သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္တာနက္ ကန႔္သတ္ထားတဲ့ ရခိုင္မွာ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး ေဒသခံေတြႀကိဳးပမ္း


(Zawgyi/Unicode)

COVID-19 ေရာဂါကူးစက္သူတခ်ဳိ႕ အတည္ျပဳထားတဲ့ ရခုိင္ျပည္နယ္မွာ ေရာဂါမျပန္႔ပြားေအာင္ ထိန္းခ်ဳပ္ဖုိ႔ ျပင္ဆင္ေနတဲ့အေၾကာင္းကို မ ဆုမြန္ ေျပာျပေပးမွာပါ။

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါကူးစက္သူ စုစုေပါင္း ၂၉၀ ေလာက္မွာ ရခုိင္ျပည္နယ္က ၉ ဦးကုိ အတည္ျပဳထားၿပီး ဒီအထဲမွာ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏုိင္ငံက ျပန္လာသူေတြ ပါ၀င္ေနတာေၾကာင့္ သြားလာကန္႔သတ္မႈေတြ တုိးျမွင့္လာေနတာပါ။ ရခုိင္ျပည္နယ္တြင္း အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္တဲ့ ေနရာေပါင္း ၄၇၃ ခုမွာ လူေပါင္း ၂ ေထာင္ေက်ာ္ကုိ ေစာင့္ၾကည့္ စစ္ေဆးေနေၾကာင္းလည္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ဇြန္လ ၂၂ အထိ ထုတ္ျပန္တဲ့ စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။

ရခုိင္ျပည္နယ္က အတည္ျပဳလူနာေတြနဲ႔ ဆက္ႏြယ္သူေတြကုိ ေစာင့္ၾကည့္စစ္ေဆးတာေတြ အပါအ၀င္ ေရာဂါထိန္းခ်ဳပ္ေရး အစီအမံေတြကုိလည္း မၾကာခင္ကစ တုိးျမွင့္ေဆာင္ရြက္ လာေနတယ္လုိ႔ ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ကိုေရာက္ရွိေနတဲ့ ရခိုင္ေဒသခံ အေနာက္တံခါးေဒသ ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ ေခါင္းေဆာင္ ဦးေအာင္ေဌးက ေျပာပါတယ္။

