သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေရာဂါႀကံဳေနရခ်ိန္ လုပ္ငန္းေတြ အလ်င္စလုိျပန္မစဖုိ႔ WHO သတိေပး


WHO ရဲ ႔ ပစိဖိတ္အေနာက္ပိုင္းေဒသ ညႊန္ၾကားေရးမွဴး Dr. Takeshi Kasai

(Zawgyi/Unicode)

ကို႐ိုနာဗုိင္းရပ္စ္ ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ အသြားအလာကန္႔သတ္မႈေတြကို ႏိုင္ငံေတြမွာ အလ်င္အျမန္ေျဖေလ်ာ့ေပးလိုက္မယ္ဆိုရင္ ပိုးကူးစက္မႈျပန္ၿပီး ျမင့္တက္လာႏုိင္တယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႔ WHO က အဂၤါေန႔မွာ သတိေပးလိုက္ပါတယ္။

ခုခ်ိန္ဟာ အသြားအလာကန္႔သတ္မႈေတြ ေျဖေလွ်ာ့ေပးရမယ့္အခ်ိန္မဟုတ္ဘဲ အနာဂတ္မွာ ဘယ္လိုေနထုိင္ၾကမလဲဆိုတဲ့ နည္းလမ္းသစ္နဲ႔ ေနတတ္ေအာင္အဆင္သင့္ျပင္ရမယ့္အခ်ိန္ျဖစ္တယ္လို႔ WHO ရဲ ႔ ပစိဖိတ္အေနာက္ပိုင္းေဒသ ညႊန္ၾကားေရးမွဴး Dr. Takeshi Kasai က အြန္လုိင္း သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိိုသြားတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၄ လတာ ကာလအတြင္း ကမၻာတ၀ွမ္း လူ႔အသက္ေပါင္းမ်ားစြာ ဆုံးရႈံးေနရတဲ့ ကို႐ိုနာကပ္ေရာဂါကို ကာကြယ္ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ခ်မွတ္ထားတဲ့ အသြားအလာကန္႔သတ္မႈေတြကို ေျဖေလွ်ာ့မယ့္နည္းလမ္းေတြကို သက္ဆုိင္ရာ အစိုးရေတြ စဥ္းစားေနၾကခ်ိန္မွာ WHO ကခုလို သတိေပးလိုက္တာလည္း ျဖစ္ပါတယ္။

အီတလီ၀န္ႀကီးခ်ဳပ္ Giuseppe Conte
အီတလီ၀န္ႀကီးခ်ဳပ္ Giuseppe Conte

အီတလီႏုိင္ငံမွာေတာ႔ ကၽႊမ္းက်င္သူေတြနဲ႔ တုိင္ပင္ၿပီးရင္ ကန္႔သတ္မႈေတြ တျဖည္းျဖည္းေျဖေလွ်ာ့ေပးမယ့္ အစီအစဥ္ကို ဒီသီတင္းပတ္ကုန္မွာ ေၾကျငာမယ္လို႔ အီတလီ၀န္ႀကီးခ်ဳပ္ Giuseppe Conte က ေဖ့ဘုတ္မွာ ေရးသားခဲ့ပါတယ္။

ၿဗိတိန္မွာလည္း ရက္ရွည္အားလပ္ရက္ကေန ျပန္ေရာက္လာၾကတဲ့ လႊတ္ေတာ္အမတ္ေတြ ဒီကေန႔ပဲ လႊတ္ေတာ္ အစည္းအေ၀းျပန္စဖို႔ ရွိၿပီး လူစုလူေ၀းေရွာင္ၿပီး လူစုခဲြေနရမယ့္ ညႊန္ၾကားခ်က္အရ ကုိယ္စားလွယ္ ၆၅၀ ရွိတဲ့ ေအာက္လႊတ္ေတာ္မွာ လူ ၅၀ နဲ႔သာ လုပ္ငန္းျပန္စၾကမွာ ျဖစ္ပါတယ္။ က်န္အမတ္ေတြကေတာ့ အြန္လိုင္းကေနပဲ ပါ၀င္ေဆြးေႏြးၾကမွာျဖစ္ပါတယ္။

