သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Kim Jong Un ကြား စာအသွားအလာ အငြင်းပွား


မနှစ် ဇွန်လကုန်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည့် အမေရိကန်သမ္မတ Donald Trump နှင့် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un. (ဇွန် ၃၀၊ ၂၀၁၉)
မနှစ် ဇွန်လကုန်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည့် အမေရိကန်သမ္မတ Donald Trump နှင့် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un. (ဇွန် ၃၀၊ ၂၀၁၉)

(Zawgyi / Unicode)

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အနေနဲ့ အမေရိကန်သမ္မတ Donald Trump ကို "ကောင်းမွန်တဲ့စာတစောင်" ရေးသားပေးပို့ခဲ့တယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ ပြောဆိုချက်ကို မြောက်ကိုရီးယားအစိုးရက ငြင်းဆန်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ သမ္မတ Trump ရဲ့ ပြောဆိုချက်ဟာ အခြေအမြစ် မရှိကြောင်းနဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ ဆက်ဆံရေးကို အမေရိကန်ဘက်က အခွင့်ကောင်းယူ၊ အမြတ်ထုတ်တာဖြစ်ကြောင်း စွပ်စွဲ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန် ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကြား ဆက်ဆံရေးကို ကိုယ်ကျိုးအတွက် ရည်ရွယ်ပြီး အာရုံပြောင်းဖို့ သက်သက်အတွက်ဆိုပြီး လုပ်တာ ဒါမှမဟုတ် တလွဲအသုံးချတာမျိုး မလုပ်သင့်ဘူးလို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

စနေနေ့က ကိုရိုနာဗိုင်းရပ်စ် အခြေအနေနဲ့ ပတ်သက်တဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတ Trump ရဲ့ မှတ်ချက်ပေး ပြောဆိုခဲ့တဲ့အပေါ်မှာ အခုလို မြောက်ကိုရီးယားဘက်က တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာ မြောက်ကိုရီးယားရဲ့ မကြာသေးခင်က လုပ်ခဲ့တဲ့ တာတိုပစ်ဒုံးကျည် စမ်းသပ်မှုအသစ်နဲ့ ပတ်သက်လို့ သတင်းထောက်တဦးက သမ္မတ Trump ကို မေးရာမှာ သူက မကြာသေးခင်ကပဲ မြောက်ကိုရီးယားခေါင်းဆောင်ဆီက ကောင်းမွန်တဲ့စာတစောင် ရရှိခဲ့တယ်လို့ Trump က ဖြေဆိုခဲ့ပြီး သူတို့နှစ်ယောက်မှာ ဘာပြဿာမှ မရှိဘူးလို့ တုံ့ပြန် ပြောဆိုခဲ့တာပါ။

လွန်ခဲ့တဲ့တနှစ်ကျော်က ခေါင်းဆောင်နှစ်ဦးကြား စာအသွားအလာ အကြိမ်များစွာရှိခဲ့ပြီး လူချင်း သုံးကြိမ်တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က အမေရိကန်ဘက်က ပိတ်ဆို့မှုတွေကို လျှော့ချဖို့နဲ့ အခြားလိုက်လျောချက်တွေကို ငြင်းဆန်ခဲ့ပြီးနောက် ခေါင်းဆောင်နှစ်ဦးကြား ဆွေးနွေးမှုတွေ ရပ်တန့်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------------

(Unicode)








XS
SM
MD
LG