“က်ေနာ္တို႔ ဘူးသီးေတာင္က အဝင္ ေမာင္ေတာက အထြက္ အဲ့ဒီ့မွာလည္း အကုန္လံုး စစ္ေဆးတာေတြ လုပ္ပါတယ္။ ေနာက္ၿပီးေတာ့ အစိုးရကလည္း ဘူးသီးေတာင္ တံတားထိပ္မွာ စာသင္ေက်ာင္းေလးတခုရွိတယ္ အဲ့ဒီ့မွာ Quarantine ဝင္ဖို႔ေပါ့ သီးသန္႔ အေဆာက္အဦး ထားထားတာရွိတယ္။ ၿပီးေတာ့ က်ေနာ္တို႔ ဘူးသီးေတာင္အဝင္ သေဘၤာဝင္လာရင္ က်န္းမာေရးဌာနက စစ္တာေပါ့ေနာ္။ ဘယ္ကလာသလဲေပါ့။ေမးျမန္းၿပီးေတာ့ သူတို႔ အပူခ်ိန္ေတြ တုိင္းတယ္ အေဝးကလာတဲ့သူဆိုရင္ ၂၁ရက္ Quarantine ဝင္ခုိင္းတယ္ သက္ဆုိင္ရာက တာဝန္ေပးလို႔လာတယ္ဆိုရင္ ကိုယ့္အိမ္မွာ ကိုယ္ Quarantine ဝင္ခုိင္းတယ္။ အခုက ဘူးသီးေတာင္မွာက သားအဖႏွစ္ေယာက္ေတြ႔တာေပါ့ေနာ္။ Case နံပတ္ ၂၆၂ နဲ႔ ၂၆၃ေပါ့။ ဘူးသီးေတာင္ကိုေဆးသြားကုတာ ၆၃ႏွစ္က ဘူးသီးေတာင္က ပုဂၢိဳလ္က။ သူ႔သမီး ၁၇ႏွစ္အရြယ္ ကေလးမေလးကိုပါ ကူးတာ။ သူတို႔ႏွစ္ေယာက္ကိုေတာ့ အခုသူတို႔အိမ္ေတြကို Lock Down ခ်ထားတာရွိတယ္ ဘူးသီးေတာင္ ရပ္ကြက္အမွတ္၄ လို႔ေခၚတာေပါ့။ အဲ့ဒီ့သူတို႔ေနတဲ့ေစ်းတဝိုက္ကို သူတို႔ေနတဲ့ေနရာကို ေလာ့ခ္ေဒါင္းခ်ထားတယ္။ ေနာက္ၿပီးေတာ့ အဲ့ဒီ့မွာ လွဖိုးေခါင္ဆိုၿပီးေတာ့ ဒုကၡသည္ေတြကို ထားဖို႔ဆိုၿပီး စခန္းခ်ထားတာရွိတယ္ ခင္ဗ်။ ျပန္ဝင္လာတဲ့သူေတြကို ထားဖို႔။အဲ့ဒီ့စခန္းေတြမွာ ကြာရမ္တင္းဝင္ဖို႔ထားတယ္ ေနာက္ သူတို႔ေနခဲ့တဲ့ ေနရာေတြအကုန္လံုးကိုလည္း Q ဝင္ဖို႔ လုပ္ခုိင္းထားတာေတြရွိတယ္လို႔ၾကားပါတယ္။ၿပီးေတာ့ ေမာင္ေတာမွာလည္း ႏွစ္ေယာက္ေတြ႔ထားတယ္ဆိုေတာ့ သူတို႔နဲ႔နီးစပ္တဲ့ေနရာေတြကို ေလာ့ဒ္ေဒါင္းေတြခ်ထားတာ ။အခု ေမာင္ေတာမွာဆိုရင္ ေရႊဇား ဆိုတဲ့ ရပ္ကြက္ရွိတယ္ အဲ့ဒီ့ကေန ဒီဘက္ကို အဝင္လံုးဝေပးမဝင္ေတာ့ပဲ ေလာ့ဒ္ေဒါင္းခ်လိုက္ၿပီး ဘယ္သူကိုမွ အဝင္မခံေတာ့ဘူး။”

လတ္တေလာမွာ ရခုိင္ျပည္နယ္တြင္းက ဒုကၡသည္စခန္းေတြမွာလည္း စခန္းတာဝန္ခံေတြက ကိုယ္ထူ ကိုယ္ထစနစ္နဲ႔ လူအသြားအလာ အဝင္အထြက္ တင္းက်ပ္တာ ေနထိုင္မေကာင္းသံသယလူနာေတြကို သီးျခားေစာင့္ၾကည့္ကန္႔သတ္မႈေတြကို စစ္ေဆးေနတာရွိတယ္လို႔ ေက်ာက္ျဖဴၿမိဳ႕နယ္ ေက်ာက္တလံုး IDP ဒုကၡသည္စခန္း စီမံခန္႔ခြဲေရးေကာ္မတီဥကၠ႒ ကမန္တိုင္းရင္းသား ကိုျဖဴေခ်က ေျပာျပပါတယ္။

“ ကိုဗစ္၁၉နဲ႔ပတ္သက္ၿပီး ကာကြယ္ရမယ့္ကိစၥေတြ ဥပမာ ေဆး႐ံုသြားတဲ့အခ်ိန္မွာ ေစ်းကိုသြားတဲ့အခ်ိန္မွာ က်ေနာ္တို႔စခန္းထဲမွာ ေစ်းကားရွိတယ္ ေစ်းကားျပန္လာတာနဲ႔ အဲ့ဒီ့ကားကိုေတာင္မွ ေဆးေတြနဲ႔ေဆးေၾကာခိုင္းတာမ်ိဳး ပညာေပးတယ္။။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေဆး႐ံုသြားရမယ္ဆို Mask ေတြ ထုပ္ေပးထားတယ္ Mask ေတြတပ္ေပါ့။ ဒီမွာ ၿပီးရင္ အကုန္လက္ေဆးပါ။ ဆပ္ျပာေတြတိုက္ပါ အဲ့လိုသင္တန္းေတြေပးပါတယ္။ အထူးသျဖင့္ စခန္းတြင္းအဝင္အထြက္ေတြကို တင္းက်ပ္တယ္ အသြားအလာဆင္ျခင္ပါ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ပညာေပးရပါတယ္။ က်ေနာ္တို႔က ကမန္ အစၥလာမ္ေတြပါ ေနာက္ က်ေနာ္တို႔ အိုင္ဒီပီ စခန္းနဲ႔မနီးမေဝးမွာပဲ စစ္ေဆးတာေတြရွိတယ္။ ေဒသခံလူငယ္ေတြနဲ႔ ရပ္မိရပ္ဖေတြပူးေပါင္းၿပီး စစ္ေဆးတာေတြရွိတယ္။ ကြာရမ္တင္းသြင္းတယ္ ကြာရမ္တင္းဝင္ရတဲ့သူေတြကို က်ေနာ္တို႔က ေကၽြးေမြးေစာင့္ေရွာက္ဖို႔ ေထာက္ပံ့ေပးတယ္။ ေက်ာက္ျဖဴက စည္းကမ္းရွိပါတယ္ က်ေနာ္တို႔က ကိုယ္ထူကိုယ္ထစနစ္နဲ႔ပါ။ CDNH(Center for Diversity and National Harmony (CDNH)) ကေတာ့ က်ေနာ္တို႔ကို Mask ကူညီေပးတာရွိပါတယ္ခင္ဗ်။”