အင္ဒိုနီးရွားအစိုးရကေတာ့ ဒီတပတ္မွာစတဲ့ မြတ္ဆလင္တို႔ရဲ ႔ ရာမဒန္ဥပုဒ္လအၿပီး အစဥ္အလာအတုိင္း ေနရပ္အလည္ျပန္မယ့္ လူေတြကို COVID-19 ေၾကာင့္ အိမ္ျပန္ခြင့္ကန္႔သတ္ထားပါတယ္။

ဒီလို ေနရပ္ျပန္တဲ့ခရီးစဥ္ေတြေၾကာင့္ ပိုးကူးစက္မႈျမင့္တက္လာႏိုင္ေၾကာင္း က်န္းမာေရးပညာရွင္ေတြက သတိေပးထားတာပါ။ အင္ဒိုနီးရွားမွာ ပိုးကူးခံထားရသူ ၆,၇၀၀ နဲ႔ ေသဆုံးသူက ၆၀၀ ၀န္းက်င္ရွိေနပါတယ္။

ကမၻာ့က်န္းမာေရးအဖြဲ႔ WHO က အသြားအလာကန္႔သတ္မႈေတြကုိ အလ်င္စလို ေလွ်ာ့ခ်တာမ်ဳိးေတြ မလုပ္မိဖို႔ သတိေပးေနခ်ိန္မွာ ျမန္မာႏုိင္ငံမွာေရာ ဘယ္လုိအေျခအေနရွိေနပါသလဲဆုိတာကုိ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က ေျပာျပေပးခ်င္ပါတယ္။

COVID-19 ကပ္ေရာဂါေၾကာင့္ ကမာၻတ၀ွမ္းႏုိင္ငံေတြမွာ အသြားအလာေတြ ကန္႔သတ္ထားၿပီး၊ လုပ္ငန္းေတြ ရပ္ဆုိင္းထားရတာေတြကုိ ေလွ်ာ့ေပါ့ေပးဖုိ႔ ျပင္ဆင္ေနခ်ိန္မွာပဲ အလ်င္စလုိ မလုပ္မိဖုိ႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ WHO က သတိေပးေနတာပါ။ အခုဆုိရင္ COVID-19 ကပ္ေရာဂါေၾကာင့္ လူ ၅ ဦး ေသဆုံးၿပီး ကူးစက္သူ ၁၀၀ ေက်ာ္ ရွိေနတဲ့ ျမန္မာႏုိင္ငံမွာလည္း လုပ္ငန္းေတြ ျပန္လည္ပတ္ဖုိ႔ ျပင္ဆင္ေနၾကပါၿပီ။ ဒါေပမဲ့လည္း အထူးဖ်ားနာေဆးကုသခန္းေတြမွာ ေစတနာ့ဝန္ထမ္းအျဖစ္ ေဆးကုသေပးေနတဲ့ ေဒါက္တာကိုကိုေထြး တုိ႔လုိ ျမန္မာေဆးပညာရွင္ေတြကေတာ့ ျမန္မာႏုိင္ငံမွာလည္း အလ်င္စလုိ မလုပ္မိဖုိ႔လုိတယ္လုိ႔ ျမင္ပါတယ္။

