သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ ကန္႔သတ္ခ်က္ေတြ ျပန္ရုပ္သိမ္းေပးဖုိ႔ ကန္ ျပည္နယ္တခ်ဳိ႕မွာ ဆႏၵျပေတာင္းဆုိ


ကိုလိုရာဒိုျပည္နယ္မွာ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ ကပ္ေဘး ေၾကာင့္ ကန္႕သတ္ပိတ္ပင္မႈေတြ ရုပ္သိမ္းဖို႔ ဆႏၵျပသူေတြကို က်န္းမာေရး၀န္ထမ္းေတြက လမ္းေပၚထြက္ၿပီး ဆႏၵျပသူေတြရဲ႕ ကားတန္းေတြေရွ႕မွာ ပိတ္ၿပီး ကန္႔ကြက္ခဲ့

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ အဆိုးရြားဆံုးကူးစက္ခံရတဲ့ အေမရိကန္ျပည္ေထာင္စုက ျပည္နယ္တခ်ဳိ႕မွာ ကန္႔သတ္ထားတဲ့ စီးပြားေရးလုပ္ငန္းေတြ နဲ႔ အသြားအလာေတြကို ျပန္ဖြင့္ေပးဖို႔ လြန္ခဲ့တဲ့ ရက္ပိုင္းေတြက ေတာင္းဆိုဆႏၵျပပဲြေတြအေပၚ ျမန္မာ အေမရိကန္ေတြရဲ႕ အျမင္ေတြဘယ္လိုရွိသလဲ။

မအင္ၾကင္းႏိုင္က စုစည္းတင္ျပထားပါတယ္။

အေမရိကန္တ၀ွမ္း ျပည္နယ္ေပါင္း ၁၂ ျပည္နယ္ေက်ာ္က ၿမိဳ႕ႀကီးေတြမွာ လြန္ခဲ့တဲ့ ရက္အနည္းငယ္ အတြင္း လူေတြ လမ္းေပၚထြက္၊ ကားဟြန္းေတြ တီး၊ လမ္းေတြ ပိတ္ၿပီးဆႏၵျပခဲ့ၾကပါတယ္။ COVID-19 ေရာဂါကူးစက္မႈကာကြယ္ ထိန္းခ်ဳပ္ဖို႔ ယာယီပိတ္ထားတဲ့ ပန္းၿခံေတြ၊ အပန္းေျဖ ကမ္းေျခေတြနဲ႔ အေသးစားလုပ္ငန္းတခ်ဳိ႕ ျပန္ဖြင့္ေပးဖို႔ သူတို႔က ေတာင္းဆိုဆႏၵျပခဲ့ၾကပါတယ္။

ဆႏၵျပတဲ့ၿမိဳ႕ေတြထဲမွာ ပါ၀င္တဲ့ နယူးေရာက္ျပည္နယ္ Buffalo ၿမိဳ႕မွာ ေနထုိင္သူ အေသးစားလုပ္ငန္းရွင္ ဦးမင္းႏိုင္ကေတာ့ ကိုယ့္ဆႏၵအေပၚမူတည္ၿပီး ေတာင္းဆိုတဲ့ လႈပ္ရွားမႈေတြဟာ အစြန္းေရာက္တယ္လို႔ ျမင္ေၾကာင္း ဗီြအိုေအကို အခုလိုေျပာပါတယ္။

"သူတို႔ေတြရဲ႕ ဆႏၵေတြကို ေရွ႕တန္းတင္ၿပီး လုပ္ေပမယ့္ တကယ့္ လက္ေတြ႕အေျခအေနမွာ က်ေနာ္တို႔ ေနတဲ့ နယူးေရာက္ျပည္နယ္ ဘက္ေတြမွာ အေျခအေနက ဆိုးရြားဆဲလို႔ ေျပာလို႔ရတယ္။ ေန႕စဥ္ ကူးစက္ခံရသူ အေရအတြက္ သိသိသာသာေလ်ာ့နည္းသြားတာမရွိဘူး။ အရမ္းကို စိုးရိမ္ရတဲ့ အဆင့္မွာပဲ ရွိေနေသးတဲ့အတြက္ေၾကာင့္ ဆက္ၿပီးေတာ့ သည္းခံၾကမယ္၊ ေစာင့္ဆိုင္းၾကမယ္ဆိုရင္ ဒီထက္ အေျခအေနေကာင္းတဲ့ ေျပာင္းလဲသြားတာမ်ဳိးေတြ ႀကံဳရမယ္။ ဒီဟာေတြကလည္း အားလံုးနဲ႔ သက္ဆိုင္တာေတြ ျဖစ္ေတာ့ အခုလို တဦးခ်င္းဆႏၵေတြနဲ႔ စုေပါင္းၿပီးေတာ့ ဆႏၵတူတဲ့သူေတြစုၿပီး lock down လုပ္ထားတဲ့ကိစၥ လက္မခံႏိုင္ဘူး၊ ႏွာေခါင္းစည္းေတြ မတပ္ႏိုင္ဘူးဆိုတာကို အစြန္းေရာက္တယ္ လို႔ ျမင္တယ္။"

