သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗီယက္နမ္မွာ COVID-19 ဆိုင္ရာ ကန္႔သတ္ခ်က္ေတြ ေလ်ွာ့ခ်ဖို႔ျပင္ဆင္


ဆိုင္ကယ္ေတြနဲ႔ သြားလာေနသူတခ်ိဳ႕ကို ဗီယက္နမ္ႏိုင္ငံ Hanoi ၿမိဳ႕ရွိ လမ္းဆံုတေနရာတြင္ ေတြ႔ရ (ဧၿပီ ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

ဗီယက္နမ္ႏုိင္ငံမွာ ရက္အေတာ္ၾကာ ကိုရိုနာဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္မႈေတြ မရွိခဲ့တာေၾကာင့္ ကန္႔သတ္ခ်က္ေတြကို ျပန္ေလ ွ်ာ့သြားဖို႔ ျပင္ဆင္ေနပါတယ္။ ဗီယက္နမ္ႏုိင္ငံဟာ COVID-19 ကပ္ေရာဂါႀကီး စတင္ကူးစက္ပ်ံ႕ႏွံ႔ခဲ့ခ်ိန္ကစၿပီး နယ္စပ္ေတြကို ပိတ္ၿပီး ေရာဂါကူးစက္သူေတြကို အလွ်င္အျမန္ ရွာေဖြေဖာ္ထုတ္ၿပီး ထိန္းခ်ဳပ္ခဲ့တာပါ။

ဗီယက္နမ္ ၀န္ႀကီးခ်ဳပ္ Nguyen Xuan Phuc
ဗီယက္နမ္ ၀န္ႀကီးခ်ဳပ္ Nguyen Xuan Phuc

လူေတြရဲ႕ ေန႔စဥ္ပုံမွန္လူမႈဘ၀ေတြ ျပန္ရေအာင္ ဗီယက္နမ္ႏုိင္ငံအေနနဲ႔ ျဖည္းျဖည္းခ်င္းျပန္ဖြင့္သြားမယ္လို႔ ၀န္ႀကီးခ်ဳပ္ Nguyen Xuan Phuc က ေျပာပါတယ္။

ဗီယက္နမ္အစိုးရက ျပည္နယ္တခုကေနတခု ခရီးသြားခြင့္ပိတ္ထားတာကို ျပန္႐ုပ္သိမ္းလိုက္ၿပီး ျပည္တြင္းေလေၾကာင္း ခရီးစဥ္ေတြ ထပ္တုိးဖို႔ကိုလည္း ခြင့္ျပဳလိုက္ပါတယ္။ ေက်ာင္းေတြကို ၃ လၾကာ ပိတ္ထားၿပီးတဲ့ေနာက္ ျပည္နယ္အေတာ္မ်ားမ်ားမွာ ျပန္ဖြင့္လိုက္ပါၿပီ။

ဗီယက္နမ္မွာ COVID-19 ေၾကာင့္ေသဆုံးတယ္လုိ႔ ထုတ္ျပန္ေၾကညာထားတာ တဦးမွ မရွိပါဘူး။

စင္ကာပူႏုိင္ငံမွာေတာ့ ဒီကေန႔မွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ ေနာက္ထပ္ ၁,၀၃၇ ေယာက္ကို ေတြ႔ခဲ့တာေၾကာင့္ အခုဆုိရင္ ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူ ၁၁,၀၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး ေသဆုံးသူ ၁၂ ေယာက္ရွိပါတယ္။ အေဆာင္ေတြမွာ စုၿပီးေနေနၾကတဲ့ ႏုိင္ငံျခားက အလုပ္လာလုပ္တဲ့သူေတြကို ဗုိင္းရပ္ပိုးရွိ၊ မရွိ၊ အျပင္းအထန္စစ္ေဆးခဲ့တာေၾကာင့္၊ တနလၤာေန႔ကစၿပီး ဗုိင္းရပ္စ္ကူးစက္ခံရတဲ့သူဟာ ေန႔စဥ္ ၁,၀၀၀ ေက်ာ္ရွိလာေနတာပါ။ အခုလို ေရာဂါကူးစက္ခံရသူေတြ ထပ္တုိးလာတာေၾကာင့္ စင္ကာပူမွာ မလိုအပ္ရင္ အျပင္မထြက္ၾကဖို႔ တားျမစ္ထားတာကို ဇြန္လ ၁ ရက္ေန႔အထိ ထပ္တုိးလိုက္ပါတယ္။

အင္ဒိုနီးရွားႏုိင္ငံၿမိဳ႕ေတာ္ ဂ်ကာတာမွာေတာ့ လူေတြတစ္ေယာက္နဲ႔ တေယာက္ ခပ္ခြာခြာေနၾကဖို႔အမိန္႔ကို ထပ္တုိးလိုက္ပါတယ္။ အဲဒီအမိန္႔ဟာ ဒီကေန႔မွာ ကုန္ဆုံးမွာျဖစ္ေပမဲ့ ေမလ ၂၂ ရက္ေန႔အထိ တုိးလိုက္တယ္လို႔ ဂ်ကာတာအုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