"က်ေနာ္အေနနဲ႔ကေတာ့ ျပည္သူေတြကို ဧၿပီလကုန္ ေမ ပထမသီတင္းပတ္ေလာက္အထိေပါ့ေလ ဆိုင္းငံ့အေနနဲ႔ ပိတ္ထားေစခ်င္ေသးတယ္။ မပိတ္ထားဘူးဆိုရင္ လူေတြ ေတာ္ေတာ္မ်ားမ်ား လမ္းမေတြေပၚ ျပန္ထြက္လာၾကမွာ။ အဲ့တာဆိုရင္ က်ေနာ္တုိ႔အေနနဲ႔ outbreak မျဖစ္လာေအာင္ တားဆီးႏိုင္ဖို႔ ေတာ္ေတာ္ေလး ခက္ခဲသြားမယ္။ ဒါေၾကာင့္ ေမလေလာက္အထိေတာ့ စက္ရံုအလုပ္ရံုေတြကို ပိတ္ထားေစေသးတယ္။ ေနအိမ္ေတြထဲမွာပဲ Still home ေနသင့္ေသးတယ္။ တကယ္လို႔ မျဖစ္မေန လမ္းေပၚေတြ ျပန္ထြက္လာမယ္ဆိုရင္လည္း Social Distancing ခပ္ခြာခြာအတတ္ႏိုင္ဆံုးေနသင့္တယ္ ဆိုတာမ်ိဳးကလည္း ပညာေပး ေတာ္ေတာ္ေလး လုပ္ရမယ္ အခုဟာက လူဦးေရ ေတာ္ေတာ္မ်ားတဲ့ေနရာေတြမွာ ေပါ့စတစ္ေတြ ေတြ႔ေနတာဆိုေတာ့ေလ။ အခုက စက္ရံုအလုပ္ရံုေတြ ျပန္ဖြင့္ေပးရင္လည္း ေတာ္ေတာ္ေတာ့လည္း အဆင္မေျပျဖစ္မယ္။ အဓိက ကေတာ့ က်န္းမာေရးအသိရွိရမယ္။ ဒါေပမဲ့လည္း ေရာဂါျဖစ္လာမွာထက္ တေန႔တာ စားဝတ္ေနေရးကလည္း ပိုအေရးၾကီးတာကိုး။ ဒီေရာဂါၾကီးကို မေၾကာက္ၾကတာေတာ့မဟုတ္ဘူး ဒီေရာဂါၾကီးကိုေၾကာက္တယ္ ဒါေပမဲ့ သူတို႔အတြက္ကလည္း တေန႔စားဖို႔ေသာက္ဖို႔ကလည္းရွိေသးတာကိုး ဒါေၾကာင့္ စက္ရံုေတြ အလုပ္ရံုေတြဘက္က ဘယ္ေလာက္အထိပိတ္ထားႏုိင္မလဲ ဖြင့္တာေတာ့ ဖြင့္ေပးရမွာေပါ့ေလ ဒါေပမဲ့ တိုင္းက်န္းမာေရးအဖြဲ႔ေတြက စိစစ္စစ္ေဆးၿပီးမွပဲ ျပန္ဖြင့္ေစခ်င္တယ္။"

ဒီလိုကပ္ေရာဂါ ႀကံဳေနရခ်ိန္မွာ ေရာဂါကူးစက္မႈေတြ ထိန္းခ်ဳပ္ဖုိ႔ လုိအပ္ေနသလုိ၊ တခ်ိန္တည္းမွာပဲ လုပ္ငန္းေတြ ပိတ္ထားရတဲ့အတြက္ အလုပ္သမားေတြ ၀န္ထမ္းေတြ စား၀တ္ေနေရး ျပႆနာေတြလည္း ႀကံဳေနရတာပါ။ ျမန္မာႏုိင္ငံ ဗဟုိဘဏ္ ဒုဥကၠ႒ေဟာင္းလည္းျဖစ္ လက္ရွိ ကေမာၻဇဘဏ္ရဲ႕ အႀကီးတန္းအႀကံေပးပုဂၢိဳလ္ျဖစ္တဲ့ ဦးသန္းလြင္ ကေတာ့ သတိထားကုိင္တြယ္ဖုိ႔ လုိတယ္လုိ႔ ေျပာပါတယ္။

"ျမန္မာျပည္အေနနဲ႔ သိပ္ၿပီးေတာ့ ၾကီးၾကီးက်ယ္က်ယ္ထိခိုက္မႈေတာ့ မရွိေသးဘူး ေလာေလာဆယ္ေတာ့ အခုလည္း တခ်ိဳ႕ဖြင့္ေပးထားတာေတြလည္းရွိေတာ့။ ဒါေပမဲ့ စိုးရိမ္တဲ့သူကလည္း စိုးရိမ္တာေပါ့ေလ။ ဒါၾကီးေတြ ျပန္ဖြင့္လိုက္လို႔ရွိရင္ ေက့စ္ေတြ တအားၾကီးတက္လာမလားေပါ့။ ေျပာရခက္တယ္ အလုပ္သမားေတြဘက္က ၾကည့္ေတာ့လည္း သူတို႔ဘက္မွာ စားဝတ္ေနေရးကိစက ရွိေနတာကိုး က်ေနာ္တို႔တုိင္းျပည္မွာကေတာ့ ခုနကေျပာသလို ယူအက္စ္ေအလိုမ်ိဳး မွ Social Security System ဒီမွာမွ မေကာင္းပဲကိုး။ သိပ္ၿပီးထိခုိက္မႈမရွိနုိင္ဘူး ဘာပဲေျပာေျပာေလ ဒီမွာက Social Security System ကမေကာင္းဘူးေလ။ သူတုိ႔စားဝတ္ေနေရးကလည္း တဘက္က ရွိေနေတာ့။ ဒါေပမဲ့လည္း ဒီလိုဆိုင္းထားခ်ိန္မွာေတာ့ ကိုယ့္ရပ္ကြက္ ကိုယ့္ေဒသ လူေတြက ဝိုင္းၿပီးေတာ့ တတ္နုိင္တဲ့သူက ေဝေပးေနၾကေတာ့ မွ်ေဝတဲ့စိတ္ရွိေတာ့ ခုနကေျပာသလိုတိုင္းျပည္မွာ Social Security System မရွိေပမဲ့လို႔လည္းတခုခုျဖစ္လာရင္ ဝိုင္းၿပီးေတာ့ ရိုင္းပင္းကူညီၾကတဲ့စိတ္နဲ႔ ကူၾကရင္ေတာ့ ဒီေလာက္ၾကီးေတာ့ အေျခအေနမဆိုးသြားဘူးထင္တယ္ အဲ့လိုပဲ တြက္ရမွာပဲ။"