ရခိုင္ျပည္နယ္စစ္ေတြၿမိဳ႕နယ္ သကၠယ္ျပင္ဒုကၡသည္စခန္းက ဒုကၡသည္ေတြရဲ႕ရပ္မိရပ္ဖ ေခါင္းေဆာင္ ဦးေက်ာ္လွေအာင္ကလည္း သကၠယ္ျပင္စခန္းတြင္း ကိုဗစ္၁၉ ကူးစက္မႈ ၾကိဳတင္ကာကြယ္ႏိုင္ေရး သင္တန္းေပးတာေတြ ပညာေပးတာေတြလုပ္ေဆာင္ေနတယ္လို႔ ေျပာျပပါတယ္။

“ က်ေနာ္တို႔စစ္ေတြမွာေတာ့ မျဖစ္ေသးပါဘူး ဒါေပမဲ့ က်ေနာ္တို႔က ၾကိဳတင္ကာကြယ္တဲ့အေနနဲ ႔CDNH(Center for Diversity and National Harmony (CDNH))ပူးေပါင္းၿပီးေတာ့ ဒီကနယ္ေျမခံလူေတြနဲ႔ ပူးေပါင္းၿပီးေတာ့ တရက္ကို အမ်ိဳးသမီး အမ်ိဳးသား ၁၅ေယာက္ကို ႏွာေခါင္းစီး Mask တပ္တာ လက္ေဆးရည္သံုးတာ သင္တန္းေပးတယ္။ အဲ့တာကို က်ေနာ္တို႔ အခုလုပ္ေနတယ္ တပတ္လံုးပဲ။ တရက္ကို ၁၅ေယာက္ႏႈန္းနဲ႔ ၁၀၀ေက်ာ္ျဖစ္သြားမယ္။ သူတို႔ကို အထူးသျဖင့္ ဒုကၡသည္စခန္းေတြမွာ ေက်းရြာေတြမွာ ထပ္ဆင့္သင္တန္းေပးဖို႔ လူေတြကို ပညာေပးဖို႔ က်ေနာ္တို႔သင္တန္းေပးေနတယ္။ အဓိက ဒီဘက္မွာေတာ့ က်ေနာ္တို႔ မူဆလင္ေတြကိုသင္တန္းေပးတာပါ။ ၿမိဳ႕ေပၚမွာေတာ့ ရခိုင္ေတြကိုေပးတယ္။ အခု ဒီမွာ ကြာရမ္တင္းထားဖို႔ ေနရာစီစဥ္ထားတယ္။ ေက်းလက္က်န္းမာေရးဌာန နဲ႔ပူးေပါင္းၿပီးေတာ့။ ဒုကၡသည္စခန္းထဲ ကြာရမ္တင္းထားလို႔ရေအာင္ေပါ့။”

ရခိုင္ေဒသခံ ဦးေအာင္ေဌးကေတာ့ ကိုဗစ္၁၉ ၾကိဳတင္ကာကြယ္ေရး ရခုိင္ျပည္နယ္အစိုးရနဲ႔ အာဏာပိုင္ေတြအေနနဲ႔ ဒီ့ထက္ပိုစနစ္က်တဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ လုပ္ေပးေစလို္ပါတယ္။

“အာဏာပိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔က ဒီ့ထက္ပိုၿပီး ေစ့ေစ့ဌဌ က်ေနာ္တို႔ကို လုပ္ေပးေစခ်င္ပါတယ္။ က်ေနာ္တို႔ဒီ့ဘက္မွာက က်န္းမာေရးဗဟုသုတ နည္းတဲ့ဟာေတြမ်ားတယ္။ ဒါေၾကာင့္ ရပ္ကြက္ေက်းရြာ အာဏာပိုင္ေတြဘက္က ကိုဗစ္ကာကြယ္ေရး ေရွ႕ကေန ဦးေဆာင္ လုပ္ေပးေစခ်င္တယ္ ကိုဗစ္အေျခအေနေတြကိုေျပာျပရမယ္။ ေျပာရရင္ က်ေနာ္တို႔မွာ Mask တပ္တာေတာင္ အေတာ္ေလးကို အခက္ခဲရွိတယ္။ ေစ်းတင္ေရာင္းတယ္ တခုကို ၇၀၀- ၈၀၀ဆိုေတာ့ တခ်ိဳ႕ရပ္သူရြာသားေတြက လံုးဝ မတပ္ႏုိင္ၾကဘူး အဲ့တာမ်ိဳးေတြကို အာဏာပိုင္အဖြဲ႔အစည္းေတြကို Mask ေတြက အစ လံုလံုေလာက္ေလာက္ ရေအာင္ သူတို႔က ၾကိဳးစားေပးရမယ္။ အခု မိုးတြင္းကာလ ဆိုေတာ့ ရခုိင္မွာ ေတာ္ေတာ္ကို မိုးမ်ားတယ္ လူထပ္ထပ္တဲ့ေနရာေတြ ေစ်းေတြမွာ အဲ့ဒီ့ေနရာေတြကို သန္႔ရွင္းမႈရွိေအာင္ စည္ပင္တ္ို႔ အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြက တာဝန္ယူၿပီးေတာ့ ရပ္ကြက္ လူမႈအဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ၿပီးေတာ့ မ်ားမ်ားၾကီး လုပ္ေပးဖို႔ လိုတယ္လို႔ က်ေနာ့္အေနနဲ႔ အၾကံေပးခ်င္ပါတယ္ခင္ဗ်။”

ရခုိင္ျပည္နယ္မွာ ျမန္မာစစ္တပ္နဲ႔ ရခုိင္လက္နက္ကုိင္အဖဲြ႔ AA တုိ႔ၾကား တုိက္ပဲြေတြ ျဖစ္ပြားေနတဲ့ အတြက္လည္း COVID-19 ကပ္ေရာဂါ ကာကြယ္ေရးမွာ အဟန္႔အတားေတြ ႀကံဳေနရတာပါ။ ဒီႏွစ္ဆန္းပုိင္းမွာတုန္းကလည္း ကုိ႐ုိနာဗုိင္းရပ္စ္ပုိး စစ္ေဆးတဲ့နမူနာေတြကုိ ယူလာတဲ့ ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) ရဲ႕ ကားကုိ ပစ္ခတ္ခံခဲ့ရတဲ့အတြက္ ယာဥ္ေမာင္းျဖစ္သူလည္း ေသဆုံးခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

(Unicode)

COVID-19 ရောဂါကူးစက်သူတချို့ အတည်ပြုထားတဲ့ ရခိုင်ပြည်နယ်မှာ ရောဂါမပြန့်ပွားအောင် ထိန်းချုပ်ဖို့ ပြင်ဆင်နေတဲ့အကြောင်းကို မ ဆုမွန် ပြောပြပေးမှာပါ။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ စုစုပေါင်း ၂၉၀ လောက်မှာ ရခိုင်ပြည်နယ်က ၉ ဦးကို အတည်ပြုထားပြီး ဒီအထဲမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူတွေ ပါဝင်နေတာကြောင့် သွားလာကန့်သတ်မှုတွေ တိုးမြှင့်လာနေတာပါ။ ရခိုင်ပြည်နယ်တွင်း အသွားအလာ ကန့်သတ်စောင့်ကြည့်တဲ့ နေရာပေါင်း ၄၇၃ ခုမှာ လူပေါင်း ၂ ထောင်ကျော်ကို စောင့်ကြည့် စစ်ဆေးနေကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၂၂ အထိ ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်က အတည်ပြုလူနာတွေနဲ့ ဆက်နွယ်သူတွေကို စောင့်ကြည့်စစ်ဆေးတာတွေ အပါအဝင် ရောဂါထိန်းချုပ်ရေး အစီအမံတွေကိုလည်း မကြာခင်ကစ တိုးမြှင့်ဆောင်ရွက် လာနေတယ်လို့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ကိုရောက်ရှိနေတဲ့ ရခိုင်ဒေသခံ အနောက်တံခါးဒေသ ကူညီစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ဌေးက ပြောပါတယ်။