မြတ္စလင္ေတြရဲ႕ ဥပုသ္ရာသီ မနက္ျဖန္ေသာၾကာေန႔မွာ စတင္ေတာ့မွာျဖစ္တဲ့အတြက္ ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈေတြ မျဖစ္ရေအာင္ လူေတြကို ဗလီမသြားၾကဖို႔ကိုလည္း သူကတုိက္တြန္းလိုက္ပါတယ္။ လူေတြၾကားမွာ အထိတ္တလန္႔မျဖစ္ရေအာင္ ႏုိင္ငံမွာျဖစ္ေနတဲ့ ဗုိင္းရပ္စ္ကူးစက္မႈသတင္းကို မထုတ္ျပန္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ အင္ဒိုနီးရွားသမၼတဂ်ိဳကို၀ီဒီုိဒိုက ၿပီးခဲ့တဲ့လက ေျပာခဲ့ပါတယ္။

မေလးရွားႏုိင္ငံမွာလည္း ဗုိင္းရပ္စ္ကူးစက္မႈေတြမျဖစ္ေအာင္ ဗလီေတြကို ပိတ္ထားၿပီး လူေတြကိုလည္း အိမ္ကေန ၀တ္ျပဳဆုေတာင္းဖို႔ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဗီယက်နမ်မှာ COVID-19 ဆိုင်ရာ ကန့်သတ်ချက်တွေ လျှော့ချဖို့ပြင်ဆင်

ဗီယက်နမ်နိုင်ငံမှာ ရက်အတော်ကြာ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်မှုတွေ မရှိခဲ့တာကြောင့် ကန့်သတ်ချက်တွေကို ပြန်လေ ျှာ့သွားဖို့ ပြင်ဆင်နေပါတယ်။ ဗီယက်နမ်နိုင်ငံဟာ COVID-19 ကပ်ရောဂါကြီး စတင်ကူးစက်ပျံ့နှံ့ခဲ့ချိန်ကစပြီး နယ်စပ်တွေကို ပိတ်ပြီး ရောဂါကူးစက်သူတွေကို အလျှင်အမြန် ရှာဖွေဖော်ထုတ်ပြီး ထိန်းချုပ်ခဲ့တာပါ။

လူတွေရဲ့ နေ့စဉ်ပုံမှန်လူမှုဘဝတွေ ပြန်ရအောင် ဗီယက်နမ်နိုင်ငံအနေနဲ့ ဖြည်းဖြည်းချင်းပြန်ဖွင့်သွားမယ်လို့ ဝန်ကြီးချုပ် Nguyen Xuan Phuc က ပြောပါတယ်။

ဗီယက်နမ်အစိုးရက ပြည်နယ်တခုကနေတခု ခရီးသွားခွင့်ပိတ်ထားတာကို ပြန်ရုပ်သိမ်းလိုက်ပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်တွေ ထပ်တိုးဖို့ကိုလည်း ခွင့်ပြုလိုက်ပါတယ်။ ကျောင်းတွေကို ၃ လကြာ ပိတ်ထားပြီးတဲ့နောက် ပြည်နယ်အတော်များများမှာ ပြန်ဖွင့်လိုက်ပါပြီ။

ဗီယက်နမ်မှာ COVID-19 ကြောင့်သေဆုံးတယ်လို့ ထုတ်ပြန်ကြေညာထားတာ တဦးမှ မရှိပါဘူး။

စင်ကာပူနိုင်ငံမှာတော့ ဒီကနေ့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၁,၀၃၇ ယောက်ကို တွေ့ခဲ့တာကြောင့် အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁,၀၀၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးသူ ၁၂ ယောက်ရှိပါတယ်။ အဆောင်တွေမှာ စုပြီးနေနေကြတဲ့ နိုင်ငံခြားက အလုပ်လာလုပ်တဲ့သူတွေကို ဗိုင်းရပ်ပိုးရှိ၊ မရှိ၊ အပြင်းအထန်စစ်ဆေးခဲ့တာကြောင့်၊ တနင်္လာနေ့ကစပြီး ဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူဟာ နေ့စဉ် ၁,၀၀၀ ကျော်ရှိလာနေတာပါ။ အခုလို ရောဂါကူးစက်ခံရသူတွေ ထပ်တိုးလာတာကြောင့် စင်ကာပူမှာ မလိုအပ်ရင် အပြင်မထွက်ကြဖို့ တားမြစ်ထားတာကို ဇွန်လ ၁ ရက်နေ့အထိ ထပ်တိုးလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာမှာတော့ လူတွေတစ်ယောက်နဲ့ တယောက် ခပ်ခွာခွာနေကြဖို့အမိန့်ကို ထပ်တိုးလိုက်ပါတယ်။ အဲဒီအမိန့်ဟာ ဒီကနေ့မှာ ကုန်ဆုံးမှာဖြစ်ပေမဲ့ မေလ ၂၂ ရက်နေ့အထိ တိုးလိုက်တယ်လို့ ဂျကာတာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မွတ်စလင်တွေရဲ့ ဥပုသ်ရာသီ မနက်ဖြန်သောကြာနေ့မှာ စတင်တော့မှာဖြစ်တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မဖြစ်ရအောင် လူတွေကို ဗလီမသွားကြဖို့ကိုလည်း သူကတိုက်တွန်းလိုက်ပါတယ်။ လူတွေကြားမှာ အထိတ်တလန့်မဖြစ်ရအောင် နိုင်ငံမှာဖြစ်နေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုသတင်းကို မထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒီုဒိုက ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေမဖြစ်အောင် ဗလီတွေကို ပိတ်ထားပြီး လူတွေကိုလည်း အိမ်ကနေ ဝတ်ပြုဆုတောင်းဖို့ ပြောထားပါတယ်။

XS
SM
MD
LG