ေရာဂါကူးစက္မႈ အဆိုးရြားဆံုးခံခဲ့ရတဲ့ နယူးေရာက္၊ နယူးဂ်ာစီ၊ လူ၀ီစီယားနား စတဲ့ ျပည္နယ္ေတြေလာက္ မဆိုးတဲ့ Texas ျပည္နယ္မွာလည္း လူ တရာေက်ာ္ စုေ၀းဆႏၵျပခဲ့ၾကရာမွာ ကိုရိုနာဗိုင္းရပ္စ္ကို မေၾကာက္တဲ့အေၾကာင္း၊ က်န္းမာေရးေကာင္းမြန္သူေတြျဖစ္ေၾကာင္း၊ ႏွာေခါင္းစည္းမလိုေၾကာင္း၊ လူေတြ တဦးနဲ႕တဦး အနီးကပ္မေနဖို႔ ဆိုတာကို လက္မခံေၾကာင္း နဲ႕ စီးပြားေရးလုပ္န္းေတြကို အျမန္ဆံုးျပန္ဖြင့္ဖို႔ လိုအပ္ေၾကာင္း ဆႏၵျပသူတခ်ဳိ႕က ေျပာဆိုခဲ့ၾကပါတယ္။

Texas ျပည္နယ္ Dallas ၿမိဳ႕မွာေနထိုင္တဲ့ ကခ်င္တိုင္းရင္းသူ Seng Raw Tsumhpawng ကေတာ့ ဆႏၵျပပဲြေတြကိုၾကည့္ၿပီး ဗိုင္းရပ္စ္ကူးစက္မႈအႏၱရာယ္ ဘယ္ေလာက္ႀကီးသလဲဆိုတာ က်န္းမာေရးပညာေပးဖို႔ ျပည္နယ္အစိုးရဘက္က လိုအပ္ေနတာကို ျပသေနတယ္လို႔ ဆိုပါတယ္။

" စီးပြားေရးလုပ္ငန္းေတြကေတာ့ ဆံုးရွဳံးေနတယ္။ နားလည္ပါတယ္။ ဒါေပမဲ့ တဖက္မွာက က်န္းမာေရးဘက္က ျပန္ၾကည့္မယ္ဆိုရင္ေတာ့ စီးပြားေရးက အခုခ်ိန္မွာ ၅၀% ရွဳံးေနတယ္။ ဒီဘက္မွာ ေကာင္းေကာင္းမထိန္းခ်ဳပ္ႏိုင္ပဲ၊ ပံုမွန္အတိုင္း ျပန္သြားရင္ ေနာက္ထပ္ ၅၀% ထပ္ရွဳံးမယ္။ အဲေတာ့ အားလံုး အတြက္ ၁၀၀% ရွဳံးၿပီး ဒုကၡေရာက္မယ့္ကိစၥအတြက္ က်န္းမာေရးဘက္က အႀကံျပဳလမ္းညြန္ခ်က္ေတြကို လိုက္နာသင့္တယ္လို႔ ျမင္တယ္။ ဒီအတြက္လည္း အစိုးရ က်န္းမာေရးဌာနေတြဘက္က ပညာေပးဖို႔ လိုအပ္ေနတယ္။"