“ကျနော်တို့ ဘူးသီးတောင်က အဝင် မောင်တောက အထွက် အဲ့ဒီ့မှာလည်း အကုန်လုံး စစ်ဆေးတာတွေ လုပ်ပါတယ်။ နောက်ပြီးတော့ အစိုးရကလည်း ဘူးသီးတောင် တံတားထိပ်မှာ စာသင်ကျောင်းလေးတခုရှိတယ် အဲ့ဒီ့မှာ Quarantine ဝင်ဖို့ပေါ့ သီးသန့် အဆောက်အဦး ထားထားတာရှိတယ်။ ပြီးတော့ ကျနော်တို့ ဘူးသီးတောင်အဝင် သင်္ဘောဝင်လာရင် ကျန်းမာရေးဌာနက စစ်တာပေါ့နော်။ ဘယ်ကလာသလဲပေါ့။မေးမြန်းပြီးတော့ သူတို့ အပူချိန်တွေ တိုင်းတယ် အဝေးကလာတဲ့သူဆိုရင် ၂၁ရက် Quarantine ဝင်ခိုင်းတယ် သက်ဆိုင်ရာက တာဝန်ပေးလို့လာတယ်ဆိုရင် ကိုယ့်အိမ်မှာ ကိုယ် Quarantine ဝင်ခိုင်းတယ်။ အခုက ဘူးသီးတောင်မှာက သားအဖနှစ်ယောက်တွေ့တာပေါ့နော်။ Case နံပတ် ၂၆၂ နဲ့ ၂၆၃ပေါ့။ ဘူးသီးတောင်ကိုဆေးသွားကုတာ ၆၃နှစ်က ဘူးသီးတောင်က ပုဂ္ဂိုလ်က။ သူ့သမီး ၁၇နှစ်အရွယ် ကလေးမလေးကိုပါ ကူးတာ။ သူတို့နှစ်ယောက်ကိုတော့ အခုသူတို့အိမ်တွေကို Lock Down ချထားတာရှိတယ် ဘူးသီးတောင် ရပ်ကွက်အမှတ်၄ လို့ခေါ်တာပေါ့။ အဲ့ဒီ့သူတို့နေတဲ့ဈေးတဝိုက်ကို သူတို့နေတဲ့နေရာကို လော့ခ်ဒေါင်းချထားတယ်။ နောက်ပြီးတော့ အဲ့ဒီ့မှာ လှဖိုးခေါင်ဆိုပြီးတော့ ဒုက္ခသည်တွေကို ထားဖို့ဆိုပြီး စခန်းချထားတာရှိတယ် ခင်ဗျ။ ပြန်ဝင်လာတဲ့သူတွေကို ထားဖို့။အဲ့ဒီ့စခန်းတွေမှာ ကွာရမ်တင်းဝင်ဖို့ထားတယ် နောက် သူတို့နေခဲ့တဲ့ နေရာတွေအကုန်လုံးကိုလည်း Q ဝင်ဖို့ လုပ်ခိုင်းထားတာတွေရှိတယ်လို့ကြားပါတယ်။ပြီးတော့ မောင်တောမှာလည်း နှစ်ယောက်တွေ့ထားတယ်ဆိုတော့ သူတို့နဲ့နီးစပ်တဲ့နေရာတွေကို လော့ဒ်ဒေါင်းတွေချထားတာ ။အခု မောင်တောမှာဆိုရင် ရွှေဇား ဆိုတဲ့ ရပ်ကွက်ရှိတယ် အဲ့ဒီ့ကနေ ဒီဘက်ကို အဝင်လုံးဝပေးမဝင်တော့ပဲ လော့ဒ်ဒေါင်းချလိုက်ပြီး ဘယ်သူကိုမှ အဝင်မခံတော့ဘူး။”

လတ်တလောမှာ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေမှာလည်း စခန်းတာဝန်ခံတွေက ကိုယ်ထူ ကိုယ်ထစနစ်နဲ့ လူအသွားအလာ အဝင်အထွက် တင်းကျပ်တာ နေထိုင်မကောင်းသံသယလူနာတွေကို သီးခြားစောင့်ကြည့်ကန့်သတ်မှုတွေကို စစ်ဆေးနေတာရှိတယ်လို့ ကျောက်ဖြူမြို့နယ် ကျောက်တလုံး IDP ဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ကမန်တိုင်းရင်းသား ကိုဖြူချေက ပြောပြပါတယ်။

“ ကိုဗစ်၁၉နဲ့ပတ်သက်ပြီး ကာကွယ်ရမယ့်ကိစ္စတွေ ဥပမာ ဆေးရုံသွားတဲ့အချိန်မှာ ဈေးကိုသွားတဲ့အချိန်မှာ ကျနော်တို့စခန်းထဲမှာ ဈေးကားရှိတယ် ဈေးကားပြန်လာတာနဲ့ အဲ့ဒီ့ကားကိုတောင်မှ ဆေးတွေနဲ့ဆေးကြောခိုင်းတာမျိုး ပညာပေးတယ်။။ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံသွားရမယ်ဆို Mask တွေ ထုပ်ပေးထားတယ် Mask တွေတပ်ပေါ့။ ဒီမှာ ပြီးရင် အကုန်လက်ဆေးပါ။ ဆပ်ပြာတွေတိုက်ပါ အဲ့လိုသင်တန်းတွေပေးပါတယ်။ အထူးသဖြင့် စခန်းတွင်းအဝင်အထွက်တွေကို တင်းကျပ်တယ် အသွားအလာဆင်ခြင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပညာပေးရပါတယ်။ ကျနော်တို့က ကမန် အစ္စလာမ်တွေပါ နောက် ကျနော်တို့ အိုင်ဒီပီ စခန်းနဲ့မနီးမဝေးမှာပဲ စစ်ဆေးတာတွေရှိတယ်။ ဒေသခံလူငယ်တွေနဲ့ ရပ်မိရပ်ဖတွေပူးပေါင်းပြီး စစ်ဆေးတာတွေရှိတယ်။ ကွာရမ်တင်းသွင်းတယ် ကွာရမ်တင်းဝင်ရတဲ့သူတွေကို ကျနော်တို့က ကျွေးမွေးစောင့်ရှောက်ဖို့ ထောက်ပံ့ပေးတယ်။ ကျောက်ဖြူက စည်းကမ်းရှိပါတယ် ကျနော်တို့က ကိုယ်ထူကိုယ်ထစနစ်နဲ့ပါ။ CDNH(Center for Diversity and National Harmony (CDNH)) ကတော့ ကျနော်တို့ကို Mask ကူညီပေးတာရှိပါတယ်ခင်ဗျ။”

ရခိုင်ပြည်နယ်စစ်တွေမြို့နယ် သက္ကယ်ပြင်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေရဲ့ရပ်မိရပ်ဖ ခေါင်းဆောင် ဦးကျော်လှအောင်ကလည်း သက္ကယ်ပြင်စခန်းတွင်း ကိုဗစ်၁၉ ကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရေး သင်တန်းပေးတာတွေ ပညာပေးတာတွေလုပ်ဆောင်နေတယ်လို့ ပြောပြပါတယ်။

“ ကျနော်တို့စစ်တွေမှာတော့ မဖြစ်သေးပါဘူး ဒါပေမဲ့ ကျနော်တို့က ကြိုတင်ကာကွယ်တဲ့အနေနဲ့CDNH(Center for Diversity and National Harmony (CDNH))ပူးပေါင်းပြီးတော့ ဒီကနယ်မြေခံလူတွေနဲ့ ပူးပေါင်းပြီးတော့ တရက်ကို အမျိုးသမီး အမျိုးသား ၁၅ယောက်ကို နှာခေါင်းစီး Mask တပ်တာ လက်ဆေးရည်သုံးတာ သင်တန်းပေးတယ်။ အဲ့တာကို ကျနော်တို့ အခုလုပ်နေတယ် တပတ်လုံးပဲ။ တရက်ကို ၁၅ယောက်နှုန်းနဲ့ ၁၀၀ကျော်ဖြစ်သွားမယ်။ သူတို့ကို အထူးသဖြင့် ဒုက္ခသည်စခန်းတွေမှာ ကျေးရွာတွေမှာ ထပ်ဆင့်သင်တန်းပေးဖို့ လူတွေကို ပညာပေးဖို့ ကျနော်တို့သင်တန်းပေးနေတယ်။ အဓိက ဒီဘက်မှာတော့ ကျနော်တို့ မူဆလင်တွေကိုသင်တန်းပေးတာပါ။ မြို့ပေါ်မှာတော့ ရခိုင်တွေကိုပေးတယ်။ အခု ဒီမှာ ကွာရမ်တင်းထားဖို့ နေရာစီစဉ်ထားတယ်။ ကျေးလက်ကျန်းမာရေးဌာန နဲ့ပူးပေါင်းပြီးတော့။ ဒုက္ခသည်စခန်းထဲ ကွာရမ်တင်းထားလို့ရအောင်ပေါ့။”

ရခိုင်ဒေသခံ ဦးအောင်ဌေးကတော့ ကိုဗစ်၁၉ ကြိုတင်ကာကွယ်ရေး ရခိုင်ပြည်နယ်အစိုးရနဲ့ အာဏာပိုင်တွေအနေနဲ့ ဒီ့ထက်ပိုစနစ်ကျတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးစေလိုပါတယ်။

“အာဏာပိုင်အုပ်ချုပ်ရေးအဖွဲ့က ဒီ့ထက်ပိုပြီး စေ့စေ့ဌဌ ကျနော်တို့ကို လုပ်ပေးစေချင်ပါတယ်။ ကျနော်တို့ဒီ့ဘက်မှာက ကျန်းမာရေးဗဟုသုတ နည်းတဲ့ဟာတွေများတယ်။ ဒါကြောင့် ရပ်ကွက်ကျေးရွာ အာဏာပိုင်တွေဘက်က ကိုဗစ်ကာကွယ်ရေး ရှေ့ကနေ ဦးဆောင် လုပ်ပေးစေချင်တယ် ကိုဗစ်အခြေအနေတွေကိုပြောပြရမယ်။ ပြောရရင် ကျနော်တို့မှာ Mask တပ်တာတောင် အတော်လေးကို အခက်ခဲရှိတယ်။ ဈေးတင်ရောင်းတယ် တခုကို ၇၀၀- ၈၀၀ဆိုတော့ တချို့ရပ်သူရွာသားတွေက လုံးဝ မတပ်နိုင်ကြဘူး အဲ့တာမျိုးတွေကို အာဏာပိုင်အဖွဲ့အစည်းတွေကို Mask တွေက အစ လုံလုံလောက်လောက် ရအောင် သူတို့က ကြိုးစားပေးရမယ်။ အခု မိုးတွင်းကာလ ဆိုတော့ ရခိုင်မှာ တော်တော်ကို မိုးများတယ် လူထပ်ထပ်တဲ့နေရာတွေ ဈေးတွေမှာ အဲ့ဒီ့နေရာတွေကို သန့်ရှင်းမှုရှိအောင် စည်ပင်တို့ အုပ်ချုပ်ရေးအဖွဲ့တွေက တာဝန်ယူပြီးတော့ ရပ်ကွက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ များများကြီး လုပ်ပေးဖို့ လိုတယ်လို့ ကျနော့်အနေနဲ့ အကြံပေးချင်ပါတယ်ခင်ဗျ။”

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အတွက်လည်း COVID-19 ကပ်ရောဂါ ကာကွယ်ရေးမှာ အဟန့်အတားတွေ ကြုံနေရတာပါ။ ဒီနှစ်ဆန်းပိုင်းမှာတုန်းကလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတဲ့နမူနာတွေကို ယူလာတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကားကို ပစ်ခတ်ခံခဲ့ရတဲ့အတွက် ယာဉ်မောင်းဖြစ်သူလည်း သေဆုံးခဲ့ရပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG