သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻတ၀န္း ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ျမင့္တက္


တရုတ္ႏိုင္ငံ Beijing ျမိဳ႕က မီးရထားဘူတာတခုမွာ ပိုးသတ္ေဆးဖ်န္းေနၾကတဲ့ ၀န္ထမ္းတခ်ိဳ႕။ (ဇြန္ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကမာၻတ၀န္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ တရက္တည္း စံခ်ိန္တင္ ျမင့္တက္မႈနဲ႔ ႀကံဳေနရခ်ိန္မွာပဲ အိႏၵိယႏုိင္ငံ ေက်းလက္ေဒသေတြမွာ ကူးစက္မႈႏႈန္းလည္း သိသိသာသာ တုိးလာေနတာ ေတြ႔ရပါတယ္။

အေမရိကန္ ျပည္ေထာင္စု Johns Hopkins တကၠသိုလ္ရဲ႕ စာရင္းေတြအရ ကမာၻတ၀န္း ေသဆုံးသူ ၄၆၈,၀၀၀ ေက်ာ္နဲ႔ ကူးစက္မႈေပါင္း ၉,၀၀၀,၀၀၀ နီးပါးရွိေနတာပါ။

သြားလာလႈပ္ရွားမႈ ကန္႔သတ္ထားတာေတြကုိ ေျဖေလ်ာ့ေပးၿပီးတဲ့ေနာက္ မၾကာေသးခင္ သီတင္းပတ္ေတြမွာ အစိုးရက ျပည္တြင္း ေ႐ႊ႕ေျပာင္းလုပ္သားေတြ ဇာတိေက်း႐ြာကို ျပန္ႏိုင္ဖို႔ အထူးရထားေတြ စီစဥ္ေပးခဲ့တဲ့ အိႏၵိယႏိုင္ငံမွာေတာ့ တနလၤာေန႔က တစ္ရက္တည္း ကူးစက္မႈ ၁၅,၀၀၀ နီးပါးရွိခဲ့ပါတယ္။

အခုဆုိရင္ ေသဆုံးသူ ၁၃,၀၀၀ အပါအ၀င္ ကူးစက္သူ ၄၂၅,၀၀၀ ေက်ာ္ ရွိေနေၾကာင္းလည္း အိႏၵိယ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ကူးစက္မႈေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းကေတာ့

အေမရိကန္မွာေတာ့ျပည္နယ္တခ်ိဳ႕မွာ ေရာဂါကူးစက္ျဖစ္ပြားမႈေတြ ေလ်ာ့က်ေနခ်ိန္မွာပဲ ေတာင္ပိုင္း၊ အေနာက္ပိုင္းနဲ႔ အေနာက္ အလယ္ပိုင္း ျပည္နယ္ေတြမွာ ကူးစက္မႈေတြ ျမင့္တက္ေနပါတယ္။

ေသဆုံးသူ ၁၂၀,၀၀၀ ေလာက္ရွိေနၿပီး ေသာၾကာနဲ႔ စေနေန႔ေတြမွာ ကူးစက္မႈ အသစ္ ၃၀,၀၀၀ ေက်ာ္အသီးသီး ရွိခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံအတြင္း အခုလို ကူးစက္မႈ ျမင့္တက္တာဟာ ဒုတိယလႈိင္း အဆင့္ေရာက္ရွိသြားတာမ်ိဳး မဟုတ္ဘဲ ပထမအဆင့္မွာပဲ ရွိေနေသးတယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံမွာေတာ့ ကူးစက္မႈ စုစုေပါင္း ၃၀,၀၀၀ ေက်ာ္၊ ေသဆုံးသူ ၁,၁၀၀ ေက်ာ္နဲ႔ အေရွ႕ေတာင္အာရွမွာ အမ်ားဆုံးျဖစ္ပါတယ္။ ေတာင္ကိုရီးယားမွာေတာ့ မေန႔က အသစ္ကူးစက္သူ ၁၇ ေယာက္ရွိတဲ့အတြက္ တလအတြင္းမွာ တရက္တာ ကူးစက္မႈ ၂၀ ေအာက္ေရာက္ခဲ့တာပါ။

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကေတာ့ တနဂၤေႏြေန႔မွာ ကမာၻတစ္ဝွမ္းကူးစက္မႈေပါင္း ၁၈၀,၀၀၀ ေက်ာ္ရွိလို႔ တစ္ရက္တည္း ကူးစက္မႈ အမ်ားဆုံးလို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တရက်တည်း စံချိန်တင် မြင့်တက်မှုနဲ့ ကြုံနေရချိန်မှာပဲ အိန္ဒိယနိုင်ငံ ကျေးလက်ဒေသတွေမှာ ကူးစက်မှုနှုန်းလည်း သိသိသာသာ တိုးလာနေတာ တွေ့ရပါတယ်။

အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းတွေအရ ကမ္ဘာတဝန်း သေဆုံးသူ ၄၆၈,၀၀၀ ကျော်နဲ့ ကူးစက်မှုပေါင်း ၉,၀၀၀,၀၀၀ နီးပါးရှိနေတာပါ။

သွားလာလှုပ်ရှားမှု ကန့်သတ်ထားတာတွေကို ဖြေလျော့ပေးပြီးတဲ့နောက် မကြာသေးခင် သီတင်းပတ်တွေမှာ အစိုးရက ပြည်တွင်း ရွှေ့ပြောင်းလုပ်သားတွေ ဇာတိကျေးရွာကို ပြန်နိုင်ဖို့ အထူးရထားတွေ စီစဉ်ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံမှာတော့ တနင်္လာနေ့က တစ်ရက်တည်း ကူးစက်မှု ၁၅,၀၀၀ နီးပါးရှိခဲ့ပါတယ်။

အခုဆိုရင် သေဆုံးသူ ၁၃,၀၀၀ အပါအဝင် ကူးစက်သူ ၄၂၅,၀၀၀ ကျော် ရှိနေကြောင်းလည်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ကူးစက်မှုတွေရဲ့ ၉၀ ရာခိုင်နှုန်းကတော့

အမေရိကန်မှာတော့ပြည်နယ်တချို့မှာ ရောဂါကူးစက်ဖြစ်ပွားမှုတွေ လျော့ကျနေချိန်မှာပဲ တောင်ပိုင်း၊ အနောက်ပိုင်းနဲ့ အနောက် အလယ်ပိုင်း ပြည်နယ်တွေမှာ ကူးစက်မှုတွေ မြင့်တက်နေပါတယ်။

သေဆုံးသူ ၁၂၀,၀၀၀ လောက်ရှိနေပြီး သောကြာနဲ့ စနေနေ့တွေမှာ ကူးစက်မှု အသစ် ၃၀,၀၀၀ ကျော်အသီးသီး ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံအတွင်း အခုလို ကူးစက်မှု မြင့်တက်တာဟာ ဒုတိယလှိုင်း အဆင့်ရောက်ရှိသွားတာမျိုး မဟုတ်ဘဲ ပထမအဆင့်မှာပဲ ရှိနေသေးတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာတော့ ကူးစက်မှု စုစုပေါင်း ၃၀,၀၀၀ ကျော်၊ သေဆုံးသူ ၁,၁၀၀ ကျော်နဲ့ အရှေ့တောင်အာရှမှာ အများဆုံးဖြစ်ပါတယ်။ တောင်ကိုရီးယားမှာတော့ မနေ့က အသစ်ကူးစက်သူ ၁၇ ယောက်ရှိတဲ့အတွက် တလအတွင်းမှာ တရက်တာ ကူးစက်မှု ၂၀ အောက်ရောက်ခဲ့တာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ တနင်္ဂနွေနေ့မှာ ကမ္ဘာတစ်ဝှမ်းကူးစက်မှုပေါင်း ၁၈၀,၀၀၀ ကျော်ရှိလို့ တစ်ရက်တည်း ကူးစက်မှု အများဆုံးလို့ ပြောပါတယ်။

XS
SM
MD
LG