အစိုးရကေတာ့ အကန္႔အသတ္နဲ႔ စစ္ေဆးမႈေတြလုပ္ခ်ိန္ လုပ္ငန္းခြင္ေတြ ရပ္နားရမယ့္အေနအထားနဲ႔႔ လုပ္သားေတြအတြက္ ေန႔စဥ္ဝင္ေငြထိခိုက္မႈျဖစ္လာတဲ့အေနအထားအေပၚ သက္ဆိုင္ရာ တာဝန္ရွိသူေတြဘက္က ဘာေတြ ေဆာင္ရြက္ႏုိင္ပါသလဲ လုပ္ငန္းရွင္ေဒါက္တာစိုးထြန္းအျမင္က-

"ေျပာရရင္ေတာ့ က်ေနာ္တို႔ အခုျပသနာက ေရတိုေပါ့ ဒီလကုန္အထိေတာ့လည္း လုပ္ရင္ေတာ့ အဆင္ေျပတယ္ေပါ့ဗ်ာ ေတာင့္ခံၿပီး အလုပ္ရွင္ေတြက စိုက္ေပးဆိုလည္း စိုက္ေပးၾကတာေပါ့။ ဒါေပမဲ့ ဧၿပီလကုန္ၿပီးေတာ့ ေနာက္လ ေမလက်ရင္ေတာ့ ဘယ္လိုေတြျဖစ္လာမလဲဆိုတာ က်ေနာ္တို႔လည္း စဥ္းစားလာေနရတာေပါ့ေနာ္။ ေရရွည္ၾကီးျဖစ္သြားရင္ေတာ့ ရပ္တည္ဖို႔ေတာ့ ခက္တာေပါ့ေနာ္။ ေနာက္ဆက္တြဲျပသနာေတြကိုလည္း အမ်ားၾကီးစဥ္းစားရမယ္။ ဧၿပီလအထိက ျပသနာမရွိေသးဘူး ေနာက္လ ေနာက္လေတြ ေမတို႔ဇြန္တို႔အထိျဖစ္လာရင္ လုပ္ငန္းေတြ ၿပိဳလဲသြားႏုိင္တာေပါ့ေနာ္။"

