေတြ ႀကံဳေနရခ်ိန္မွာ သတင္းအခ်က္အလက္ ရရွိမႈဟာ အေရးႀကီးတာေၾကာင့္ အင္တာနက္ဆက္သြယ္မႈေတြ ျပန္ဖြင့္ေပးဖုိ႔ အေရးႀကီးတယ္လုိ႔ ဆုိပါတယ္။

“ဖြင့္ေပးသင့္တာက ၾကာပါၿပီေလ။ မဖြင့္ေပးလို႔ က်ေနာ္တို႔ေတြ အမ်ိဳးမ်ိဳး ဒုကၡေတြ ေရာက္ေနၾကရတာ။ ပိတ္ထားလို႔ စစ္ပြဲေတြ ရပ္သြားတာလည္း မဟုတ္ဘူး။ အင္တာနက္ မဖြင့္ေပးေတာ့ ဆိုးက်ိဳးေတြသာ မ်ားလာပါတယ္။ ဆိုေတာ့ ဖြင့္ေပးသင့္တာေပါ့ဗ်ာ။ အခုဆိုရင္ ကိုဗစ္ျဖစ္တာ ဘဂၤလားဘက္က လာတဲ့သူေတြမွာ ပါလာတယ္။ ဘယ္လိုကာကြယ္ရမလဲ၊ ဘယ္လိုကူးလဲ၊ က်ေနာ္တို႔ အလြယ္တကူ မသိႏုိင္ဘူး။ အခုဆို စစ္ျဖစ္ရတဲ့အထဲ မိုးက တပတ္ ဆယ္ရက္ေလာက္ရြာ၊ ဆက္တိုက္မ်ား၊ ေရေတြႀကီး၊ ဒုကၡသည္ေတြ ဒုကၡေတြေရာက္၊ က်ေနာ္တို႔ ဘာမွကို ေျပာလို႔မရဘူး၊ သိလည္းမသိဘူး။”

ရခုိင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္က ၿမိဳ႕နယ္တခ်ိဳ႕မွာ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ထားတာ ျပန္ဖြင့္ေပးဖို႔ အေရွ႕ေတာင္အာရွ ေဒသဆုိင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးကလည္း ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းကပဲ ေၾကညာခ်က္တေစာင္ ထုတ္ျပန္ၿပီး ျမန္မာအစိုးရကို တုိက္တြန္းထားပါတယ္။

အင္တာနက္ ျဖတ္ေတာက္ခံထားရတဲ့အတြက္ လူေတြရဲ႕ အသက္ေတြကို ကာကြယ္ဖို႔နဲ႔ လူသားခ်င္းစာနာမႈ အေထာက္အကူေတြ ေပးဖို႔အတြက္ ခုိင္မာတဲ့ သတင္းအခ်က္အလက္ေတြအေပၚ အခ်ိန္နဲ႔တေျပးညီ အားကိုးေနရတဲ့သူေတြကို ထိခိုက္မႈေတြ ရွိေနတယ္လို႔လည္း သတိေပးထားတာပါ။ HRW အပါအ၀င္ ႏုိင္ငံတကာ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဲြ႔ကလည္း ကမာၻမွာ အခ်ိန္အၾကာဆုံး အင္တာနက္ အဆက္အသြယ္ ျဖတ္ေတာက္မႈေတြကုိ အဆုံးသတ္ဖုိ႔ ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ရခိုင်နဲ့ ချင်းပြည်နယ်မှာ အင်တာနက် ဖြတ်တောက်မှု အဆုံးသတ်ရေး တောင်းဆိုမှုတွေတိုး

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အင်တာနက် ဖြတ်တောက်မှုတွေကို အဆုံးသတ်ဖို့ တောင်းဆိုမှုတွေ တိုးလာနေပါတယ်။ အပြည်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၇ ခုနဲ့ ကပ်လျက်ရှိနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက် ဖြတ်တောက်ခံထားရတာ တနှစ်ရှိလာချိန်မှာပဲ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သံတမန်တွေ၊ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ တောင်းဆိုသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာနေရတာပါ။

လုံခြုံရေးအကြောင်းပြချက်နဲ့ အင်တာနက် ဆက်သွယ်မှုတွေ ဖြတ်တောက်ထားပေမယ့် လက်တွေ့မှာ ဒေသခံလူထုအတွက် အခက်အခဲတွေ ကြုံနေရတဲ့အတွက် ပြန်ဖွင့်ပေးဖို့ ဥရောပသမဂ္ဂ (EU) ကလည်း ဒီနေ့ပဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။ အထူးသဖြင့် COVID-19 ကပ်ရောဂါနဲ့ ရင်ဆိုင်နေရသလို မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတဲ့အတွက် ဒေသခံလူထုအတွက် ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ သတင်းအချက်အလက်တွေ ရရှိရေးမှာ အင်တာနက် ဆက်သွယ်မှုတွေဟာ အရေးကြီးကြောင်းလည်း EU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

အင်တာနက်ဖြတ်တောက်မှုကို ကန့်ကွက်တဲ့ ဒီကနေ့ အွန်လိုင်းလှုပ်ရှားမှုတခုမှာလည်း အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ၁၇၀ ကျော် ပါဝင်ခဲ့ကြပါတယ်။

ဒီအွန်လိုင်းလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်တဲ့ မောင်ဆောင်းခက “ကျနော်တို့ ဒီနေ့ အွန်လိုင်းမှာ ပထမဆုံးလုပ်တဲ့ အွန်လိုင်းဆန္ဒထုတ်ဖော်ပွဲက မြန်မာပြည်အတွက်တော့ ပထမဆုံးဖြစ်မယ် ထင်ပါတယ်။ အားတက်သရော ပါဝင်ကြတာ တယောက်ချင်းစီကို ကျေးဇူးတင်တယ်။ ဒီ ကိုဗစ်ကာလပြီးရင်လည်း ဆက်လက်တောင်းဆိုကြပါမယ်။ ကျနော်တို့ လုပ်နိုင်တဲ့ဘက်က တတ်နိုင်တဲ့ဘက်ကနေပြီးတော့ အင်တာနက် ပြန်လည်ရရှိရေးကို အရေးကြီးတဲ့ လုပ်ငန်းတခုအနေနဲ့ အတူတကွ လက်တွဲလုပ်ဆောင်ကြပါလို့ ကျနော်ကတော့ ဒီနေရာကနေ ထပ်မံတိုက်တွန်း နှိုးဆော်ချင်ပါတယ်။” လို့ ပြောပါတယ်။

အွန်လိုင်းလှုပ်ရှားမှုမှာ ပါဝင်သူတဦးဖြစ်တဲ့ မဝေဖြိုးမြင့်ကလည်း အခုလို ဆွေးနွေးပါတယ်။

“ကျမတို့ ရှေ့ဆက်ပြီးတော့ ဒါက မပြီးသေးပါဘူးပေါ့နော်။ အနေအထားကတော့ အထူးသဖြင့်ကတော့ အင်တာနက် အပြည့်အဝ ရရှိရေးအတွက် အစိုးရကို စုစုစည်းစည်းနဲ့ တိုက်တွန်းသွားဖို့ ပူးပေါင်းပြီး ဆက်လုပ်ဆောင်သွားကြမယ့် အပိုင်းတွေ ရှိပါတယ်။ နောက် ကျမတို့ အများပြည်သူဆီကနေလည်း ဆက်ဆန္ဒခံယူသွားမှာ ဖြစ်ပါတယ်။”

အင်တာနက်ဖိနှိပ်မှု ချက်ချင်းရပ်၊ မြို့နယ် ၈ မြို့နယ် အင်တာနက် ချက်ချင်းပြန်ဖွင့်၊ ချက်ချင်းပြန်ဖွင့်၊ အင်တာနက်ဖြတ်တောက်မှု ချက်ချင်းရပ်၊ ချက်ချင်းရပ် ဆိုတဲ့ စာသားတွေကိုလည်း သံပြိုင်ရွတ်ဆိုကြပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူပြီးလည်း ရခိုင်နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ရခိုင်သတင်းမီဒီယာတွေ စုပေါင်းပါဝင် လက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ပြီး အင်တာနက် ဖြတ်တောက်မှုတွေကို အဆုံးသတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အင်တာနက် ဖြတ်တောက်မှုတွေ အဆုံးသတ်ရေး လွှတ်တော်မှာ အဆိုတရပ်ကို ဦးဆောင်တင်သွင်းခဲ့ဖူးတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကတော့ ကောင်းကျိုးထက် ဆိုးကျိုးတွေသာ ပေးနိုင်တာကြောင့် အင်တာနက် ကန့်သတ်ထားတာတွေကို ဖယ်ရှားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