ျပည္နယ္ေပါင္း ၁၂ ျပည္နယ္ေက်ာ္မွာ ဆႏၵျပသမား အမ်ားစုကေတာ့ ျပည္နယ္အစိုးရေတြရဲ႕ အိမ္မွာေနဖို႔ ကန္႔သတ္ ညြန္ၾကားခ်က္ေတြဟာ ပိုလြန္းတယ္လို႔ ေျပာဆိုခဲ့ၾကပါတယ္။ ဗိုင္းရပ္စ္ကူးစက္မႈ အဆိုးဆံုးခံရတဲ့ နယူးေရာက္ၿမိဳ႕မွာ ဒီလို ကန္႔သတ္ခ်က္ေတြ ထုတ္ျပန္တာ ေနာက္က်ခဲ့တဲ့အတြက္ သူတုိ႔ၿမိဳ႕မွာ လူေပါင္း ၁၀,၀၀၀ ေသာင္းေက်ာ္ ေသဆံုးရတဲ့အေျခအေနကို ဒီဆႏၵျပသမားေတြကိုယ္တိုင္ လာၾကည့္ေစခ်င္ေၾကာင္း နယူးေရာက္ၿမိဳ႕က ကူးစက္အထူးကု ေဒါက္တာေဇယ်ာသက္က ဗီြအုိေအကို အခုလိုေျပာပါတယ္။

"Social Distancing နဲ႕ Lock down မလုပ္လိုက္တဲ့အတြက္ ေပးလိုက္ရတဲ့ ဆံုးရွဳံးမႈ ပမာဏကို ၾကည့္ခ်င္ရင္ နယူးေရာက္ကို တကယ္လာၾကည့္လိုက္ပါ။ ဒီေန႔ဒီအခ်ိန္ေတာ့ မဟုတ္ဘူးေပါ့။ လြန္ခဲ့တဲ့ သံုးပတ္က နယူးေရာက္ကို လာၾကည့္လိုက္လို႔ရွိရင္ တကယ္အျဖစ္မွန္ကို သိရမွာပါ။ အခုေဆးရံုေတြမွာ data ေတြ စၿပီးထြက္လာၿပီေပါ့ေနာ္။ ေသဆံုးတဲ့ႏႈန္းေပါ့။ ခန္႔မွန္းေျခအားျဖင့္ လြန္ခဲ့တဲ့သံုးပတ္အတြင္း လူ အေယာက္ ၁၀၀ ေဆးရံုတင္လို႔ရွိရင္ ေဆးရံုအမ်ားစုမွာ ေသဆံုးတဲ့ႏႈန္းက ၁၀ နဲ႕ ၁၅% ႏႈန္းၾကားရွိပါတယ္။ တခ်ဳိ႕ေဆးရံုေတြမွာ ၂၅% ထိရွိခဲ့ပါတယ္။ ေနာက္ထပ္ Social Distancing ႏွစ္ပတ္လုပ္ လိုက္လို႔ ကူးစက္မႈႏႈန္း တန္႔သြားမယ္ဆိုရင္ အသက္သာဆံုးနည္းလမ္းနဲ႔ ဒီေရာဂါကို ထိန္းခ်ဳပ္တဲ့နည္းလမ္းလို႔ပဲ က်ေနာ္ျမင္ပါတယ္။ သူတို႔အခုဆႏၵျပၾကတဲ့လူေတြ နယူးေရာက္မွာ တကယ္ နဖူးေတြ႕၊ ဒူးေတြ႕ လာေနၾကည့္လိုက္၊ သိလာပါလိမ့္မယ္။ သူတို႕ေတာင္ အိမ္ထဲကေန အိမ္ျပင္ထြက္ရဲမွာ မဟုတ္ပါဘူး။"

လူတဦးနဲ႔တဦး အကြာအေ၀းနဲ႔ေနဖို႔၊ အိမ္ျပင္မထြက္ဖို႔ ကန္႔သတ္ခ်က္ေတြကို နယူးေရာက္ၿမိဳ႕မွာ ေဖေဖၚ၀ါရီလကတည္းက စတင္ထုတ္ျပန္ခဲ့မယ္ဆိုရင္ အခုေလာက္ထိ အေျခအေနဆိုးဖို႔ မရွိေၾကာင္း ေဒါက္တာေဇယ်ာသက္ကဆိုပါတယ္။

ကိုလိုရာဒိုျပည္နယ္မွာေတာ့ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ ကပ္ေဘး ေၾကာင့္ ကန္႕သတ္ပိတ္ပင္မႈေတြ ရုပ္သိမ္းဖို႔ ဆႏၵျပသူေတြကို ျပန္ၿပီးကန္႔ကြက္တဲ့ ျဖစ္ရပ္ေတြ ရွိခဲ့ပါတယ္။ အဲဒီမွာ က်န္းမာေရး၀န္ထမ္းေတြက လမ္းေပၚထြက္ၿပီး ဆႏၵျပသူေတြရဲ႕ ကားတန္းေတြေရွ႕မွာ ပိတ္ၿပီး ကန္႔ကြက္ခဲ့ၾကပါတယ္။

တနလၤာေန႔က အေမရိကန္ျပည္ေထာင္စုမွာ ဆႏၵျပခဲ့ၾကတဲ့ ျပည္နယ္ ၁၂ ျပည္ေက်ာ္မွာ တခ်ဳိ႕က ေသနတ္ကိုင္ဆိုင္ခြင့္ဆိုင္ရာ လႈပ္ရွားေနတဲ့ အဖဲြ႕ေတြနဲ႕ ဆက္စပ္မႈေတြရွိၿပီး ဆႏၵျပပဲြကို ဦးေဆာင္စီစဥ္ခဲ့သူေတြလည္း ျဖစ္ပါတယ္။ ဒါအျပင္ COVID-19 ေရာဂါအတြက္ ကုထုံးဟာ ေရာဂါထက္ပိုမဆိုးႏိုင္ဘူးဆိုတဲ့သမၼတ ထရမ့္ရဲ႕ ေျပာဆိုခ်က္ကို ဆႏၵျပသူအမ်ားစုက သံေယာင္လိုက္ေျပာဆိုခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

..........

ကိုဗစ် ကန့်သတ်ချက်တွေ ပြန်ရုပ်သိမ်းပေးဖို့ ကန် ပြည်နယ်တချို့မှာ ဆန္ဒပြတောင်းဆို

(Unicode)

ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံးကူးစက်ခံရတဲ့ အမေရိကန်ပြည်ထောင်စုက ပြည်နယ်တချို့မှာ ကန့်သတ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ နဲ့ အသွားအလာတွေကို ပြန်ဖွင့်ပေးဖို့ လွန်ခဲ့တဲ့ ရက်ပိုင်းတွေက တောင်းဆိုဆန္ဒပြပွဲတွေအပေါ် မြန်မာ အမေရိကန်တွေရဲ့ အမြင်တွေဘယ်လိုရှိသလဲ။

မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

အမေရိကန်တဝှမ်း ပြည်နယ်ပေါင်း ၁၂ ပြည်နယ်ကျော်က မြို့ကြီးတွေမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း လူတွေ လမ်းပေါ်ထွက်၊ ကားဟွန်းတွေ တီး၊ လမ်းတွေ ပိတ်ပြီးဆန္ဒပြခဲ့ကြပါတယ်။ COVID-19 ရောဂါကူးစက်မှုကာကွယ် ထိန်းချုပ်ဖို့ ယာယီပိတ်ထားတဲ့ ပန်းခြံတွေ၊ အပန်းဖြေ ကမ်းခြေတွေနဲ့ အသေးစားလုပ်ငန်းတချို့ ပြန်ဖွင့်ပေးဖို့ သူတို့က တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြတဲ့မြို့တွေထဲမှာ ပါဝင်တဲ့ နယူးရောက်ပြည်နယ် Buffalo မြို့မှာ နေထိုင်သူ အသေးစားလုပ်ငန်းရှင် ဦးမင်းနိုင်ကတော့ ကိုယ့်ဆန္ဒအပေါ်မူတည်ပြီး တောင်းဆိုတဲ့ လှုပ်ရှားမှုတွေဟာ အစွန်းရောက်တယ်လို့ မြင်ကြောင်း ဗွီအိုအေကို အခုလိုပြောပါတယ်။

"သူတို့တွေရဲ့ ဆန္ဒတွေကို ရှေ့တန်းတင်ပြီး လုပ်ပေမယ့် တကယ့် လက်တွေ့အခြေအနေမှာ ကျနော်တို့ နေတဲ့ နယူးရောက်ပြည်နယ် ဘက်တွေမှာ အခြေအနေက ဆိုးရွားဆဲလို့ ပြောလို့ရတယ်။ နေ့စဉ် ကူးစက်ခံရသူ အရေအတွက် သိသိသာသာလျော့နည်းသွားတာမရှိဘူး။ အရမ်းကို စိုးရိမ်ရတဲ့ အဆင့်မှာပဲ ရှိနေသေးတဲ့အတွက်ကြောင့် ဆက်ပြီးတော့ သည်းခံကြမယ်၊ စောင့်ဆိုင်းကြမယ်ဆိုရင် ဒီထက် အခြေအနေကောင်းတဲ့ ပြောင်းလဲသွားတာမျိုးတွေ ကြုံရမယ်။ ဒီဟာတွေကလည်း အားလုံးနဲ့ သက်ဆိုင်တာတွေ ဖြစ်တော့ အခုလို တဦးချင်းဆန္ဒတွေနဲ့ စုပေါင်းပြီးတော့ ဆန္ဒတူတဲ့သူတွေစုပြီး lock down လုပ်ထားတဲ့ကိစ္စ လက်မခံနိုင်ဘူး၊ နှာခေါင်းစည်းတွေ မတပ်နိုင်ဘူးဆိုတာကို အစွန်းရောက်တယ် လို့ မြင်တယ်။"

ရောဂါကူးစက်မှု အဆိုးရွားဆုံးခံခဲ့ရတဲ့ နယူးရောက်၊ နယူးဂျာစီ၊ လူဝီစီယားနား စတဲ့ ပြည်နယ်တွေလောက် မဆိုးတဲ့ Texas ပြည်နယ်မှာလည်း လူ တရာကျော် စုဝေးဆန္ဒပြခဲ့ကြရာမှာ ကိုရိုနာဗိုင်းရပ်စ်ကို မကြောက်တဲ့အကြောင်း၊ ကျန်းမာရေးကောင်းမွန်သူတွေဖြစ်ကြောင်း၊ နှာခေါင်းစည်းမလိုကြောင်း၊ လူတွေ တဦးနဲ့တဦး အနီးကပ်မနေဖို့ ဆိုတာကို လက်မခံကြောင်း နဲ့ စီးပွားရေးလုပ်န်းတွေကို အမြန်ဆုံးပြန်ဖွင့်ဖို့ လိုအပ်ကြောင်း ဆန္ဒပြသူတချို့က ပြောဆိုခဲ့ကြပါတယ်။

Texas ပြည်နယ် Dallas မြို့မှာနေထိုင်တဲ့ ကချင်တိုင်းရင်းသူ Seng Raw Tsumhpawng ကတော့ ဆန္ဒပြပွဲတွေကိုကြည့်ပြီး ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ် ဘယ်လောက်ကြီးသလဲဆိုတာ ကျန်းမာရေးပညာပေးဖို့ ပြည်နယ်အစိုးရဘက်က လိုအပ်နေတာကို ပြသနေတယ်လို့ ဆိုပါတယ်။

" စီးပွားရေးလုပ်ငန်းတွေကတော့ ဆုံးရှုံးနေတယ်။ နားလည်ပါတယ်။ ဒါပေမဲ့ တဖက်မှာက ကျန်းမာရေးဘက်က ပြန်ကြည့်မယ်ဆိုရင်တော့ စီးပွားရေးက အခုချိန်မှာ ၅၀% ရှုံးနေတယ်။ ဒီဘက်မှာ ကောင်းကောင်းမထိန်းချုပ်နိုင်ပဲ၊ ပုံမှန်အတိုင်း ပြန်သွားရင် နောက်ထပ် ၅၀% ထပ်ရှုံးမယ်။ အဲတော့ အားလုံး အတွက် ၁၀၀% ရှုံးပြီး ဒုက္ခရောက်မယ့်ကိစ္စအတွက် ကျန်းမာရေးဘက်က အကြံပြုလမ်းညွန်ချက်တွေကို လိုက်နာသင့်တယ်လို့ မြင်တယ်။ ဒီအတွက်လည်း အစိုးရ ကျန်းမာရေးဌာနတွေဘက်က ပညာပေးဖို့ လိုအပ်နေတယ်။"

ပြည်နယ်ပေါင်း ၁၂ ပြည်နယ်ကျော်မှာ ဆန္ဒပြသမား အများစုကတော့ ပြည်နယ်အစိုးရတွေရဲ့ အိမ်မှာနေဖို့ ကန့်သတ် ညွန်ကြားချက်တွေဟာ ပိုလွန်းတယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု အဆိုးဆုံးခံရတဲ့ နယူးရောက်မြို့မှာ ဒီလို ကန့်သတ်ချက်တွေ ထုတ်ပြန်တာ နောက်ကျခဲ့တဲ့အတွက် သူတို့မြို့မှာ လူပေါင်း ၁၀,၀၀၀ သောင်းကျော် သေဆုံးရတဲ့အခြေအနေကို ဒီဆန္ဒပြသမားတွေကိုယ်တိုင် လာကြည့်စေချင်ကြောင်း နယူးရောက်မြို့က ကူးစက်အထူးကု ဒေါက်တာဇေယျာသက်က ဗွီအိုအေကို အခုလိုပြောပါတယ်။

"Social Distancing နဲ့ Lock down မလုပ်လိုက်တဲ့အတွက် ပေးလိုက်ရတဲ့ ဆုံးရှုံးမှု ပမာဏကို ကြည့်ချင်ရင် နယူးရောက်ကို တကယ်လာကြည့်လိုက်ပါ။ ဒီနေ့ဒီအချိန်တော့ မဟုတ်ဘူးပေါ့။ လွန်ခဲ့တဲ့ သုံးပတ်က နယူးရောက်ကို လာကြည့်လိုက်လို့ရှိရင် တကယ်အဖြစ်မှန်ကို သိရမှာပါ။ အခုဆေးရုံတွေမှာ data တွေ စပြီးထွက်လာပြီပေါ့နော်။ သေဆုံးတဲ့နှုန်းပေါ့။ ခန့်မှန်းခြေအားဖြင့် လွန်ခဲ့တဲ့သုံးပတ်အတွင်း လူ အယောက် ၁၀၀ ဆေးရုံတင်လို့ရှိရင် ဆေးရုံအများစုမှာ သေဆုံးတဲ့နှုန်းက ၁၀ နဲ့ ၁၅% နှုန်းကြားရှိပါတယ်။ တချို့ဆေးရုံတွေမှာ ၂၅% ထိရှိခဲ့ပါတယ်။ နောက်ထပ် Social Distancing နှစ်ပတ်လုပ် လိုက်လို့ ကူးစက်မှုနှုန်း တန့်သွားမယ်ဆိုရင် အသက်သာဆုံးနည်းလမ်းနဲ့ ဒီရောဂါကို ထိန်းချုပ်တဲ့နည်းလမ်းလို့ပဲ ကျနော်မြင်ပါတယ်။ သူတို့အခုဆန္ဒပြကြတဲ့လူတွေ နယူးရောက်မှာ တကယ် နဖူးတွေ့၊ ဒူးတွေ့ လာနေကြည့်လိုက်၊ သိလာပါလိမ့်မယ်။ သူတို့တောင် အိမ်ထဲကနေ အိမ်ပြင်ထွက်ရဲမှာ မဟုတ်ပါဘူး။"

လူတဦးနဲ့တဦး အကွာအဝေးနဲ့နေဖို့၊ အိမ်ပြင်မထွက်ဖို့ ကန့်သတ်ချက်တွေကို နယူးရောက်မြို့မှာ ဖေဖေါ်ဝါရီလကတည်းက စတင်ထုတ်ပြန်ခဲ့မယ်ဆိုရင် အခုလောက်ထိ အခြေအနေဆိုးဖို့ မရှိကြောင်း ဒေါက်တာဇေယျာသက်ကဆိုပါတယ်။

ကိုလိုရာဒိုပြည်နယ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကပ်ဘေး ကြောင့် ကန့်သတ်ပိတ်ပင်မှုတွေ ရုပ်သိမ်းဖို့ ဆန္ဒပြသူတွေကို ပြန်ပြီးကန့်ကွက်တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ အဲဒီမှာ ကျန်းမာရေးဝန်ထမ်းတွေက လမ်းပေါ်ထွက်ပြီး ဆန္ဒပြသူတွေရဲ့ ကားတန်းတွေရှေ့မှာ ပိတ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။

တနင်္လာနေ့က အမေရိကန်ပြည်ထောင်စုမှာ ဆန္ဒပြခဲ့ကြတဲ့ ပြည်နယ် ၁၂ ပြည်ကျော်မှာ တချို့က သေနတ်ကိုင်ဆိုင်ခွင့်ဆိုင်ရာ လှုပ်ရှားနေတဲ့ အဖွဲ့တွေနဲ့ ဆက်စပ်မှုတွေရှိပြီး ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်ခဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါအပြင် COVID-19 ရောဂါအတွက် ကုထုံးဟာ ရောဂါထက်ပိုမဆိုးနိုင်ဘူးဆိုတဲ့သမ္မတ ထရမ့်ရဲ့ ပြောဆိုချက်ကို ဆန္ဒပြသူအများစုက သံယောင်လိုက်ပြောဆိုခဲ့ကြပါတယ်။

XS
SM
MD
LG