အခုလက္ရွိကေတာ့ အစိုးရဘက္ကေတာ့ လူဦးေရအရမ္းမ်ားတဲ့စက္ရံုအလုပ္ရံုေတြကို သတ္မွတ္ခ်က္ေတြနဲ႔စစ္ေဆးမယ္။ စံမွီမွ ျပန္ဖြင့္ခြင့္ေပးမယ္ေပါ့ ေၾကညာခ်က္ေတြထုတ္လာတယ္။ ဒါေပမဲ့ လုပ္ငန္းခြင္လုပ္သားအေရအတြက္ မမ်ားတဲ့လုပ္ငန္းေတြကို ဖြင့္ခြင့္ေပးထားတယ္။ ဝန္ထမ္းအေရအတြက္မ်ားတဲ့လုပ္ငန္းခြင္ေတြက အထူးသျဖင့္ အထည္ခ်ဳပ္စက္ရံုေတြ ကို က်န္းမာေရးဝန္ၾကီးဌာနရဲ႕ဂိုဒ္လိုင္းေတြနဲ႔ညီမွ ဖြင့္ခြင့္ေပးမယ္ဆိုၿပီး အစိုးရကေတာ့ ရုတ္တရက္ထုတ္လိုက္တာေပါ့ေလ။ အဲ့ေတာ့ ခုနကေျပာသလို အခ်ိန္ယူရမယ္ နားရမယ္ဆိုလာရင္ေတာ့ ဝန္ထမ္းေတြ လစာေပးတဲ့ဟာေတြေတာ့ ခက္လာမယ္ အခုလက္ရွိက်ေနာ္တို႔တုိင္းျပည္က သူမ်ားႏုိင္ငံေတြမွာလို လူမႈဖူလံုေရးေတြ မယူၾကဘူးေပါ့ေနာ္။ အခုေတာ့လည္း ၿပီးခဲ့တုန္းက အလုပ္သမားဝန္ၾကီးဌာနက ေၾကညာတာေတာ့ စစ္ေဆးတဲ့ကာလမွာ အလုပ္သမားေတြ လုပ္ငန္းခြင္မဝင္ရဘူးဆိုရင္ ၆၀ ရာခိုင္ႏႈန္း လူမႈဖူလံုေရးက ေပးမယ္ဆိုၿပီးေတာ့ ေျပာတာ။ အလုပ္သမားတိုင္းက လူမႈဖူလံုေရးမဝင္ထားၾကဘူး။

COVID-19 ကပ္ေရာဂါ ကူးစက္မႈကုိ ထိန္းခ်ဳပ္ဖုိ႔ ႀကိဳးပမ္းတဲ့ အေနနဲ႔ လတ္တေလာမွာေတာ့ ရန္ကုန္ၿမိဳ႕အပါအ၀င္ ၿမိဳ႕ႀကီးတခ်ဳိ႕မွာ ညမထြက္ရအမိန္႔ေတြ၊ လူစုလူေ၀းမလုပ္ဖုိ႔ အမိန္႔ေတြထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 ရောဂါကြုံနေရချိန် လုပ်ငန်းတွေ အလျင်စလိုပြန်မစဖို့ WHO သတိပေး

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသွားအလာကန့်သတ်မှုတွေကို နိုင်ငံတွေမှာ အလျင်အမြန်ဖြေလျော့ပေးလိုက်မယ်ဆိုရင် ပိုးကူးစက်မှုပြန်ပြီး မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။

ခုချိန်ဟာ အသွားအလာကန့်သတ်မှုတွေ ဖြေလျှော့ပေးရမယ့်အချိန်မဟုတ်ဘဲ အနာဂတ်မှာ ဘယ်လိုနေထိုင်ကြမလဲဆိုတဲ့ နည်းလမ်းသစ်နဲ့ နေတတ်အောင်အဆင်သင့်ပြင်ရမယ့်အချိန်ဖြစ်တယ်လို့ WHO ရဲ့ ပစိဖိတ်အနောက်ပိုင်းဒေသညွှန်ကြားရေးမှူး Dr. Takeshi Kasai က အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၄ လတာ ကာလအတွင်း ကမ္ဘာတဝှမ်း လူ့အသက်ပေါင်းများစွာ ဆုံးရှုံးနေရတဲ့ ကိုရိုနာကပ်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ချမှတ်ထားတဲ့ အသွားအလာကန့်သတ်မှုတွေကို ဖြေလျှော့မယ့်နည်းလမ်းတွေကို သက်ဆိုင်ရာ အစိုးရတွေ စဉ်းစားနေကြချိန်မှာ WHO ကခုလို သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

အီတလီနိုင်ငံမှာတော့ ကျွှမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးရင် ကန့်သတ်မှုတွေ တဖြည်းဖြည်းဖြေလျှော့ပေးမယ့် အစီအစဉ်ကို ဒီသီတင်းပတ်ကုန်မှာ ကြေငြာမယ်လို့ အီတလီဝန်ကြီးချုပ် Giuseppe Conte က ဖေ့ဘုတ်မှာ ရေးသားခဲ့ပါတယ်။