“တိုက်ပွဲဖြစ်တဲ့ ဒေသတွေမှာ အမုန်းစကားတွေ ဖြစ်စေတယ်၊ အများပြည်သူအကျိုးကို ကာကွယ်မယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အင်တာနက်ကို ပိတ်ခဲ့တာပါ။ တကယ်တမ်းကျတော့ အင်တာနက်ပိတ်ခဲ့လို့သာ အများပြည်သူ အကျိုးစီးပွားကို ထိခိုက်စေခဲ့တာပါ။ အစိုးရအနေနဲ့ ရခိုင်ပြည်နယ် အပါအဝင် ချင်းပြည်နယ် ပလက်ဝမှာ အင်တာနက်ပိတ်ထားခြင်းဟာ မူဝါဒ အလွဲအမှားသာ ဖြစ်တဲ့အတွက် ဒါကို အမြန်ဆုံးဖွင့်ပေးဖို့ ကျမတို့အနေနဲ့ တောင်းဆိုလိုပါတယ်။ ဒီလိုပြန်ဖွင့်ပေးဖို့ ဒီအကြောင်းအရာကို ပြီးခဲ့တဲ့ ၂၀၁၉ ကတည်းက ကျမကိုယ်တိုင် အမျိုးသားလွှတ်တော်မှာ အင်တာနက် ပိတ်ထားတာနဲ့ ပတ်သက်ပြီး ကြယ်ပွင့်မေးခွန်းတင်တယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒီမေးခွန်းကို ပယ်ချခဲ့ပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုတာ ပြည်သူများရဲ့ လွတ်လပ်စွာ အစိုးရအနေနဲ့ တိုင်းရင်းသားတွေအားလုံးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်မယ်ဆိုတာ အများကြီး ဝေးကွာသွားစေပါတယ်။ ဒီလိုလုပ်တာ မသင့်တော်ပါဘူး။

“ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုရင် ရခိုင်မှာ စစ်ဖြစ်နေတယ်။ ရခိုင်မှာ အင်တာနက် ပိတ်ထားခြင်းအားဖြင့်လည်း ဒီငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်သလို ဒီဒေသရဲ့ ကောင်းကျိုးအတွက် ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြည်သူများရဲ့ သတင်းအချက်အလက် ရယူခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တွေကိုလည်း ပိတ်ပင်တားဆီးသလို အခွင့်အရေးတွေကို ချိုးဖောက်ရာလည်း ရောက်ပါတယ်။ အစိုးရကိုယ်တိုင်က ဒီမိုကရေစီ ဖော်ဆောင်ရေးကာလမှာ ပြည်သူများရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးရမယ့်အစား ဒါဟာ ဒီမိုကရက်တစ် အစိုးရတရပ် မမြည်ပါဘူး။ ဒါကို အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ အစိုးရကို ကျမတို့ တောင်းဆိုလိုပါတယ်။”

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က မြို့မိဖြို့ဖတဦးဖြစ်တဲ့ ဦးမောင်သာစိန်ကတော့ လုံခြုံရေး၊ ကျန်းမာရေး ပြဿနာတွေ ကြုံနေရချိန်မှာ သတင်းအချက်အလက် ရရှိမှုဟာ အရေးကြီးတာကြောင့် အင်တာနက်ဆက်သွယ်မှုတွေ ပြန်ဖွင့်ပေးဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

“ဖွင့်ပေးသင့်တာက ကြာပါပြီလေ။ မဖွင့်ပေးလို့ ကျနော်တို့တွေ အမျိုးမျိုး ဒုက္ခတွေ ရောက်နေကြရတာ။ ပိတ်ထားလို့ စစ်ပွဲတွေ ရပ်သွားတာလည်း မဟုတ်ဘူး။ အင်တာနက် မဖွင့်ပေးတော့ ဆိုးကျိုးတွေသာ များလာပါတယ်။ ဆိုတော့ ဖွင့်ပေးသင့်တာပေါ့ဗျာ။ အခုဆိုရင် ကိုဗစ်ဖြစ်တာ ဘင်္ဂလားဘက်က လာတဲ့သူတွေမှာ ပါလာတယ်။ ဘယ်လိုကာကွယ်ရမလဲ၊ ဘယ်လိုကူးလဲ၊ ကျနော်တို့ အလွယ်တကူ မသိနိုင်ဘူး။ အခုဆို စစ်ဖြစ်ရတဲ့အထဲ မိုးက တပတ် ဆယ်ရက်လောက်ရွာ၊ ဆက်တိုက်များ၊ ရေတွေကြီး၊ ဒုက္ခသည်တွေ ဒုက္ခတွေရောက်၊ ကျနော်တို့ ဘာမှကို ပြောလို့မရဘူး၊ သိလည်းမသိဘူး။”

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ပြန်ဖွင့်ပေးဖို့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကလည်း ပြီးခဲ့တဲ့ သောကြာနေ့တုန်းကပဲ ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

အင်တာနက် ဖြတ်တောက်ခံထားရတဲ့အတွက် လူတွေရဲ့ အသက်တွေကို ကာကွယ်ဖို့နဲ့ လူသားချင်းစာနာမှု အထောက်အကူတွေ ပေးဖို့အတွက် ခိုင်မာတဲ့ သတင်းအချက်အလက်တွေအပေါ် အချိန်နဲ့တပြေးညီ အားကိုးနေရတဲ့သူတွေကို ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း သတိပေးထားတာပါ။ HRW အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ကလည်း ကမ္ဘာမှာ အချိန်အကြာဆုံး အင်တာနက် အဆက်အသွယ် ဖြတ်တောက်မှုတွေကို အဆုံးသတ်ဖို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

XS
SM
MD
LG