သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ဗီဇာ ရက် ၆၀ ဆိုင်းငံ့မိန့် ထုတ်မယ်


အမေရိကန်သမ္မတ Donald Trump
အမေရိကန်သမ္မတ Donald Trump

(Zawgyi/Unicode)

COVID-19 ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန် ပြည်ထောင်စုကို ရွှေ့ပြောင်းအခြေချသူတွေအတွက် အမြဲတမ်းနေထိုင်ခွင့်ပြုရေး အစီအစဉ်ကို ရက်ပေါင်း ၆၀ ကြာ ဆိုင်းငံ့ထားမယ့် သမ္မတအမိန့်ကို ဒီကနေ့ လက်မှတ်ရေးထိုး အတည်ပြုဖို့ စီစဉ်ထားကြောင်း သမ္မတ Donald Trump ကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကနေ တိုင်းပြည်ကို ပြန်လည်ထူထောင်ရမယ့် အချိန်မှာ အလုပ်လက်မဲ့ အမေရိကန် နိုင်ငံသားတွေကို ဦးစားပေးဖို့ ရည်ရွယ်တဲ့အနေနဲ့ အမိန့်ထုတ်မှာ ဖြစ်ကြောင်းလည်း သတင်းထောက်တွေကို သမ္မတက ပြောခဲ့တာပါ။ အခုအမိန့်ဟာ အမေရိကန်နိုင်ငံသားတွေအတွက် အရေးတကြီး လိုအပ်နေတဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေကို ချွေတာရာရောက်တယ်လို့လည်း ပြောပါတယ်။

သမ္မတအမိန့်မှာ ပါဝင်မယ့် အချက်အလက်တွေကိုတော့ အသေးစိတ် မထုတ်ပြန်ရသေးပါဘူး။ ဒါပေမဲ့လည်း သမ္မတရဲ့ လူဝင်မှုကြီးကြပ်ရေးအမိန့်မှာ အလုပ်အကိုင်ကို အခြေခံပြီး အမြဲတမ်းနေထိုင်ခွင့်ရရှိဖို့ ကြိုးပမ်းနေသူတွေသာ အကျုံးဝင်မှာဖြစ်ပြီး အမေရိကန် နိုင်ငံသား မိသားစုဝင်တွေနဲ့ ပတ်သက်လို့ လျှောက်ထားသူတွေတော့ ပါဝင်မှာ မဟုတ်ကြောင်းလည်း အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

အခုထုတ်ပြန်မယ့် အမိန့်ဟာ ထောင်၊ သောင်းချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အားကိုးနေရတဲ့ စိုက်ပျိုးရေးကဏ္ဍကို ထိခိုက်မှာ မဟုတ်ကြောင်းလည်း သမ္မတ Trump က ပြောဆိုထားတာပါ။

ဒုသမ္မတဟောင်း Joe Biden
ဒုသမ္မတဟောင်း Joe Biden

သမ္မတက ထုတ်ပြန်မယ့် အမိန့်ကိုတော့ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေတဲ့ ဒုသမ္မတဟောင်း Joe Biden အပါအဝင် ဝေဖန်သူတွေလည်း ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို သမ္မတ Trump ရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေဟာ နှေးကွေးလွန်းပြီး ဒါတွေကို အာရုံလွဲှတဲ့ အနေနဲ့ လူမှုကွန်ရက်နေ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေအပေါ် သွေးထိုးလှုံ့ဆော်ရာရောက်တဲ့ သဘောထားတွေကို ပြောဆိုနေတယ်လို့လည်း ဒုသမ္မတဟောင်း Biden က မှတ်ချက်ပေးခဲ့ပါတယ်။

[Unicode Version]



သမ္မတ Trump
သမ္မတ Trump






XS
SM
MD
LG