ဗြိတိန်မှာလည်း ရက်ရှည်အားလပ်ရက်ကနေ ပြန်ရောက်လာကြတဲ့ လွှတ်တော်အမတ်တွေ ဒီကနေ့ပဲ လွှတ်တော် အစည်းအဝေးပြန်စဖို့ ရှိပြီး လူစုလူဝေးရှောင်ပြီး လူစုခွဲနေရမယ့် ညွှန်ကြားချက်အရ ကိုယ်စားလှယ် ၆၅၀ ရှိတဲ့ အောက်လွှတ်တော်မှာ လူ ၅၀ နဲ့သာ လုပ်ငန်းပြန်စကြမှာ ဖြစ်ပါတယ်။ ကျန်အမတ်တွေကတော့ အွန်လိုင်းကနေပဲ ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။

အင်ဒိုနီးရှားအစိုးရကတော့ ဒီတပတ်မှာစတဲ့ မွတ်ဆလင်တို့ရဲ့ ရာမဒန်ဥပုဒ်လအပြီး အစဉ်အလာအတိုင်း နေရပ်အလည်ပြန်မယ့် လူတွေကို COVID-19 ကြောင့် အိမ်ပြန်ခွင့်ကန့်သတ်ထားပါတယ်။

ဒီလို နေရပ်ပြန်တဲ့ခရီးစဉ်တွေကြောင့် ပိုးကူးစက်မှုမြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးပညာရှင်တွေက သတိပေးထားတာပါ။ အင်ဒိုနီးရှားမှာ ပိုးကူးခံထားရသူ ၆,၇၀၀ နဲ့ သေဆုံးသူက ၆၀၀ ဝန်းကျင်ရှိနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အသွားအလာကန့်သတ်မှုတွေကို အလျင်စလို လျှော့ချတာမျိုးတွေ မလုပ်မိဖို့ သတိပေးနေချိန်မှာ မြန်မာနိုင်ငံမှာရော ဘယ်လိုအခြေအနေရှိနေပါသလဲဆိုတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က ပြောပြပေးချင်ပါတယ်။

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတဝှမ်းနိုင်ငံတွေမှာ အသွားအလာတွေ ကန့်သတ်ထားပြီး၊ လုပ်ငန်းတွေ ရပ်ဆိုင်းထားရတာတွေကို လျှော့ပေါ့ပေးဖို့ ပြင်ဆင်နေချိန်မှာပဲ အလျင်စလို မလုပ်မိဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးနေတာပါ။ အခုဆိုရင် COVID-19 ကပ်ရောဂါကြောင့် လူ ၅ ဦး သေဆုံးပြီး ကူးစက်သူ ၁၀၀ ကျော် ရှိနေတဲ့ မြန်မာနိုင်ငံမှာလည်း လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ပြင်ဆင်နေကြပါပြီ။ ဒါပေမဲ့လည်း အထူးဖျားနာဆေးကုသခန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ဆေးကုသပေးနေတဲ့ ဒေါက်တာကိုကိုထွေး တို့လို မြန်မာဆေးပညာရှင်တွေကတော့ မြန်မာနိုင်ငံမှာလည်း အလျင်စလို မလုပ်မိဖို့လိုတယ်လို့ မြင်ပါတယ်။

