(Zawgyi / Unicode)
ကမာၻနဲ႔အဝန္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈေတြ ျဖစ္ပြားေနတာ ၆ လေက်ာ္လာတဲ့ ခုလိုအခ်ိန္ထိ ဗီယက္နမ္ႏုိင္ငံမွာ COVID-19 ေၾကာင့္ ေသဆုံးသူ တဦးမွ မရွိေသးသလို ေနာက္ဆုံး ၂ လေက်ာ္တာ ကာလအတြင္းမွာလည္း ျပည္တြင္းမွာ ကူးစက္မႈ လုံးဝမရွိပါဘူး။
တ႐ုတ္ႏုိင္ငံနဲ႔ နယ္နိမိတ္ ထိစပ္ေနၿပီး လူဦးေရ သန္း ၁၀၀ နီးပါးရွိတဲ့ ဗီယက္နမ္ဟာ တပါတီစနစ္နဲ႔ အုပ္ခ်ဳပ္တဲ့ႏိုင္ငံ ျဖစ္ပါတယ္။
အရင္းအျမစ္နည္းပါးတဲ့ ဗီယက္နမ္လိုႏုိင္ငံမွာ COVID-19 ေၾကာင့္ ေသဆုံးသူ တဦးမွ မရွိတာက ေဝဖန္သူေတြအၾကား အျငင္းပြားစရာ ျဖစ္ေနတာပါ။
ဗီယက္နမ္ႏိုင္ငံတြင္း ေရာဂါကူးစက္မႈ ကိန္းဂဏန္းေတြနဲ႔ ပတ္သက္လို႔ အျပင္လူေတြအေနနဲ႔ အတည္ျပဳဖို႔ ခက္ခဲေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္အေရးနဲ႔ ပတ္သက္လို႔ အစပိုင္းမွာ ဗီယက္နမ္က စိုးရိမ္တႀကီး အျပင္းထန္ ကိုင္တြယ္ခဲ့တာေၾကာင့္ ဒီကပ္ေဘးကို ထိန္းခ်ဳပ္ထားႏိုင္တယ္လို႔ က်န္းမာေရး ပညာရွင္ေတြက သုံးသပ္ပါတယ္။
ေဆး႐ုံေတြနဲ႔ ေစာင့္ၾကည့္စင္တာေတြနဲ႔ ပတ္သက္လို႔လည္း အစိုးရက သတိႀကီးႀကီးထားၿပီး ကိုင္တြယ္ခဲ့တာပါ။
မတ္လေႏွာင္းပိုင္းတုန္းက Ho Chi Minh ၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရး ေခါင္းေဆာင္ပိုင္းေတြ ေဆြးေႏြးပြဲလုပ္တုန္းက ႏိုင္ငံတြင္း က်န္းမာေရးစနစ္ အားနည္းတဲ့အတြက္ ကူးစက္သူ ၁,၀၀၀ အထက္ အေရာက္မခံဘူးလို႔ ေျပာဆိုခဲ့သလို စားေသာက္ဆိုင္ေတြ၊ ကား၊ ရထား စတဲ့ အမ်ားျပည္သူသုံး ေနရာေတြမွာ ပိုးသတ္ေဆးဖ်န္းတာ၊ လူေတြ ႏွာေခါင္းစည္းတပ္ေရး ၾကပ္ၾကပ္မတ္မတ္ ကိုင္တြယ္ခဲ့ပါတယ္။ အခုထိ ဗီယက္နမ္မွာ ေရာဂါပိုးကူးစက္သူ ၃၄၉ ေယာက္နဲ႔ ေသဆုံးသူ တေယာက္မွမရွိပါဘူး။
------------------------------
(Unicode)
ဗီယက်နမ်မှာ COVID ကြောင့် သေဆုံးသူမရှိ ဆိုတဲ့အပေါ် ဆန်းစစ်သူတချို့ သံသယရှိ
ကမ္ဘာနဲ့အဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်ပွားနေတာ ၆ လကျော်လာတဲ့ ခုလိုအချိန်ထိ ဗီယက်နမ်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ တဦးမှ မရှိသေးသလို နောက်ဆုံး ၂ လကျော်တာ ကာလအတွင်းမှာလည်း ပြည်တွင်းမှာ ကူးစက်မှု လုံးဝမရှိပါဘူး။
တရုတ်နိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေပြီး လူဦးရေ သန်း ၁၀၀ နီးပါးရှိတဲ့ ဗီယက်နမ်ဟာ တပါတီစနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။
အရင်းအမြစ်နည်းပါးတဲ့ ဗီယက်နမ်လိုနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ တဦးမှ မရှိတာက ဝေဖန်သူတွေအကြား အငြင်းပွားစရာ ဖြစ်နေတာပါ။
ဗီယက်နမ်နိုင်ငံတွင်း ရောဂါကူးစက်မှု ကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့ အပြင်လူတွေအနေနဲ့ အတည်ပြုဖို့ ခက်ခဲပေမယ့် ကိုရိုနာဗိုင်းရပ်စ်အရေးနဲ့ ပတ်သက်လို့ အစပိုင်းမှာ ဗီယက်နမ်က စိုးရိမ်တကြီး အပြင်းထန် ကိုင်တွယ်ခဲ့တာကြောင့် ဒီကပ်ဘေးကို ထိန်းချုပ်ထားနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သုံးသပ်ပါတယ်။
ဆေးရုံတွေနဲ့ စောင့်ကြည့်စင်တာတွေနဲ့ ပတ်သက်လို့လည်း အစိုးရက သတိကြီးကြီးထားပြီး ကိုင်တွယ်ခဲ့တာပါ။
မတ်လနှောင်းပိုင်းတုန်းက Ho Chi Minh မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးခေါင်းဆောင်ပိုင်းတွေ ဆွေးနွေးပွဲလုပ်တုန်းက နိုင်ငံတွင်း ကျန်းမာရေးစနစ် အားနည်းတဲ့အတွက် ကူးစက်သူ ၁,၀၀၀ အထက် အရောက်မခံဘူးလို့ ပြောဆိုခဲ့သလို စားသောက်ဆိုင်တွေ၊ ကား၊ ရထား စတဲ့ အများပြည်သူသုံး နေရာတွေမှာ ပိုးသတ်ဆေးဖျန်းတာ၊ လူတွေ နှာခေါင်းစည်းတပ်ရေး ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ခဲ့ပါတယ်။ အခုထိ ဗီယက်နမ်မှာ ရောဂါပိုးကူးစက်သူ ၃၄၉ ယောက်နဲ့ သေဆုံးသူ တယောက်မှမရှိပါဘူး။