"ကျနော်အနေနဲ့ကတော့ ပြည်သူတွေကို ဧပြီလကုန် မေ ပထမသီတင်းပတ်လောက်အထိပေါ့လေ ဆိုင်းငံ့အနေနဲ့ ပိတ်ထားစေချင်သေးတယ်။ မပိတ်ထားဘူးဆိုရင် လူတွေ တော်တော်များများ လမ်းမတွေပေါ် ပြန်ထွက်လာကြမှာ။ အဲ့တာဆိုရင် ကျနော်တို့အနေနဲ့ outbreak မဖြစ်လာအောင် တားဆီးနိုင်ဖို့ တော်တော်လေး ခက်ခဲသွားမယ်။ ဒါကြောင့် မေလလောက်အထိတော့ စက်ရုံအလုပ်ရုံတွေကို ပိတ်ထားစေသေးတယ်။ နေအိမ်တွေထဲမှာပဲ Still home နေသင့်သေးတယ်။ တကယ်လို့ မဖြစ်မနေ လမ်းပေါ်တွေ ပြန်ထွက်လာမယ်ဆိုရင်လည်း Social Distancing ခပ်ခွာခွာအတတ်နိုင်ဆုံးနေသင့်တယ် ဆိုတာမျိုးကလည်း ပညာပေး တော်တော်လေး လုပ်ရမယ် အခုဟာက လူဦးရေ တော်တော်များတဲ့နေရာတွေမှာ ပေါ့စတစ်တွေ တွေ့နေတာဆိုတော့လေ။ အခုက စက်ရုံအလုပ်ရုံတွေ ပြန်ဖွင့်ပေးရင်လည်း တော်တော်တော့လည်း အဆင်မပြေဖြစ်မယ်။ အဓိက ကတော့ ကျန်းမာရေးအသိရှိရမယ်။ ဒါပေမဲ့လည်း ရောဂါဖြစ်လာမှာထက် တနေ့တာ စားဝတ်နေရေးကလည်း ပိုအရေးကြီးတာကိုး။ ဒီရောဂါကြီးကို မကြောက်ကြတာတော့မဟုတ်ဘူး ဒီရောဂါကြီးကိုကြောက်တယ် ဒါပေမဲ့ သူတို့အတွက်ကလည်း တနေ့စားဖို့သောက်ဖို့ကလည်းရှိသေးတာကိုး ဒါကြောင့် စက်ရုံတွေ အလုပ်ရုံတွေဘက်က ဘယ်လောက်အထိပိတ်ထားနိုင်မလဲ ဖွင့်တာတော့ ဖွင့်ပေးရမှာပေါ့လေ ဒါပေမဲ့ တိုင်းကျန်းမာရေးအဖွဲ့တွေက စိစစ်စစ်ဆေးပြီးမှပဲ ပြန်ဖွင့်စေချင်တယ်။"

ဒီလိုကပ်ရောဂါ ကြုံနေရချိန်မှာ ရောဂါကူးစက်မှုတွေ ထိန်းချုပ်ဖို့ လိုအပ်နေသလို၊ တချိန်တည်းမှာပဲ လုပ်ငန်းတွေ ပိတ်ထားရတဲ့အတွက် အလုပ်သမားတွေ ဝန်ထမ်းတွေ စားဝတ်နေရေး ပြဿနာတွေလည်း ကြုံနေရတာပါ။ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ် လက်ရှိ ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ဦးသန်းလွင် ကတော့ သတိထားကိုင်တွယ်ဖို့ လိုတယ်လို့ ပြောပါတယ်။

"မြန်မာပြည်အနေနဲ့ သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ်ထိခိုက်မှုတော့ မရှိသေးဘူး လောလောဆယ်တော့ အခုလည်း တချို့ဖွင့်ပေးထားတာတွေလည်းရှိတော့။ ဒါပေမဲ့ စိုးရိမ်တဲ့သူကလည်း စိုးရိမ်တာပေါ့လေ။ ဒါကြီးတွေ ပြန်ဖွင့်လိုက်လို့ရှိရင် ကေ့စ်တွေ တအားကြီးတက်လာမလားပေါ့။ ပြောရခက်တယ် အလုပ်သမားတွေဘက်က ကြည့်တော့လည်း သူတို့ဘက်မှာ စားဝတ်နေရေးကိစက ရှိနေတာကိုး ကျနော်တို့တိုင်းပြည်မှာကတော့ ခုနကပြောသလို ယူအက်စ်အေလိုမျိုး မှ Social Security System ဒီမှာမှ မကောင်းပဲကိုး။ သိပ်ပြီးထိခိုက်မှုမရှိနိုင်ဘူး ဘာပဲပြောပြောလေ ဒီမှာက Social Security System ကမကောင်းဘူးလေ။ သူတို့စားဝတ်နေရေးကလည်း တဘက်က ရှိနေတော့။ ဒါပေမဲ့လည်း ဒီလိုဆိုင်းထားချိန်မှာတော့ ကိုယ့်ရပ်ကွက် ကိုယ့်ဒေသ လူတွေက ဝိုင်းပြီးတော့ တတ်နိုင်တဲ့သူက ဝေပေးနေကြတော့ မျှဝေတဲ့စိတ်ရှိတော့ ခုနကပြောသလိုတိုင်းပြည်မှာ Social Security System မရှိပေမဲ့လို့လည်းတခုခုဖြစ်လာရင် ဝိုင်းပြီးတော့ ရိုင်းပင်းကူညီကြတဲ့စိတ်နဲ့ ကူကြရင်တော့ ဒီလောက်ကြီးတော့ အခြေအနေမဆိုးသွားဘူးထင်တယ် အဲ့လိုပဲ တွက်ရမှာပဲ။"

အစိုးရကတော့ အကန့်အသတ်နဲ့ စစ်ဆေးမှုတွေလုပ်ချိန် လုပ်ငန်းခွင်တွေ ရပ်နားရမယ့်အနေအထားနဲ့ လုပ်သားတွေအတွက် နေ့စဉ်ဝင်ငွေထိခိုက်မှုဖြစ်လာတဲ့အနေအထားအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ဘာတွေ ဆောင်ရွက်နိုင်ပါသလဲ လုပ်ငန်းရှင်ဒေါက်တာစိုးထွန်းအမြင်က-

"ပြောရရင်တော့ ကျနော်တို့ အခုပြသနာက ရေတိုပေါ့ ဒီလကုန်အထိတော့လည်း လုပ်ရင်တော့ အဆင်ပြေတယ်ပေါ့ဗျာ တောင့်ခံပြီး အလုပ်ရှင်တွေက စိုက်ပေးဆိုလည်း စိုက်ပေးကြတာပေါ့။ ဒါပေမဲ့ ဧပြီလကုန်ပြီးတော့ နောက်လ မေလကျရင်တော့ ဘယ်လိုတွေဖြစ်လာမလဲဆိုတာ ကျနော်တို့လည်း စဉ်းစားလာနေရတာပေါ့နော်။ ရေရှည်ကြီးဖြစ်သွားရင်တော့ ရပ်တည်ဖို့တော့ ခက်တာပေါ့နော်။ နောက်ဆက်တွဲပြသနာတွေကိုလည်း အများကြီးစဉ်းစားရမယ်။ ဧပြီလအထိက ပြသနာမရှိသေးဘူး နောက်လ နောက်လတွေ မေတို့ဇွန်တို့အထိဖြစ်လာရင် လုပ်ငန်းတွေ ပြိုလဲသွားနိုင်တာပေါ့နော်။"

အခုလက်ရှိကတော့ အစိုးရဘက်ကတော့ လူဦးရေအရမ်းများတဲ့စက်ရုံအလုပ်ရုံတွေကို သတ်မှတ်ချက်တွေနဲ့စစ်ဆေးမယ်။ စံမှီမှ ပြန်ဖွင့်ခွင့်ပေးမယ်ပေါ့ ကြေညာချက်တွေထုတ်လာတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်လုပ်သားအရေအတွက် မများတဲ့လုပ်ငန်းတွေကို ဖွင့်ခွင့်ပေးထားတယ်။ ဝန်ထမ်းအရေအတွက်များတဲ့လုပ်ငန်းခွင်တွေက အထူးသဖြင့် အထည်ချုပ်စက်ရုံတွေ ကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ဂိုဒ်လိုင်းတွေနဲ့ညီမှ ဖွင့်ခွင့်ပေးမယ်ဆိုပြီး အစိုးရကတော့ ရုတ်တရက်ထုတ်လိုက်တာပေါ့လေ။ အဲ့တော့ ခုနကပြောသလို အချိန်ယူရမယ် နားရမယ်ဆိုလာရင်တော့ ဝန်ထမ်းတွေ လစာပေးတဲ့ဟာတွေတော့ ခက်လာမယ် အခုလက်ရှိကျနော်တို့တိုင်းပြည်က သူများနိုင်ငံတွေမှာလို လူမှုဖူလုံရေးတွေ မယူကြဘူးပေါ့နော်။ အခုတော့လည်း ပြီးခဲ့တုန်းက အလုပ်သမားဝန်ကြီးဌာနက ကြေညာတာတော့ စစ်ဆေးတဲ့ကာလမှာ အလုပ်သမားတွေ လုပ်ငန်းခွင်မဝင်ရဘူးဆိုရင် ၆၀ ရာခိုင်နှုန်း လူမှုဖူလုံရေးက ပေးမယ်ဆိုပြီးတော့ ပြောတာ။ အလုပ်သမားတိုင်းက လူမှုဖူလုံရေးမဝင်ထားကြဘူး။

COVID-19 ကပ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ လတ်တလောမှာတော့ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတချို့မှာ ညမထွက်ရအမိန့်တွေ၊ လူစုလူဝေးမလုပ်ဖို့ အမိန့်တွေထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG